1 00:00:00,792 --> 00:00:03,976 သင့်ရဲ့ အခြေခံ လိုအပ်ချက်တွေ၊ ငွေတောင်းခံလွှာတွေနဲ့ နောက်ထပ် 2 00:00:04,000 --> 00:00:06,684 သုံးဖို့တောင် ကာမိစေတဲ့ အလုပ်တစ်ခု သင့်မှာရှိတဲ့အခါ 3 00:00:06,708 --> 00:00:07,894 ယူဆတာကတော့ သင် ပျော်မယ် 4 00:00:08,490 --> 00:00:10,625 (သို့) ပိုတောင်ကောင်းပြီး ကျေနပ်မယ်ပေါ့။ 5 00:00:10,942 --> 00:00:13,763 သင် အိပ်ရာနိုးတဲ့အခါ စိတ်အား ထက်သန်တာကို လိုက်စားဖို့ 6 00:00:13,917 --> 00:00:16,708 ဒီလိုအလုပ်ကထွက်မယ်လို့ ပြောတာက မစဉ်းစားစရာ ဖြစ်ပုံရတယ်။ 7 00:00:17,708 --> 00:00:20,000 လွန်ခဲ့တဲ့ခြောက်နှစ်က ကျွန်မရဲ့ အကျပ်ရိုက်မှုပါ။ 8 00:00:21,000 --> 00:00:24,434 သက်သောင့်သက်သာ အလုပ်တစ်ခုရှိပြီး သက်သောင့်သက်သာ ဘဝတစ်ခုမှာ နေထိုင်ခဲ့တော့ 9 00:00:24,458 --> 00:00:27,184 ကျွန်မဟာ ကျေနပ်နေတယ်လို့ လူတွေက ထင်ခဲ့ကြပေမဲ့ 10 00:00:27,208 --> 00:00:28,809 မဟုတ်ပါဘူး။ 11 00:00:28,833 --> 00:00:31,643 ကျွန်မဆီမှာ ပိုပြီး လိုချင်ခဲ့တဲ့ အရာတစ်ခုရှိခဲ့တယ်။ 12 00:00:31,667 --> 00:00:35,268 ကျွန်မ နေ့စဉ် လုပ်ခဲ့တာတွေနဲ့ ကျွန်မ လေးနက်စွာ ဂရုစိုက်တဲ့ အရာတွေကြားမှာ 13 00:00:35,292 --> 00:00:37,583 အစီအစဉ်မကျမှုတစ်ခု ရှိခဲ့တယ်။ 14 00:00:39,000 --> 00:00:40,684 ဒီလို့နဲ့ ထွက်ပြီး စိတ်ထက်သန်မှုကို 15 00:00:40,708 --> 00:00:44,708 နေ့စဉ် လုပ်ရိုးလုပ်စဉ်ထဲကို ရောက်ရှိဖို့ ဖြစ်နိုင်ခြေကို စူးစမ်းဖို့ ဆုံးဖြတ်တယ်။ 16 00:00:46,458 --> 00:00:48,643 စိတ်ထက်သန်မှုကို ရှာဖွေတာနဲ့ ပတ်သက်တာတစ်ခုက 17 00:00:48,667 --> 00:00:50,643 လွယ်ကူရှင်းလင်းတာတော့မဟုတ်ဘူး။ 18 00:00:50,667 --> 00:00:52,601 ငွေနဲ့ ဘွဲ့တွေရှိတဲ့ လူတွေအတွက်တောင် 19 00:00:52,625 --> 00:00:55,333 သူတို့ရဲ့ စိတ်ထက်သန်မှုကို ဖော်ထုတ်ဖို့ ရုန်းကန်ရဆဲပါ။ 20 00:00:56,208 --> 00:00:59,143 ဒီမှာတော့ ကျွန်မက အသက် ၃၀၊ 21 00:00:59,167 --> 00:01:01,268 စိတ်ထက်သန်မှုကိုရှာပြီး ဒါကိုအလုပ်အကိုင်အဖြစ် 22 00:01:01,292 --> 00:01:02,958 ပြောင်းတဲ့အကြောင်းပြောနေတာလေ။ 23 00:01:03,958 --> 00:01:05,268 ပြောရရင် လူတွေ ပြောတာက 24 00:01:05,292 --> 00:01:08,559 "ငွေအလုံအလောက် ရှာမထားရသေးခင် စိတ်ထက်သန်မှုအကြောင်း နင် မပြောနဲတဲ့။ 25 00:01:08,583 --> 00:01:10,351 (ရယ်သံများ) 26 00:01:10,375 --> 00:01:12,708 အနည်းဆုံး အငြိမ်းစားယူဖို့ အသင့်မဖြစ်ခင်အထိလေ"တဲ့။ 27 00:01:14,292 --> 00:01:16,393 အကြောင်းက အတွင်းဘက်ကို ကြည့်ခြင်းနဲ့ 28 00:01:16,417 --> 00:01:19,768 ကိုယ့်ကို ပျော်ရွှင်မှုနဲ့ ကျေနပ်မှု ပေးတဲ့ အရာတွေကိုရှာဖွေခြင်းဟာ 29 00:01:19,792 --> 00:01:23,184 လူချမ်းသာတွေသာ ခံစားနိုင်တဲ့ ဇိမ်ခံပစ္စည်းတစ်ခု (သို့) 30 00:01:23,208 --> 00:01:27,125 အြငိမ်းစားတွေပဲ မွေ့လျော်နိုင်တဲ့ ပျော် ရွှင်မှုတစ်ခုလို့ ယူဆကြလို့ပါ။ 31 00:01:27,792 --> 00:01:29,476 ဒါက ကျွန်မကို အံ့ဩစေတာက 32 00:01:29,500 --> 00:01:31,500 စိတ်ထက်သန်မှုက ချမ်းသာသူတွေအတွက်ပဲလား၊ 33 00:01:32,250 --> 00:01:35,292 (သို့) အြငိမ်းစားတွေသာ ခံစားနိုင်တဲ့ အတွေ့အကြုံလား။ 34 00:01:35,917 --> 00:01:39,184 ကျွန်မတို့ အများအပြားဟာ ဘဝဟာ ရှင်ကျန်မှုရဲ့ ပြိုင်ပွဲတစ်ခုလို့ 35 00:01:39,208 --> 00:01:41,375 ယုံကြည်ဖို့ သွေးဆောင်ခံရတယ်။ 36 00:01:41,875 --> 00:01:44,726 ရှင်ကျန်ဖို့ အရာတိုင်းကို စွမ်းအားနဲ့ လုပ်မှရမယ့် 37 00:01:44,750 --> 00:01:48,000 ရှင်ကျန်သူတွေအဖြစ် မိမိကိုယ်ကိုယ် မြင်ကြဖို့ ပုံသွင်းတာခံရတယ်။ 38 00:01:48,500 --> 00:01:53,059 အာဖရိကမှာ ကျောင်း၊ တွန်းသင်တာ၊ အောင်တာကာနေ ပျိုးထောင်ခံရတယ်။ 39 00:01:53,083 --> 00:01:55,351 နောက်ပိုင်း အလုပ်ရတယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ 40 00:01:55,375 --> 00:01:59,268 လုပ်ရင်တော့ ဒါကို စွဲလုပ်ပေတော့၊ ဘယ်လောက် မသတီစရာဖြစ်ဖြစ်ပေါ့။ 41 00:01:59,292 --> 00:02:00,684 (ရယ် သံများ) 42 00:02:00,708 --> 00:02:03,708 ပိုကောင်းတဲ့ ကမ်းလှမ်းမှုရတာ (သို့) အငြိမ်းစားမယူခိုင်းခင်အထိပါ။ 43 00:02:06,208 --> 00:02:07,601 ပညာတစ်ပိုင်းတစ်စ သမားအနေနဲ့ 44 00:02:07,625 --> 00:02:10,434 ကျွန်မဟာ ဘာခံစားခွင့်မှ မရှိတာ သိခဲ့တယ်။ 45 00:02:10,458 --> 00:02:12,875 အခွင့်အလမ်းတိုင်းဟာ အထူးခံစားခွင့်တစ်ခုပါ။ 46 00:02:14,292 --> 00:02:16,768 ဒါနဲ့ အလုပ်ထွက်ဖို့ စဉ်းစားတဲ့အခါ 47 00:02:16,792 --> 00:02:18,042 စွန့်စားမှုကြီးတစ်ခုပါ။ 48 00:02:19,000 --> 00:02:21,101 ကျွန်မကို ရွေးစရာနှစ်ခု ပေးထားတယ်။ 49 00:02:21,125 --> 00:02:23,018 အာဖရိကမှာ ရေပန်းအစားဆုံးတွေပါ။ 50 00:02:23,042 --> 00:02:27,500 ပထမတစ်ခုက အသက်မွေးမှု အဖွဲ့အစည်းတစ်ခုမှာ သင်တန်းတစ်ခုမှာ အပ်ပြီး တက်တာပါ။ 51 00:02:28,500 --> 00:02:32,351 ဒုတိယ ရွေးစရာက ကိုယ်ရနိုင်တဲ့ အလုပ် ကမ်းလှမ်းမှု တစ်ခုခုကို ဘယ်လို အလုပ်ခွင် 52 00:02:32,375 --> 00:02:34,559 အခြေအနေဖြစ်ဖြစ် အောင့်သက်သက်နဲ့ 53 00:02:34,583 --> 00:02:36,018 လက်ခံရပြီး လုပ်ရတာပါ။ 54 00:02:36,042 --> 00:02:39,018 ဒါက ဘာကြောင့် လူငယ်အများအပြား ပိုစိမ်းတဲ့ စားကျက်တွေရှာရာမှာ 55 00:02:39,042 --> 00:02:41,583 တရားမဝင်ကုန်ကူးခံရနေတာကို အကြောင်းပြချက် ပေးလောက်တယ်။ 56 00:02:42,667 --> 00:02:44,684 ကျွန်မ ပထမ ရွေးစရာကို ရွေးလိုက်တယ်။ 57 00:02:44,708 --> 00:02:47,268 အသက်မွေးမှု သင်တန်း တစ်ခုနှစ်ခုကို ကြည့်လိုက်တယ်။ 