ရုပ်ရှင် (သို့) ပြဇာတ်ကြည့်တဲ့အခါ သိတာက သရုပ်ဆောင်တွေဟာ သူတို့စကားကို ဇာတ်ညွှန်း ကနေ ကျက်ထားလောက်တာ ဒါက သူတို့ကို ဘာပြောရမယ်၊ ဘယ်တော့ ပြောရမယ်ဆိုတာကို အဓိက ပြောပြတာပါ။ ရေးထားတဲ့ ဂီတတေးသွားတစ်ခုဟာ အလားတူပဲ အတိအကျ လုပ်ဆောင်ပါတယ်။ အခြေခံ သဘောကတော့ ၎င်းက ဖျော်ဖြေသူကို ဘာကိုတီး၊ ဘယ်တော့တီးဆိုတာကို ပြောပြပါတယ်။ အနုသုခုမပိုင်းအရ ပြောရရင် ဥပမာ Beethoven နဲ့ Justin Bieber ကြားမှာ အင်မတန်ကွာခြားပေမဲ့ အနုပညာရှင် နှစ်ဦးစလုံးဟာ ဂီတ ဖန်တီးဖို့ တူညီတဲ့ အခြေခံအုပ်ချပ်တွေ သုံးပါတယ် ဂီတသင်္ကေတွေပါ။ အဆုံးသတ် ရလဒ်ဟာ အတော်လေး ရှုပ်တွေးနိုင်ပုံရပေမဲ့ ဂီတဆိုင်ရာ သင်္ကေတတွေရဲ့ နောက်ခံ အကြောင်းကတော့ အတော်ကို ရိုးစင်းပါတယ်။ ဂီတသင်္ကေတစနစ်ရဲ့ အခြေခံ သဘောတရားကို
တစ်ချက် ကြည့်လိုက်ရအောင်၊ အနုပညာလက်ရာတစ်ခု ဖန်တီးဖို့ အချင်းချင်း ဘယ်လိုဆက်သွယ်လဲပေါ့။ ဂီတကို စာမျက်နှာကို ကန့်လန့်ဖြတ်နေတဲ့ မျဉ်းပြိုင်ငါးကြောင်းမှာ ရေးသားပါတယ်။ ဒီငါးကြောင်းကို စတ်ဖ်တစ်ခုလို့ ခေါ်ပါတယ်။ စတတ်ဖ်တစ်ခုဟာ ဝင်ရိုးနှစ်ခုမှာ လုပ်ဆောင်ပါတယ်၊ အထက်နဲ့ အောက်၊ ဘယ်မှညာပါ။ အထက်အောက်ဝင်ရိုးက ဂီတသင်္ကေတရဲ့ အနိမ့်အမြင့်(သို့) ဘယ်သင်္ကေတတီးရမလဲလို့ တီးသူကို ပြောပြီး ဘယ်မှညာ ဝင်ရိုးက သင်္ကေတရဲ့ ဘယ်စည်းချက်(သို့) ဘယ်တော့ တီးရမလဲဆိုတာ ပြောပြပါတယ်။ အသံအနိမ့်အမြင့်နဲ့ စလိုက်ရအောင်။ အကူအညီရဖို့ စန္ဒရားတစ်လုံး သုံးပါမယ်၊ ဒါပေမဲ့ ဒီစနစ်က စဉ်းစားလို့ရသမျှ တူရိယာအတွက် အတော်အလုပ်ဖြစ်ပါတယ်။ အနောက်တိုင်း ဂီတ အစဉ်အလာမှာ အသံအနိမ့်အမြင့်ကို ပထမဆုံး အက္ခရာ ခုနှစ်လုံးနဲ့ အမည်ပေးထားတယ်။ A, B, C, D, E, F, နဲ့ G ပါ။ ဒီနောက် စက်ဝိုင်း ပြန်လည်ပါတယ်။ A, B, C, D, E, F, G, A, B, C, D, E, F, G, စသည်ဖြင့်ပေါ့။ ဒါပေမဲ့ ဒီအသံနိမ့်မြင့်တွေ နာမည်ဘယ်လို ရတာလဲ ကောင်းပြီ၊ ဥပမာ F ကိုတီးတယ်ဆိုရင် နောက်ထပ် F ကို တီးတယ်၊ စန္ဒရားက မြင့်သံ၊(သို့) နိမ့်သံပေါ့ အသံတွေ အတော်ဆင်နေတာကို