1 00:00:07,039 --> 00:00:11,069 မိုဟာမက် အလီဟာ ကမ္ဘာကြီးက မြင်ဖူးသမျှထဲမှာ အကြီးကျယ်ဆုံး လက်ဝှေ့သမားဖြစ်လာဖို့ 2 00:00:11,069 --> 00:00:13,520 နှစ်များစွာ လေ့ကျင့်ခဲ့ပေမဲ့ 3 00:00:13,520 --> 00:00:17,149 အတိုဆုံး ဒီကဗျာလေး ဖန်တီးဖို့ကျတော့ ခဏလေးပါပဲ။ 4 00:00:17,149 --> 00:00:21,250 အလီဟာ ၁၉၇၅ ခုမှာ Harvard ရဲ့ ဘွဲ့နှင်းသဘင်ကို သူ့ရဲ့ ညီညွတ်မှုနဲ့ 5 00:00:21,250 --> 00:00:24,680 ချစ်ခင်ရင်းနှီးမှု သတင်းစကားနဲ့ ဖမ်းစားခဲ့တယ်။ 6 00:00:24,680 --> 00:00:27,371 သူပြောပြီးသွာတော့ ပရိတ်သတ်က ထပ်ကြားချင်ခဲ့တယ်။ 7 00:00:27,371 --> 00:00:29,060 သူတို့က ကဗျာတစ်ပုဒ်လိုချင်ခဲ့တယ်။ 8 00:00:29,060 --> 00:00:32,962 အလီ ဟောပြောခဲ့တဲ့ အတိုဆုံးကဗျာ လို့ ယူဆရတာကတော့ 9 00:00:32,962 --> 00:00:35,661 "Me, we" လား၊ 10 00:00:35,661 --> 00:00:38,271 ဒါမှမဟုတ် "Me, weee" လား၊ 11 00:00:38,271 --> 00:00:39,481 ဘယ်သူမှ တကယ် မသေချာပါဘူး။ 12 00:00:39,481 --> 00:00:45,471 ဘာဖြစ်ဖြစ် ဒီစကားလုံးနှစ်လုံးက ကဗျာဆိုရင် ကဗျာတစ်ပုဒ်ကို ကဗျာမြောက်စေတာက ဘာများလဲ။ 13 00:00:45,471 --> 00:00:48,101 ကဗျာဆရာတွေ ကိုယ်တိုင် မကြာခဏ ဥပစာတွေသုံးရင်း 14 00:00:48,101 --> 00:00:51,605 အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ခန့်မှန်းဖို့ ကြိုးပမ်းခဲ့ဖူးကြပါတယ်။ 15 00:00:51,605 --> 00:00:53,680 ကဗျာတစ်ပုဒ်ဟာ စက်သေးသေးလေးလား။ 16 00:00:53,680 --> 00:00:54,765 မီးရှူးမီးပန်းတစ်ခုလား 17 00:00:54,765 --> 00:00:55,821 ပဲ့တင်သံတစ်ခုလား။ 18 00:00:55,821 --> 00:00:57,010 အိပ်မက်တစ်ခုလား။ 19 00:00:57,010 --> 00:01:01,352 ကဗျာစာပေမှာ ယေဘုယျအားဖြင့် အသိအမှတ် ပြုနိုင်တဲ့ လက္ခဏာတစ်ချို့ပါဝင်ပါတယ်။ 20 00:01:01,352 --> 00:01:05,551 တစ်၊ ကဗျာတွေဟာ ဘာသာစကားရဲ့ ဂီတဆိုင်ရာ အရည်အသွေးတွေကို အလေးထားတယ်။ 21 00:01:05,551 --> 00:01:08,481 ဒါကို ကာရန်၊ စည်းချက်၊ မတ္တာတွေကနေ ဖန်တီးနိုင်ပါတယ်၊ 22 00:01:08,481 --> 00:01:09,979 Shakespeare ရဲ့ လင်္ကာတွေကနေ 23 00:01:09,979 --> 00:01:11,542 Confucius ရဲ့ ရတုကဗျာတွေ 24 00:01:11,542 --> 00:01:13,852 သက္ကတ ဝေဒကျမ်းတွေအထိပါ။ 25 00:01:13,852 --> 00:01:16,556 နှစ် ကဗျာတွေဟာ အကျဉ်းချုံးထားတဲ့ ဘာသာစကားပါ၊ 26 00:01:16,556 --> 00:01:20,492 ၎င်းကနေ ရေအားလုံးကို ညှစ်ထုတ်ထားတဲ့ စာပေလိုပါ။ 27 00:01:20,492 --> 00:01:23,872 သုံး၊ ကဗျာတွေဟာ မကြာခဏ ပြင်းထန်တဲ့ ခံစားချက်တွေကို အသားပေးတယ်။ 28 00:01:23,872 --> 00:01:25,875 Rumi ရဲ့ စိတ်ဆိုင်ရာ ကဗျာစာပေကနေ 29 00:01:25,875 --> 00:01:29,312 Pablo Neruda ရဲ့ "Ode to an Onion" ထိပါ။ 30 00:01:29,312 --> 00:01:33,883 ကဗျာစာပေသက်သက်က အနုပညာဖြစ်သလို ရိုးရိုး အဓိပ္ပါယ်တွေကို စိန်ခေါ်တဲ့ နည်းလမ်းပါ။ 31 00:01:33,883 --> 00:01:36,303 အစောဆုံးကဗျာတွေရဲ့ စည်းချက်ပုံစံတွေဟာ အရေးအသားတောင် 32 00:01:36,303 --> 00:01:40,163 မပေါ်ခင် ဇာတ်လမ်းတွေကို အမှတ်ရဖို့ နည်းလမ်းတစ်ခုဖြစ်ခဲ့ပေမဲ့ 33 00:01:40,163 --> 00:01:42,703 ကဗျာတစ်ပုဒ်ဟာ လင်္ကာမြောက်ဖို့ မလိုပါဘူး။ 34 00:01:42,703 --> 00:01:44,251 Reinhard Döhl ရဲ့ “Apfel”နဲ့ 35 00:01:44,251 --> 00:01:46,649 Eugen Gomringer ရဲ့ "silencio" တို့ဟာ 36 00:01:46,649 --> 00:01:50,160 အမြင်ပိုင်း အနုပညာနဲ့ ကဗျာစာပေအကြားမှာ နာယူပါတယ် 37 00:01:50,160 --> 00:01:53,556 တစ်ချိန်တည်းမှာ E.E. Cummings ဟာ စကားလုံးတွေသက်သက်လိုပဲ အရေးပါတဲ့ 38 00:01:53,556 --> 00:01:55,420 ကဗျာတွေရဲ့ ပုံစံတွေကို ရေးခဲ့တယ်၊ 39 00:01:55,420 --> 00:02:01,909 ဒီမှာ ဟင်းလင်ပြင်ကို ဖြတ်ကျလာတဲ့သစ်ရွက်ရဲ့ ဝမ်းနည်းအထီကျန်မှုကို ချဲ့ထွင်တာပါ။ 40 00:02:01,909 --> 00:02:05,569 ကဗျာရဲ့ အမြင်ပို်င်း သဘာဝဟာ နောက်ခံမှာ မှေးမှိန်တယ်ဆိုရင် 41 00:02:05,569 --> 00:02:07,989 ဖြစ်နိုင်တာက ဂီတနဲ့ကျန်ခဲ့ပြီး 42 00:02:07,989 --> 00:02:10,600 ဒါက လူတွေ ငြင်းခုံလို့တဲ့ နယ်ပယ်တစ်ခုပါ။ 43 00:02:10,600 --> 00:02:12,669 သီချင်းတွေက ကဗျာတွေလား။ 44 00:02:12,669 --> 00:02:16,189 အများက စာပေးသဘောသစ်ခုမှာ တေးရေးသူတွေကို ကဗျာဆရာတွေလို့ မမှတ်ယူကြပေမဲ့ 45 00:02:16,189 --> 00:02:18,689 Paul Simon Bob Dylan နဲ့ Tupac Shakur တို့လို 46 00:02:18,689 --> 00:02:19,788 အနုပညာရှင်တွေဆီက 47 00:02:19,788 --> 00:02:21,159 သီချင်းစာသားတွေဟာ 48 00:02:21,159 --> 00:02:23,829 ဂီတမပါတာတောင် မကြာခဏ စံပြုရပါတယ်။ 49 00:02:23,829 --> 00:02:27,049 ရက်ပ်မှာ ကာရန်၊စည်းချက်နဲ့ နိမိတ်ပုံလို ကဗျာဆရာ အခြေခံသဘောတရားတွေဟာ 50 00:02:27,049 --> 00:02:29,529 ဒီပုံစံကနေ ခွဲခြားလို့မရပါဘူး။ 51 00:02:29,529 --> 00:02:32,359 Notorious B.I.G က ဒီစာသားကိုကြည့်ပါ။ 52 