မိုဟာမက် အလီဟာ ကမ္ဘာကြီးက မြင်ဖူးသမျှထဲမှာ အကြီးကျယ်ဆုံး လက်ဝှေ့သမားဖြစ်လာဖို့ နှစ်များစွာ လေ့ကျင့်ခဲ့ပေမဲ့ အတိုဆုံး ဒီကဗျာလေး ဖန်တီးဖို့ကျတော့ ခဏလေးပါပဲ။ အလီဟာ ၁၉၇၅ ခုမှာ Harvard ရဲ့ ဘွဲ့နှင်းသဘင်ကို သူ့ရဲ့ ညီညွတ်မှုနဲ့ ချစ်ခင်ရင်းနှီးမှု သတင်းစကားနဲ့ ဖမ်းစားခဲ့တယ်။ သူပြောပြီးသွာတော့ ပရိတ်သတ်က ထပ်ကြားချင်ခဲ့တယ်။ သူတို့က ကဗျာတစ်ပုဒ်လိုချင်ခဲ့တယ်။ အလီ ဟောပြောခဲ့တဲ့ အတိုဆုံးကဗျာ လို့ ယူဆရတာကတော့ "Me, we" လား၊ ဒါမှမဟုတ် "Me, weee" လား၊ ဘယ်သူမှ တကယ် မသေချာပါဘူး။ ဘာဖြစ်ဖြစ် ဒီစကားလုံးနှစ်လုံးက ကဗျာဆိုရင် ကဗျာတစ်ပုဒ်ကို ကဗျာမြောက်စေတာက ဘာများလဲ။ ကဗျာဆရာတွေ ကိုယ်တိုင် မကြာခဏ ဥပစာတွေသုံးရင်း အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ခန့်မှန်းဖို့ ကြိုးပမ်းခဲ့ဖူးကြပါတယ်။ ကဗျာတစ်ပုဒ်ဟာ စက်သေးသေးလေးလား။ မီးရှူးမီးပန်းတစ်ခုလား ပဲ့တင်သံတစ်ခုလား။ အိပ်မက်တစ်ခုလား။ ကဗျာစာပေမှာ ယေဘုယျအားဖြင့် အသိအမှတ် ပြုနိုင်တဲ့ လက္ခဏာတစ်ချို့ပါဝင်ပါတယ်။ တစ်၊ ကဗျာတွေဟာ ဘာသာစကားရဲ့ ဂီတဆိုင်ရာ အရည်အသွေးတွေကို အလေးထားတယ်။ ဒါကို ကာရန်၊ စည်းချက်၊ မတ္တာတွေကနေ ဖန်တီးနိုင်ပါတယ်၊ Shakespeare ရဲ့ လင်္ကာတွေကနေ Confucius ရဲ့ ရတုကဗျာတွေ သက္ကတ ဝေဒကျမ်းတွေအထိပါ။ နှစ် ကဗျာတွေဟာ အကျဉ်းချုံးထားတဲ့ ဘာသာစကားပါ၊ ၎င်းကနေ ရေအားလုံးကို ညှစ်ထုတ်ထားတဲ့ စာပေလိုပါ။ သုံး၊ ကဗျာတွေဟာ မကြာခဏ ပြင်းထန်တဲ့ ခံစားချက်တွေကို အသားပေးတယ်။ Rumi ရဲ့ စိတ်ဆိုင်ရာ ကဗျာစာပေကနေ Pablo Neruda ရဲ့ "Ode to an Onion" ထိပါ။ ကဗျာစာပေသက်သက်က အနုပညာဖြစ်သလို ရိုးရိုး အဓိပ္ပါယ်တွေကို စိန်ခေါ်တဲ့ နည်းလမ်းပါ။ အစောဆုံးကဗျာတွေရဲ့ စည်းချက်ပုံစံတွေဟာ အရေးအသားတောင် မပေါ်ခင် ဇာတ်လမ်းတွေကို အမှတ်ရဖို့ နည်းလမ်းတစ်ခုဖြစ်ခဲ့ပေမဲ့ ကဗျာတစ်ပုဒ်ဟာ လင်္ကာမြောက်ဖို့ မလိုပါဘူး။ Reinhard Döhl ရဲ့ “Apfel”နဲ့ Eugen Gomringer ရဲ့ "silencio" တို့ဟာ အမြင်ပိုင်း အနုပညာနဲ့ ကဗျာစာပေအကြားမှာ နာယူပါတယ် တစ်ချိန်တည်းမှာ E.E. Cummings ဟာ စကားလုံးတွေသက်သက်လိုပဲ အရေးပါတဲ့ ကဗျာတွေရဲ့ ပုံစံတွေကို ရေးခဲ့တယ်၊ ဒီမှာ ဟင်းလင်ပြင်ကို ဖြတ်ကျလာတဲ့သစ်ရွက်ရဲ့ ဝမ်းနည်းအထီကျန်မှုကို ချဲ့ထွင်တာပါ။ ကဗျာရဲ့ အမြင်ပို်င်း သဘာဝဟာ နောက်ခံမှာ မှေးမှိန်တယ်ဆိုရင် ဖြစ်နိုင်တာက ဂီတနဲ့ကျန်ခဲ့ပြီး ဒါက လူတွေ ငြင်းခုံလို့တဲ့ နယ်ပယ်တစ်ခုပါ။ သီချင်းတွေက ကဗျာတွေလား။ အများက စာပေးသဘောသစ်ခုမှာ တေးရေးသူတွေကို ကဗျာဆရာတွေလို့ မမှတ်ယူကြပေမဲ့ Paul Simon Bob Dylan နဲ့ Tupac Shakur တို့လို အနုပညာရှင်တွေဆီက သီချင်းစာသားတွေဟာ ဂီတမပါတာတောင် မကြာခဏ စံပြုရပါတယ်။ ရက်ပ်မှာ ကာရန်၊စည်းချက်နဲ့ နိမိတ်ပုံလို ကဗျာဆရာ အခြေခံသဘောတရားတွေဟာ ဒီပုံစံကနေ ခွဲခြားလို့မရပါဘူး။ Notorious B.I.G က ဒီစာသားကိုကြည့်ပါ။ "မင်းပါးပြင်ထက်မှာ ချွေးစီးကျနေတာ ငါကြားတယ် မင်းရင်ခုန်သံဟာ နှင်းလူ ခြေထောက်တွေလို အသံပေါက်ကာ တဂျိန်းဂျိန်း ကွန်ကရစ်ကို လှုပ်ရမ်းနေတယ်" ဒီအထိတော့ ကျွန်တော်တို့ မြင်ခဲ့တဲ့ ဥပမာအားလုံးမှာ စာကြောင်းခွဲတွေရှိတယ်။ လေထဲမှာ စုစည်းထားတဲ့ အလီရဲ့ နှစ်လုံးစပ် ကဗျာကိုတောင် စိတ်ကူးကြည့်နိုင်ပါတယ်။ Me, We. ကဗျာစာပေမှာ အမြဲလိုလို အသိအမှတ်ပြုနိုင်တဲ့ ပုံစံစံတစ်ခုရှိပါတယ်။ ၎င်းရဲ့စာကြောင်းခွဲတွေက စာဖတ်သူတွေကို ကဗျာတစ်ပုဒ်ရဲ့ စည်းချက်ကို ကူညီလမ်းပြတယ် ဒါပေမဲ့ ဒီစာကြောင်းခွဲတွေ ပျောက်နေရင်ရော။ ဒါဟာ ကဗျာတစ်ပုဒ်ရဲ့ အနှစ်သာရကို ပျောက်ဆုံးစေမှာလား။ မဟုတ်လောက်ပါဘူး။ စကားပြေကဗျာကို ထည့်သွင်းပါ။ စကားပြေကဗျာတွေဟာ ထင်သာတဲ့ ပုံရိပ်တွေနဲ့ စကာလုံးကစားတာကို အသုံးပြုပေမဲ့ စာပိုဒ်တွေလိုမျိုး ပုံစံချထားတယ် ကဗျာစာပေကို ပုံစံတစ်ခုအနေနဲ့ လျှော့ပြီး အတွေးအမြင်တစ်ခုအနေနဲ့ ကြည့်တဲ့အခါ ကျွန်တော်တို့ဝန်းကျင် အားလုံးမှာ ကဗျာဆန်တာကို