58 00:02:47,292 --> 00:02:50,851 ကျွန်မရဲ့ ပင်ကိုယ်စရိုက်၊ အိပ်မက်၊ ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ သင်တန်းတစ်ခု 59 00:02:50,875 --> 00:02:53,208 တွေ့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ 60 00:02:53,958 --> 00:02:57,976 ဒီအဖွဲ့အစည်းတွေမှာ ကျွန်မလို လူ့ခွစာတွေအတွက် နေရာမရှိတာ 61 00:02:58,000 --> 00:02:59,292 သိရတော့ စိတ်ပျက်သွားခဲ့တယ်။ 62 00:03:00,250 --> 00:03:02,476 ကမ္ဘာ့အပိုင်းများစွာမှာရှိတဲ့ ပညာရေးစနစ်ကို 63 00:03:02,500 --> 00:03:05,184 လူငယ်တွေနဲ့ အံကျဖို့ မျှော်လင့်တဲ့ (သို့) လူ့ခွစာတွေ 64 00:03:05,208 --> 00:03:09,726 ဖြစ်လာဖို့ ဘေးရှိတဲ့ ကြိုတင်ရွေးထားတဲ့ ရွေးစရာတွေနဲ့ ပုံစံဖော်ထားတာပါ။ 65 00:03:09,750 --> 00:03:12,851 ဒီလိုနဲ့ ကျောင်းကို ဖြတ်သန်းရင်း မျဉ်းဖြောင့်အတိုင်း တွေးဖို့ 66 00:03:12,875 --> 00:03:16,250 မျဉ်းဖြောင့်အတွင်းမှာ နေဖို့ ပျိုးထောင်ပြီး ပုံစံသွင်းခံရတယ်။ 67 00:03:17,042 --> 00:03:20,226 ဒါပေမဲ့ ကျောင်းထွက်တဲ့အခါ အလားအလာတွေနဲ့ ကမ္ဘာတစ်ခုကို ရှာတွေ့တယ်။ 68 00:03:20,250 --> 00:03:22,958 ဘာမဆိုဖြစ်နိုင်တာ၊ အရာတိုင်းကို လေ့လာနိုင်တာ သိရှိခဲ့ပြီး 69 00:03:23,708 --> 00:03:25,976 အခမဲ့အွန်လိုင်း သင်တန်းတွေကို အသုံးချခဲ့တယ်။ 70 00:03:26,000 --> 00:03:29,101 ဒါက ကျွန်မရဲ့ ကိုယ်ရေးအကျဉ်း တည်ဆောက်၊ အလုပ်ခန့်ခံရပြီး 71 00:03:29,125 --> 00:03:31,059 ရှစ်နှစ်တာ အလုပ်လုပ်ခဲ့ပုံပါ။ 72 00:03:31,083 --> 00:03:32,559 ရှစ်နှစ်ပြီးတဲ့အခါ 73 00:03:32,583 --> 00:03:35,059 ဘဝရဲ့လုပ်ရိုးလုပ်စဉ်တွေကို ဖြတ်ကျော်တာထက် 74 00:03:35,083 --> 00:03:37,768 ဘဝအတွက်ပိုတာ ရှိရမယ်လို့ ကိုယ့်ကိုယ်ကို ပြောမိတယ်။ 75 00:03:37,792 --> 00:03:41,684 ဒါနဲ့ ၂၀၁၄ ခုနှစ်မှာ Kyusa လို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုကို စတင်ခဲ့တယ်။ 76 00:03:41,708 --> 00:03:43,809 အဲဒီမှာ ကျောင်းမနေတဲ့ လူငယ်တွေနဲ့တွဲလုပ်ပြီး 77 00:03:43,833 --> 00:03:46,018 စိတ်ထက်သန်မှုတွေကို အကျိုးအမြတ်ရှိတဲ့ 78 00:03:46,042 --> 00:03:49,934 တိုင်းတာနိုင်တဲ့၊ တည်တံ့တဲ့ လုပ်ငန်းတွေ အဖြစ် ပြောင်းဖို့ သူတို့ကို အင်အားပေးတယ်။ 79 00:03:49,958 --> 00:03:51,684 ကဲ စိတ်ထက်သန်မှုအကြောင်း ပြောတဲ့အခါ 80 00:03:51,708 --> 00:03:55,976 လူတွေ အမေးအများဆုံး မေးခွန်းတွေထဲက တစ်ခုက "စိတ်ထက်သန်မှုဆိုတာ ဘာလဲ။" 81 00:03:56,000 --> 00:03:58,143 "ဒါကို ဘယ်လိုတောင် ရှာတွေ့တာလဲ။" 82 00:03:58,167 --> 00:04:00,184 အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်က 83 00:04:00,208 --> 00:04:02,684 စိတ်ထက်သန်မှုက သင့်ကို ကျေနပ်မှုရဲ့အနက်ရှိုင်းဆုံး 84 00:04:02,708 --> 00:04:05,583 သဘောတစ်ခုကို ပေးတဲ့ ဘဝ အတွေ့အကြုံတွေရဲ့ အစုအပေါင်းတစ်ခုပါ။ 85 00:04:06,500 --> 00:04:09,292 ​စိတ်ထက်သန်မှုကို ရှာဖွေဖို့ အတွင်းဘက်ကို ကြည့်ဖို့လိုတယ်။ 86 00:04:10,292 --> 00:04:12,458 တွေးတောဆင်ခြင်တဲ့ မေးခွန်းနှစ်ခုကိုသုံးတယ်။ 87 00:04:13,333 --> 00:04:15,393 ကျွန်မတို့မေးတဲ့ ပထမ မေးခွန်းက 88 00:04:15,417 --> 00:04:18,143 "သင့်မှာ ကမ္ဘာထဲက အချိန်နဲ့ ငွေအားလုံး ရှိတယ်ဆိုရင် 89 00:04:18,167 --> 00:04:20,559 သင့်အချိန်ကို ဘာလုပ်ရင်း ကုန်ဆုံးမလဲ။" 90 00:04:20,583 --> 00:04:22,643 အင်မတန် ရိုးတဲ့ မေးခွန်းတစ်ခုလို့ ထင်ရပေမဲ့ 91 00:04:22,667 --> 00:04:25,184 လူအတော်များများဟာ ဒီမေးခွန်းကို ဖြေဖို့ ရုန်းကန်ရတယ်။ 92 00:04:25,208 --> 00:04:27,976 အကြောင်းကတော့ သူတို့တွေ ဒါကို တစ်ခါမှ မတွေးဖူးလို့ပါ။ 93 00:04:28,000 --> 00:04:30,059 ကျွန်မတို့မေးတဲ့ ဒုတိယမေးခွန်းက 94 00:04:30,083 --> 00:04:32,018 "ဘာက သင့်ကို ပျော်ရွင်စေတာလဲ၊ 95 00:04:32,042 --> 00:04:35,018 (သို့) အနက်ရှိုင်းဆုံး ကျေနပ်မှု သဘောတစ်ခုကို ပေးလဲ။" 96 00:04:35,042 --> 00:04:37,893 ကဲ ယူဆကြမှာက ကိုယ်ကို ပျော်စေတာကို အားလုံးသိကြတယ်ဆိုပေမဲ့ 97 00:04:37,917 --> 00:04:41,268 မှတ်သားဖို့ စိတ်ဝင်စားစရာကောင်းတာက လူအတော်များများဟာ ဘာက သူတို့ကိ​ု 98 00:04:41,292 --> 00:04:42,667 ပျော်ရွှင်စေတာကို မသိကြတာပါ။ 99 00:04:44,208 --> 00:04:47,101 အကြောင်းကတော့ သူတို့ဟာ ဘဝရဲ့ လုပ်ရိုးလုပ်စဉ်တွေကို 100 00:04:47,125 --> 00:04:49,292 ဖြတ်သန်းနေရင်း အလုပ်ရှုပ်ကြလွန်းလို့ပါ။ 101 00:04:50,458 --> 00:04:53,809 ဒီလိုနဲ့ ကိုယ့်ကို နက်ရှိုင်းတဲ့ ကျေနပ်မှုသဘောတစ်ခုနဲ့ နက်ရှိုင်းတဲ့ 102 00:04:53,833 --> 00:04:55,684 ပီတိ ပေးတာတွေကိုရှာမတွေ့ခြင်းက 103 00:04:55,708 --> 00:04:59,000 စိတ်ထက်သန်မှုရဲ့ ဦးတည်ရာဆီ ကျွန်မတို့ကို စတင်လမ်းညွှန်တဲ့ အတွေးတွေပါ။ 104 00:04:59,833 --> 00:05:01,476 လိုရမည်ရ ဒီမေးခွန်း နှစ်ခုအတွက် 105 00:05:01,500 --> 00:05:03,684 သင်တို့အဖြေတွေက ဘာဆိုတာ တွေးမိနေလောက်တယ်။ 106 00:05:03,708 --> 00:05:07,137 နောက်မှ ဒီမေးခွန်းတွေနဲ့ အတူထိုင်ပြီး ဆင်ခြင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ 107 00:05:08,667 --> 00:05:10,268 ဒါပေမဲ့ စိတ်ထက်သန်မှုတစ်ခုတည်းက 108 00:05:10,292 --> 00:05:13,833 ဘဝမှာ အောင်မြင်မှုကို အာမမခံနိုင် တာကိုလည်း ကျွန်မ သတိမူမိတယ်။ 109 00:05:14,708 --> 00:05:15,976 စိတ်ထက်သန်မှုတိုင်းဟာ 110 00:05:16,000 --> 00:05:18,708 အလုပ်အကိုင်တစ်ခု ဖြစ်မလာနိုင် တာကို ကျွန်မ သတိပြုသင့်တယ် 111 