00:02:32,359 --> 00:02:34,727 "မင်းပါးပြင်ထက်မှာ ချွေးစီးကျနေတာ ငါကြားတယ် 53 00:02:34,727 --> 00:02:37,019 မင်းရင်ခုန်သံဟာ နှင်းလူ ခြေထောက်တွေလို အသံပေါက်ကာ 54 00:02:37,019 --> 00:02:39,801 တဂျိန်းဂျိန်း ကွန်ကရစ်ကို လှုပ်ရမ်းနေတယ်" 55 00:02:39,801 --> 00:02:43,298 ဒီအထိတော့ ကျွန်တော်တို့ မြင်ခဲ့တဲ့ ဥပမာအားလုံးမှာ စာကြောင်းခွဲတွေရှိတယ်။ 56 00:02:43,298 --> 00:02:48,045 လေထဲမှာ စုစည်းထားတဲ့ အလီရဲ့ နှစ်လုံးစပ် ကဗျာကိုတောင် စိတ်ကူးကြည့်နိုင်ပါတယ်။ 57 00:02:48,045 --> 00:02:50,258 Me, We. 58 00:02:50,258 --> 00:02:53,304 ကဗျာစာပေမှာ အမြဲလိုလို အသိအမှတ်ပြုနိုင်တဲ့ ပုံစံစံတစ်ခုရှိပါတယ်။ 59 00:02:53,304 --> 00:02:57,209 ၎င်းရဲ့စာကြောင်းခွဲတွေက စာဖတ်သူတွေကို ကဗျာတစ်ပုဒ်ရဲ့ စည်းချက်ကို ကူညီလမ်းပြတယ် 60 00:02:57,209 --> 00:02:59,628 ဒါပေမဲ့ ဒီစာကြောင်းခွဲတွေ ပျောက်နေရင်ရော။ 61 00:02:59,628 --> 00:03:02,118 ဒါဟာ ကဗျာတစ်ပုဒ်ရဲ့ အနှစ်သာရကို ပျောက်ဆုံးစေမှာလား။ 62 00:03:02,118 --> 00:03:03,433 မဟုတ်လောက်ပါဘူး။ 63 00:03:03,433 --> 00:03:05,237 စကားပြေကဗျာကို ထည့်သွင်းပါ။ 64 00:03:05,237 --> 00:03:07,989 စကားပြေကဗျာတွေဟာ ထင်သာတဲ့ ပုံရိပ်တွေနဲ့ စကာလုံးကစားတာကို 65 00:03:07,989 --> 00:03:11,271 အသုံးပြုပေမဲ့ စာပိုဒ်တွေလိုမျိုး ပုံစံချထားတယ် 66 00:03:11,271 --> 00:03:15,343 ကဗျာစာပေကို ပုံစံတစ်ခုအနေနဲ့ လျှော့ပြီး အတွေးအမြင်တစ်ခုအနေနဲ့ ကြည့်တဲ့အခါ 67 00:03:15,343 --> 00:03:18,149 ကျွန်တော်တို့ဝန်းကျင် အားလုံးမှာ ကဗျာဆန်တာကို မြင်နိုင်တယ်။ 68 00:03:18,149 --> 00:03:19,378 ဓမ္မတေးတွေ၊ 69 00:03:19,378 --> 00:03:22,249 Martin Luther King,Jr လို အာဝဇ္ဇန်းရွှင်သူတွေရဲ့မိန့်ခွန်းတွေ 70 00:03:22,249 --> 00:03:23,179 JFK နဲ့ 71 00:03:23,179 --> 00:03:24,590 Winston Churchill 72 00:03:24,590 --> 00:03:27,429 လူမှုရေးမီဒီယာတွေလို့ အံ့ဖွယ်နေရာတွေပါ။ 73 00:03:27,429 --> 00:03:33,140 ၂၀၁၀ မှာ သတင်းစာဆရာ Joanna Smith က ဟေတီငလျင်ရဲ့ နောက်ဆုံးသတင်းကို တင်ခဲ့တာက 74 00:03:33,140 --> 00:03:36,091 "အခန်းထဲမှာ အဝတ်လဲနေတုန်း ငါ့နာမည်ကြားတဲ့အခါ 75 00:03:36,091 --> 00:03:38,811 တုန်လှုပ်မိ၊ ဆွဲတံခါးကနေ ပြေးခဲ့ 76 00:03:38,811 --> 00:03:42,531 အခုတော့ အားလုံးငြိမ်၊ ကြက်ဖတွေ တွန်ကျူးနေ" 77 