ဂျော်ဂျီယာနိုင်ငံသည် လူဦးရေ
လေးသန်းခန့် နေထိုင်သည်။
သန်းပေါင်းဒီလောက်ထဲမှာမှ
Pastor Grigol သည် Georgia လူမျိုး
သက္ခာတော်ရဓ္ဓမဆရာ၂ ဦးထဲမှတစ်ဦးဖြစ်ပါတယ်
ကျွန်တော်တို့မှာ အမူတော်ဆောင်ဦးရေ
နည်းသောကြောင့်
ကျွန်ုပ်တို့တွင် တာဝန်များစွာရှိသည်။
ကျွန်ုပ်တို့တွင် အရင်းအမြစ်
မလုံအလောက်သောကြောင့်
စိန်ခေါ်မှုကြီးတစ်ခုဖြစ်သည်။
Pastor Grigol သည် Georgiaနိုင်ငံ၏
ဒုတိယအကြီးဆုံးမြို့ဖြစ်သော
Batumi ၌နေပါသည်။
တိုက်ခန်းအသစ်များ၊
ကာစီနိုလောင်းကစားရုံများနှင့်
သူ၏ဘုရားကျောင်းအနီးတဝိုက်တွင် တိုးတက်
ဆောက်လုပ်ထားသောကြောင့်
မစ်ရှင်စိန်ခေါ်မှုများ ကြီးထွားလာပါသည်။
လူတွေအများစုက
ဘုရားကြောင်းပြောရင် မယုံကြဘူး
ဒါဟာ စိန်ခေါ်မှုတွေထဲက တစ်ခုပါ။
သမိုင်းကြောင်းအရ ဂျော်ဂျီယာသည်
ခရစ်ယာန်ဘာသာကို တရားဝင်လက်ခံသည့်
ဒုတိယမြောက်နိုင်ငံဖြစ်သော်လည်း
မြော်လင့်ခြင်းအသင်းတော်အနေနဲ့
အခြေချရန် ခက်ခဲ့လှပါသည်
ဂျော်ဂျီယာတွင် မြော်လင့်ခြင်းအသင်း
လူဦးရေသည် အလွန်နည်းပါးပါသေးတယ်
ယုံကြည်သူ ၃၀၀ လောက်ဘဲရှိပါတယ်
သူတို့ကဂျော်ဂျီယာ တနိုင်ငံလုံးမှာ
ပျံ့နှံ့နေပါတယ်
Batumi မြို့မှာ အသင်းသူသင်းသား
၄၀ လောက်နှင့်ဖွဲ့စည်းထားသော အသင်းတော်
၁ ခုရှိပါတယ်
အသင်းသူသင်းသားဦူးရေ နည်သော်လည်း
ဧဝံဂေလိတရားမျှဝေခြင်း၎င်းမှာ
စိတ်အားထက်သန်ကြပါသည်
သခင်ခရစ်တော်၏နည်းလမ်းအတိုင်း
သာသနာပြုနည်းလမ်းတစ်ခု စတင်ကြပါသည်
လူတွေနှင့်ခင်မင်ရင်းနှီးမူရလာသော အခါ
သူတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့်
လူမူ့ကယ်ဆယ်ရေးအလုပ်များ
ဖွဲ့စည်း သောအခါ လူတွေကျွှန်ုပ်တို့နှင့်
ဆက်သွယ်လာသောကြောင့်
သူတို့နှင့်ပိုနှီးကပ်လာပြီး
သူတို့၏ ယုံကြည်မူကို ရရှိလာပါသည်။
မကြာသေးမှီကပင် ယူကရိန်းဒုက္ခသည်
များစွာဝင်ရောက်လာသည်။
Batumi မြော်လင့်ခြင်းအသင်းတော်က
ယူကရိန်းဒုက္ခသည်များကို ကြိုဆိုပြီး
အစီအစဉ်အမျိုးမျိုးကို ပြုလုပ်ပါတယ်
အခုအချိန်မှာတော့ အင်္ဂလိပ်စာသင်တန်းတွေ ပေးနေပါတယ်
ဒီလိုအစီစဉ်များဟာ ယူကရိန်းနိုင်ငံသားများ
အခြားသူများနှင့် ရောနှောရန်
အထောက်အပံ့ဖြစ်သည်
ဒီလိုစုဝေးခြင်းအားဖြင့် သူတို့ဆုံးရူံးခဲ့သော
လူ့အဖွဲ့အစည်း၁ခု
