1 00:00:06,792 --> 00:00:11,725 အသက်ရှုတိုင်းကိရိယာဟာ လွန်ခဲ့တဲ့နာရီများစွာက အရက်သောက်ထားသူရဲ့ 2 00:00:11,725 --> 00:00:16,341 သွေးထဲကအရက်ကို ထွက်သက်ကိုတိုင်းရုံနဲ့ ဘယ်လိုအာရုံခံနိုင်တာလဲ? 3 00:00:16,341 --> 00:00:20,891 ထွက်သက်မှာ အငွေ့ပျံတတ်တဲ့ အော်ဂဲနစ်ကွန်ပေါင်း ရာထောင်ချီအောင် 4 00:00:20,891 --> 00:00:23,351 ပါဝင်ပြီး ဒီကွန်ပေါင်းတွေဟာ 5 00:00:23,351 --> 00:00:27,835 အငွေ့တွေလို ပေါ့ပါးတဲ့ မော်လီကျူးတွေပါ။ 6 00:00:27,835 --> 00:00:32,434 အရက်တွေမှာပါတဲ့ အီသနောဟာ ဒီထဲကတစ်ခု ဖြစ်တာမို့ 7 00:00:32,434 --> 00:00:36,409 သွေးထဲမှာလှည့်လည်နေရင်း အဆုတ်ထဲက လေအိတ်ငယ်လေးတွေဆီရောက်ကာ 8 00:00:36,409 --> 00:00:41,148 ထွက်သက်တွင်းကို ရောက်ရှိသွားပါတယ်။ ဒီပမာဏဟာ သွေးထဲက ပမာဏထက် 9 00:00:41,148 --> 00:00:43,413 အဆနှစ်ထောင် ပိုလျော့ပါတယ်။ 10 00:00:43,413 --> 00:00:45,815 လူတစ်ယောက် အသက်ရှူတိုင်းကိရိယာနဲ့ အသက်ရှူတဲ့အခါ 11 00:00:45,815 --> 00:00:49,865 ထွက်သက်မှာပါတဲ့ အီသနောဟာ ဓာတ်ပြုခန်းထဲကို ရောက်သွားပါတယ်။ 12 00:00:49,865 --> 00:00:53,893 အဲ့သည့်မှာ အီသနောကို Acetic အက်ဆစ်အဖြစ် ပြောင်းလဲလိုက်ပါတယ်။ 13 00:00:53,893 --> 00:00:58,907 အထူးဓာတ်ပေါင်းဖိုက ဒီဓာတ်ပြုခြင်းကနေ လျှပ်စီးလမ်းကြောင်း ဖြစ်လာစေပါတယ် 14 00:00:58,907 --> 00:01:02,025 ဒီလျှပ်စီးပမာဏဟာ သွေးကနေတဆင့် 15 00:01:02,025 --> 00:01:05,754 ထွက်သက်ထဲရောက်လာတဲ့ အီသနောပမာဏကို ညွှန်ပြနေပါတယ်။ 16 00:01:05,754 --> 00:01:08,934 အီသနောလို အငွေ့ပျံလွယ်တဲ့ ကွန်ပေါင်းတွေဟာ 17 00:01:08,934 --> 00:01:11,040 ကျွန်တော်တို့ စားသောက်ဖွယ်ရာတွေထဲ ပါသလို 18 00:01:11,040 --> 00:01:14,884 ကျွန်တော်တို့ဆဲလ်တွေ ဇီဝဓာတုဖြစ်စဥ်တွေကလဲ ထုတ်လွှတ်ပါတယ်။ 19 00:01:14,884 --> 00:01:18,474 ဒါကြောင့် ရောဂါ ဒါမှမဟုတ် ချို့ယွင်းချက်တစ်ခုခုဖြစ်လာရင် 20 00:01:18,474 --> 00:01:21,764 ထွက်သက်မှာပါတဲ့ အငွေ့ပျံအော်ဂဲနစ်ကွန်ပေါင်းတွေကလည်း 21 00:01:21,764 --> 00:01:23,624 ပြောင်းလဲပါတယ်။ 22 00:01:23,624 --> 00:01:27,604 ဆိုတော့ကာ အသက်ရှူတာကို တိုင်းလိုက်တာနဲ့ 23 00:01:27,604 --> 00:01:30,401 အသားစယူတာ၊ သွေးဖေါက်တာ၊ ဓာတ်ရောင်ခြည်သုံးတာတွေမလိုပဲ 24 00:01:30,401 --> 00:01:34,054 ရောဂါတွေကို ရှာဖွေနိုင်ပါ့မလား? 