မြင်နိုင်တယ်။ ဓမ္မတေးတွေ၊ Martin Luther King,Jr လို အာဝဇ္ဇန်းရွှင်သူတွေရဲ့မိန့်ခွန်းတွေ JFK နဲ့ Winston Churchill လူမှုရေးမီဒီယာတွေလို့ အံ့ဖွယ်နေရာတွေပါ။ ၂၀၁၀ မှာ သတင်းစာဆရာ Joanna Smith က ဟေတီငလျင်ရဲ့ နောက်ဆုံးသတင်းကို တင်ခဲ့တာက "အခန်းထဲမှာ အဝတ်လဲနေတုန်း ငါ့နာမည်ကြားတဲ့အခါ တုန်လှုပ်မိ၊ ဆွဲတံခါးကနေ ပြေးခဲ့ အခုတော့ အားလုံးငြိမ်၊ ကြက်ဖတွေ တွန်ကျူးနေ" Smith ဟာ ဘာသာစကားကို အားကောင်းပြီး တိုက်ရိုက် သိသာတဲ့ ပုံရိပ်တွေ ပြည့်နေတဲ့ နည်းလမ်းနဲ့ သုံးပါတယ်။ သူမရဲ့ ဘာသာစကားကို ဟိုက္ကုတစ်ပုဒ် နဲ့ ယှဉ်ကြည့်ပါ ၅၊၇၊၅ စာကြောင်း သုံးကြောင်းတည်းနဲ့ တိုတောင်းတဲ့ လေးနက်မှုရဲ့ ပေါက်ကွဲမှုတွေကို အသားပေးတဲ့ ရှေးဟောင်း ကဗျာပုံစံတစ်ခုပါ။ ကဗျာစာပေရဲ့ ရေထုဟာ ကျယ်ပြန့်၊ နက်ရှိုင်းပါတယ်။ ကဗျာစာပေဟာ အချိန်နဲ့ ပြောင်းလဲခဲ့ပါတယ် အခုဆို ခါတိုင်းထက်ကိုပိုနိုင်ပါတယ်၊ ကဗျာစာပေ၊ စကားပြေသီချင်းနဲ့ အမြင်ပိုင်း အနုပညာကြားက မျဉ်းဟာ မှုန်ဝါးသွားပါပြီ။ သို့ပေမည့် တစ်ခုကတော့ မပြောင်းလဲသွားပါဘူး။ poetry စကားလုံးဟာ တကယ်တော့ ကြိယာပုံစံနဲ့ စခဲ့ပါတယ်၊ ရှေးဟာင်း ဂရိ poiesis ကနေလာပြီး ဖန်တီးသည်လို့ အနက်ရပါတယ်။ လက်မှုပညာသည်လိုပဲ ကဗျာဆရာတွေဟာ အသိအမြင်သစ်တွေ ပုံသွင်းဖို့ လူသားက ဘာဆိုတာကို လူသားပဲတတ်နိုင်တဲ့ နည်းလမ်းတစ်ခုနဲ့ ထင်မြင်ချက်ပေးဖို့ ကမ္ဘာ့ကုန်ကြမ်းတွေနဲ့ လုပ်ကိုင်နေဆဲပါ၊ Dartmouth သုတေသီတွေဟာ စက်ရုပ်တွေကို ကဗျာရေးခိုင်းကာ ဒီအယူအဆကို စမ်းသပ်ခဲ့တယ်။ အကဲဖြတ်အဖွဲ့ဟာ လူရေးလား၊ စက်ကရေးလားဆိုတာ ခွဲခြားသိနိုင်ဖို့ လင်္ကာအပုံတွေကနေ ရွေးထုတ်ပါတယ်။ သင်ပျော်နေလောက်တာက သိပ္ပံညာရှင်တွေဟာ ဉာဏ်ရည်တုကို ထုတ်လုပ်ရေး၊ ဆေးပညာနဲ့ သတင်းစာပညာမှာတောင် အောင်မြင်စွာ အသုံးပြုခဲ့ပေမဲ့ ကဗျာစာပေကျတော့ လုံးဝတမျိုးပါ။ အချိန်ရဲ့ ရာနှုန်းပြည့်တိုင်း စက်ရုပ်တွေဟာ လက်ပူးလက်ကြပ် အမိခံခဲ့ကြရတာပါ။