ပြန်လည်တည်ဆောက်ပေးနိုင်ပါတယ်။
ဒါ့အပြင်ထောက်ပံ့မူနှင့်ဂရုစိုက်မူကို
ပိုမိုခံစားစေပါတယ်
အသင်းတော်အနေနှင့် ဂျော်ဂျာဘာသာစကား
အတန်းကိုဖွင့်လစ်ပေးပါတယ်
ဂျော်ဂျီယံဘာသာစကားကို သင်ယူခြင်းသည်
၎င်းတို့အား အလုပ်များရှာဖွေရန် ကူညီပေးပြီး
အခြားသူများနှင့် ပိုမိုပေါင်းစည်းနိုင်ပြီး
ပိုငြိမ်းချမ်းခံစားရတယ်။
ဒီစီမံကိန်းတွေကတစ်ဆင့်
သူတို့နဲ့ သူငယ်ချင်းဖြစ်သွားတယ်
တခါတရံတွင် အသင်းတော်ကြောင်းနှင့်
ကျွန်ုပ်တို့၏ယုံကြည်ချက်များမေးသောအခါ
ကျွန်ုပ်တို့ ခရစ်တော်အကြောင်းကိုဝေမျှတတ်သည်
နောက်ဆုံးမှာတော့၊ ဒီစီမံကိန်းအားဖြင့်
တနေ့သူတို့တွေ ဘုရားကျောင်းစတက်မယ်လို့
ယုံကည်ပါတယ်
Pastor Grigol နှင့်Batumi
အသင်းသူသင်းသားများသည်
မြို့ပြလွှမ်းမိုးသာသနာပြုစင်တာ (COI)
ဆောက်လုပ်ဖို့လုံလောက်သောငွေရရှိနုင်ရန်
ဆုတောင်းနေကြပါတယ်
ဒီဆောက်ဦပြီးစီးပါက အနီးနားရှိလူများအတွက်
ဝန်ဆောင်မှုများ ပိုမိုပေးနိုင်မယ်ဖြစ်ပါသည်
အခုချိန်မှာတော့ ဘုရားကျောင်းက သေးလွန်းတယ်။
တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့တွင်
ပွဲများနှင့် အစည်းအဝေးများကျင်းပရန်
အခန်းများ၊ နေရာမရှိသောကြောင့်
ကြီးမားသောစိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်
ဥပမာ၊ အင်္ဂလိပ်စာသင်တန်းကို
တခြားအခန်းမရှိသောကြောင့်
ကျွှနုပ်တို့ ဝန်ဆောင်မူပေးသောအခန်းကို
အသုံးပြုတယ်
ပြောရရင် ကျွှန်တော်တို့၏အကြီးမားဆုံးသော
လိုအပ်ချက် ဖြစ်ပါတယ်
သင်၏ရက်ရောစွာပေးလျုသော
ဤသုံးလပတ် 13thပတ်အလျုငွေ
တစ်စိတ်တစ်ပိုင်းသည် ဂျော်ဂျီယာနိုင်ငံ၊
Batumi မြို့ပေါ်ရှိ
မြို့ပြလွှမ်းမိုးမှုဗဟိုအဆောက်အဦတည်ဆောက်ရာတွင်
အထောက်အကူဖြစ်စေမည်ဖြစ်သည်။
ဤအရာက ဤနေရာတွင်ဧဝံဂေလိအလုပ်ငန်းကို
ကျယ်ကျယ်ပြန့်ပြန့် တိုးတက်စေမည်ဖြစ်သည်။
ကျွန်ုပ်တို့နိုင်ငံရှိ သာသနာပြုလုပ်ငန်းကို
ကူညီပံ့ပိုးရန် စိတ်ပါဝင်စားသူများစွာ
ရှိနေသည့်အတွက် ကြီးမားသော
ဝမ်းမြောက်ဂုဏ်ယူမှုတစ်ခု ဖြစ်ပါသည်။
၎င်းတို့၏အိမ်နီးချင်းများ၏လိုအပ်ချက်များကို
ဆက်လက်ထမ်းဆောင်နေစဉ်
Batumi ရှိအဖွဲ့ဝင်များအတွက်ကျေးဇူးပြု၍
ဆုတောင်းပါ။
ဤကဲ့သို့သော ၁၃ပတ် အလျုငွေစီမံကိန်းများကို
သင်၏ပံ့ပိုးမှုအတွက် ကျေးဇူးတင်ပါသည်။