ဒီ ဗွီဒီယို မှာ ကျွန်တော်တို့က အလင်းတန်း အဖြူ နှင့် အရောင် တို့၏ ဆက်သွယ်မှု့ကိုကြည့်မှာ ဖြစ်တယ်။ ၎င်းကို ၁၆၇၁ တွင် Royal society သို့ပို့သော စာတမ်းမှ Newton၏ Prism စမ်းသပ်မှု့ ကဏ္ဍတစ်ခု အားဖြင့် ပြုလုပ်မည် ဖြစ်သည်။ ဖြစ်ပေါ်လာပုံက တော့ Newton ခေတ်က လွှမ်းမိုးခဲ့ တဲ့ နိယာမ က အဖြူရောင် အလင်းတန်း သည် အလင်းတန်း အရောင် တစ်ခုဖြစ်ပြီး ထိုအရောင် မှ အခြား အရောင် များကို လုပ်နိုင် သည်ဟု ဖြစ်သည်။ ဥပမာ ဒီအနီရောင် ပလက်စတစ် ကို ဒီအဖြူရောင် အလင်းမှ အနီရောင် အလင်းသို့ ပြောင်းသွားခြင်းဟု ဖော်ပြတယ်။ အလင်းက ကြားခံနယ် နှစ်ခုမှာ ဘယ်လိုပြုမူတယ် ဆိုတာကို လည်းသူတို့သိတယ်။ ဥပမာ မျက်နှာပြင် တစ်ခု၏ တစ်ဘက်စီ မှာရှိ တဲ့ထောင့်တွေရဲ့ SIN အချိုးက ကိန်းသေ။(ကြားခံနယ်ကိုမစဉ်းစား ပါ) အဲ့ဒါက Snell's law ၏ ပုံစံဖြစ်တဲ့ ထောင့်တွေရဲ့ SIN အချိုးက ၎င်းကြားခံနယ်၏ refrative index တွေရဲ့ အချိုး ပြောင်းပြန်နှင့် ညီတယ်။ ကြားခံနယ်တစ်ခုရဲ့ refrative index က ထိုကြားခံနယ်ထဲသို့ ဖြတ်သွားတဲ့ အလင်း နှုန်းနှင့် ဆက်သွယ်နေတယ်။ ဒီ စာကြောင်းက အကယ်၍ ထောင့်ကိုသာပြောင်း လိုက်လျှင် မျက်နှာပြင် ဘာဖြစ်သွားမည်လဲလို့ တွေးစေတယ်။ ဒီသုံးမြှောင့်ဖန်တုံး ကဲ့သို့ ရှုပ်ထွေးသော ပုံစံတွေနှင့်လည်း ဆက်စပ်နေပါတယ်။ ၎င်းက ပထဝီပုံစံ တစ်မျိုးသာဖြစ်ပြီး ထောင့်တွေမှန်အောင် ညှိခြင်းသာဖြစ်တယ်။ Newton က အဝေးကြည့်မှန်ပြောင်း အတွက် မှန်ဘီလူး လုပ်နေချိန်မှာပဲ သုံးမြှောင့်ဖန်တုံး အရောင်တွေအကြောင်းကို လေ့လာရန် ဆုံးဖြတ်လိုက်တယ်။ ၎င်းအရောင်တွေက သုံးမြှောင့်ဖန်တုံးကို အဖြူရောင် အလင်းတန်း ဖြတ်သွားခြင်းကြောင့် ပေါ်လာခြင်း ဖြစ်သည်။ သင် ဟာ အဖြူရောင် အလင်းတန်းအချို့ကို သုံးမြှောင့် ဖန်တုံးထဲသို့ ဖြတ်စေ သောအခါ ထင်ထားတဲ့ အတိုင်း သက်တန့်ကိုတွေ့ရမှာ ဖြစ်တယ်။ ဒါပေမယ့် သူက အရောင်တွေပြန့်သွားတဲ့ ဘက်က ပုံစံတွေက ပိုကျယ်နေတယ်ဆိုတာကို သတိပြုမိတယ်။ အလင်းက SIN အချိုးကို လိုက်နာမယ်ဆိုရင် ပထဝီ အနေထားပေါ်မှာ အခြေခံတယ်။ ဒီတော့ ကျွန်တော်တို့က သက်တန့်ထဲမှ အရောင်တွေကို ခွဲကြည့်ပြီး ၎င်းတို့ကို သုံးမြောင့်ဖန်တုံးတွေထဲ ထပ်ဖြတ်စေ သောအခါ သက်တန့်မှာ ရှိတဲ့အရောင်တွေက သီးခြားအရောင်တွေဖြစ်တယ်လို့ သိလာမယ်။ ထိုအလင်းတွေက သုံးမြှောင့်ဖန်တုံးတွေကို ဖြတ်သွား တဲ့အခါ refrative index တွေ မတူကြောင်းသိရတယ်။ ထိုကြောင့် သူက သုံးမြှောင့်ဖန်တုံးထဲသို့ ဖြတ်သွားသော အဖြူရောင် အလင်းသည် အဖြူရောင် မဟုတ်။ ၎င်းက မတူသော အလင်းရောင် များ၏ အစုအဝေး ဖြစ်ပြီး သုံးမြှောင့်ဖန်တုံးက ၎င်းအလင်းတန်းများကို မတူသော refrative index များဖြင့် ခွဲပေး တယ်။ ဒီနိဂုန်း စိတ်ဝင်စားစရာ ကောင်းသော်လည်း ဘာဖြစ်နေလဲဆိုတာကိုတော့ သက်သေမကြနိုင်ဘူး အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့က ဒီအလင်းရောင်တွေကို ထုတ်ဖို့ သုံးမြှောင့်ဖန်တုံးကို သုံးနေရသေးသောကြောင့် ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့က အဖြူရောင်အလင်းမှ ထိုအရောင်တွေကို သုံးမြှောင့်ဖန်တုံးကို မသုံးဘဲ ထုတ်တဲ့ စမ်းသပ်မှု့ကို ပြုဖို့လို့တယ်။ ဒီစာ၏အဆုံးမှာ Newton က ယခင် စမ်းသပ်ချက် ကဲ့သို့ စမ်းသပ်ချက်တစ်ခုကို ပြောထားတယ်။ ပြီးတော့ အဲ့ဒီ system မှာ မှန်ဘီလူးကို သုံးတယ်။ ကျွန်တော်တို့က ဦးစွာ မှန်ဘီလူးကို ကားချပ်နှင့်ကပ်ထားတယ်။ ယခင် က ကျွန်တော်တို့တွေ့ခဲ့သော သက်တန့်ကိုပြန်တွေ့ရတယ်။ ဒီမှာတွေ့ရတဲ့ အလင်းတန်းက မှန်ဘီလူးကို ဖြတ်သွားတဲ့ အလင်းတန်း။ အပေါ်ကဟာက မှန်ဘီလူးပေါ်မကျတဲ့ ဟာဝ ကားချပ်ကိုရွှေ့လိုက်လျှင် အရောင်တွေထပ်သွားပြီး အဖြူရောင် အလင်းကို ပြန်တွေ့ရတယ်။ ကားချပ်ကို ဆက်ရွှေ့ကြည့်လျှင် ကျွန်တော်တို့ အရင်ကတွေ့ခဲ့တဲ့ သက်တန့်ကို ပြန်တွေ့ ရတယ်။ဒါပေမယ့် ပြောင်းပြန် ပေါ့။ ကားချပ်ကို ရွှေ့တာကြောင့် ဒီစမ်သပ်မှု့မှာ အရောင်ပြောင်ခြင်းမရှိပေ။ အရောင်ထပ်ခြင်းသာ ရှိသည်။ ဒါကြောင့် ကွန်တော်တို့ မြင်ရသော အဖြူရောင်အလင်း က အရောင် များပေါင်းထားခြင်းဖြစ်သည်ဟု နိဂုန်းချုပ်နိုင်တယ်။ ကျွန်တော်တို့က အဖြူအလင်းကို မြင်ရန် အရောင်တွေ မလိုပေ။ အကယ်၍သင် ဟာ ဒီဗီဒီယို ကို အိမ် ရှိ TV သို့မဟုတ် ကွန်ပျူတာ နှင့်ကြည့်နေလျှင် တွေ့နေ သောအဖြူအလင်းသည် အနီ အပြာ နှင့် အစိမ်း သာဖြစ်သည်။ ဒါပေမယ့် ကျွန်တော်တို့က သက်တန့်မှ အရောင်တွေ ပေါင်းမှာဖြစ်တယ်။ ဒါ တော်တော်သပ်ရပ်နေပြီ ကျွန်တော်တို့က