00:05:19,833 --> 00:05:22,059 စိတ်ထက်သန်မှုကို အလုပ်အကိုင်ဖြစ်လာဖို့ 112 00:05:22,083 --> 00:05:26,958 ကျွမ်းကျင်မှုတွေ၊ ပုံစံသွင်းမှု၊ နေရာချမှု ရဲ့မှန်ကန်တဲ့ အခင်းအကျင်းနဲ့ ဆက်စပ်ရမှာပါ။ 113 00:05:27,917 --> 00:05:30,434 ဒီတော့ လူငယ်တွေကို အတွင်းဘက်ကို ကြည့်ခိုင်းတဲ့အခါ 114 00:05:30,458 --> 00:05:33,101 ဘာကျွမ်းကျင်မှုတွေသူတို့မှာရှိလဲ ဆိုတာလည်း မေးတယ်၊ 115 00:05:33,125 --> 00:05:35,976 ဘာ ပင်ကိုစွမ်းရည်ရှိလဲ၊ စျေးကွက်ထဲမှာ စီးပွားရေးအခွင့်လမ်း 116 00:05:36,000 --> 00:05:39,417 တည်ဆောက်ဖို့ ဘယ်အတွေ့အကြုံရှိလဲပေါ့။ 117 00:05:40,208 --> 00:05:42,851 ဒါပေမဲ့ ဒါထက်ပိုတာက စျေးကွက် လားရာတွေကိုလည်း ကြည့်တယ်။ 118 00:05:42,875 --> 00:05:45,559 အကြောင်းက ဘယ်လောက်ပဲ သင်နှစ်သက်တာ၊ ကြိုက်တာဖြစ်ဖြစ် 119 00:05:45,583 --> 00:05:48,684 ဘယ်သူမှ မလိုချင်ဘူး၊ ဒါအတွက် ငွေမပေးချင်ဘူးဆိုရင် 120 00:05:48,708 --> 00:05:50,434 အလုပ်အကိုင်တစ်ခု မဖြစ်နိုင်လို့ပါ။ 121 00:05:50,458 --> 00:05:51,708 ဒါက ဝါသနာ သက်သက်တစ်ခုပါ။ 122 00:05:53,625 --> 00:05:57,976 ကျွန်မတို့ ကြည့်တဲ့ တတိယအရာက မိမိကိုယ်ကိုယ် ဘယ်လိုနေရာချလဲဆိုတာပါ။ 123 00:05:58,000 --> 00:06:00,393 ဘယ်သူတွေကို ရည်စူးမှာလဲ။ ဘယ်သူတွေကိုရောင်းချင်တာလဲ။ 124 00:06:00,417 --> 00:06:02,809 ဘာကြောင့် သူတို့က သင်ဆီကနေ ဝယ်ချင်မှာလဲ။ 125 00:06:02,833 --> 00:06:06,101 ဒီလိုနဲ့ ဒီသုံးခုကို ပေါင်းစပ်ခြင်းက သင့်ကို စိတ်ထက်သန်မှုကနေ 126 00:06:06,125 --> 00:06:08,833 လုပ်ငန်းတစ်ခုဆီ ရွေ့ဖို့ ဖြစ်မြောက်စေတာပါ။ 127 00:06:09,500 --> 00:06:12,518 လူငယ်အတော်များများက သူတို့ရဲ့ စိတ်ကူးတွေ၊ ပြင်းပြတဲ့ဆန္ဒတွေကို 128 00:06:12,542 --> 00:06:15,393 အကျိုးအမြတ်ရနိုင်တဲ့ လုပ်ငန်းတွေ၊ လူမှု လုပ်ငန်းတွေအဖြစ် 129 00:06:15,417 --> 00:06:17,059 ပြောင်းလဲနိင်ခဲ့ကြတယ်။ 130 00:06:17,083 --> 00:06:19,101 သူတို့ဟာ အလုပ်အကိုင်တွေ ဖန်တီးပေးရုံမက 131 00:06:19,125 --> 00:06:21,458 လူ့မှုဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနေတာပါ။ 132 00:06:22,583 --> 00:06:24,768 သင်တို့ကို ဥပမာ နှစ်ခု မျှဝေပါမယ်။ 133 00:06:24,792 --> 00:06:26,684 သူတို့ထဲက တစ်ယောက်က Esther ပါ။ 134 00:06:26,708 --> 00:06:28,684 Esther နဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကဆုံခဲ့တယ်။ 135 00:06:28,708 --> 00:06:30,667 သူ ကျောင်းကထွက်တာ နှစ်နှစ်ရှိပြီး 136 00:06:31,250 --> 00:06:34,309 ကျောင်းကနေ ထွက်လိုက်ရတာက သူ့ကို နက်ရှိုင်းစွာ ထိခိုက်ခဲ့တယ်။ 137 00:06:34,333 --> 00:06:37,143 အကျိုးဆက်အနေနဲ့ အလွန်အမင်း စိတ်အားငယ်မှု ခံစားခဲ့ရပြီး 