00:03:42,531 --> 00:03:46,061 Smith ဟာ ဘာသာစကားကို အားကောင်းပြီး တိုက်ရိုက် သိသာတဲ့ ပုံရိပ်တွေ ပြည့်နေတဲ့ 78 00:03:46,061 --> 00:03:48,261 နည်းလမ်းနဲ့ သုံးပါတယ်။ 79 00:03:48,273 --> 00:03:50,723 သူမရဲ့ ဘာသာစကားကို ဟိုက္ကုတစ်ပုဒ် နဲ့ ယှဉ်ကြည့်ပါ 80 00:03:50,723 --> 00:03:55,823 ၅၊၇၊၅ စာကြောင်း သုံးကြောင်းတည်းနဲ့ တိုတောင်းတဲ့ လေးနက်မှုရဲ့ 81 00:03:55,823 --> 00:04:00,684 ပေါက်ကွဲမှုတွေကို အသားပေးတဲ့ ရှေးဟောင်း ကဗျာပုံစံတစ်ခုပါ။ 82 00:04:00,684 --> 00:04:03,632 ကဗျာစာပေရဲ့ ရေထုဟာ ကျယ်ပြန့်၊ နက်ရှိုင်းပါတယ်။ 83 00:04:03,632 --> 00:04:05,504 ကဗျာစာပေဟာ အချိန်နဲ့ ပြောင်းလဲခဲ့ပါတယ် 84 00:04:05,504 --> 00:04:07,193 အခုဆို ခါတိုင်းထက်ကိုပိုနိုင်ပါတယ်၊ 85 00:04:07,193 --> 00:04:12,854 ကဗျာစာပေ၊ စကားပြေသီချင်းနဲ့ အမြင်ပိုင်း အနုပညာကြားက မျဉ်းဟာ မှုန်ဝါးသွားပါပြီ။ 86 00:04:12,854 --> 00:04:15,234 သို့ပေမည့် တစ်ခုကတော့ မပြောင်းလဲသွားပါဘူး။ 87 00:04:15,234 --> 00:04:18,664 poetry စကားလုံးဟာ တကယ်တော့ ကြိယာပုံစံနဲ့ စခဲ့ပါတယ်၊ 88 00:04:18,664 --> 00:04:23,604 ရှေးဟာင်း ဂရိ poiesis ကနေလာပြီး ဖန်တီးသည်လို့ အနက်ရပါတယ်။ 89 00:04:23,604 --> 00:04:28,144 လက်မှုပညာသည်လိုပဲ ကဗျာဆရာတွေဟာ အသိအမြင်သစ်တွေ ပုံသွင်းဖို့ 90 00:04:28,144 --> 00:04:29,992 လူသားက ဘာဆိုတာကို လူသားပဲတတ်နိုင်တဲ့ 91 00:04:29,992 --> 00:04:36,075 နည်းလမ်းတစ်ခုနဲ့ ထင်မြင်ချက်ပေးဖို့ ကမ္ဘာ့ကုန်ကြမ်းတွေနဲ့ လုပ်ကိုင်နေဆဲပါ၊ 92 00:04:36,075 --> 00:04:41,525 Dartmouth သုတေသီတွေဟာ စက်ရုပ်တွေကို ကဗျာရေးခိုင်းကာ ဒီအယူအဆကို စမ်းသပ်ခဲ့တယ်။ 93 00:04:41,525 --> 00:04:45,024 အကဲဖြတ်အဖွဲ့ဟာ လူရေးလား၊ စက်ကရေးလားဆိုတာ 94 00:04:45,024 --> 00:04:49,054 ခွဲခြားသိနိုင်ဖို့ လင်္ကာအပုံတွေကနေ ရွေးထုတ်ပါတယ်။ 95 00:04:49,054 --> 00:04:53,012 သင်ပျော်နေလောက်တာက သိပ္ပံညာရှင်တွေဟာ ဉာဏ်ရည်တုကို 96 00:04:53,012 --> 00:04:56,035 ထုတ်လုပ်ရေး၊ ဆေးပညာနဲ့ 97 00:04:56,035 --> 00:04:57,035 သတင်းစာပညာမှာတောင် 98 00:04:57,035 --> 00:04:58,575 အောင်မြင်စွာ အသုံးပြုခဲ့ပေမဲ့ 99 00:04:58,575 --> 00:05:01,255 ကဗျာစာပေကျတော့ လုံးဝတမျိုးပါ။ 100 00:05:01,255 --> 00:05:04,805 အချိန်ရဲ့ ရာနှုန်းပြည့်တိုင်း စက်ရုပ်တွေဟာ လက်ပူးလက်ကြပ် အမိခံခဲ့ကြရတာပါ။