ပိုကောင်းတဲ လူသားတွေဖြစ်ဖို့ ကလေးတွေဆီကနေ
ဘာတွေကို သင်ယူနိုင်လဲ။
သူငယ်ချင်းတွေကို
အလွန်အကျွံ သစ္စာရှိတယ်။
ကာကွယ်ဖို့ မြန်တယ်၊ တောင်းပန်ဖို့ လျင်တယ်၊
ခွင့်လွတ်ဖို့ သွက်ကြတယ်။
ဒါပေမဲ့ အရင်က သူငယ်တန်း ဆရာမတစ်ဦးအနေနဲ့
ရင်ထဲမှာတော့ အမြဲ သူငယ်တန်း ဆရာမပါပဲ။
အကူအညီတောင်းတာနဲ့ ပတ်သက်တဲ့
သူတို့ဆီကနေ သင်ယူခဲ့ရတဲ့ အံ့ဩစရာ
သင်ခန်းစာတစ်ခုကို သင်တို့နဲ့မျှဝေချင်တယ်၊
လူသားအပြုအမူတွေကို ကျွန်မချစ်တယ်။
အခြေအနေတွေနဲ့ ပတ်ဝန်းကျင်အမျိုးမျိုးမှာ
ခြားနားစွာ လုပ်ဆောင်ကြပုံပါ။
ဒီချစ်စရာ ငါးနှစ်သားလေးတွေက
ချစ်စရာ ပါးလေးတွေနဲ့
နွေးထွေးတဲ့ မနက်ခင်းအပွေ့အဖက်တွေ
ပေးဖို့ ကွက်တိအရပ်အမြင့်
လက်ဝါးချင်းရိုက်ဖို့
တူညီလုနီးပါး အချစ်တစ်ခုရှိတော့
သိပ် စိတ်ဝင်စရာကောင်းတယ်။
ကျွန်မရဲ့ ပထမဆုံးအတန်းက
Mars အတန်းလို့ခေါ်တယ်။
ကျောင်းသား ၁၀ ယောက်ရှိပြီး
တစ်ယောက်စီဟာ ထူးခြားတဲ့
လက္ခဏာနဲ့ပြည့်နေတယ်။
ဒါပေမဲ့ ကျွန်မ ဘယ်တော့မှ
မမေ့နိုင်သူ တစ်ယောက်ရှိတယ်။
သူ့ကို Sam လို့ ခေါ်လိုက်ရအောင်။
Sam ဟာ ငါးနှစ်ပဲ ရှိသေးတာကို
မေ့နေသလို ပြုမူခဲ့တယ်။
သူက အတော့်ကို အမှီအခိုကင်းတယ်။
သူ့ကိုယ်ပိုင် ဖိနပ်ကြိုးတွေ
ချည်တတ်ရုံတင်မက
အခြား ကလေးတွေရဲ့ ဖိနပ်ကြိုးတွေကိုပါ
ချည်ပေးတတ်ပါတယ်။
ညစ်ပတ်တဲ့ ဓာတ်ဘူးကိုလည်း
ဘယ်တော့မှ အိမ်ကိုယူမသွားဘူး
သူက ဒါကို
နေ့လည်စာပြီးတဲ့အခါ ဆေးကြောလို့ပါ။
တစ်ခုခု ဖြစ်ပြီး အဝတ်အစားတွေ
လဲဖို့ လိုတယ်ဆိုရင်
သူက အလွန် တိတ်ဆိတ်စွာ လဲပြီး
သူ့ဘာသာ သိုသိုသိပ်နေလေ့ရှိတယ်။
သူကိုယ်တိုင် အကူအညီ သိပ်မတောင်းပေမဲ့
သူ့အတန်းဖော်တွေကို အကူအညီပေးဖို့
သွားသူကတော့ သူပါ။
ဒီလိုဟာတွေကို ကူညီပါတယ်၊
စပ်လွန်းလို့ သူတို့ကင်ချီတွေကို ကုန်အောင်
သူ စားပေးရမလားပေါ့။
သူဟာ ဆရာတွေကို ချစ်ခင်ကြောင်း
ဘယ်လို ပုံစံနဲ့မှ မပြချင်ဘူး။
"ခပ်အေးအေး ကလေး" အဖြစ်
ထင်မြင်စေချင်လို့ပါ။
သူ့ကို နှုတ်ဆက်တဲ့
အပွေ့အဖက်ပေးရင်
မျက်လုံးတွေ လှန်ပြီး
မကျေနပ်တာပြဖို့ မျက်ခွက်ပြောင်ပြပေမဲ့
နှုတ်ဆက် အပွေ့အဖက် မရဘူးဆိုရင်တော့
အဲဒီမှာ ရပ်ပြီးလည်း စောင့်နေတတ်တယ်။
သူဟာ ငါးနှစ်သားလေးပဲ ရှိတာကို
ကျွန်မ မေ့သွားရလောက်အောင်
ပါးနပ်ပြီး အားကိုးရတယ်။
လက်သင် ဆရာမတစ်ယောက်အနေနဲ့
ပိုအတွေ့အကြုံရှိတဲ့ ဆရာတွေက
ကျောင်းသားတွေနဲ့ တုံ့လှယ်ပုံကို လေ့လာရာမှာ
အချိန်အများကြီးကုန်တယ်။
အလွန် ထူးခြားတာ တစ်ခုကို သတိပြုမိတယ်။
မကြာခဏ ကလေးတွေ လဲကျတဲ့အခါ
သူတို့ဟာ ချက်ချင်း စမငိုကြဘူး။
မတ်တတ်ရပ်ပြီး အကြံအိုက်ကြတယ်
ဆုံးဖြတ်ချက်ချဖို့ ကြိုးစားနေသလိုပေါ့။
သိတဲ့အတိုင်း "ဘာဖြစ်သွားတာလဲ။
ဒါက ငါ့အတွက် ငိုရလောက်တဲ့
ကိစ္စကြီးမို့လား။
ဒါက နာလို့လား။ ဘာဆက်ဖြစ်မှာလဲ။
အမြဲလိုလိုတော့ လူကြီးတစ်ဦးနဲ့ မျက်လုံး
ချင်းမဆုံခင်အထိ ကလေးတွေ အဆင်ပြေတယ်။
သူတို့ ယုံကြည်ပြီး သိတာက
သူတို့အတွက် တစ်ခုခုလုပ်နိုင်တာပါ။
မျက်လုံးတွေ ဆုံကြတယ်၊ နောက်တော့
ဗြန်းခနဲ ငိုချလိုက်တယ်၊
ဒါကို ကျွန်မ သတိထားမိချိန်မှာ
ကျွန်မလည်း ဒါကို ကြုံချင်ခဲ့တယ်။
ဘာလိုဆို ကျွန်မအတွက် ဒါက ကလေး
တစ်ယောက်ရဲ့ ယုံကြည်မှု ရခဲ့တာဖြစ်ပြီး
တစ်ခုခုနဲ့ သူတို့ကို ကူညီနိုင်တာကို
သက်သေပြတာကို ဆိုလိုတာမို့ပါ။
သင်ဟာ သူတို့အတွက် သူရဲကောင်းပါ။
အခြားဆရာတွေကို ကြည့်ရင်း
ကုန်သွားတဲ့ သီတင်းပတ်တွေက
ကလေးတွေ မျက်ရည်တွေနဲ့ ပြေးစေတာကို
မနာလိုစိတ်နဲ့ ကြည့်နေခဲ့တာပါ။
ကျွန်မ မနာလိုဖြစ်ခဲ့တယ်။
ဆိုလိုတာက တကယ်တော့
ကလေးတွေကို လဲမကျစေချင်ပေမဲ့
ဒီသက်သေပြတဲ့ ကာလ၊ ဟုတ်တယ်၊
သူတို့ကို ကူညီသူ
တစ်ဦးဖြစ်ဖို့ ကလေးတစ်ယောက်ရဲ့ လုံလောက်တဲ့
ယုံကြည်မှုကို ကျွန်မ ရချင်ခဲ့တယ်။
ဒါနဲ့ နောက်ဆုံးမှာတော့ ဖြစ်လာခဲ့တယ်။
သာယာတဲ့ နေ့တစ်နေ့ပါ။
မိုးလုံလေလုံ ကစားတွင်းထဲက
မုန့်စားဆင်းချိန် အတွင်းမှာပါ။
ကလေးတွေက ကစားနေကြပြီး
ကျွန်မက အရာတွေကို
