'' သဘာဝရဲ့ ဥပဒေသည် ဘုရားသခင်ရဲ့ သင်္ချာအတွေးအခေါ်ပါပဲ ''
ဒါက Euclid Alexandria ရဲ့ အဆိုဖြစ်တယ်
သူက ခရစ်တော် မပေါ်ခင် နှစ်ပေါင်း ၃၀ဝ က ဂရိသင်္ချာနဲ့ ဒဿနပညာရှင်ဖြစ်တယ်
ဒီကုးကားချက်ပြောရခြင်း အကြောင်းရင်းက Euclid သည် Geometry ရဲ့ ဖခင်ဖြစ်လို့ပါပဲ။
ခင်ဗျားရဲ့ ဘုရားသခင်ပေါ် အထင်အမြင်ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီကိုးကားချက် မှန်တယ်။
ဘုရားသခင် တကယ်ရှိတာပဲဖြစ်ဖြစ်၊ ဒါမှ မဟုတ် လဲ သဘာဝဘုရားပေါ့
ဘဘာဝရဲ့ အခြေခံအချက်အလက် အကြောင်းပြောတာဖြစ်တယ်
'' သဘာဝရဲ့ ဥပဒေသည် ဘုရားသခင်ရဲ့ သင်္ချာအတွေးအခေါ်ပါဘဲ "
သင်္ချာသည် သဘာဝဥပဒေ အားလုံးကို အထောက်အပံ့ ပေးတယ်။
Geometry စာလုံးကိုယ်တိုင်က ဂရိဆီကလာတယ်။
Geo သည် ဂရိလို ကမ္ဘာဖြစ်တယ်။
Metry သည် ဂရိလို တိုင်းတာချက်ဖြစ်တယ်။
ခင်ဗျားတို့က Metric စနစ်တွေကိုသိမှာပေါ့
Euclid သည် Geometry ရဲ့ ဖခင်လို့ လူတွေက အသိအမှတ်ပြုတယ်။
သူက Geometry ကိုလေ့လာတဲ့ ပထမဦးဆုံးလူတော့ မဟုတ်ဘူး
အရှေ့ဆုံးလူသားတွေက Geometry ပညာကို လေ့လာခဲ့မယ်လို့ စိတ်ကူးကြည့်လို့ရတယ်။
သူတို့က ဒီမှာလို မြေပေါ်မှာ ရှိတဲ့ အကိုင်းနှစ်ခုကို ကြည့်ပြီး၊
ပြီးတေ့ နောက်ထပ် ဒီလိုပုံရှိတဲ့ အကိုင်းတွဲ နှစ်ခုကိုလည်းကြည့်ပြီး၊
ဒီဟာက ပိုပြီး ဟ နေတယ်၊ ဒီမှာ ဆက်နွယ်ချက်ကဘာလဲ
ဒါမှမဟုတ် သူတို့က ဒီလို အကိုင်းရှိတဲ့ အပင်တစ်ခုကိုကြည့်ပြီး၊
သူတို့က ဆိုမယ် " ဒီလိုအဟနဲ့ ဟိုလိုအဟမှာ တစ်ခုခုသဘောတရားတူရမယ်"
ဒါမှမဟုတ် သူတို့က ကိုယ့်ကိုယ်ကို မေးကြည့်မယ်
အချိုးအစားကဘာလဲ၊ ဒါမှမဟုတ် စက်ဝိုင်းရဲ့ အဝန်းနဲ့အကျယ်ရဲ့ ဆက်နွယ်မှုကဘာလဲ
အဲဒါက စက်ဝိုင်းအားလုံးမှာ အတူတူ သက်ရောက်မလား ?
