သင့်ရဲ့ အခြေခံ လိုအပ်ချက်တွေ၊
ငွေတောင်းခံလွှာတွေနဲ့ နောက်ထပ်
သုံးဖို့တောင် ကာမိစေတဲ့
အလုပ်တစ်ခု သင့်မှာရှိတဲ့အခါ
ယူဆတာကတော့ သင် ပျော်မယ်
(သို့) ပိုတောင်ကောင်းပြီး ကျေနပ်မယ်ပေါ့။
သင် အိပ်ရာနိုးတဲ့အခါ
စိတ်အား ထက်သန်တာကို လိုက်စားဖို့
ဒီလိုအလုပ်ကထွက်မယ်လို့ ပြောတာက
မစဉ်းစားစရာ ဖြစ်ပုံရတယ်။
လွန်ခဲ့တဲ့ခြောက်နှစ်က ကျွန်မရဲ့
အကျပ်ရိုက်မှုပါ။
သက်သောင့်သက်သာ အလုပ်တစ်ခုရှိပြီး
သက်သောင့်သက်သာ ဘဝတစ်ခုမှာ နေထိုင်ခဲ့တော့
ကျွန်မဟာ ကျေနပ်နေတယ်လို့
လူတွေက ထင်ခဲ့ကြပေမဲ့
မဟုတ်ပါဘူး။
ကျွန်မဆီမှာ ပိုပြီး လိုချင်ခဲ့တဲ့
အရာတစ်ခုရှိခဲ့တယ်။
ကျွန်မ နေ့စဉ် လုပ်ခဲ့တာတွေနဲ့ ကျွန်မ
လေးနက်စွာ ဂရုစိုက်တဲ့ အရာတွေကြားမှာ
အစီအစဉ်မကျမှုတစ်ခု ရှိခဲ့တယ်။
ဒီလို့နဲ့ ထွက်ပြီး စိတ်ထက်သန်မှုကို
နေ့စဉ် လုပ်ရိုးလုပ်စဉ်ထဲကို ရောက်ရှိဖို့
ဖြစ်နိုင်ခြေကို စူးစမ်းဖို့ ဆုံးဖြတ်တယ်။
စိတ်ထက်သန်မှုကို ရှာဖွေတာနဲ့
ပတ်သက်တာတစ်ခုက
လွယ်ကူရှင်းလင်းတာတော့မဟုတ်ဘူး။
ငွေနဲ့ ဘွဲ့တွေရှိတဲ့ လူတွေအတွက်တောင်
သူတို့ရဲ့ စိတ်ထက်သန်မှုကို ဖော်ထုတ်ဖို့
ရုန်းကန်ရဆဲပါ။
ဒီမှာတော့ ကျွန်မက အသက် ၃၀၊
စိတ်ထက်သန်မှုကိုရှာပြီး
ဒါကိုအလုပ်အကိုင်အဖြစ်
ပြောင်းတဲ့အကြောင်းပြောနေတာလေ။
ပြောရရင် လူတွေ ပြောတာက
"ငွေအလုံအလောက် ရှာမထားရသေးခင်
စိတ်ထက်သန်မှုအကြောင်း နင် မပြောနဲတဲ့။
(ရယ်သံများ)
အနည်းဆုံး အငြိမ်းစားယူဖို့
အသင့်မဖြစ်ခင်အထိလေ"တဲ့။
အကြောင်းက အတွင်းဘက်ကို ကြည့်ခြင်းနဲ့
ကိုယ့်ကို ပျော်ရွှင်မှုနဲ့ ကျေနပ်မှု
ပေးတဲ့ အရာတွေကိုရှာဖွေခြင်းဟာ
လူချမ်းသာတွေသာ ခံစားနိုင်တဲ့
ဇိမ်ခံပစ္စည်းတစ်ခု (သို့)
အြငိမ်းစားတွေပဲ မွေ့လျော်နိုင်တဲ့ ပျော်
ရွှင်မှုတစ်ခုလို့ ယူဆကြလို့ပါ။
ဒါက ကျွန်မကို အံ့ဩစေတာက
စိတ်ထက်သန်မှုက ချမ်းသာသူတွေအတွက်ပဲလား၊
(သို့) အြငိမ်းစားတွေသာ
ခံစားနိုင်တဲ့ အတွေ့အကြုံလား။