ပလပ်စတစ် လောင်းခိုင်းနေတယ်
ဘာလို့ဆို ဆရာတွေဟာ အမြဲ
ဘေးက ဆရာနားနေခန်းမှာ
ပစ္စည်းတွေကို ပလပ်စတစ်လောင်းနေတာမို့ပါ။
ဒီနောက် ကလေးတစ်ယောက် အော်သံကြားတယ်။
"ဆရာမ၊ ဆရာမ၊ Sam လဲကျသွားတယ်"
ဒါနဲ့ ကျွန်မ အမြန်ဆုံး သွားတယ်၊
Sam ကို ရှာကြည့်တယ်၊
သူက အဲဒီမှာ အတော် အကြံအိုက်နေပြီး
နှစ်ထပ်ကိန်းတွေကို ပေါင်းဖို့
ကြိုစားနေသလိုပေါ့။
ဒီနောက် သူ ကျွန်မကိုကြည့်တယ်၊
ကျွန်မတို့မျက်လုံးတွေ ဆုံသွားတယ်၊
ဒီနောက် ဒါ ဖြစ်ခဲ့တယ်။
သူ့အောက်နှုတ်ခမ်းက တုန်လာပြီး
သူ့မျက်လုံးလေးတွေဟာ
မျက်ရည်တွေနဲ့ ပြည့်လာတယ်။
ဒီနောက် ဗြုန်းခနဲ ငိုချလိုက်ပြီး
ကျွန်မဆီ ပြေးလာတယ်။
ဒါက ကြည်နူးစရာပါ။
ဒီကာလကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး။
သူ စိတ်ငြိမ်အောင် ကူညီဖို့
ကျွန်မကို တင်းတင်း ဖက်ခိုင်းတယ်၊
ဖြစ်သွားခဲ့တာက ဟုတ်ပါတယ်၊
သူ့ဘာသာ ခြေချိတ်လဲသွာတာဆိုတော့
အပြစ်တင်ဖို့က ကြမ်းပြင်ထက်
ဘာမှမရှိဘူးလေ။
ထိခိုက်မှုမရှိဘဲ ပွန်းပဲ့ရာတောင်မရှိဘဲ၊
ကျော်လွှားခဲ့လားဆိုတာ
သေချာအောင် စစ်ဆေးခဲ့တယ်။
အဲဒီအခိုက်မှာပဲ ထူးထူးဆန်းဆန်း
Sam ကို ကူညီဖို့ အဲဒီမှာ
ရှိနေတာလို့ မခံစားရပေမဲ့၊
ဒီအစား သူက ကျွန်မကို ဒီလက်ဆောင်၊
သူ့ကို ကူညီဖို့
ဒီအခွင့်အလမ်း ပေးနေခဲ့တယ်ဆိုတာပါ။
ဒါက စကားလုံးတွေအဖြစ် ချရေးဖို့
အားထုတ်ရတဲ့ အလွန် ထူးဆန်းတဲ့ အရာပါ။
ခံနိုင်ရည်မဲ့မှုနဲ့အတူ
ကျွန်မ တစ်ခုခု လုပ်ပေးနိုင်သလိုမျိုးနဲ့
အကူအညီအတွက် ကျွန်မဆီလာတာပါ။
ဒါက ကျွန်မကို အင်အားပေးတယ်လို့
ထင်ကြမှာဖြစ်ပေမဲ့
အဲဒီအခိုက်အတန့်မှာ
မဟုတ်ဘူး၊ လုံးဝ ဆန့်ကျင်ဘက်ပါ။
အင်အားက သူ့ဆီကိုတောင် ပြောင်းသွားတယ်။
အကူအညီ အတောင်းခံရခြင်းဟာ
အခွင်ထူးတစ်ခုပါ။
လူတစ်ယောက်အတွက် တစ်ခုခု
လုပ်ဖို့ သင့်အတွက် လက်ဆောင်ပါ
အထူးသဖြင့် သူတို့ရဲ့ ခံနိုင်ရည်မဲ့မှု
နေရာကနေ လာတဲ့အခါပါ။
သူငယ်တန်းကျောင်းကနေ
သင်ယူခဲ့တဲ့ အရာတိုင်း
