1 00:00:07,992 --> 00:00:11,020 ဒီတော့ ဒီကမ္ဘာကြီးအတွင်းမှာ သေမင်းတမန်တွေ အများကြီးရှိပါတယ်။ 2 00:00:11,230 --> 00:00:14,081 ကျွန်မတို့မှာ ဗုံးတွေ၊ သေနတ်တွေ၊ နာမကျန်းမှုတွေရှိတယ်၊ 3 00:00:14,966 --> 00:00:17,463 ဒါပေမဲ့ကျွန်မ အထင် အားလုံးထဲမှာ အဆိုးဆုံး သေမင်းတမန်က 4 00:00:17,623 --> 00:00:18,683 စိတ်ဖိစီးမှုပါ။ 5 00:00:18,683 --> 00:00:22,214 ခန္ဓာက လူသားမျိုးနွယ်တို့ သိကြတဲ့ ယန္တရားရဲ့ အရှုပ်ထွေးဆုံးအစိတ်အပိုင်းပါ။ 6 00:00:22,315 --> 00:00:24,851 အင်ဂျင်နီယာတွေဟာ လူ့ခန္ဓာကိုယ်လို ထက်ဝက်လောက်တောင် 7 00:00:24,851 --> 00:00:27,680 ကောင်းကောင်းလုပ်တဲ့ စက်တည်ဆောက်တာ ကို အိပ်မက်သာမက်နိုင်တယ်။ 8 00:00:28,160 --> 00:00:30,417 လူ့ခန္ဓာကို ဘယ်သူ ထိန်းချုပ်လဲ၊မှန်းကြည့်ပါ။ 9 00:00:30,609 --> 00:00:31,716 ဦးနှောက်ပါ။ 10 00:00:33,864 --> 00:00:35,200 သင် စိတ်ဖိစီးတဲ့အခါ 11 00:00:35,870 --> 00:00:39,660 သင့်ဦးနှောက်က စိတ်ဖိစီးမှု ဟိုမုန်းတစ်ခု ဖြစ်တဲ့ ကော်တီဇောကို ထုတ်ပေးတယ်။ 12 00:00:40,080 --> 00:00:42,283 ကျန်းမာတဲ့ စိတ်ဖိစီးမှု အများကြီးရှိပေမဲ့ 13 00:00:42,283 --> 00:00:45,553 အသက်အန္တရာယ်ပြုနိုင်ဖို့ အလားအလာလည်းရှိပါတယ်။ 14 00:00:46,630 --> 00:00:51,627 ဦးနှောက်မှာ ကော်တီဇော အထပ်ထပ်ထုတ်လွှတ်မှုက ဦးနှောက် ယိုယွင်းမှု ဖြစ်စေနိုင်တယ်။ 15 00:00:51,930 --> 00:00:56,003 ပရိသတ်အပေါင်းတို့ရှင့် ဒါက ကျန်းမာစေတဲ့ စိတ်ဖိစီးမှုက 16 00:00:56,003 --> 00:00:58,103 သေမင်းတမန်အဖြစ် ပြောင်းသွားတဲ့နေရာပါ။ 17 00:00:58,640 --> 00:01:03,190 ဒီတော့ ပေါင်းမြက်တစ်ပင်ကို သတ်ဖို့ ဒါကို အမြစ်ကနေ ဆွဲထုတ်ပစ်ဖို့လိုပါတယ်။ 18 00:01:03,190 --> 00:01:07,570 ဒီအဖြစ်မှာတော့ ပြဿနာရဲ့ ရင်းမြစ်ဟာ စိတ်ဖိစီးမှုဖြစ်လိမ့်မယ်။ 19 00:01:08,003 --> 00:01:09,063 ဒါကိုပဲ တွေးကြည့်ပါ။ 20 00:01:09,063 --> 00:01:13,880 စိတ်ဖိစီးမှုနဲ့ နစ်နေတဲ့ သင့်တစ်နေ့တာရဲ့ ကြီးမားတဲ့ ပမာဏတစ်ခုကို သင်ကုန်ဆုံးတယ်။ 21 00:01:13,880 --> 00:01:15,596 သင့်စာမေးပွဲတွေက နီးလာနေတယ်။ 22 00:01:15,676 --> 00:01:17,363 သင့်အလုပ်ရှင်က သင့်ကို မကျေနပ်ဘူး။ 23 00:01:17,363 --> 00:01:18,752 ငွေတောင်းလွာတွေ စုပုံလာတယ်။ 24 00:01:18,968 --> 00:01:22,566 ဒါက ဆက်တိုက် ဖြစ်ဖြစ်နေတယ်။ 25 00:01:22,566 --> 00:01:27,708 ကဲ ဒီအပျက်သဘော အတွေးတွေအားလုံးကို ယင်ကောင်တွေလို့ စိတ်ကူးကြည့်ပါ။ 26 00:01:28,021 --> 00:01:32,309 ကျယ်လောင်ပြီး စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ယင်ကောင်တွေက တဝီဝီမြည်တာ ရပ်မှာ မဟုတ်ဘူး။ 27 00:01:32,785 --> 00:01:34,568 ဒါပေမဲ့ ပြဿနာက ဒီမှာပါ။ 28 00:01:34,968 --> 00:01:36,778 ဒီယင်ကောင်တွေကို သင် ရှင်းဖို့လိုတယ်။ 29 00:01:36,778 --> 00:01:39,114 ဒါပေမဲ့ ဒီယင်ကောင်တွေကို ဘယ်လို ရှင်းမလဲ။ 30 00:01:39,114 --> 00:01:42,514 စကားအဖြစ်ပြောတဲ့ ယင်ကောင်တွေကို ရှင်းထုတ်ဖို့ ယင်နိုင်ဆေး 31 00:01:42,514 --> 00:01:43,652 ဖျန်းလို့မရဘူးလား။ 32 00:01:43,652 --> 00:01:45,612 ကောင်းပါပြီ၊ အဖြေရှိပါတယ်။ 33 00:01:45,936 --> 00:01:48,364 စကားအဖြစ်ပြောတဲ့ ယင်တွေကို ရှင်းထုတ်ဖို့ 34 00:01:48,364 --> 00:01:50,704 စကားအဖြစ်ပြောတဲ့ ယင်နိုင်ဆေး ဖျန်းလို့ရပါတယ်။ 35 00:01:50,924 --> 00:01:52,174 ဒါကတော့ 36 00:01:52,699 --> 00:01:54,269 ကမ္မဋ္ဌာန်းထိုင်ခြင်းပါ။ 37 00:01:54,439 --> 00:01:56,384 [ကမ္မဋ္ဌာန်းထိုင်ခြင်း] 38 00:01:56,384 --> 00:01:58,769 ကမ္မဋ္ဌာန်းထိုင်ရာမှာ မိမိကိုယ်တွင်းကို ကြည့်တယ်။ 39 00:01:58,849 --> 00:02:01,885 သင် အစစ်အမှန် ဖြစ်နေတဲ့ ပုဂ္ဂိုလ်ကို အာရုံစိုက်ပြီး 40 00:02:02,102 --> 00:02:04,993 သင့်အနားမှာရှိတဲ့ အခြားအရာတိုင်းကို မေ့ထားလိုက်ပါတယ်။ 41 00:02:04,993 --> 00:02:07,422 ခံစားချက်တွေကို တွေ့ပြီး ဒါတွေကို လွှတ်ပေးသင့်တယ်။ 42 00:02:07,422 --> 00:02:09,200 ဒါကို ကိုယ်တွင်းမှာ မထားပါနဲ့။ 43 00:02:09,200 --> 00:02:10,933 ဒါက ဆိုဒါ ပုလင်းတစ်လုံးလိုပါပဲ။ 44 00:02:10,933 --> 00:02:13,384 ဆိုဒါပုလင်းကို သင် လှုပ်ရင် အဖျားက ပွင့်ထွက်ပြီး 45 00:02:13,384 --> 00:02:16,017 ဆိုဒါက နေရာအနှံ့မှာ လွင့်စဉ်သွားတယ်။ 46 00:02:16,352 --> 00:02:19,122 သင်တို့ခေါင်းထဲမှာ မနှစ်သက်စရာ ပုံတစ်ပုံကို မထည့်ချင်ပေမဲ့ 47 00:02:19,122 --> 00:02:22,449 သင်တို့ဦးနှောက်မှာ အလားတူ ဖြစ်ပျက်နေတယ်လို့ စိတ်ကူးကြည့်ပါ။ 48 00:02:22,629 --> 00:02:23,790 အမလေးလေး။ 49 00:02:25,068 --> 00:02:26,093 ကောင်းပါပြီ။ 50 00:02:26,093 --> 00:02:29,856 ဒါပေမဲ့ "မိမိရဲ့အဇ္ဈတ္တအတွင်း ပိုနက် ရှိုင်းစွာ ရောက်ရှိမှု" သိပ္ပံနည်းမကျတဲ့ 51 00:02:29,930 --> 00:02:33,024 မှော်လိုလို၊ နတ်လိုလိုဆိုတာကို သင်တို့ မယုံကြည်ရင် 52 00:02:33,024 --> 00:02:35,814 နည်းနည်း ပိုပြီး အယုံအကြည်မဲ့ လောက်တဲ့ သူတွေအတွက​် 53 00:02:35,814 --> 00:02:39,244 ကျွန်မမှာ သိပ္ပံနည်းကျတဲ့ ရှင်းလင်းချက်တစ်ခု ရှိပါတယ်။ 54 00:02:39,664 --> 00:02:43,939 ကမ္မဋ္ဌာန်းထိုင်ခြင်းဟာ ရုပ်ပိုင်းအရ ထူလာစေတယ်၊ သင် ကြားတာက "ရုပ်ပိုင်းအရ"ပါ။ 55 00:02:43,939 --> 00:02:47,284 သင့် နားပန်ရှေ့ပိုင်းကို ရုပ်ပိုင်းအရ ထူလာစေတာပါ။ 56 00:02:47,284 --> 00:02:49,962 ဟောဒီ အဝါရောင် ဧရိယာပါ၊ ဦးနှောက်ရဲ့အစိတ်အပိုင်းတစ်ခုပါ။ 57 00:02:49,962 --> 00:02:50,979 ကောင်းပါပြီ။ 58 00:02:50,979 --> 00:02:52,955 နားပန်ရှေ့ပိုင်းကို ရုပ်ပိုင်းအရထူစေတယ်။ 59 00:02:52,955 --> 00:02:57,021 ဒါက အကျိုးဆက်အဖြစ် အာရုံစိုက်မှုနဲ့ ဖန်တီးနိုင်စွမ်း အဆင့်တွေကို တိုးစေတယ်။ 60 00:02:57,841 --> 00:03:03,981 ကမ္မဋ္ဌာန်းထိုင်တာက သွေးပေါင်မြင့်တာအတွက် ဖြေရှင်းနည်း အနေနဲ့ပါ လုပ်ဆောင်နိုင်တယ်။ 61 00:03:04,150 --> 00:03:08,365 သွေးပေါင်မြင့်တာက မကုသဘဲထားရင် နှစ်စဉ် ထောင်ချီတဲ့ လူတွေကို သေစေတဲ့ 62 00:03:08,365 --> 00:03:11,030 စိုးရိမ်စရာ နှလုံးရောဂါတွေ ဖြစ်စေနိုင်တယ်။ 63 00:03:11,410 --> 00:03:14,163 နောက်ထပ် အပယိကဖျားနာမှု ကမ္မဋ္ဌာန်းထိုင်တာက စိတ်ဓာတ်ကျတာ 64 00:03:14,163 --> 00:03:15,713 အတွက် ဖြေရှင်းနည်းတစ်ခုပါ။ 65 00:03:15,873 --> 00:03:20,751 သိလောက်ကြတဲ့အတိုင်း စိတ်ဓာတ်ကျတာဟာ ဖိစီးမှုရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်တယ်။ 66 00:03:21,536 --> 00:03:25,252 ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကောက်ယူထားတဲ့ စစ်တမ်းဒအရ 67 00:03:25,252 --> 00:03:26,914 ဘယ်တုန်းက ဆိုတာတော့ မသိဘူး၊ 68 00:03:27,432 --> 00:03:31,212 ကျွန်မတို့ ကမ္ဘာမှာ ခန့်မှန်းခြေအားဖြင့် လူ ၃၁၅ သန်းဟာ စိတ်ဓာတ်ကျတာကို 69 00:03:31,212 --> 00:03:32,336 ခံစားနေရပြီး 