ကျွန်မတို့ အများအပြားဟာ ဘဝဟာ
ရှင်ကျန်မှုရဲ့ ပြိုင်ပွဲတစ်ခုလို့
ယုံကြည်ဖို့ သွေးဆောင်ခံရတယ်။
ရှင်ကျန်ဖို့ အရာတိုင်းကို
စွမ်းအားနဲ့ လုပ်မှရမယ့်
ရှင်ကျန်သူတွေအဖြစ် မိမိကိုယ်ကိုယ်
မြင်ကြဖို့ ပုံသွင်းတာခံရတယ်။
အာဖရိကမှာ ကျောင်း၊ တွန်းသင်တာ၊
အောင်တာကာနေ ပျိုးထောင်ခံရတယ်။
နောက်ပိုင်း အလုပ်ရတယ်ဆိုတဲ့
မျှော်လင့်ချက်နဲ့ပါ။
လုပ်ရင်တော့ ဒါကို စွဲလုပ်ပေတော့၊
ဘယ်လောက် မသတီစရာဖြစ်ဖြစ်ပေါ့။
(ရယ် သံများ)
ပိုကောင်းတဲ့ ကမ်းလှမ်းမှုရတာ
(သို့) အငြိမ်းစားမယူခိုင်းခင်အထိပါ။
ပညာတစ်ပိုင်းတစ်စ သမားအနေနဲ့
ကျွန်မဟာ ဘာခံစားခွင့်မှ
မရှိတာ သိခဲ့တယ်။
အခွင့်အလမ်းတိုင်းဟာ
အထူးခံစားခွင့်တစ်ခုပါ။
ဒါနဲ့ အလုပ်ထွက်ဖို့ စဉ်းစားတဲ့အခါ
စွန့်စားမှုကြီးတစ်ခုပါ။
ကျွန်မကို ရွေးစရာနှစ်ခု ပေးထားတယ်။
အာဖရိကမှာ ရေပန်းအစားဆုံးတွေပါ။
ပထမတစ်ခုက အသက်မွေးမှု အဖွဲ့အစည်းတစ်ခုမှာ
သင်တန်းတစ်ခုမှာ အပ်ပြီး တက်တာပါ။
ဒုတိယ ရွေးစရာက ကိုယ်ရနိုင်တဲ့ အလုပ်
ကမ်းလှမ်းမှု တစ်ခုခုကို ဘယ်လို အလုပ်ခွင်
အခြေအနေဖြစ်ဖြစ် အောင့်သက်သက်နဲ့
လက်ခံရပြီး လုပ်ရတာပါ။
ဒါက ဘာကြောင့် လူငယ်အများအပြား
ပိုစိမ်းတဲ့ စားကျက်တွေရှာရာမှာ
တရားမဝင်ကုန်ကူးခံရနေတာကို
အကြောင်းပြချက် ပေးလောက်တယ်။
ကျွန်မ ပထမ ရွေးစရာကို ရွေးလိုက်တယ်။
အသက်မွေးမှု သင်တန်း တစ်ခုနှစ်ခုကို
ကြည့်လိုက်တယ်။
ကျွန်မရဲ့ ပင်ကိုယ်စရိုက်၊ အိပ်မက်၊
ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ သင်တန်းတစ်ခု
တွေ့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။
ဒီအဖွဲ့အစည်းတွေမှာ ကျွန်မလို
လူ့ခွစာတွေအတွက် နေရာမရှိတာ
သိရတော့ စိတ်ပျက်သွားခဲ့တယ်။
ကမ္ဘာ့အပိုင်းများစွာမှာရှိတဲ့
ပညာရေးစနစ်ကို
လူငယ်တွေနဲ့ အံကျဖို့ မျှော်လင့်တဲ့
(သို့) လူ့ခွစာတွေ
ဖြစ်လာဖို့ ဘေးရှိတဲ့ ကြိုတင်ရွေးထားတဲ့
ရွေးစရာတွေနဲ့ ပုံစံဖော်ထားတာပါ။
ဒီလိုနဲ့ ကျောင်းကို ဖြတ်သန်းရင်း