138 00:06:37,167 --> 00:06:40,417 အကြိမ်ကြိမ် သတ်သေဖို့ ကြိုးစားတဲ့အထိ ဖြစ်ခဲ့တယ်။ 139 00:06:41,250 --> 00:06:43,976 သူ့မိတ်ဆွေတွေနဲ့ မိသားစုက သူ့အတွက် ဘာလုပ်ရမှန်း မသိဘူး။ 140 00:06:44,000 --> 00:06:45,375 ဆုတောင်းရုံသာ လုပ်ပေးခဲ့တယ်။ 141 00:06:46,583 --> 00:06:49,143 ကျွန်မ Esther နဲ့ ဆုံပြီး သူနဲ့ စတင် စကားပြောတဲ့အခါ 142 00:06:49,167 --> 00:06:50,934 သူ့ကို ရိုးရိုး မေးခွန်းတစ်ခု မေးတယ်။ 143 00:06:50,958 --> 00:06:53,768 ကျွန်မက "မင်းမှာ ကမ္ဘာမှာရှိတဲ့ အချိန်နဲ့ ငွေအားလုံး ရှိရင် 144 00:06:53,792 --> 00:06:55,083 မင်း ဘာလုပ်မလဲ။" 145 00:06:55,917 --> 00:06:58,059 စဉ်းစာတာ၊ တုံ့ဆိုင်းတာမရှိဘဲ 146 00:06:58,083 --> 00:07:00,059 မျက်လုံးတွေက လင်းလက်သွားပြီး လူငယ်တွေရဲ့ 147 00:07:00,083 --> 00:07:02,559 ဘဝတွေကို ပြောင်းလဲဖို့ သူ ကူညီချင်ပုံကို စပြောတယ်။ 148 00:07:02,583 --> 00:07:05,434 ဆယ်ကျော်သက်တွေအတွက် ဘဝအကြောင်း အသိများတဲ့ ဆုံးဖြတ်ချက်တွေ 149 00:07:05,458 --> 00:07:08,708 ချဖို့ ကူညီခြင်းနဲ့မျှော်လင့်ချက်နဲ့ ဂုဏ်သိက္ခာကို ပြန်ပေးချင်တယ်။ 150 00:07:10,750 --> 00:07:13,893 သူ့မှာရှိနေတဲ့ ဒီပြင်းပြတဲ့ ဆန္ဒဟာ မတင်းတိမ်နိုင်တာဆိုတာ 151 00:07:13,917 --> 00:07:15,476 ကျွန်မ သေချာခဲ့တယ်။ 152 00:07:15,500 --> 00:07:19,434 ဒီလိုနဲ့ ဒီဆန္ဒဝန်းကျင်မှာ ဘောင်တစ်ခု ဆင်ဖို့ Esther နဲ့ ကျွန်မ တွဲလုပ်ခဲ့တယ်။ 153 00:07:19,458 --> 00:07:22,018 ဒီနေ့ သူ့ရွာမှာ လူမှု စီးပွားတစ်ခုကို သူ လုပ်ကိုင်တယ်၊ 154 00:07:22,042 --> 00:07:27,476 ဆေး သုံးစွဲမှု၊ စိတ်ကျန်းမာရေးနဲ့မျိုးဆက် ပွား ကျန်းမာရေး အသိကို တိုးမြှင့်စေရင်း 155 00:07:27,500 --> 00:07:30,726 အခြားကျောင်းထွက်တွေကို သူတို့ကိုယ်တိုင် အသက်မွေးနိုင်အောင် အသက်မွေး 156 00:07:30,750 --> 00:07:32,750 ကျွမ်းကျင်မှုတွေ ဆည်းပူးဖို့ ကူညီရင်းပါ။ 157 00:07:33,958 --> 00:07:35,667 Esther ဟာ ဒီနှစ် အသက် ၂၀ ပြည့်ပြီး 158 00:07:37,542 --> 00:07:41,643 လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး ဆယ်ကျော်သက် ၅၀၀ ကျော်ကို အတူစုစည်းပေးတဲ့ 159 00:07:41,667 --> 00:07:45,167 နှစိစဉ် လူငယ်ပွဲတော်တစ်ခုကို စီစဉ်ခဲ့တယ်။ 160 00:07:45,750 --> 00:07:49,125 (လက်ခုပ်သံများ) 161 00:07:50,958 --> 00:07:53,726 လူငယ်တွေဟာ ကွန်ရက်ဖွဲ့ပြီး စီမံချက် အမျိုးမျိုးကို 162 00:07:53,750 --> 00:07:55,059 ပူးပေါင်းလုပ်နိုင်ပေမဲ့ 163 00:07:55,083 --> 00:07:59,000 ပိုပြီး အရေးကြီးတာက အခြားနည်းနဲ့ ဘယ်တော့မှ မဆုံခဲ့တဲ့ ပညာရှင်တွေနဲ့ဆုံတာပါ။ 164 00:08:00,250 --> 00:08:04,059 ဒါအားလုံးကို ကမ္ဘာမှာ သူ့အတွက် နေရာမရှိဘူးလို့ ယုံကြည်ခဲ့တဲ့၊ ပညာမရှိရင် 165 00:08:04,083 --> 00:08:07,768 ဘယ်တော့မှ ဖြစ်မြောက်မှ ာမဟုတ်ဘူးဆိုတဲ့ မိန်ကလေးတစ်ယောက်က စီမံခဲ့တာပါ။ 166 00:08:07,792 --> 00:08:11,101 ဒါပေမဲ့ အတွင်းဘက်ကို ကြည်တာနဲ့ ပြင်းပြတဲ့ ဆန္ဒတစ်ခုကို ထုတ်ယူတာ၊ 167 00:08:11,125 --> 00:08:12,851 ဒီဝန်းကျင်မှာ ဖွဲ့စည်းတည်ဆောက်တာက 168 00:08:12,875 --> 00:08:16,143 သူ့ဘဝကို ပြောင်းလဲစေရုံသာမက နှစ်စဉ် ရာချီတဲ့ လူငယ်တွေရဲ့ 169 00:08:16,167 --> 00:08:19,917 ဘဝတွေကို ပြောင်းလဲစေတဲ့ ပုံစံတစ်ခုဖြစ်လာတယ်။ 170 00:08:21,250 --> 00:08:23,184 ကျွန်မရဲ့ နောက်ထပ် ဥပမာက Musa ပါ။ 171 00:08:23,208 --> 00:08:25,226 Musa ဟာ ပင်ကို အနုပညာ အရည်အသွေးရှိသူပါ။ 172 00:08:25,250 --> 00:08:28,708 သူက ဒီဇိုင်းတစ်ခုခုကို ကြည့်ပြီး ဒါကို အလွယ်နဲ့ ပုံတူပွားတာမျိုးပါ။ 173 00:08:29,417 --> 00:08:32,167 ဒီလိုနဲ့ သူ့ဆီက အရည်အချင်းကို အသိအမှတ်ပြုဖို့ ကြိုးစားတယ်။ 174 00:08:32,875 --> 00:08:35,559 ကျွန်မ Musa နဲ့ဆုံတော့ အိတ်တွေ၊ ခါးပတ်တွေ၊ပိုက်ဆံအိတ်တွေ 175 00:08:35,583 --> 00:08:37,393 လက်မှုပညာမျိုးစုံ လုပ်နေပေမဲ့ 176 00:08:37,417 --> 00:08:39,934 အချိန်ပိုင်းတစ်ခုထက် ပိုတာပဲရှိတယ်။ 177 00:08:39,958 --> 00:08:43,226 (သို့) တစ်ခါတစ်လေ သူ ငွေပြတ်ပြီး ငွေအမြန်ရှာဖို့ လိုအပ်တဲ့အခါ 178 00:08:43,250 --> 00:08:45,643 ဒီဇိုင်းတစ်ခုနဲ့ ရောက်လာပြီး ဒါကို ရောင်းတယ်။ 179 00:08:45,667 --> 00:08:48,208 ဒါပေမဲ့ ဒါကို လုပ်ငန်းတစ်ခုအဖြစ် တစ်ခါမှ မတွေးမိဘူး။ 180 00:08:49,000 --> 00:08:50,559 ကျွန်မတို့ Musa နဲ့ စလုပ်ခဲ့တယ်။ 181 00:08:50,583 --> 00:08:54,393 ဝါသနာကနေ လုပ်ငန်းတစ်ခုဆီ သူ့ရဲ့သဘောထားကို ပြောင်းဖို့ ကူညီရင်းနဲ့ 182 00:08:54,417 --> 00:08:58,143 ရောင်းလို့ရတဲ့ ထိုတ်ကုန်တွေနဲ့ နှုန်းထား ဖြစ်ဖို့တောင် သူဖန်တီးနိုင်ပုံကို 183 00:08:58,167 --> 00:08:59,667 ပြန်စတွေးမိစေရင်းပါ။ 184 00:09:00,625 --> 00:09:04,101 Musa ဟာ ကျွန်မ တွေ့ဖူးသမျှ အံ့ဖွယ်အကောင်းဆုံး အိတ်တချို့ကိုဖန်တီးပြီး 185 00:09:04,125 --> 00:09:07,184 လွန်ခဲ့တဲ့ တစ်နှစ်ကျော်မှာ Musa ရဲ့လုပ်ငန်း ကြီးထွားလာခဲ့တယ်။ 186 00:09:07,208 --> 00:09:09,351 သူဟာ နေရာအမျိုးမျိုးမှာ အသိအမှတ်ပြုခံခဲ့ရတယ်။ 187 00:09:09,375 --> 00:09:12,375 လောလောဆယ် ဖွံ့ဖြိုးဆဲ နိုင်ငံတွေဆီ တင်ပို့ဖို့ ဆွေးနွေးနေတယ်။ 188 00:09:13,583 --> 00:09:15,184 အခြား ကျောင်းထွက်တဲ့လူတိုင်းလိုပဲ 189 00:09:15,208 --> 00:09:17,393 Musa ဟာ ပညာရေး အရည်အချင်းတွေ မရှိရင် 190 00:09:17,417 --> 00:09:19,851 ဘာမှဖြစ်မြောက်မှာ မဟုတ်ဘူးလို့ ယုံကြည်ခဲ့တယ်။ 191 00:09:19,875 --> 00:09:22,226 