Equivalent fraction word problem example 4 ဆာရာ မှာ ၄၈ ဒေါ်လာရှိတယ်။ သူမက ခရီးတစ်ခု ထွက်ဖို့အတွက် အဲဒီ ပိုက်ဆံရဲ့ သုံးပုံတစ်ပုံကို စုချင်တယ်။ ဘယ်လောက် စုရမလဲ။ အခြေခံအားဖြင့် စဉ်းစားရရင် ၄၈ ရဲ့ သုံးပုံ တစ်ပုံက ဘယ်လောက်လဲလို့စဉ်းစားမှာဖြစ်တယ်။ ၄၈ကို ပိုင်းခြေမှာ ထားပြီး သုံးပုံ တစ်ပုံနဲ့ တန်ဖိုးတူတဲ့ အပိုင်းကိန်းတစ်ခုကို ရှာရမှာဖြစ်တယ်။ ဒီပုစ္ဆာမှာ ကျွန်နုပ်တို့ကို ရှာခိုင်းထားတာက သူမပိုက်ဆံရဲ့ သုံးပုံတစ်ပုံကိုဖြစ်တယ်။ ဒါပေမယ့် ပိုင်းခြေမှာ ၄၈ရှိတဲ့ အပိုင်းကိန်းတစ်ခု အသွင်နဲ့ အဖြေကို ရှာရမှာပါ။ ဆိုတော့ ဒီအပေါ်က ကွက်လပ်(ပိုင်းဝေ) ကတစ်ခုခုနဲ့ညီလိမ့်မှာဖြစ်တယ်။ ပိုင်းခြေ ကတော့၄၈ ပါ။ ဒီအပေါ်ကအဖြေကို ဘယ်လိုရနိုင်မလဲ ဆိုတာကတော့ ခဏစဉ်းစားကြည့်ရအောင်။ သုံးပုံတစ်ပုံကို ပုံဆွဲကြည့်ရင် သေတ္တာတစ်ခု၊ ဒါမှမဟုတ် မုန့်တစ်ချပ်ကို စိတ်ကူးကြည့်လိုက်ပါ။ ဒီမုန့်တစ်ခုကကျွန်ုပ်ဟာလို့စဉ်းစားကြည့်ရအောင်။ သုံးပိုင်း ပိုင်းလိုက်မယ်။ သုံးပိုင်း အညီအမျှ ခွဲလိုက်မယ်။ ဒီသုံးပိုင်း ထဲက တစ်ပိုင်းက မုန့်တစ်ချပ်ရဲ့ သုံးပုံတစ်ပုံပေါ့။ သုံးပုံတစ်ပုံဆိုတာ ဒီအဓိပ္ပါယ်ပါ။ သုံးပိုင်းတစ်ပိုင်း ၊ပိုင်းခြေ ၄၈ ရှိတဲ့ အပိုင်းကိန်းကိုဖော်ပြချင်တယ်ဆိုရင် ဘယ်လိုရှာနိုင်မလဲ။ ဒီမုန့်ကို ၄၈ပိုင်း ခွဲကြည့် ကြရအောင်။ ၄၈ပိုင်းရအောင် ဘယ်လိုခွဲနိုင်မလဲ။ ၁၆ သုံးလီ ၄၈ဆိုတော့ တစ်ခုစီကို ၁၆ပိုင်း ခွဲကြည့်ရင် ဒီမှာ ဆွဲဖို့တော့ နည်းနည်းခက်လိမ့်မယ်။ ဒါပေမယ့်စိတ်ကူးကြည့်လို့ရတယ်။ အရင်ဆုံး ၂ပိုင်းခွဲလိုက်မယ်၊ ပြီးတော့ ၄ပိုင်း၊ ပြီးတော့၈ပိုင်း။ လိုင်းတွေ အများကြီးဖြစ်လာတာက်ုတွေ့လိမ့်မယ်။ စိတ်ကူးထဲမှာ ခွဲကြည့်လိုက်လ်ူ့ရတယ်။ ၁၆ပိုင်းရတဲ့အထိ ခွဲကြည့်လိုက်ပါ။ ဒီမှာ ၁၆ပိုင်းရလာလိမ့်မယ်။ ဒီမှာလည်း ၁၆ပိုင်း၊ ဒီမှာလည်း ၁၆ပိုင်းရလာလိမ့်မယ်။ ဒီလိုပဲ ဆက်ခွဲနေလို့ရတယ်။ အစိမ်းရောင်နဲ့အပိုင်းတွေ ဆက်ခွဲကြည့်လိုက်ရအောင်။ ဆက်ခွဲရင် ၄၈ပိုင်းရပါလိမ့်မယ်။ ဒီပထမပိုင်းမှာ ၁၆ပိုင်း၊ ဒီတစ်ခုမှာ ၁၆ပိုင်း၊ နောက်ပြီး ဒီတစ်ခုမှာ ၁၆ပိုင်းရှိမှာဖြစ်တယ်။ အားလုံးပေါင်းရင် ၄၈ပိုင်း ရှိမှာပါ။ ဒီတော့ သုံးပုံတစ်ပုံက ဘာကိုကိုယ်စားပြုမလဲ။ ၄၈ခုထဲက ၁၆ခုကိုကိုယ်စားပြုမှာဖြစ်တယ်။ ဒီ၁၆ခုကိုကိုယ်စားပြုတာဖြစ်တယ်။ ၄၈ပုံ၁၆ပုံက သုံးပုံတစ်ပုံနဲ့ တူတူပါပဲ။ ၁ အစား ၃ က ၁၆ အစား ၄၈နဲ့ တူတူပဲလေ။ အခု ကျွန်တော်တို့ 1/3 အမြောက် 48လို့စဉ်းစားပြီးတော့ ဖြေလိုက်တာပါ။ စနစ်တကျ လုပ်မယ်ဆိုရင်တော့ ဒီပိုင်းခြေ ၃ ကို ၄၈ ဖြစ်အောင် ၁၆နဲ့ မြှောက်ရမှာဖြစ်တယ်။ ၁၆ သုံးလီက ၄၈။ သုံးပိုင်းကနေ ၄၈ပိုင်းဖြစ်အောင် လုပ်လိုက်တာဖြစ်တယ်။ ၁၆နဲ့ မြှောက်လိုက်တာဖြစ်တယ်။ အပိုင်း တစ်ပိုင်းစီကို ၁၆ပိုင်းရအောင် လုပ်လိုက်တာလေ။ ပိုင်းခြေတစ်ခုထဲကိုပဲ ၁၆နဲ့မြှောက်လို့ မရဖူး။ ပိုင်းဝေကိုလည်း ၁၆နဲ့ မြှောက်ရပါမယ်။ အပိုင်းတစ်ခုစီက ၁၆ပိုင်းဖြစ်သွားရင်၊ တစ်ပိုင်းက၁၆ပိုင်းနဲ့ညီသွားမှာဖြစ်တယ်။ နောက်တစ်နည်း စဉ်းစားရင်တော့ ၃ ကို ၁၆နဲ့ မြှောက်ရင် ၄၈၊ ပိုင်းဝေ ၁ ကို ၁၆နဲ့ မြှောက်တော့ ၁၆ဖြစ်သွားလိမ့်မယ်။ အဲဒီတော့ ၃ပိုင်း၁ပိုင်းဟာ ၄၈ပိုင်း၁၆ပိုင်းနဲ့ ညီမျှတယ်။ နောက်တစ်နည်း စဉ်းစားလို့ရတာကတော့၊ ကျွန်တော်တို့ ၄၈ရဲ့ ၃ပုံ၁ပုံကို လိုချင်တယ်မလား။ သူမ စုချင်တဲ့ ပိုက်ဆံက အဲဒီလောက်ပါ။ ၄၈ကို ၃ပိုင်း၁ပိုင်းနဲ့ မြှောက်တာက 1/3 ကို48 နဲ့မြောက်တာနဲ့တူတယ်။ 1/3 ကို48 နဲ့မြောက်ရင် 48ကို အပိုင်းကိန်းလိုပြန်ရေးရင်1/48 ပေါ့။ ၄၈ တစ်ခုလုံးကိုဖော်ပြတာဖြစ်တယ်။ ဒီအပိုင်းကိန်းတွေကိုမြောက်မယ်ဆိုရင် ပိုင်းဝေတွေက်ုအရင်မြောက်လိုက်မယ်။ ပြီးတော့ ပိုင်းခြေတွေကို မြောက်လိုက်မယ်လေ။ 48/3, 1 နဲ့48မြောက်တာဟာ 48 နဲ့ညီတယ်။ အသေးစိတ် အချက်အလက်တွေကို နောက်ဗီဒီိယိုတွေထဲမှာ ရှင်းပြပါမယ်။ အခုနည်းနည်း ရှုပ်နေရင် စိတ်မပူနဲ့။ ပိုင်းခြေမှာ ၃×၁ က ၃ ဖြစ်ပြီး ၄၈ အစား ၃ ကတော့ ၁၆ ဖြစ်တယ်။ အဲဒီတော့ ၄၈ရဲ့ ၃ပုံတစ်ပုံက ၄၈ပုံ၁၆ပုံ နဲ့ညီသွားမှာဖြစ်တယ်။ နှစ်ခုလုံးရဲ့အဖြေက 16 ရမှာဖြစ်တယ်။ နားလည်မယ်လို့ မျှော်လင့်တယ်နော်။