မျဉ်းဖြောင့်အတိုင်း တွေးဖို့
မျဉ်းဖြောင့်အတွင်းမှာ နေဖို့
ပျိုးထောင်ပြီး ပုံစံသွင်းခံရတယ်။
ဒါပေမဲ့ ကျောင်းထွက်တဲ့အခါ
အလားအလာတွေနဲ့ ကမ္ဘာတစ်ခုကို ရှာတွေ့တယ်။
ဘာမဆိုဖြစ်နိုင်တာ၊ အရာတိုင်းကို
လေ့လာနိုင်တာ သိရှိခဲ့ပြီး
အခမဲ့အွန်လိုင်း သင်တန်းတွေကို
အသုံးချခဲ့တယ်။
ဒါက ကျွန်မရဲ့ ကိုယ်ရေးအကျဉ်း
တည်ဆောက်၊ အလုပ်ခန့်ခံရပြီး
ရှစ်နှစ်တာ အလုပ်လုပ်ခဲ့ပုံပါ။
ရှစ်နှစ်ပြီးတဲ့အခါ
ဘဝရဲ့လုပ်ရိုးလုပ်စဉ်တွေကို ဖြတ်ကျော်တာထက်
ဘဝအတွက်ပိုတာ ရှိရမယ်လို့
ကိုယ့်ကိုယ်ကို ပြောမိတယ်။
ဒါနဲ့ ၂၀၁၄ ခုနှစ်မှာ Kyusa လို့ခေါ်တဲ့
အဖွဲ့အစည်းတစ်ခုကို စတင်ခဲ့တယ်။
အဲဒီမှာ ကျောင်းမနေတဲ့
လူငယ်တွေနဲ့တွဲလုပ်ပြီး
စိတ်ထက်သန်မှုတွေကို အကျိုးအမြတ်ရှိတဲ့
တိုင်းတာနိုင်တဲ့၊ တည်တံ့တဲ့ လုပ်ငန်းတွေ
အဖြစ် ပြောင်းဖို့ သူတို့ကို အင်အားပေးတယ်။
ကဲ စိတ်ထက်သန်မှုအကြောင်း ပြောတဲ့အခါ
လူတွေ အမေးအများဆုံး မေးခွန်းတွေထဲက
တစ်ခုက "စိတ်ထက်သန်မှုဆိုတာ ဘာလဲ။"
"ဒါကို ဘယ်လိုတောင် ရှာတွေ့တာလဲ။"
အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်က
စိတ်ထက်သန်မှုက သင့်ကို
ကျေနပ်မှုရဲ့အနက်ရှိုင်းဆုံး
သဘောတစ်ခုကို ပေးတဲ့ ဘဝ
အတွေ့အကြုံတွေရဲ့ အစုအပေါင်းတစ်ခုပါ။
စိတ်ထက်သန်မှုကို ရှာဖွေဖို့
အတွင်းဘက်ကို ကြည့်ဖို့လိုတယ်။
တွေးတောဆင်ခြင်တဲ့
မေးခွန်းနှစ်ခုကိုသုံးတယ်။
ကျွန်မတို့မေးတဲ့ ပထမ မေးခွန်းက
"သင့်မှာ ကမ္ဘာထဲက အချိန်နဲ့
ငွေအားလုံး ရှိတယ်ဆိုရင်
သင့်အချိန်ကို ဘာလုပ်ရင်း ကုန်ဆုံးမလဲ။"
အင်မတန် ရိုးတဲ့ မေးခွန်းတစ်ခုလို့
ထင်ရပေမဲ့
လူအတော်များများဟာ
ဒီမေးခွန်းကို ဖြေဖို့ ရုန်းကန်ရတယ်။
အကြောင်းကတော့ သူတို့တွေ
ဒါကို တစ်ခါမှ မတွေးဖူးလို့ပါ။
ကျွန်မတို့မေးတဲ့ ဒုတိယမေးခွန်းက
"ဘာက သင့်ကို ပျော်ရွင်စေတာလဲ၊
(သို့) အနက်ရှိုင်းဆုံး ကျေနပ်မှု
သဘောတစ်ခုကို ပေးလဲ။"
ကဲ ယူဆကြမှာက ကိုယ်ကို ပျော်စေတာကို