(သို့) သူငယ်တန်းကို "သင်ကြားခြင်း"နဲ့အတူ
ဘဝမှာ အခြားအရာတွေကို အောင်နိုင်သွားတယ်။
ရှေ့ကိုးနှစ်ဆီ သွားရအောင်။
စီမံကိန်း စီမံမှု ပညာရှင်တွေအတွက်
အဖွဲ့အစည်းတစ်ခုမှာ ရောက်သွားတယ်၊
စေတနာ့ဝန်ထမ်းတွေနဲ့ ကျယ်ပြန့်စွာ
လုပ်ဆောင်တဲ့ ကဏ္ဍတစ်ခုမှာပါ။
စေတနာ့ဝန်ထမ်းတွေနဲ့ အလုပ်လုပ်တာက
အံ့ဖွယ် အတွေ့အကြုံတစ်ခုဆိုပေမဲ့
ကျွန်မ သတိပေးခံခဲ့ရချင်တဲ့
အရာတွေတော့ ရှိတယ်။
ဥပမာ နယ်သတ်မျဉ်းတွေ ချမှတ်ပုံပါ။
စေတနာ့ဝန်းထမ်းတွေမို့လို့
အမြီးအမောက် မတည့်တာတွေ
ကြုံရဖို့ သိပ်လွယ်တယ်။
အချိန်မတော် ဖုန်းတွေလား။
ဟုတ်တယ်၊ စေတနာ့ဝန်ထမ်း
တွေဖြစ်ပြီး နေ့ပိုင်းအလုပ်တွေရှိလို့ပါ။
အလုပ်နဲ့သွားတဲ့ ခရီးတွေက
ပိတ်ရက်တွေမှာပဲ သီးသန့်နီးပါးလား။
ဟုတ်တယ်၊ စေတနာ့ဝန်ထမ်း
တွေဖြစ်ကာ နေ့ပိုင်းအလုပ်တွေရှိလို့ပါ
ကိုယ့်ရည်သွေးတာ မဟုတ်ပေမဲ့
ကျွန်မက အလုပ်မှာ တကယ့်ကို တော်လာတယ်၊
ကျွန်မ တည်ဆောက်နေတဲ့ ဆက်ဆံရေးက
တိုးတက်လာနေခဲ့တယ်။
လူတစ်ယောက်ရဲ့ ယုံကြည်မှု ရ၊ မရကို
ဆုံးဖြတ်နည်းကို သိဖို့ အကောင်းဆုံးနည်းက
သူတို့တွေ ကျွန်မဆီလာပြီး
အကူအညီ တောင်းလားဆိုတာပါ။
ကျွန်မ သဘောကျတယ်။
နှစ်ကုန်ပိုင်း အနားယူမှုတွေ လုပ်တိုင်း
နောက်နှစ် ဘယ်မှာ ရှိချင်တာအကြောင်း
ဆွေးနွေးကြတယ်။
အဓိက စကားလုံးတွေက
အမြဲ "ကူညီ" "ကူညီတတ်သော"ပါ။
ပြဿနာက ကျွန်မဟာ
ကူညီတတ်ရုံတင် မဟုတ်တာပါ။
ကြာတော့ အမြဲ အလုပ်ရှုပ်ဖို့နဲ့
ကောင်းတဲ့ အလုပ်တစ်ခု
အမြဲလုပ်ဖို့ ပိုပိုပြီး
ကိုယ့်ကိုယ်ကိုယ် ဖိအားတွေ ပေးတယ်။
မကြာခင်မှာ မိမိကိုယ်ကိုယ် တန်ဖိုးထားမှုက
အလုပ်မှာ ဆောင်ရွက်မှုနဲ့ ဆက်စပ်လာတယ်။
ဒါက အခြေခံအားဖြင့် ပျက်ကိန်းရဲ့ လမ်းစပါ။
ဒါပေမဲ့ မပူပါနဲ့ ကျွန်မမှာ အကောင်းဆုံး
ဖြေရှင်းရေး ယန္တရားရှိတယ်၊
ဒါက ငြင်းပယ်ခြင်းပါ၊
အလုပ်တောင် ပိုလုပ်ကာ
အာရုံလွှဲကာ အရက်သောက်တယ်၊
အများကြီးပါ။
ကျွန်မဟာ ကူညီတတ်တာ၊၊ အမှီအခိုကင်းတာ
Sam ဖြစ်နေတာနဲ့
အလုပ်ရှုပ်နေခဲ့တော့