ဒါက သေချာပေါက် မှန်တယ်လို့ ဘယ်လိုယူဆလို့ရမလဲ။
ရှေးဂရိတွေရဲ့ အကြောင်းကို လေ့လာခဲ့ရင်,
သူတို့တွေက Geometry ပညာမှာ ပိုပြီးစဉ်းစားခဲ့တာတွေ့ရမယ်။
Pythagoras လို ဂရိသင်္ချာပညာရှင်တွေ အကြောင်းပြောရရင်၊
(Euclid မတိုင်ခင်က)
၃၀ဝ BC ခေတ်က Euclidean Geometry အကြောင်း မကြာခဏ ပြောကြတဲ့ အကြောင်းက
ဒီမှာက Rapheel ဆွဲထားတဲ့ Euclid ရဲ့ ပန်းချီပေါ့ ၊ ဘယ်သူမှ သူဘယ်လိုရှိတယ်ဆိုတာ မသိဘူး။
သူ ဘယ်ချိန်ကမွေးပြီး၊ သေသွားတာတောင် မသိဘူး၊ ဒါက Raphael စိတ်ကူးပြီး ဆွဲတာဖြစ်တယ်။
သူက Alexandria မှာ ဆရာလုပ်တုံးကပေါ့။
သူက Geometry ရဲ့ ဖခင်လို့ခေါ်တဲ့ အကြောင်းက သူရေးခဲ့တဲ့ `` Euclid ရဲ့ အက္ခရာ `` စာတန်းကြောင့်ဖြစ်တယ်။
Euclid ရဲ့ အက္ခရာ သည် ၁၃ တွဲရှိတဲ့ ကျောင်းသို့စာအုပ်ဖြစ်တယ်။
အကျော်ကြားဆုံးကျောင်းသုံးစာအုပ်လို့ တောင်းဆိုနိုင်ပါတယ်။
သူက ဒီ ၁၃ တွဲကို အားစိုက်ပြီး သေချာစွာစဉ်းစားပြီး ကျိုးကြောင်းဆက်စပ်တဲ့ ခရီးရှည်ဖြတ်ခဲ့တယ်။
Geometry , number theory နဲ့ solid Geometry ( ရှု့ထောင့်သုံးခုရှိတဲ့ Geometry) ကိုရေးဖို့ပဲ။
ဒီမှာတော့ အင်္ဂလိပ်ဘာသာပြန်ထားတဲ့ ``ခေါင်းစဉ်စာမျက်နှာရဲ့ တစ်ဖက်ခြမ်း`` Frontinspiece ပုံဖြစ်တယ်။
Euclid ရဲ့ အက္ခရာ ကိုပထမဦးဆုံး အင်္ဂလိပ်ဘာသာပြနလည်းဖြစ်တယ်။
အဲဒါက ၁၅၇၀ နှစ်မှ ပြန်ခဲ့တာဖြစ်တယ်။
သေချာတာကတော့ အလယ်ခေတ်မှာ ဂရိလို အရင်ရေးခဲ့တာဖြစ်တယ်။
အာရပ်တွေက ဒီအသိပညာကို ထိန်းသိမ်းပြီး အာရပ်ဘာသာဆီပြန်ခဲ့တယ်။
အလည်ခေတ်နောက်ပိုင်းမှာတော့ လက်တင်ဘာသာကို ပြန်တယ်၊ နောက်ပြီး အင်္ဂလိပ်ဘာသာပြန်ခဲ့တယ်။
``အားစိုက်ခဲ့ရတဲ့ခရီးရှည်`` ဆိုတာ ကျွန်တော်ပြောတာပါ၊ Euclid မဟုတ်ဘူး။
``ဒေါင့်မှန်တြိဂံရဲ့ အနားနှစ်ခုရဲ့ နှစ်ထပ်ကိန်းသည် ဒေါင့်မှန် ခံအရာနှစ်ထပ်နဲ့ညီတယ်။
အဲဒါမျိုးတွေပေါ့ `` အသေးစိတ်ကို ကျွန်တော်တို့ နောက်ကျမှ ရှင်းပါမယ်``
မှန်ကောင်းမှန်မယ်လောက်ကို မရောင့်ရဲချင်ဘူး၊ မှန်တယ်ဆိုတာကို သက်သေပြချင်တယ် လို့ သူကဆိုတယ်
အက္ခရာ ကိုရေးခဲ့ရာမှာ ၊ အထူးသဖြင့် Planer Geometry နဲ့ ပတ်သက်တဲ့ အတွဲ ၆ ခုမှာ
မှန်တယ်လို့ ယူဆချက် တွေနဲ့စခဲ့တယ်။
Grometry မှာဆိုရင် အဲ့ဒီ့ယူဆချက်တွေကို Axioms ဒါမှမဟုတ် Postulates တွေလိ့ဆိုတယ်။
အဲဒီ့ကနေစပြီး သူက သက်သေပြချက်၊ ကောက်နှုတ်တင်ပြချက်တွေ ရေးခဲ့တယ်။ အဲဒါတွေကို Theorems လို့လဲခေါ်တယ်။