25 00:01:34,054 --> 00:01:35,827 သီအိုရီအရတော့ ရနိုင်ပါတယ်။ 26 00:01:35,827 --> 00:01:40,717 ဒါပေမဲ့ ရောဂါရှာဖွေတာဟာ အရက်ပမာဏ တိုင်းတာထက် ပိုရှုပ်ထွေးပါတယ်။ 27 00:01:40,717 --> 00:01:42,337 ရောဂါတွေကို ရှာဖွေဖို့ဆိုရင် 28 00:01:42,337 --> 00:01:46,803 လေ့လာသူတွေဟာ ထွက်သက်ထဲက ကွန်ပေါင်းဆယ်ခုလောက်ကို ကြည့်ရမှာပါ။ 29 00:01:46,803 --> 00:01:49,633 ရောဂါတစ်ခုဟာ ဒီကွန်ပေါင်းကို နည်းစေ သို့မဟုတ် များစေချိန်မှာ 30 00:01:49,633 --> 00:01:54,333 တခြားရောဂါတစ်ခုက ဘာမှ မပြောင်းလဲစေနိုင်ပါဘူး။ 31 00:01:54,333 --> 00:01:57,616 ရောဂါတိုင်းမှာ သူ့အတိုင်းအတာနဲ့သူ ရှိနေမှာဖြစ်သလို 32 00:01:57,616 --> 00:02:01,493 ရောဂါတစ်ခုတည်းမှာလည်း အဆင့်ပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ 33 00:02:01,493 --> 00:02:05,283 ဥပမာ - ထွက်သက်တိုင်းပြီး ရောဂါရှာဖို့ စူးစမ်းလေ့လာနေတဲ့ ရောဂါများထဲမှာ 34 00:02:05,283 --> 00:02:07,933 ကင်ဆာရောဂါများလည်း ပါဝင်ပါတယ်။ 35 00:02:07,933 --> 00:02:10,933 ကင်ဆာကျိတ်အများစုရဲ့ ဇီဝဓာတု ပြောင်းလဲမှုကတော့ 36 00:02:10,933 --> 00:02:14,405 Glycolysis လို့ ခေါ်တဲ့ စွမ်းအင်အများအပြား ထုတ်လွှတ်တဲ့ ဖြစ်စဥ် 37 00:02:14,405 --> 00:02:16,505 ဖြစ်ပွားခြင်းပါ။ 38 00:02:16,505 --> 00:02:18,415 Warburg အကျိုးဆက်လို့ အသိများပါတယ်။ 39 00:02:18,415 --> 00:02:24,169 ဒီဖြစ်ရပ်ကြောင့် Lactate လို့ခေါ်တဲ့ ဓာတ်ကျွင်းတွေ မြင့်တက်လာပြီး 40 00:02:24,169 --> 00:02:28,339 ဇီဝဓာတုပြောင်းလဲမှုတွေ အမြန်ဖြစ်ပျက်လာကာ 41 00:02:28,339 --> 00:02:31,790 Dimethyl sulfide လို အငွေ့ပျံလွယ်တဲ့ ကွန်ပေါင်းတွေဟာ 42 00:02:31,790 --> 00:02:36,325 ထွက်သက်အတွင်း အများအပြားပါဝင်လာပြီး 43 00:02:36,325 --> 00:02:38,748 အချိုးအစားတွေ ပြောင်းလဲကုန်ပါတယ်။ 44 00:02:38,748 --> 00:02:43,285 ဒီ Warburg အကျိုးဆက်ဟာ ကင်ဆာဖြစ်နိုင်တဲ့ အခြေအနေကို ပြတဲ့ ညွှန်းကိန်းသာဖြစ်ပြီး 45 00:02:43,285 --> 00:02:47,303 ကင်ဆာရဲ့ အခြေအနေအတိအကျကို မဖေါ်ထုတ်နိုင်ပါဘူး။ 46 00:02:47,303 --> 00:02:51,165 ရောဂါရှာဖွေဖို့အထိကတော့ တခြားအချက်တွေ အများကြီးလိုပါသေးတယ်။ 47 00:02:51,165 --> 00:02:52,971 ဒီလိုခြားနားချက်တွေကို သိဖို့ 48 00:02:52,971 --> 00:02:55,841 လေ့လာသူတွေဟာ ကျန်းမာတဲ့လူရဲ့ ထွက်သက်နဲ့ 49 00:02:55,841 --> 00:02:59,011 ရောဂါခံစားနေသူရဲ့ ထွက်သက်တွေကို နမူနာ ရာနဲ့ချီပြီးယူကာ 50 00:02:59,011 --> 00:03:02,361 နှိုင်းယှဥ်လေ့လာခဲ့ကြပါတယ်။ 51 00:03:02,361 --> 00:03:06,091 ဒီစူးစမ်းမှုတွေအတွက် အရက်တိုင်းတဲ့စက်ထက် အာရုံပိုခံနိုင်တဲ့ 52 00:03:06,091 --> 00:03:10,151 အခြေခံတည်ဆောက်ပုံကွဲပြားတဲ့ Sensor တွေ လိုအပ်ပါတယ်။ 53 00:03:10,151 --> 00:03:12,204 တချို့တွေက စမ်းသပ်နေဆဲကာလမှာပါ။ 54 00:03:12,204 --> 00:03:15,071 တချို့စက်တွေက ကွန်ပေါင်းတစ်ခုတည်းကိုပဲ လျှပ်စစ်စက်ကွင်းထဲမှာ 55 00:03:15,071 --> 00:03:19,301 ဘယ်လိုလှုပ်ရှားနေတယ် ဆိုတာကို ကြည့်ပြီး ခွဲခြားပါတယ်။ 56 00:03:19,301 --> 00:03:22,661 တချို့ကတော့ မတူတဲ့ပစ္စည်းတွေနဲ့လုပ်ထားတဲ့ လျှပ်ခံတွေကို စီထားပြီး 57 00:03:22,661 --> 00:03:26,621 အဲ့သည့်လျှပ်ခံတွေက သက်ဆိုင်ရာ အငွေ့ပျံကွန်ပေါင်းတွေကို ထိတွေ့တဲ့အခါ 58 00:03:26,621 --> 00:03:29,161 သူတို့ရဲ့ လျှပ်ခံနိုင်စွမ်း ပြောင်းလဲပါတယ် 59 00:03:29,161 --> 00:03:30,937 အခြား အခက်အခဲတွေလည်း ရှိပါသေးတယ်။ 60 00:03:30,937 --> 00:03:34,867 ဒီကွန်ပေါင်းလေးတွေဟာ ထွက်သက်ရဲ့ တစ်ဘီလီယံပုံ တစ်ပုံလောက်အထိသာ 61 00:03:34,867 --> 00:03:37,207 နည်းပါးစွာ ပါဝင်ပါတယ်။ 62 00:03:37,207 --> 00:03:40,397 အီသနောပါဝင်တာထက် အများကြီးနည်းပါတယ်။ 63 00:03:40,397 --> 00:03:44,287 ကွန်ပေါင်းတွေရဲ့ ပမာဏကို ရောဂါအခြေအနေထက် 64 00:03:44,287 --> 00:03:48,737 အသက်၊ ကျား/မ၊ အစားအသောက်နဲ့ နေ့စဥ်ဘဝနေထိုင်ပုံတွေကလည်း လွှမ်းမိုးပါတယ် 65 00:03:48,737 --> 00:03:50,056 နောက်ထပ်ပြဿနာတစ်ခုကတော့ 66 00:03:50,056 --> 00:03:52,667 လူနာခန္ဓာကိုယ်တွင်းက ထုတ်တဲ့ ကွန်ပေါင်းနဲ့ 67 00:03:52,667 --> 00:03:54,657 လတ်တလော အပြင်က ရှူသွင်းမိလိုက်တဲ့ 68 00:03:54,657 --> 00:03:57,047 ကွန်ပေါင်းကို ဘယ်လိုခွဲခြားကြမလဲ ဆိုတာပဲ 69 00:03:57,047 --> 00:03:59,287 ဖြစ်ပါတယ်။ 70 00:03:59,287 --> 00:04:03,657 ဒီလို အခက်အခဲတွေကြောင့် ဒီနည်းနဲ့ ရောဂါရှာဖွေခြင်းဟာ အဆင်သင့်မဖြစ်သေးပါဘူး။ 71 00:04:03,657 --> 00:04:06,758 သို့သော် အဆုတ် အူမကြီးနဲ့ အခြားကင်ဆာတွေရဲ့ ဆေးသုတေသနတွေမှာ 72 00:04:06,758 --> 00:04:10,589 ရလဒ်ကောင်းတွေ ရရှိနေပါတယ်။ 73 00:04:10,589 --> 00:04:16,629 တစ်နေ့တွင် အသက်ကိုရှူပြီး ပြန်ထုတ်ရုံနဲ့ ကင်ဆာကို စောစောစီးစီး ထောက်လှမ်းမိမှာပါ။