ကိုယ် လိုအပ်တဲ့အခါ အကူအညီ
တောင်းပုံကို မေ့နေခဲ့တယ်။
ကျွန်မ လုပ်ဖို့လိုတာဆိုလို့ မေးတတ်ဖို့ပါ၊
အကူအညီတောင်းတာက လက်ဆောင်
တစ်ခုလို့ အစစ်အမှန် ယုံကြည်ခဲ့ရင်
ဒါကို ပိုပြီး လုပ်နေသင့်ခဲ့တာမို့လား။
ဟောပြောတဲ့အတိုင်း
အမြဲ လက်တွေ့မလုပ်ကြပေမဲ့
လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က
ကျွန်မ လက်ကျန်စာရင်း
အထူကြီးတစ်ခုနဲ့ ဒဏ်တပ်ခံခဲ့ရတယ်။
ပြောရရင် ဒီအချိန်မှာ ကျွန်မ ကိုယ်စိတ်
ပင်ပန်းတယ်ဆိုတာ ဖော့ပြောလိုက်တာပါ။
ဒါပေမဲ့ ဖြေရှင်းရေး ယန္တရား၊
အရက်သောက်တာကြောင့်
ပျော်နေခဲ့တဲ့ ပုံမျိုးပေါက်ခဲ့တယ်။
ဒါပေမဲ့ တစ်နေ့မှာ
ကစားကွင်းထဲက Sam အတိုင်းပဲ
ကျွန်မ ခြေချိတ်ပြီး ချော်လဲခဲ့တယ်၊
ကျွန်မ သတိလစ်သွားပြီး
ဖန်ကွဲစတွေကနေ ကျွန်မ ခြေထောက်ကို
ရှရာကြီးတစ်ခုနဲ့ နိုးလာခဲ့တယ်။
ငိုထားဆော့ မျက်လုံးတွေက ရောင်နေပြီး
အသံတစ်သံက ကျွန်မ အော်ငိုနေခဲ့တာ
အဖြစ်နိုင်ဆုံး ဆိုရအောင် ပြာနေတယ်။
တကယ် ဖြစ်တာနဲ့ ပတ်သက်ပြီး
အများကြီး ကျွန်မ မမှတ်မိပေမဲ့
မချင့်မရဲ၊ ဝမ်းနည်း၊ ကြောက်လန့်တဲ့
ခံစားမှုကိုတော့ သတိရတယ်။
အခု သင်တို့ ကျွန်မကို ၁၀ မိနစ်ခန့်
ကြာအောင် သိကြပေမဲ့၊
ဒါဟာ တကယ် ကျွန်မလို မဟုတ်ဘူးလို့
သင်တို့ ပြောနိုင်လောက်တယ်။
ဒီတော့ ဖြစ်ပျက်ခဲ့တာကို
ပြန်လည်သတိရလာတဲ့အခါ
ကျွန်မ လန့်သွားတယ်၊
ကျွန်မ အကူညီ လိုခဲ့တယ်ဆိုတာထက်
ဒါကို ပြောဖို့ အခြားနည်းမရှိခဲ့ဘူး။
ကုထုံး အကူအညီ တစ်မျိုးမျိုး
လိုအပ်ခဲ့တယ်တဲ့ သဘောရော၊
ကျွန်မကို ဒီအခြေနေကနေ ထုတ်ပေးတဲ့
အကူအညီရော နှစ်ခုစလုံးပါ။
ဒါက ကျွန်မဘဝရဲ့ အနိမ့်ဆုံး
ကာလတွေထဲက တစ်ခုပါ၊
အဲဒီ အခိုက်မှာတောင်
စိတ်က ပြဿနာ ဖြေရှင်းနည်းထဲကို
တရားလွန် အမြန်နှုန်းနဲ့ ပြေးနေတယ်။
ဒါနဲ့ပတ်သက်ပြီး ကျွန်မ ဘာလုပ်လဲ။
ကျွန်မ ဒါကို မပြင်ဆင်ရင်
စိတ်ပျက်တာ တစ်ခုထက်တောင် ပိုတယ်။
ကျွန်မ ဒါကို မဖြေရှင်းရင်
ကျရှုံးမှု တစ်ခုထက်တောင် ပိုတယ်။