အားလုံးသိကြတယ်ဆိုပေမဲ့
မှတ်သားဖို့ စိတ်ဝင်စားစရာကောင်းတာက
လူအတော်များများဟာ ဘာက သူတို့ကို
ပျော်ရွှင်စေတာကို မသိကြတာပါ။
အကြောင်းကတော့ သူတို့ဟာ ဘဝရဲ့
လုပ်ရိုးလုပ်စဉ်တွေကို
ဖြတ်သန်းနေရင်း အလုပ်ရှုပ်ကြလွန်းလို့ပါ။
ဒီလိုနဲ့ ကိုယ့်ကို နက်ရှိုင်းတဲ့
ကျေနပ်မှုသဘောတစ်ခုနဲ့ နက်ရှိုင်းတဲ့
ပီတိ ပေးတာတွေကိုရှာမတွေ့ခြင်းက
စိတ်ထက်သန်မှုရဲ့ ဦးတည်ရာဆီ ကျွန်မတို့ကို
စတင်လမ်းညွှန်တဲ့ အတွေးတွေပါ။
လိုရမည်ရ ဒီမေးခွန်း နှစ်ခုအတွက်
သင်တို့အဖြေတွေက ဘာဆိုတာ
တွေးမိနေလောက်တယ်။
နောက်မှ ဒီမေးခွန်းတွေနဲ့ အတူထိုင်ပြီး
ဆင်ခြင်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ဒါပေမဲ့ စိတ်ထက်သန်မှုတစ်ခုတည်းက
ဘဝမှာ အောင်မြင်မှုကို အာမမခံနိုင်
တာကိုလည်း ကျွန်မ သတိမူမိတယ်။
စိတ်ထက်သန်မှုတိုင်းဟာ
အလုပ်အကိုင်တစ်ခု ဖြစ်မလာနိုင်
တာကို ကျွန်မ သတိပြုသင့်တယ်
စိတ်ထက်သန်မှုကို အလုပ်အကိုင်ဖြစ်လာဖို့
ကျွမ်းကျင်မှုတွေ၊ ပုံစံသွင်းမှု၊ နေရာချမှု
ရဲ့မှန်ကန်တဲ့ အခင်းအကျင်းနဲ့ ဆက်စပ်ရမှာပါ။
ဒီတော့ လူငယ်တွေကို အတွင်းဘက်ကို
ကြည့်ခိုင်းတဲ့အခါ
ဘာကျွမ်းကျင်မှုတွေသူတို့မှာရှိလဲ
ဆိုတာလည်း မေးတယ်၊
ဘာ ပင်ကိုစွမ်းရည်ရှိလဲ၊
စျေးကွက်ထဲမှာ စီးပွားရေးအခွင့်လမ်း
တည်ဆောက်ဖို့
ဘယ်အတွေ့အကြုံရှိလဲပေါ့။
ဒါပေမဲ့ ဒါထက်ပိုတာက
စျေးကွက် လားရာတွေကိုလည်း ကြည့်တယ်။
အကြောင်းက ဘယ်လောက်ပဲ
သင်နှစ်သက်တာ၊ ကြိုက်တာဖြစ်ဖြစ်
ဘယ်သူမှ မလိုချင်ဘူး၊
ဒါအတွက် ငွေမပေးချင်ဘူးဆိုရင်
အလုပ်အကိုင်တစ်ခု မဖြစ်နိုင်လို့ပါ။
ဒါက ဝါသနာ သက်သက်တစ်ခုပါ။
ကျွန်မတို့ ကြည့်တဲ့ တတိယအရာက
မိမိကိုယ်ကိုယ် ဘယ်လိုနေရာချလဲဆိုတာပါ။
ဘယ်သူတွေကို ရည်စူးမှာလဲ။
ဘယ်သူတွေကိုရောင်းချင်တာလဲ။
ဘာကြောင့် သူတို့က သင်ဆီကနေ ဝယ်ချင်မှာလဲ။
ဒီလိုနဲ့ ဒီသုံးခုကို ပေါင်းစပ်ခြင်းက
သင့်ကို စိတ်ထက်သန်မှုကနေ
လုပ်ငန်းတစ်ခုဆီ ရွေ့ဖို့ ဖြစ်မြောက်စေတာပါ။