70 00:03:32,336 --> 00:03:34,672 အရေအတွက်က ဆက်ပြီးသာ တိုးနေတာပါ။ 71 00:03:35,152 --> 00:03:38,599 စိတ်ဓာတ်ကျတာဟာ အဆိုးဆုံးအခြေအနေမှာ မိမိကိုယ်ကိုယ် သတ်သေတဲ့အထိဖြစ်နိုင်တယ် 72 00:03:38,599 --> 00:03:41,378 ဒီအစီအစဉ် အစောပိုင်းတုန်းက သိခဲ့ကြသလို 73 00:03:41,378 --> 00:03:46,225 ခန့်မှန်းခြေ လူ ၁ သန်းဟာ နှစ်စဉ် မိမိကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားကြတယ်။ 74 00:03:47,412 --> 00:03:48,832 ဒီတော့ 75 00:03:49,983 --> 00:03:54,532 အခု အိပ်မရတဲ့ရောဂါကလည်း ကမ္မဋ္ဌာန်း ထိုင်ခြင်းနဲ့ ကုသနိုင်တာ တစ်ခုပါ။ 76 00:03:54,532 --> 00:03:57,558 အိပ်မရတဲ့ရောဂါဆိုလို့ ဒီမှာ အခြားအရာတစ်ခု အစပျိုးပေးပါဦးမယ်။ 77 00:03:57,558 --> 00:03:59,077 သင်တို့ သိကြပါတယ်နော်။ 78 00:03:59,077 --> 00:04:02,405 ဒီတော့ ကျွန်မရဲ့ အဖိုးက ဦးနှောက်ကင်ဆာ ​ဝေဒနာရှင်ပါ။ 79 00:04:02,405 --> 00:04:05,513 လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ့မှာ ဦးနှောက်ကင်ဆာရှိတာ တွေ့ရှိခဲ့ပြီး 80 00:04:05,513 --> 00:04:07,600 ခွဲစိတ်မှုရဲ့ အကျိုးဆက်ကြောင့်ပါ။ 81 00:04:07,870 --> 00:04:12,930 ဒါနဲ့ မကြာခင်ကပဲ သူ စတင် ကမ္မဋ္ဌာန်းထိုင် ခဲ့တယ်၊ အိပ်ရာမဝင်ခင် ညတိုင်းဆိုပါတော့။ 82 00:04:12,930 --> 00:04:16,308 (သို့) တစ်ခါတစ်ခါလေ (လေသံဖြင့်) တစ်ခါတစ်လေ ပျက်တာတွေတော့ရှိတာပေါ့။ 83 00:04:16,780 --> 00:04:19,731 သူဟာ အိပ်ရာမဝင်ခင် ညတိုင်းနီးပါး စတင် ကမ္မဋ္ဌာန်းထိုင်ခဲ့ပြီး 84 00:04:19,731 --> 00:04:23,890 အကျိုးဆက်အနေနဲ့ အိပ်ဆေးတွေမပါဘဲ နှစ်ချိုက်စွာ သူ အိပ်လို့ရတာပါ။ 85 00:04:24,287 --> 00:04:26,167 အခု ကမ္မဋ္ဌာန်းထိုင်တဲ့လုပ်ငန်းစဉ်ဆိုတာ 86 00:04:26,167 --> 00:04:29,167 ဘယ်လိုမျိုးဆိုတာရဲ့ အတိုချုပ် သဘောတစ်ခုတစ်ခုကို ပေးဖို့ပါ။ 87 00:04:29,167 --> 00:04:30,262 (သိမ်မွေ့သော ဂီတသံ) 88 00:04:30,262 --> 00:04:31,567 ဒီတော့ 89 00:04:32,300 --> 00:04:33,483 ကြွက်သားတွေကို လှုပ်ပါ။ 90 00:04:33,483 --> 00:04:35,088 ဟိုဒီ နည်းနည်း ရွှေ့လိုက်ပါ။ 91 00:04:35,088 --> 00:04:36,954 လက်မောင်းတွေကို လှုပ်လိုက်ပါ။ 92 00:04:37,024 --> 00:04:38,774 သင့်ခုံအတွင်းမှာ ဟိုဒီလွှဲပါ။ 93 00:04:39,384 --> 00:04:40,624 စတင် ရွေ့လိုက်ပါ။ 94 00:04:43,645 --> 00:04:45,425 အခု စိတ်ကို လျှော့ထားပါ။ 95 00:04:45,425 --> 00:04:46,527 လက်မောင်းတွေ ချလိုက်ပါ။ 96 00:04:46,527 --> 00:04:48,050 မျက်လုံးတွေ မှိတ်လိုက်ပါ။ 97 00:04:51,580 --> 00:04:54,990 သင့်ပတ်ဝန်းကျင်အတွင်းက အသံတွေကို နားထောင်ပါ။ 98 00:05:08,813 --> 00:05:10,900 သင့်အနားမှာရှိတာကို လက်ခံလိုက်ပါ။ 99 00:05:13,264 --> 00:05:16,940 ဒီတဒင်္ဂအတွင်း သင်ရှိနေတဲ့ နေရာကို အာရုံစိုက်ပါ။ 100 00:05:35,892 --> 00:05:39,621 သင့်ခန္ဓာကိုယ်ထဲမှာ မသက်မသာ ဖြစ်တာတစ်ခုခု ရှိလားဆိုတာ သတိပြုပါ။ 101 00:05:50,452 --> 00:05:54,440 သင့်ပတ်ဝန်းကျင်အတွင်းမှာပဲ နေသာထိုင်သာဖြစ်အောင် ကြိုးစားပါ။ 102 00:06:27,508 --> 00:06:29,150 အသက်ရှူသွင်းပါ။ 103 00:06:31,860 --> 00:06:34,420 အသက်ရှူထုတ်ပါ။ 104 00:06:56,546 --> 00:07:00,655 လောလောဆယ် သင် ခံစားနေရလောက်တဲ့ ခံစားမှုတွေဆီ ရောက်အောင်သွားပါ။ 105 00:07:31,442 --> 00:07:33,958 အသက်ပြင်းပြင်း ရှူသွင်းပါ။ 106 00:07:46,878 --> 00:07:49,274 အသက်ရှူထုတ်ပါ။ 107 00:08:05,977 --> 00:08:08,187 ဖြည်းဖြည်းနဲ့ မှန်မှန်ပါ။ 108 00:08:08,407 --> 00:08:11,503 အသင့်ဖြစ်ပြီလို့ ခံစားရတိုင်းမှာ အခု မျက်လုံးတွေ ဖွင့်နိုင်ပါပြီ။ 109 00:08:16,577 --> 00:08:18,639 ဒီတော့ ဒါက ကမ္မဋ္ဌာန်းထိုင်တာပါ။ 110 00:08:19,219 --> 00:08:22,158 တဒင်္ဂအတွင်းမှာရှိနေတာက ငါးမိနစ်ပဲဆိုရင်တောင် 111 00:08:22,158 --> 00:08:24,354 ရာနှုန်းပြည့်တစ်ခုပါ။ 112 00:08:25,057 --> 00:08:29,726 ဒီတော့ ဒီအစီအစဉ်တစ်ခုလုံးရဲ့ အကြောင်းအရာက ပြောင်းလဲမှုရဲ့ အလှတရားပါ။ 113 00:08:29,726 --> 00:08:31,412 အခု အားလုံးကို လုပ်စေချင်တာက 114 00:08:31,412 --> 00:08:35,864 ကမ္မဋ္ဌာန်းထိုင်တာကို သင်တို့ရဲ့ နေထိုင်မှု ဘဝပုံစံထဲမှာ ပေါင်းစပ်ဖို့ပါ။ 115 00:08:36,502 --> 00:08:39,884 ဒီအတွေ့အကြုံက သင်တို့ရဲ့ စိတ်သဘောထားကို ပြောင်းလဲပါစေ။ 116 00:08:40,224 --> 00:08:43,090 ဒါက သင်တို့ဘဝမှာ သင်တို့ကို ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်။ 117 00:08:43,300 --> 00:08:45,770 (လက်ခုပ်သံများ)