အဖြူရောင် အလင်းကို သက်တန့်အဖြစ် ပြောင်းပြီး မှန်ဘီလူးကိုသုံးပြီး ၎င်းကို အဖြူရောင် အလင်းသို့ ပြန်ပြောင်းတယ်။ ဒါပေမယ့် ၎င်းက အဖြူအလင်း ကို အမှတ်တစ်ခု၌သာ ကျစေတယ်။ မှန်ဘီလူးနားမှ ခွာလျှင်ဖြစ်စေ ကပ်လျှင်ဖြစ်စေ သက်တန့်ကို ငေသတွ့ရဆဲပါပဲ။ ဒါကြောင့် ကျွန်တော်တို့ အစက ရှိတဲ့ အဖြူရောင် အလင်းတန်းကို ရမည့် နည်းရှိမလားဆိုတော့ ရှိပါတယ်။ ဒါပေမယ့် ထင် ထားဒါထက် ပိုရှုပ်တယ်။ ဒါကြောင့် ကျွန်တော်တို့က ယခင် သုံးမြှောင့်ဖန်တုံးနှင့် စပြီးတော့ နောက်တစ်ခုကို ဒီလိုထားမယ်။ တကယ်ဖြစ်နေတာက အဖြူရောင် အလင်းတန်းက ပြန့်ချိန် မရလိုက်ဘူး။ ဒါကြောင့် အဖြူကိုမြင် ရတယ်။ ဒါပေမယ့် သင့်မှာ အလွန် နူးညံ့တဲ့ ကိရိယာရှိလျှင်တော့ အရောင်ပြောင်းတာကို တွေ့နိုင် မည်။ ဒီ ဖန်တုံးကို ဝေးဝေး ရွှေ့လိုက်လျှင် မျက်စိနှင့်ပိုရှင်းစွာ တွေ့ရမှာ ဖြစ်တယ်။ ဒီမှာ အလင်းတန်း၏ အကျယ်ကို လိုက်ပြီး အရောင်ပြောင်းကြောင်း သိရတယ်။ အကယ်၍ အဲ့ဒီ သက်တန့်မှ အဖြူရောင် အလင်းကို ထုတ်လိုလျှင် Newton's optics တွင်ပြထားသော နည်းကိုလိုက်နာနိုင် တယ်။ ၎င်းက book1ရှိ သူ၏နောက်ဆုံး စမ်းသပ်ချက်မှ ဖြစ်တယ်။ ယခင် ကရှိတဲ့ ဖန်တုံးနှင့် စပြီး မှန်ဘီလူးတစ်ခုကို ထားတယ်။ အကြမ်းအားဖြင့် မှန်ဘီလူးက ၎င်း focal length ထက် နှစ်ဆရှိရမည်။ မှန်ဘီလူးမှ အနည်းငယ် အကွာတွင် သုံးမြှောင့်ဖန်တုံး ကိုထားပြီး ၎င်းအကွာအဝေးက လည်း focal length နှစ်ဆရှိရမည်။ ဖန်တုံးကို ပြင်ပေးပြီးသောအခါ ကျွန်တော်တို့ တွေ့ရတာက အဖြူရောင် အလင်းတန်း အကြမ်း ဖြစ်တယ်။ ယခု သင်ဟာ အရောင်တွေကို ရှုင်းရှုင်းလင်းလင်း မြင်ရအောင် focal length ကြီးတဲ့ မှန်ဘီလူးတွေနဲ့ system အကြီးတစ်ခု လုပ်သင့်တယ်။ ဒါဆို ကြည်လင် ပြတ်သားတဲ့ အလင်းတန်းကို ရမှာပေါ့။ ဒါလည်းအလုပ်ဖြစ်ပါ တယ်။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စိတ်ဝင်စားမယ်လို့ မျှော်လင့်ပါတယ်။ Newton's optics အကြောင်းကို လေ့လာလို လျှင် အောက်ပါ resores နှစ်ခုကို အကြံပြုပါတယ်။ တစ်ခုက Newton ၏ optics စာအုပ် copy များရနိုင် မည့် Project Gutenberg နှင့် အခြားတစ်ခု Newton စာတမ်း copy အများဆုံးရနိုင် တဲ့ The Newton Project တို့ဖြစ်တယ်။