ဒီအရာတွေက
ကျွန်မစိတ်မှာ ရိုတ်ခတ် လှုပ်ရှားနေပြီး
အကူအညီ တောင်းသင့်တယ်ဆိုတာ
ကျွန်မခေါင်းထဲ ပေါ်တောင်မလာခဲ့ဘူး။
ကျွန်မကို ဂရုစိုက်ပြီး ကူညီချင်တဲ့
လူတွေအများကြီးက ဝိုင်းရံခဲ့ပေမဲ့
သူတို့ကို ကျွန်မ မမြင်နိုင်ခဲ့ဘူး။
နောက်ဆုံး ကျွန်မရဲ့ သူငယ်ချင်းကောင်းက
ကျွန်မရဲ့ ပုခုံးတွေကို ကိုင်ပြီး
အကူအညီ အတင်းတောင်းခိုင်းတဲ့ အထိပါ။
"နင် ဒါကို လုပ်နိုင်တယ်မို့လား။"
"ဟင့်အင်း"
"နင် အကူအညီလိုလား။"
"အင်း"
"ငါ နင့်ကို ကူညီရမလား။"
"အေး"
"နင့်ကို ကူညီဖို့ နင့်ကိုချစ်တဲ့
ဂရုစိုက်တဲ့ သူတွေကိုပါ ခေါ်လို့ရလား။"
"အေး"
ဒါက ဆရာနဲ့ မျက်လုံးချင်း
ဆုံခဲ့တဲ့ ကျွန်မရဲ့ ရင့်ကျက်တဲ့ပုံပါ။
ပြီးတော့ ဒီလိုပါပဲ
"အေး၊ နင် ငါ့ကို ကူညီနိုင်တယ်"လို့
ပြောစဉ်မှာပဲ
တစစ်စစ် မျှော်လင့်ချက်ခံစားရကာ
ထိန်းချုပ်မှု ပြန်ရလာသလိုပါ။
ဒါကို တွေးကြည့်လိုက်ရင်
အကူအညီတောင်းရာမှာ တော်လာရင်း
ကလေးဘဝတစ်ခုလုံးကို
ကုန်ဆုံးကာ မိမိကိုယ်ကိုအားထားတဲ့
လူသားတွေအဖြစ် ကြီးပြင်းလာဖို့
မျှော်လင့်ခံရကာ အကူအညီတောင်းရတာ
အဆင်ပြေတယ်လို့ သတိပေးခံရအောင်ကို
ဒီမှာ ကျွန်မတို့ တော်လာတာက
သိပ် မထူးဆန်းဘူးလား။
နောက် ဒီကာလက အရာများစွာကို
နားလည်ဖို့ ကျွန်မကိုကူညီပေးခဲ့တယ်။
သူများကို ကူညီဖို့ ကျွန်မ
အမြဲ ပျော်ပြီး ဒါကို သဘောကျတယ်။
သူများက ဘာလို့ ကျွန်မကို
ကူညီချင်စိတ် မရှိရမှာလဲ။
ပိုပြီး အရေးကြီးတာက
ကမ္ဘာပေါ်က Sam တွေကို ကူညီခြင်း
ကနေလာတဲ့ ပျော်ရွှင်မှုနဲ့
ပီတိကို ဘာလို့ သူများကို
မခံစားစေချင်ရမှာလဲ။
အားလုံးက ဘဝမှာ အကောင်းဆုံး
Sam တွေဖြစ်ချင်ကြတယ်။
ခိုင်မာဖို့၊ အမှီအခိုကင်းပြီး
မိမိကိုယ်ကိုယ် အားထားစေဖို့ပါ။
ဒါပေမဲ့ အမြဲတော့ ဖြစ်ဖို့မလိုပါဘူး။
ဒီတော့ မကြာခဏထက် ပိုများပြီး
အကူအညီတောင်းတာနဲ့ စကြရအောင်။
အကြောင်းက Sam တွေကို ကူညီတာက
အခွင့်ထူးနဲ့ လက်ဆောင်ဖြစ်လို့ပါ။
ကျေးဇူးတင်ပါတယ်။