သင်သတိပြုမိလိမ့်မယ်။ ယှဉ် ပြောရရင် B သံပေါ့။ စတတ်ဖ်ဆီ ပြန်သွားရအောင် လိုင်းနှစ်ခုကြားက လိုင်းတိုင်း နေရာလပ်တိုင်းဟာ သီးခြားအသံတစ်သံကို ကိုယ်စားပြုတယ်။ ဒီလိုင်းတွေထဲက တစ်ခုမှာ သင်္ကေတတစ်လုံးထည့်ရင် တီးခတ်သူကို ဒီအသံကို တီးဖို့ ပြောနေတာပါ။ စတက်ဖ်ရဲ့ ပိုမြင့်ရာမှာ သင်္ကေတကိုထားလေ အသံက ပိုမြင့်လေပါ။ ဒါပေမဲ့ ဒီလိုင်းတွေနဲ့ ကွက်လပ်တွေက ပေးတဲ့ ကိုးခုထက် ပိုများတဲ အသံတွေရှိပါတယ်။ ဥပမာ စန္ဒရားကြီးဟာ သီးခြားသင်္ကေတ ၈၈ လုံး တီးနိုင်တယ် ဒီတော့ ၈၈ သံစလုံးကို စတက်ဖ်တစ်ခုတည်းမှာ ဘယ်လို အကျဉ်းချုံးလဲ။ ကလပ်ဖ် လို့ခေါ်တဲ့ အရာကို သုံးပါတယ်၊ စတက်ဖ်ရဲ့ အစမှာထားတဲ့ အမြင်ဆန်းတဲ့ သင်္ကေတတစ်ခုပါ။ ဒါက ရည်ညွန်းနေရာကို လုပ်ဆောင်ပါတယ်။ သင့်တူရိယာပေါ်က သီးခြားသင်္ကေတတစ်ခုနဲ့ ကိုက်ညီတဲ့ လိုင်း(သို့) ကွက်လပ်တစ်ခုကို ပြောပြနေတာပါ။ စတက်ဖ်ပေါ်က မဟုတ်တဲ့ သင်္ကေတတွေကို တီးချင်ရင် လယ်ဂျာလိုင်းလို့ခေါ်တဲ့ အပိုလိုင်းလေးတွေ အလွယ်ဆွဲတာမျိုးလုပ်ပြီး သင်္ကေတတွေ ထည့်ပါတယ်။ စိတ်ရှုပ်ထွေးလာစေတဲ့ လယ်ဂျာလိုင်းတွေ အများကြီး ဆွဲဖို့လိုရင်တော့ မတူတဲ့ ကလက်ဖ်တစ်ခုကို သုံးဖို့လိုပါတယ်။ တီးခတ်သူကို သင်္ကေတတွေတီးတာ ပြောပြဖို့အတွက် အဓိက အရာနှစ်ခုက ဒါကို ထိန်းချုပ်ပါတယ်။ ရိုက်ချက်နဲ့ စည်းချက်ပါ။ ဂီတတေးသွားတစ်ခုရဲ့ ရိုက်ချက်က သူ့ချည်းဆို ငြီးငွေ့စရာပါ။ ဒီလို အသံပေါက်ပါတယ်။ (တချက်ချက်မြည်သံ) ဒါ မပြောင်းလဲတာ သတိပြုပါ။ တော်တော်လေး ပျော်ရွှင်စွာ တပ်ထားရုံပါ။ ဒါကို နှေးလို့၊ မြန်လို့ သင်ကြိုက်သလိုလုပ်လို့ ရပါတယ်။ အဓိကက နာရီပေါ်က စက္ကန့်တံလို တစ်မိနစ်ကို ၆၀ စက္ကန့်ပိုင်းပါတယ်၊ စက္ကန့်တိုင်းက အခြားစက္ကန့်တိုင်းနဲအတူ တူညီတဲ့ အရှည်ရှိတဲ့ အချိန်ရဲ့ အပိုင်းလေးတွအဖြစ် ရိုက်ချက်က ဂီတေးသွားကို ပိုင်းပါတယ်။ ရိုက်ချက်များ အခြေခံဖြစ်တဲ့ ပုံမှန်ရိုက်ချက်နဲ့ အသံတွေကို စည်းချက်ထည်နိုင်ပြီး ဒါက ဂီတစတင်ဖြစ်ပေါ်လာချိန်ပါ။ ဒါက လေးပုံတစ်ပုံ အသံပါ။ ဒါက စည်းချက်ရဲ့ အခြေခံအကျဆုံး ယူနစ်ပါ စည်းတစ်ချက်စာနဲ့ ညီပါတယ်။ ဒါကတော့ တစ်ဝက်အသံဖြစ်ပြီး စည်းနှစ်ချက်စာနဲ့ ညီပါတယ်။ ဟောဒီ အပြည့်သံက စည်းလေးချက်နဲ့ ညီပြီး ဒီကောင်လေးတွေကတော့ ရှစ်ပုံတစ်ပုံသံတွေပါ၊ တစ်ခုစီက စည်းချက် တစ်ဝက်ပါ။ သင်က "ကောင်းပြီ၊ ဒါက ဘာကိုဆိုလိုတာလဲ" သင်သတိပြုမိလောက်တာက စတက်ဖ် တစ်လျှာက်က အပိုင်းလေးတွေအဖြစ် ခွဲထားတဲ့ လိုင်းလေးတွေရှိတာပါ။ ဒါတွေက ဘားလိုင်းတွေဖြစ်ပြီး အပိုင်းတစ်ခုစီကို တစ်ဘားလို့ ရညိညွှန်းပါတယ်။ ဂီတတေးသွားတစ်ခုရဲ့ အစ၊ ကလက်ဖ်နောက်မှာ အချိန်ပြ အမှတ်အသားလို့ခေါ်တာ တစ်ခုရှိတယ်။ ဒါက တီးခတ်သူကို တစ်ဘားမှာ ရိုက်ချက်ဘယ်နှစ်ချက်ရှိတာ ပြောပါတယ်။ ဒါက တစ်ဘားမှာ ရိုက်ချက်နှစ်ချက်ရှိပါတယ်၊ ဒါကတော့ သုံးချက်ပါ။ ဒါက လေးချက် အစသဖြင့်ပါ။ အောက်က နံပါတ်က ရိုက်ချက်ရဲ့ အခြေခံယူနစ်အဖြစ် ဘယ်အသံမျိုး သုံးရမယ်ဆိုတာ ပြောပြပါတယ်။ တစ် က အသံပြည့်နဲ့ညီပါတယ်၊ နှစ်ကတော့ အသံတစ်ဝက်ပါ လေးကတော့ အသံတစ်စိတ်ပါ။ ရှစ်ကတော့ ရှစ်ပုံတစ်ပုံအသံ စသည်ဖြင့်ပါ။ ဒီတော့ ဒီအချိန်ပြ သင်္ကေတက ဘားတစ်ခုစီမှာ တစ်စိတ်သံ လေးခုပါတာကို ပြောပြပါတယ်။ တစ်၊ နှစ်၊ သုံး၊ လေး။ တစ်၊ နှစ်၊ သုံး၊ လေး စသည်ဖြင့်ပေါ့။ ဒါပေမဲ့ အစကပြောခဲ့သလိုပဲ ရိုက်ချက်ကိုသာ စွဲနေရင် ငြီးငွေ့စရာဖြစ်လာတာမျိုးဆိုတော့ တစ်စိတ်သံတွေကို မတူတဲ့စည်းချက်တွေနဲ့ အစားထိုးလိုက်ပါ့မယ်။ ဘားတစ်ခုစီက အသံတွေရဲ့ နံပါတ်တွေ ပြောင်းတာတောင် တစ်ဘားစီရဲ့ စုပေါင်းရိုက်ချက် အရေအတွက် မပြောင်းလဲတာ သတိပြုပါ၊ ဒီတော့ ကျွန်တော်တို့ရဲ့ ဂီတဆိုင်ရာ ဖန်တီးမှုက ဘယ်လိုအသံထွက်လဲ။ (ဂီတသံ) အဆင်ပြေပုံရပေမဲ့ နည်းနည်းပါးနေလောက်တယ်နော်
။ ၎င်းရဲ့အသံနဲ့ စည်းချက်နဲ့အတူ နောက်ထပ်တူရိယာတစ်ခု ထည့်ရအောင် အခုတော့ ဂီတလိုမျိုး အသံပေါက်နေပါတယ်။ သေချာတာက ဒါကို အမြန်ဖတ်တာ အကျင့်ပါပြီး မြင်တာကို ကိုယ့်တူရိယာမှာ တီးတာက အလေ့အကျင့်လိုပါတယ်၊ ဒါပေမဲ့ အချိန်နဲ့ စိတ်ရှည်ရှည်ထားရင် သင်ဟာ နောက် Beethoven (သို့) Justin Bieber ဖြစ်နိုင်ပါတယ်။