လူငယ်အတော်များများက သူတို့ရဲ့
စိတ်ကူးတွေ၊ ပြင်းပြတဲ့ဆန္ဒတွေကို
အကျိုးအမြတ်ရနိုင်တဲ့ လုပ်ငန်းတွေ၊
လူမှု လုပ်ငန်းတွေအဖြစ်
ပြောင်းလဲနိင်ခဲ့ကြတယ်။
သူတို့ဟာ အလုပ်အကိုင်တွေ ဖန်တီးပေးရုံမက
လူ့မှုဆိုင်ရာ စိန်ခေါ်မှုတွေကို
ဖြေရှင်းပေးနေတာပါ။
သင်တို့ကို ဥပမာ နှစ်ခု မျှဝေပါမယ်။
သူတို့ထဲက တစ်ယောက်က Esther ပါ။
Esther နဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကဆုံခဲ့တယ်။
သူ ကျောင်းကထွက်တာ နှစ်နှစ်ရှိပြီး
ကျောင်းကနေ ထွက်လိုက်ရတာက
သူ့ကို နက်ရှိုင်းစွာ ထိခိုက်ခဲ့တယ်။
အကျိုးဆက်အနေနဲ့ အလွန်အမင်း
စိတ်အားငယ်မှု ခံစားခဲ့ရပြီး
အကြိမ်ကြိမ် သတ်သေဖို့ ကြိုးစားတဲ့အထိ
ဖြစ်ခဲ့တယ်။
သူ့မိတ်ဆွေတွေနဲ့ မိသားစုက
သူ့အတွက် ဘာလုပ်ရမှန်း မသိဘူး။
ဆုတောင်းရုံသာ လုပ်ပေးခဲ့တယ်။
ကျွန်မ Esther နဲ့ ဆုံပြီး သူနဲ့
စတင် စကားပြောတဲ့အခါ
သူ့ကို ရိုးရိုး မေးခွန်းတစ်ခု မေးတယ်။
ကျွန်မက "မင်းမှာ ကမ္ဘာမှာရှိတဲ့
အချိန်နဲ့ ငွေအားလုံး ရှိရင်
မင်း ဘာလုပ်မလဲ။"
စဉ်းစာတာ၊ တုံ့ဆိုင်းတာမရှိဘဲ
မျက်လုံးတွေက လင်းလက်သွားပြီး လူငယ်တွေရဲ့
ဘဝတွေကို ပြောင်းလဲဖို့
သူ ကူညီချင်ပုံကို စပြောတယ်။
ဆယ်ကျော်သက်တွေအတွက် ဘဝအကြောင်း
အသိများတဲ့ ဆုံးဖြတ်ချက်တွေ
ချဖို့ ကူညီခြင်းနဲ့မျှော်လင့်ချက်နဲ့
ဂုဏ်သိက္ခာကို ပြန်ပေးချင်တယ်။
သူ့မှာရှိနေတဲ့ ဒီပြင်းပြတဲ့ ဆန္ဒဟာ
မတင်းတိမ်နိုင်တာဆိုတာ
ကျွန်မ သေချာခဲ့တယ်။
ဒီလိုနဲ့ ဒီဆန္ဒဝန်းကျင်မှာ ဘောင်တစ်ခု
ဆင်ဖို့ Esther နဲ့ ကျွန်မ တွဲလုပ်ခဲ့တယ်။
ဒီနေ့ သူ့ရွာမှာ လူမှု စီးပွားတစ်ခုကို
သူ လုပ်ကိုင်တယ်၊
ဆေး သုံးစွဲမှု၊ စိတ်ကျန်းမာရေးနဲ့မျိုးဆက်
ပွား ကျန်းမာရေး အသိကို တိုးမြှင့်စေရင်း
အခြားကျောင်းထွက်တွေကို သူတို့ကိုယ်တိုင်
အသက်မွေးနိုင်အောင် အသက်မွေး
ကျွမ်းကျင်မှုတွေ
ဆည်းပူးဖို့ ကူညီရင်းပါ။
Esther ဟာ ဒီနှစ် အသက် ၂၀ ပြည့်ပြီး
လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး ဆယ်ကျော်သက်
၅၀၀ ကျော်ကို အတူစုစည်းပေးတဲ့
နှစိစဉ် လူငယ်ပွဲတော်တစ်ခုကို စီစဉ်ခဲ့တယ်။
(လက်ခုပ်သံများ)
လူငယ်တွေဟာ ကွန်ရက်ဖွဲ့ပြီး
စီမံချက် အမျိုးမျိုးကို
ပူးပေါင်းလုပ်နိုင်ပေမဲ့
ပိုပြီး အရေးကြီးတာက အခြားနည်းနဲ့
ဘယ်တော့မှ မဆုံခဲ့တဲ့ ပညာရှင်တွေနဲ့ဆုံတာပါ။
ဒါအားလုံးကို ကမ္ဘာမှာ သူ့အတွက်
နေရာမရှိဘူးလို့ ယုံကြည်ခဲ့တဲ့၊ ပညာမရှိရင်
ဘယ်တော့မှ ဖြစ်မြောက်မှ ာမဟုတ်ဘူးဆိုတဲ့
မိန်ကလေးတစ်ယောက်က စီမံခဲ့တာပါ။
ဒါပေမဲ့ အတွင်းဘက်ကို ကြည်တာနဲ့
ပြင်းပြတဲ့ ဆန္ဒတစ်ခုကို ထုတ်ယူတာ၊
ဒီဝန်းကျင်မှာ ဖွဲ့စည်းတည်ဆောက်တာက
သူ့ဘဝကို ပြောင်းလဲစေရုံသာမက
နှစ်စဉ် ရာချီတဲ့ လူငယ်တွေရဲ့
ဘဝတွေကို ပြောင်းလဲစေတဲ့
ပုံစံတစ်ခုဖြစ်လာတယ်။
ကျွန်မရဲ့ နောက်ထပ် ဥပမာက Musa ပါ။
Musa ဟာ ပင်ကို အနုပညာ အရည်အသွေးရှိသူပါ။
သူက ဒီဇိုင်းတစ်ခုခုကို ကြည့်ပြီး
ဒါကို အလွယ်နဲ့ ပုံတူပွားတာမျိုးပါ။
ဒီလိုနဲ့ သူ့ဆီက အရည်အချင်းကို
အသိအမှတ်ပြုဖို့ ကြိုးစားတယ်။
ကျွန်မ Musa နဲ့ဆုံတော့
အိတ်တွေ၊ ခါးပတ်တွေ၊ပိုက်ဆံအိတ်တွေ
လက်မှုပညာမျိုးစုံ လုပ်နေပေမဲ့
အချိန်ပိုင်းတစ်ခုထက် ပိုတာပဲရှိတယ်။
(သို့) တစ်ခါတစ်လေ သူ ငွေပြတ်ပြီး
ငွေအမြန်ရှာဖို့ လိုအပ်တဲ့အခါ
ဒီဇိုင်းတစ်ခုနဲ့ ရောက်လာပြီး
ဒါကို ရောင်းတယ်။
ဒါပေမဲ့ ဒါကို လုပ်ငန်းတစ်ခုအဖြစ်
တစ်ခါမှ မတွေးမိဘူး။
ကျွန်မတို့ Musa နဲ့ စလုပ်ခဲ့တယ်။
ဝါသနာကနေ လုပ်ငန်းတစ်ခုဆီ
သူ့ရဲ့သဘောထားကို ပြောင်းဖို့ ကူညီရင်းနဲ့
ရောင်းလို့ရတဲ့ ထိုတ်ကုန်တွေနဲ့ နှုန်းထား
ဖြစ်ဖို့တောင် သူဖန်တီးနိုင်ပုံကို
ပြန်စတွေးမိစေရင်းပါ။
Musa ဟာ ကျွန်မ တွေ့ဖူးသမျှ
အံ့ဖွယ်အကောင်းဆုံး အိတ်တချို့ကိုဖန်တီးပြီး
လွန်ခဲ့တဲ့ တစ်နှစ်ကျော်မှာ
Musa ရဲ့လုပ်ငန်း ကြီးထွားလာခဲ့တယ်။
သူဟာ နေရာအမျိုးမျိုးမှာ
အသိအမှတ်ပြုခံခဲ့ရတယ်။
လောလောဆယ် ဖွံ့ဖြိုးဆဲ နိုင်ငံတွေဆီ
