ထုတ်လွှတ်လိုက်တဲ့ ကာဗွန်အားလုံး
ဘယ်ကို ရောက်သွားလဲ။
ကာဗွန်ဟာ သက်ရှိ အရာတွေ အာလုံးမှာရှိတဲ့
သဘာဝ သံသရာထဲမှာ ပါဝင်လုပ်ဆောင်တယ်။
မြေဆီလွာထဲမှာ၊ သမုဒ္ဒရာတွေထဲမှာ
လေထုလွာထဲမှာနဲ့
နက်ရှိုင်းတဲ့ မြေအောက် ကျောက်တွေထဲမှာပါ။
အပင်တွေနဲ့ အခြားသက်ရှိ
အရာတွေ သေတဲ့အခါ
သိုလှောင်ထားတဲ့ ကာဗွန် အများအပြား
လေထုလွှာဆီ ပြန်လာဖို့ လမ်း လုပ်ပေးတယ်။
အပင်ငယ်အသစ်တွေ ကြီးထွာပြီး
ကာဗွန်ကို စုပ်ယူတဲ့အထိပါ။
ဒါပေမဲ့ သန်းချီတဲ့ နှစ်တွေအကြာ
ရှေးဟောင်း အပင်တွေနဲ့ ပင်လယ် သက်ရှိတွေမှာ
သိုထားတဲ့ ကာဗွန်တချို့ဟာ ကျောက်ဖြစ်လာပြီး
တချို့က ကျောက်ဖြစ်ရုပ်ကြွင်း
လောင်စာတွေဖြစ်လာတယ်။
ကျောက်မီးသွေး၊ ရေနံ၊ သဘာဝ ဓာတ်ငွေ့တို့ပါ။
မီးတောင် ပေါက်ကွဲခြင်းလို
သဘာဝ ဖြစ်စဉ်တွေက
ကျောက်ထဲမှာ ပိတ်နေတဲ့ ကာဗွန်တချို့ကို
ထုတ်လွှတ်ပေးတယ်။
ရုပ်ကြွင်း လောင်စာတွေကို
မီးရှို့တာလို လူသား လုပ်ဆောင်မှုတွေကပါ
သမိုင်းမတင်မီ ကာဗွန်တချို့ကို
ထုတ်လွှတ်ပေးခဲ့တယ်။
ဒီနေ့ လူသားတွေဟာ နှစ်စဉ်
ကမ္ဘာဂြိုဟ်ပေါ်က မီးတောင်တွေ အားလုံးထက်
အဆ ၆၀ ခန့်ပိုများတဲ့
ကာဗွန်ကို ထုတ်လွှတ်တယ်။
ဒါက ကမ္ဘာမြေရဲ့ ကာဗွန် သံသရာကို
မတန်တဆ ဝန်ပိစေပြီး
လေထုလွှာနဲ့ သမုဒ္ဒရာတွေထဲမှာ
များသထက်များလာစေတယ်။
အပင်တွေ ပိုစိုက်တာက ကူညီပေမဲ့ သစ်ပင်တွေ
ချည်းက ရလဒ်သုညဖြစ်အောင် လုပ်မပေးနိုင်ဘူး။
ကမ္ဘာ ပူနွေးလာမှုကို တားဆီးဖို့
သေချာတဲ့ နည်းလမ်းတစ်ခုရှိတယ်။
လေထုထဲကို တရားလွန် ကာဗွန်
ထုတ်လွှတ်ခြင်းကို ရပ်တန့်ရမှာပါ။
Countdown
Countdown.ted.com မှာ
ရာသီဥတုပြောင်းလဲမှု လုပ်ဆောင်ပါ။