ပြီးတော့ `` ဒါနဲ့ဒါနဲ့မှန်ခဲ့ရင် ဒီဟာက မှန်ရမယ် `` လို့သူကပြောခဲ့တယ်။
တခြားဟာတွေ မမှန်ဘူးဆိုတာလည်း သူက သက်သေပြနိုင်ခဲ့တယ်။
ဒါကအမှန်အကန် မဟုတ်ဘူးလို့ သက်သေပြနိုင်ခဲ့တယ်။
`` ငါထိုင်ခဲ့တဲ့ စက်ဝိုင်းတိုင်းမှာ ဒီအရည်အချင်းရှိတယ်`` လို့လဲ မပြောခဲ့ဘူး
``ဒါမှန်တယ်ဆိုတာ ကျွန်တော် သက်သေပြခဲ့တယ်`` လို့ဆိုတယ်။
အဲဒီ့ကနေဆက်ပြီး နောက်ထပ်ကောက်ချက်တွေ Theorems တွေကို ရှာတွေ့ခဲ့တယ်။
အရင်က မှန်တယ်လို့ လက်ခံခဲ့တဲ့အဆို Axioms တွေကို သုံးလို့ရပါတယ်။
ဒီမှာ ထူးခြားတာက အရင်က ဘယ်သူကမှ မလုပ်ခဲ့ဖူးဘူး။
ကျယ်ပြန့်တဲ့အသိပညာတစ်ခုလုံးအပေါ်မှာ သံသယနဲနဲမှ မရှိအောင်ကြိုးစားပြီး သက်သေပြခဲ့တယ်။
သူက ဒီမှာတစ်ခု ဟိုမှာတစ်ခုမဟုတ်ပဲ အသိပညာ အားလုံးပေါ်မှာ သက်သေပြခဲ့တယ်။
ဒီလိုနဲ့ Axiom, Postulates, Theorems, Propositions တွေကို ကြိုးပမ်းပြီး တစ်ခုပေါ်တစ်ခုဆင့်ပြီး ဆောက်ခဲ့တယ်။
Theorems တို့ Proposition တို့ဆိုတာ တကယ်တော့အတူတူပါပဲ။
Euclid ရေးပြီး နှစ်ပေါင်းနှစ်ထောင်လောက်( ကျောင်းသုံးစာအုပ်ရဲ့ အံ့မခန်းလောက်တဲ့ သက်တန့်)
Euclid ရဲ့ အက္ခရာကို နောကျေခဲ့ရင် လူတွေက ခင်ဗျားကို ပညာတက်လို့ မယူဆခဲ့ဘူး၊
အနောက်နိုင်ငံတွေမှာ Euclid ရဲ့ အက္ခရာစာအုပ်သည် ဒုတိယ အရောင်းကောင်းဆုံး ဖြစ်ခဲ့တယ်။
ခရစ်ယာန်ကျမ်းစာပြီးရင်။
အဲဒါက ကျမ်းစာပြီးရင် ဒုတိယ လိုက်တာက သင်္ချာစာအုပ်ဖြစ်တယ်။
ပုံနှိပ်စက်စထွက်တဲ့အချိန်မှာ သူတို့တွေကဆိုမယ်၊ ကျမ်းစာအုပ်ကို ထုတ်ရအောင် ပြီးတော့ ဘာထုတ်မလဲ
Euclid ရဲ့အက္ခရာ ကိုထုတ်ရအောင်
ဒါကတော်တော့ကိုကြာခဲ့တဲ့ အဖြစ်သည် အဲဒီ့အချိန်အထိ အကျုံးဝင်တယ်ဆိုတာ တွေ့ရမယ်။
၁၅၀-၁၆၀ နှစ် မတိုင်ခင်က
ဒီဟာက Abraham Lincoln ရဲ့ ကိုးကားချက်ဖြစ်တယ် (ထူးချွန်တဲ့
အမေရိကန်သမ္မတ တစ်ယောက်) ဒီ Abraham Lincoln ရဲ့ပုံကို ကျွန်တော်သဘောကျတယ်။
ဒါက Lincoln ရဲ့ အသက် ၃၀ နောက်ပိုင်းဓါတ်ပုံပေါ့။
သူက Euclid ရဲ့ အက္ခရာ ကို အရမ်းသဘောကျတယ်။ သူ့ရဲ့စိတ်က ဒီစာအုပ်ဖတ်ပြီး လေ့ကျင့်ခဲ့တယ်။
သူကမြင်းစီးနေတဲ့အချိန်မှာ Euclid ရဲ့ အက္ခရာကို ဖတ်မယ် ၊ သူက
သမ္မတရုံးမှာလဲ Euclid ရဲ့ အက္ခရာကိုဖတ်မယ်။
ဒါက Lincoln ရဲ့ တိုက်ရိုက် ကိုးကားချက်ဖြစ်တယ်။
`` ကျွန်တော်ဥပဒေပညာသင်ချိန်မှာ ၊ Demonstrate ဆိုတာ သက်သေပြတယ်ဆိုတာကို ခဏခဏ တွေ့ခဲ့တယ်။
ပထမတော့ အဓိပ္ပါယ်ကိုနားလည်တယ်လို့ထင်ခဲ့တယ်၊ နောက်ပိုင်းကျတော့ နားမလည်ခဲ့ဖူးလို့သိလာတယ်။