တင်ပို့ဖို့ ဆွေးနွေးနေတယ်။
အခြား ကျောင်းထွက်တဲ့လူတိုင်းလိုပဲ
Musa ဟာ ပညာရေး အရည်အချင်းတွေ မရှိရင်
ဘာမှဖြစ်မြောက်မှာ မဟုတ်ဘူးလို့
ယုံကြည်ခဲ့တယ်။
သူ့ ပင်ကိုယ်ပါရမီက
ဘာမှ မဟုတ်ဘူးလို့ သူ ထင်ခဲ့တာက
သူ့ကို အနက်ဖွင့်ဖို့ ပညာရေး စာရွက်တစ်ခု
မရှိခဲ့တာကြောင့် သက်သက်ပါ။
ဒါပေမဲ့ အတွင်းဘက်ကိုကြည်တာနဲ့ သူ့မှာရှိတဲ့
အကြီးမားဆုံး အရည်အချင်းကို ရှာတွေ့တာနဲ့
ဒါကို လုပ်ငန်းအဖြစ်ပြောင်းဖို့
သူ့ကိုပံ့ပိုးတာက
သူဟာ နေထိုင်ရုံမဟုတ်ဘဲ ရှင်သန်နေတာပါ။
အတွင်းဘက်ကို ကြည့်ခြင်းနဲ့ ဆိုင်တာက
ဒါက ကြောက်စရာဖြစ်နိုင်တယ်၊
အထူးသဖြင့် သင်ဟာ ပထမဆုံးအကြိမ်
ဒါကို လုပ်နေရင်ပေါ့။
ဒါပေမဲ့ အမှန်တရားက
ပြောင်းပြန်ကနေ နေထိုင်ဖို့ မသိခင်အထိ
တစ်ခါမှ အစစ်အမှန် စတင် မနေထိုင်ဖူးတာပါ။
စွမ်းရည်ကို ဖော်ထုတ်ခြင်းမှာ နက်ရှိုင်းတဲ့
ကျေနပ်မှု သဘောကို ပေးတဲ့ အရာတွေ၊
အနက်ရှိုင်းဆုံး ပျော်ရွှင်မှုကို
ပေးတဲ့အရာတွေကို
ရှာဖွေရန် အတွင်းဘက်ကို ကြည့်ဖို့နဲ့
ဒီနောက် ဒါတွေကို နေ့စဉ် လုပ်ရိုးလုပ်စဉ်တွေ
ရဲ့အဆင်တွေအဖြစ် ယှက်ဖွဲ့ဖို့ လိုတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် အလုပ်လုပ်တာ
ရပ်စဲပြီး စတင်နေထိုင်ကြတာပါ။
ရှင်သန်ခြင်းနဲ့ဆိုင်တာက သင်ဘယ်တော့မှ
အငြိမ်းစားယူဖို့၊ အလုပ်ထွက်ဖို့ မလိုတာပါ။
(ရယ်သံများ)
(လက်ခုပ်သံများ)
ဒီလိုနဲ့ ကိုယ်ကိုယ်တိုင်အတွက်၊
လူငယ်တွေအတွက်၊ ကလေးတွေအတွက်
စွမ်းရည်ကို ဖော်ထုတ်ဖို့ သင် တွေးမိစဉ်
အပြင်ကို ကြည့်ဖို့ သူတို့ကို ပုံစံမသွင်းဘဲ
သူတို့ ဘယ်သူဆိုတာ ဖော်ထုတ်ဖို့
သူတို့ နေ့စဉ်လုပ်တာထဲကို ဒီသဘာဝယူဆောင်ဖို့
အတွင်းဘက်ကို ကြည့်ဖို့ ပုံစံသွင်းရအောင်။
သင် အလုပ်လုပ်တာ ရပ်စဲပြီး နေထိုင်တဲ့အခါ
စိတ်ထက်သန်မှုက အလုပ်တစ်ခုဖြစ်လာတဲ့အခါ
သင်ဟာ သာလွန်တာတင်မဟုတ်ဘဲ
တားဆီးမရနိုင်တာ ဖြစ်လာတယ်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)