ထုံးစံအနေနဲ့ ထင်ကြတာက ဘဲလေးအကဟာ အတွဲအဖက်ညီ၊ ကျက်သရေရှိကာ ရည်မွန်ပြီး အဓိကရုဏ်းတစ်ခုကို စပေးမယ် ဆိုတာတော့ ထည့်သွင်းစဉ်းစာခဲတယ်။ ဒါပေမဲ့ Igor Stravinsky ရဲ့'The Rite of Spring' ပထမဆုံး တင်ဆက်မှုမှာ ပရိသတ်တွေဟာ သံစုံတီးဝိုင်း လွှမ်းသွား လောက်အောက် ဒေါသဖြစ်ခဲ့ကြတယ်။ ဒီအဖြစ်ရဲ့ ဖြစ်စဉ်တွေမှာ လူတွေဟာ စင်ကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ကြ၊ ရန်ဖြစ်ဖို့ အချင်းချင်း စိန်ခေါ်တာ၊ အဖမ်းခံရတာတွေပါဝင်ပြီး အားလုံးဟာ ဘဲလေးကပွဲမှာ မနှစ်သက်စရာ ညတစ်ညအဖြစ် စတင်ခဲ့တယ်။ ၁၉၁၃ မေလမှာ ပါရီမှာရှိတဲ့ Théâtre des Champs-Elysées ပထမဆုံး ဖျော်ဖြေခဲ့တယ်။ "The Rite of Spring" ဟာ သမိုင်းမတင်မီ ကာလတွေမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်ကြောင်းက မြေကြီးကို ကိုးကွယ်ပြီး ရာသီတွေ အပြောင်းအလဲ ဖြစ်စေဖို့ရည်ရွယ်ကာ အမျိုးသမီး တစ်ယောက်ကို ယဇ်ပူဇော်ဖို့ ပြင်ဆင်နေတဲ့ ဗာဟီရဝါဒီ လူစုကို ခြေရာခံတယ်။ ဒါပေမဲ့ ဘဲလေးကပွဲက ဇာတ်ကောင် (သို့) ဇာတ်ကွက်ဆိုတာထက် လူ၊ သဘာဝနဲ့ ယဉ်ကျေးမှုအကြားက ကြမ်းတမ်းတဲ့ ဆက်နွယ်မှုနဲ့ အများကြီး ပိုပတ်သက်နေတယ်။ ဒီအာဘော်တွေက ကြမ်းတမ်းတဲ့ ဂီတ၊ ဆတ်တောက်တောက် ကခုန်မှု၊ တစ်မူထူးတဲ့ ဇာတ်ခုံအပြင်အဆင်တွေပေါင်းစပ်ထားတဲ့ တကယ့် စိတ်မကောင်းစရာ တင်ဆက်မှုမှာ ပေါ်လွင်တယ်။ ဒါက ချောက်ချားဖွယ် သံစဉ်မြင့်တစ်ခုကို မှုတ်နေတဲ့ တစ်ကိုယ်တော် နှဲကြီးတစ်လက်ကို သတိပြုမိစေတဲ့ ကချေသည်တွေနဲ့ ဖွင့်တယ်။ ကချေသည်တွေ ဂီတမှာ တဆန့်ငင်ငင်လုပ်စဉ် မမျှော်လင့်တဲ့ရပ်နားမှုတွေကြောင့် ပျက်ရတဲ့ အသံကြောင်ကြိုးတွေကို လမ်းဖွင့်ပေးတယ်။ ဒီထိတ်လန့်စရာ သဏ္ဌာန်တွေက ဘဲလေးကပွဲရဲ့ အဆိုကို သရုပ်ဖော်တယ်။ ဒါက ပရိသတ်တွေကို နေမထိထိုင်မထိဖြစ်စေပြီး ဂန္ထဝင်ဂီတရဲ့ ထုံးနည်းတွေကို အစိတ်စိတ်ကွဲစေတယ်။ ဒီနည်းတွေအပြင် နောက်ထပ် နည်းများစွာနဲ့ "The Rite of Spring" ဟာ ၁၉ ရာစုရဲ့ သံစုံဂီတ အစဉ်အလာတွေကို စိန်ခေါ်ခဲ့တယ်။ ပထမ ကမ္ဘာစစ်နဲ့ ရုရှား တော်လှန်ရေး နှစ်ခုစလုံးရဲ့ စပ်ကူးမတ်ကူးမှာ ရေးဖွဲ့ခဲ့တဲ့ "The Rite of Spring" ဟာ အရေးတကြီးနဲ့ ပွက်ထတယ်။ ဒီတင်းအားက ဆန်းသစ်တဲ့ တိုပြတ်ပြတ် အသံ အသုံးပြုမှု(သို့) ပုံမှန်မဟုတ်တဲ့ စည်းချက် အပါအဝင် သမားရိုးကျ စမ်းသပ်မှုအစုံမှာ ထင်ဟပ်တယ်။ စနစ်တကျမရှိတဲ့(သို့)သီးခြာ၊ သံစဉ်မရှိတာနဲ့ နရီပြသင်္ကေတ မျိုးစုံ ရှိတာပါ။ ဒီသိသာတဲ့ ခေတ်ပေါ် အင်္ဂါရပ်တွေနဲ့အတူ Stravinsky ဟာ ရုရှား ကျေးလက်ဂီတရဲ့သွင်ပြင် တွေထဲမှာ တေ့ဆက်လိုက်တယ်။ သူ့ရဲ့ မနှစ်သက်တော့တဲ့ မြို့ပြ ပရိသတ်ရဲ့ မျှော်လင့်ချက်တွေကို တမင်တကာ နှောင့်ယှက်တဲ့ ပေါင်းစပ်မှုတစ်ခုပါ။ ဒါက Stravinsky ရဲ့ ပထမဆုံး ကျေးလက်ဂီတကို အသုံးပြုမှု မဟုတ်ဘူး။ ၁၈၈၂ မှာ St. Petersburg အပြင်ဘက် နယ်မြိုလေးတစ်ခုမှာ မွေးဖွားခဲ့တဲ့ Stravinsky ရဲ့ ဂုဏ်သတင်းဟာ "The Firebird" စွဲမက်ဖွယ် ဘဲလေးအကနဲ့ ခိုင်မာစေခဲ့တယ်။ ရုရှား နတ်သမီးပုံပြင်ကို အခြေခံတဲ့ ဒီတင်ဆက်မှုဟာ Stravinsky ရဲ့ စွဲလမ်းခြင်းမှာ ရိုးရာ ယဉ်ကျေးမှုနဲ့စိမ့်ဝင်တယ် ဒါပေမဲ့ The Rite of Spring မှာ ဗာဟီရဝါဒီဓလေ့ရဲ့အရှိကို ထုတ်ဖို့ ကျေးလက်နဲ့ ဂီတ နယ်နိမိတ်တွေကိုတွန်းဖယ်ကာ ပိုကြမ်းတဲ့ ပရောဂျက်တစ်ခုကို က​ြံစည်တယ်။ Stravinsky က အနုပညာရှင် Nicholas Roerich နဲ့ ပူးပေါင်းကာ ဒီအတွေးနယ်ချဲ့မှုကို အသက်သွင်းပေးခဲ့တယ်။ Roerich က သမိုင်းမတင်မီ ကာလတွေကို စွဲလမ်းနေသူပါ။ သူဟာ လူသား ယစ်ပူဇော်မှုအကြောင်း စာတမ်းတွေ ထုတ်ဝေခဲ့ပြီး အခင်းအကျင်းနဲ အဝတ်အစား ဒီဇိုင်းဆင်တာအပြင် Slavic အုတ်ဂူတွေ တူးဖော်မှုတွေကို လုပ်ဆောင်ခဲ့တယ်။ "The Rite of Spring" အတွက် ရုရှား အလယ်ခေတ်အနုပညာနဲ့ ကချေသည်တွေရဲ့ ကိုယ်တွေပေါ်မှာကိုးရိုးကားရား ချိတ်ထားတဲ့ ဝတ်စုံတွေကို ဖန်တီးဖို့ လယ်သမား အထည်တွေကနေ ရေးဆွဲတယ်။ Roerich က ဒါတွေကို ကမ္ဘာဦး သဘာဝရဲ့ အထင်းသား နောက်ခံတွေနဲ့ ယှဉ်ပြီး ဆင်တယ်၊ ထော်နေတဲ့ကျောက်တုံးတွေ၊ မိုးနေတဲ့ သစ်ပင် တွေ၊ မသတီစရာ အရောင်တွေနဲ့ပြည့်နေတာပါ။ ၎င်းရဲ့ စူးရဲတဲ့ အပြင်အဆင်တွေနဲ့ ပူလောင်နေတဲ့ တေးသွားနဲ့အတူ "The Rite of Spring" အတွက် မူလ အကဗေဒဟာ အတော်ကြီးကို နှိုးဆွပေးခဲ့တယ်။ ဒါကို လုပ်နေတာက အထင်ကရ ကချေသည် Vaslav Nijinsky ပါ။ 'လှုပ်ရှားမှု ကိုယ်၌ရဲ့ ရင်းမြစ်တွေ'လို့ အကတွေကို ပြန်လည်တွေးခေါ်ဖို့ တီထွင်သူပါ။ Stravinsky ဟာ နောက်ပိုင်းမှာ Nijinsky ရဲ့ မရမနေခိုင်းတဲ့ ဇာတ်တိုက်တာတွေနဲ့ ဂီတကို တဇွတ်ထိုး အဓိပ္ပာယ်ကောက်တာတွေကို စိတ်ပျက်မှုတွေကို ဖော်ပြခဲ့ပေမဲ့ သူ့အကဗေဒဟာ Stravinsky ရဲ့သီကုံးမှုလိုပဲ ခေတ်ရှေ့ပြေးနတာကို သက်သေပြခဲ့တယ်။ သူဟာ အစဉ်အလာ ဘဲလေးအကကို သူ့ပရိသတ် အံ့ဩ၊ ကြောက်လန့်သွား လောက်အောင် ပုံဖျက်ပစ်ခဲ့တယ်။ အများအပြားက ဒီအမျိုးအစားရဲ့ရည်မွန်မှုနဲ့ ကြည်နူးမှုကို မျှော်လင့်ခဲ့တာလေ။ "The Rite of Spring" ထဲက ကခုန်ခြင်းဟာ ဖျော်ဖြေသူတွေရဲ့ သရဲပူးသလို တွန့်ဆုတ်လိုက်၊ လူးလွန့်လိုက် ခုန်လိုက်နဲ​့ လှုံ့ဆော်ကာ တုန်ယင်စေတယ်။ မကြာခဏ ကချေသည်တွေဟာ ဂီတ အလိုက်အတိုင်းမဟုတ်ပေမဲ့ ဂီတကို ဆန့်ကျင် ရုန်းကန်တာ ပိုဆန်တယ်။ Nijinsky သူတို့ကို ခြေချောင်းတွေကို အတွင်းဘက်လှည့်ဖို့နဲ့ မကြာခဏ စီးချက်အကြွနဲ့ ခုန်အပြီးမှာ လေးလံစွာ ကျဖို့ ညွှန်ကြားထားတယ်။ အပြီးသတ် သွေးရူးသွေးတန်း ပြကွက်အတွက် မိန်းမတစ်ယောက်ဟာ ကျယ်လောင်တဲ့ ဆောင့်သံတွေ၊ ထိတ်လန့်ဖွယ် ကြိုးသံတွေနဲ့ သေတဲ့အထိ ကတယ်။ ဘဲလေးကပွဲဟာ စူးရှ၊ ခြောက်လှန့်တဲ့ အသံတွဲတစ်ခုနဲ့ မပြေမပြစ် ဆုံးသွားတယ်။ ဒီနေ့မှာ "The Rite of Spring" ဟာ ၎င်းရဲ့ အငြင်းပွားဖွယ် အစလိုပဲ ကျောချမ်းစရာ ဖြစ်တုန်းဆိုပေမဲ့ မူလ လက်ရာရဲ့ ဂယက်လှိုင်းပြင်းတွေကတော့ ဆက်လက် ပဲ့တင်၊ စေ့ဆော်ဆဲပါ။ ခေတ်ပေါ် ဂျပ်ဇ်ရဲ့ ယှဉ်တွဲနေတဲ့ စည်းချက်တွေ၊ရှေးရိုးဆန်တဲ့ ဂန္ထဝင်ဂီတနဲ့ သရဲကားတွေအတွက် ဇာတ်ဝင်တေးတွေမှာတောင် Stravinsky ရဲ ဩဇာလွှမ်းမှုကိုကြားနိုင်တယ်။ ဒါက ရုန်းဆန်ခတ် ပရိသတ် တုံ့ပြန်မှုတစ်ခုကို ချိုးဖောက်နေစေတုန်းပါ။