ကိုယ့်ဟာကိုယ်မေးကြည့်တယ်၊ သက်သေပြနိုင်တာထက်ကို ပိုပြီး ရှင်းပြရရင် ကျွန်တော်ဘာလုပ်ရမလဲ။
တခြားသက်သေပြချက်နဲ့ Demonstration က ဘာကွာသလဲ။
ဒါနဲ့ Lincoln က Demonstration ရဲ့ အဓိပ္ပါယ်သည် သံသယမရှိ သက်သေပြတာလို့ ဆိုတယ်
ပိုပြီး ကြိုးပမ်းရတဲ့ ရိုးရိုးကျေနပ်နိုင်တဲ့ အကျိုးအကြောင်းပြချက်ထက်ပိုတယ်
``ကျွန်တော် Webster အဘိဓမ္မါ မှာ ရှာကြည့်တယ်`` ( Lincoln ခေတ်က Webster ရှိခဲ့တယ်။)
`` တစ်ခုခုသက်သေပြနိုင်တယ်၊ သံသယမရှီလောက်အောင်၊ ဒါပေမယ့် ကျွန်တော်
ဘယ်လိုသက်သေပြရမလဲဆိုတာကို စဉ်းစားလို့မရဘူး ၊ ကြီးကျယ်တဲ့ အရာတွေကို
သံသယမရှိလောက်အောင်၊ ပုံမှန်မဟုတ်တဲ့ ဆင်ခြင်သုံးသပ်မှုမပါပဲ
Demonstration ကို ကျွန်တော်နားလည်တာက
တခြား အဘိဓမ္မာတွေ၊ အကိုးအကားစာစောင်တွေ ရှာပြီး လေ့လာကြည့်တယ်၊ ဒါပေမယ့် ဒါထက်ကောင်းတဲ့အဖြေမတွေ့ဘူး။
မျက်ကန်းကို အပြာ လို့ သတ်မှတ်သလိုဖြစ်နေတယ်။
ကျွန်တော်က ကိုယ့်ကိုယ်ကို `` Demonstrate ရဲ့ အဓိပ္ပါယ်မသိပဲ မင်းဘယ်လိုရှေ့နေလုပ်မလဲ`` လို့ဆိုတယ်။
ကျွန်တော်သည် Springfield ကထွက်ပြီး အဖေ့ရဲ့ အိမ်မှာ သွားနေတယ်။
Euclid ရဲ့စာအုပ်ခြောက်အုပ်မှာရှိတဲ့ ဘယ်ယူဆချက်မဆို ရွတ်နိုင်တဲ့အထိ
Planar Geometry နဲ့ဆိုင်တဲ့ စာအုပ်ခြောက်အုပ်ကို ပြောတာ
အဲဒီ့တော့မှ Demonstrate ရဲ့အဓိပ္ပါယ်ကို နားလည်ပြီးမှ ရှေ့နေပညာကို ပြန်ဆက်သင်တယ်
ထူးချွန်တဲ့ အမေရိကန်သမ္မတက ရှေ့နေကောင်းတစ်ယောက်ဖြစ်ဖို့ရာ
Euclid ရဲ့အက္ခရာ စာအုပ်ခြောက်အုပ်က ဘယ်ယူဆချက်ကို မဆို သက်သေပြနိုင်ရမယ်လို့ဆိုတယ်။
သူသမ္မတဖြစ်လာတဲ့အချိန်မှာ သူဆက်ပြီးလေ့ကျင့်ခဲ့လို့
သမ္မတကာင်းတစ်ယောက်ဖြစ်ခဲ့တယ်
ကျွန်တော်တို့ဒီ Geometry သင်တန်းအစီအစဉ်က အဲဒါကိုလေ့လာဒါဘဲ။
ကျွန်တော်တို့ လေ့လာရမှာက ဘယ်လိုကြိုးစားပြီး သက်သေပြရမလဲဆိုတာကို
ကျွန်တော်တို့သည် Euclid နှစ်ထောင်ကျော်က လေ့လာခဲ့သလို ဒီခေတ်ပုံစံနဲ့ပေါ့
ကျွန်တော်တို့ ပြောဆိုချက်တွေကို သေချာရအောင် အကွက်လုံအောင် အကျိုးအကြောင်းရှင်းပြရမယ်။
ကျွန်တော်တို့ ပြောတာကို သက်သေပြနိုင်ရမယ်။
တကယ်အခြေခံကျတဲ့ သင်္ချာကို ခင်ဗျားတို့က လေ့လာရမှာဖြစ်တယ်
သင်္ချာသည် တကယ်တော့ တွက်ချက်မှု ဒါပါပဲ
ဒီ Geometry (အခုတော့ Euclidean Geometry ပေါ့)
ဒါက တကယ်တော့ သင်္ချာဆိုတာပါပဲ
တစ်ချို့ဟာတွေကို ယူဆမယ် အဲဒီ့ကို မူတည်ပြီးမှာ တခြားဟာတွေကို ကောက်ချက်ချရမယ်။