သူ့ ပင်ကိုယ်ပါရမီက ဘာမှ မဟုတ်ဘူးလို့ သူ ထင်ခဲ့တာက 192 00:09:22,250 --> 00:09:26,208 သူ့ကို အနက်ဖွင့်ဖို့ ပညာရေး စာရွက်တစ်ခု မရှိခဲ့တာကြောင့် သက်သက်ပါ။ 193 00:09:27,333 --> 00:09:31,518 ဒါပေမဲ့ အတွင်းဘက်ကိုကြည်တာနဲ့ သူ့မှာရှိတဲ့ အကြီးမားဆုံး အရည်အချင်းကို ရှာတွေ့တာနဲ့ 194 00:09:31,542 --> 00:09:33,768 ဒါကို လုပ်ငန်းအဖြစ်ပြောင်းဖို့ သူ့ကိုပံ့ပိုးတာက 195 00:09:33,792 --> 00:09:36,000 သူဟာ နေထိုင်ရုံမဟုတ်ဘဲ ရှင်သန်နေတာပါ။ 196 00:09:37,208 --> 00:09:41,476 အတွင်းဘက်ကို ကြည့်ခြင်းနဲ့ ဆိုင်တာက ဒါက ကြောက်စရာဖြစ်နိုင်တယ်၊ 197 00:09:41,500 --> 00:09:44,226 အထူးသဖြင့် သင်ဟာ ပထမဆုံးအကြိမ် ဒါကို လုပ်နေရင်ပေါ့။ 198 00:09:44,250 --> 00:09:47,351 ဒါပေမဲ့ အမှန်တရားက ပြောင်းပြန်ကနေ နေထိုင်ဖို့ မသိခင်အထိ 199 00:09:47,375 --> 00:09:50,333 တစ်ခါမှ အစစ်အမှန် စတင် မနေထိုင်ဖူးတာပါ။ 200 00:09:51,583 --> 00:09:55,518 စွမ်းရည်ကို ဖော်ထုတ်ခြင်းမှာ နက်ရှိုင်းတဲ့ ကျေနပ်မှု သဘောကို ပေးတဲ့ အရာတွေ၊ 201 00:09:55,542 --> 00:09:58,309 အနက်ရှိုင်းဆုံး ပျော်ရွှင်မှုကို ပေးတဲ့အရာတွေကို 202 00:09:58,333 --> 00:10:00,601 ရှာဖွေရန် အတွင်းဘက်ကို ကြည့်ဖို့နဲ့ 203 00:10:00,625 --> 00:10:04,351 ဒီနောက် ဒါတွေကို နေ့စဉ် လုပ်ရိုးလုပ်စဉ်တွေ ရဲ့အဆင်တွေအဖြစ် ယှက်ဖွဲ့ဖို့ လိုတယ်။ 204 00:10:04,375 --> 00:10:08,250 ဒီလိုလုပ်ခြင်းအားဖြင့် အလုပ်လုပ်တာ ရပ်စဲပြီး စတင်နေထိုင်ကြတာပါ။ 205 00:10:09,167 --> 00:10:13,643 ရှင်သန်ခြင်းနဲ့ဆိုင်တာက သင်ဘယ်တော့မှ အငြိမ်းစားယူဖို့၊ အလုပ်ထွက်ဖို့ မလိုတာပါ။ 206 00:10:13,667 --> 00:10:16,018 (ရယ်သံများ) 207 00:10:16,042 --> 00:10:21,101 (လက်ခုပ်သံများ) 208 00:10:21,125 --> 00:10:24,059 ဒီလိုနဲ့ ကိုယ်ကိုယ်တိုင်အတွက်၊ လူငယ်တွေအတွက်၊ ကလေးတွေအတွက် 209 00:10:24,083 --> 00:10:26,768 စွမ်းရည်ကို ဖော်ထုတ်ဖို့ သင် တွေးမိစဉ် 210 00:10:26,792 --> 00:10:29,268 အပြင်ကို ကြည့်ဖို့ သူတို့ကို ပုံစံမသွင်းဘဲ 211 00:10:29,292 --> 00:10:31,309 သူတို့ ဘယ်သူဆိုတာ ဖော်ထုတ်ဖို့ 212 00:10:31,333 --> 00:10:36,684 သူတို့ နေ့စဉ်လုပ်တာထဲကို ဒီသဘာဝယူဆောင်ဖို့ အတွင်းဘက်ကို ကြည့်ဖို့ ပုံစံသွင်းရအောင်။ 213 00:10:36,708 --> 00:10:39,434 သင် အလုပ်လုပ်တာ ရပ်စဲပြီး နေထိုင်တဲ့အခါ 214 00:10:39,458 --> 00:10:41,309 စိတ်ထက်သန်မှုက အလုပ်တစ်ခုဖြစ်လာတဲ့အခါ 215 00:10:41,333 --> 00:10:43,143 သင်ဟာ သာလွန်တာတင်မဟုတ်ဘဲ 216 00:10:43,167 --> 00:10:45,042 တားဆီးမရနိုင်တာ ဖြစ်လာတယ်။ 217 00:10:45,875 --> 00:10:47,143 ကျေးဇူးတင်ပါတယ်။ 218 00:10:47,167 --> 00:10:50,333 (လက်ခုပ်သံများ)