ပုံတစ်ပုံဟာ စကားလုံး တစ်ထောင်ထက်ကို
ပိုပြီးတန်ပါတယ်။
ကျွန်တော်ဟာ ကျွန်တော်ပြောချင်တာကို
စကားနဲ့ပြောမယ့်အစား ပုံတချို့ကို
ပြသခြင်းနဲ့စတင်ချင်ပါတယ်။
မကြာသေးခင်တုန်းက ရိုက်ခဲ့တဲ့ ပုံတွေပါ။
ဒီလောက် အကြာမှာ ကျွန်တော်ရဲ့ တင်ပြမှုဟာ
စကားလုံး ၆.၀၀၀ လောက် တန်နေပါပြီ။
ဒီတော့ ဒါကို ဒီမှာဘဲ ရပ်လို့ရပါပြီ။
(ရယ်မောသံများ)
တစ်ချိန်တည်းမှာ၊ ခင်ဗျးတို့
အခုလေးတင် မြင်လိုက်ကြတဲ့
ပုံတွေ အကြောင်းကို နည်းနည်းလေး
ရှင်းပြဖို့တော့ လိုမယ်နဲ့တူပါတယ်။
ကျွန်တော်ဟာ ဓါတ်ပုံဆရာ တစ်ယောက် အဖြစ်
အနုပညာရှင် တစ်ယောက် အဖြစ် လုပ်လိုတာက
အနုပညာ နဲ့ သိပ္ပံဆိုတဲ့ ကမ္ဘာနှစ်ခုကို
ပေါင်းစပ်ပေးဖို့ပါပဲ။
ကျွန်တော် ရိုက်ထားတာက ပေါက်ကွဲနေတဲ့ တစ်ခဏမှာ
ရိုက်လိုက်တဲ့ ဆပ်ပြာအမြုပ်ရဲ့ ပုံလား
ဒီမှာ အခုခင်ဗျားတို မြင်နေရတဲ့ဟာ
ဒါမှမဟုတ် သေးနုပ်တဲ့ ဆီဆေးတွေရဲ့ သေးငယ်တဲ့
ပုတီးလုံးများတွေနဲ့ ပြုလုပ်ထားတဲ့ ပုံများလား
ဒါမှမဟုတ် သိပ်ကို ထူးဆန်းပြီး နားလည်မရအောင်
ပြုမူနေကြတဲ့ အရည်များလား
ဒါမှမဟုတ် ဗဟိုခွာအားရဲ့ တွန်းအားကြောင့်
ပေါ်လာတဲ့ ပုံလား
ကျွန်တော်ဟာ ခုနက ပြောခဲ့တဲ့ နယ်ပယ် နစ်ခုကို
အတူတူ ချိတ်ဆက်ဖို့ ကြိုးစားနေတာပါ။
အဲဒီ အရာနှစ်ခုနှင့် ပတ်သက်တဲ့
စိတ်ဝင်စားစရာ ကောင်းတာက
၎င်းတို့ နှစ်ခုစလုံးဟာ
အရာတစ်ခုတည်းကိုပဲ ကြည့်နေကြခြင်းပါပဲ
၎င်းတို့ဟာ ပတ်ဝန်းကျင်ကို တုံ့ပြန်မှု သဘောပါပဲ။
ဒါပေမဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဟာ
အဲဒါကို လုပ်ပုံလုပ်နည်း မတူပါဘူး။
ခင်ဗျားတို့ဟာ သိပ္ပံပညာကို
ဘက်တစ်ဘက်မှ ကြည့်မယ်ဆိုရင်
သိပ္ပံပညာ ဆိုတာ ပတ်ဝန်းကျင်မှာ ရှိတာတွေကို
စနစ်တစ်ကျ ချဉ်းကပ်မှုပါ။
ဒါပေမဲ့ အနုပညာကျတော့ လုံးဝမတူတော့ပဲ
၎င်းရဲ့ ပတ်ဝန်းကျင်မှာ ရှိတာကို လှုပ်ရှားနေတဲ့
စိတ်ဖြင့် ကြည့်ရှုမှုပါ။
ကျွန်တော် ကြိုးစားနေတာက
အဲဒီလို မြင်ကွင်း နှစ်ခုကို
တစ်ခုဖြစ်အောင် လုပ်ပေးလိုက်ခြင်းဖြင့်
ပုံတွေက ကြည့်ရှုသူရဲ့ နှလုံးသားကိုရော
ဦးနှောက်ကိုပါ တစ်စုံတစ်ခု ပြပေးဖို့ကိုပါပဲ။
အဲဒီ အကြောင်းကို ပရိုဂျက်
သုံးခုကို အခြေခံပြီး ပြပေးပါရစေ။
ပထမ တစ်ခုက အသံကို မြင်အောင်လုပ်ပေးမှုနဲ့
ဆက်စပ်ပါတယ်။
ခင်ဗျားတို့ အားလုံး သိကြသလို
အသံဟာ လှိုင်းပုံစံနဲ့ ရွေ့ရှားတာပါ
ဒီတော့ ကျွန်တော်တို့ဆီမှာ
စပီကာ ရှိတယ်ဆိုရင်
တကယ်တော့ စပီကာ ဆိုတာဟာ
အသံရဲ့ အချက်ပေးမှုကို ယူလိုက်ကာ
တုန်ခါမှု အဖြစ်ကို ပြောင်းလဲပေးလိုက်တာပါ
တဖန် အဲဒါကို လေမှတစ်ဆင့် နားဆီကို
ရောက်အောင် ပို့လိုက်တဲ့ အခါမှာ
ကျွန်တော်တို့ရဲ့ နားမှာ ကြားလာရခြင်းဖြစ်ပြီး
အဲဒါကို ထပ်ပြိးတော့ အသံရဲ့ အချက်ပေးမှုအဖြစ်
ပြောင်းလဲ ပေးလိုက်ပြန်တာပါပဲ။
အဲဒါနဲ့ ကျွန်တော် စဉ်းစားလာခဲ့တာက
အဲဒီလို အသံလှိုင်းတွေကို
မြင်ရအောင်ဘယ်လို လုပ်ပေးနိုင်မလဲ။
အဲဒါနဲ့ ကျွန်တော်ဟာ ဒီလို စမ်းသပ်မှုကို
ကြံဆလိုက်ပါတယ်။
ကျွန်တော်ဟာ စပီကာ တစ်ခုကို ယူလိုက်တယ်၊
ပလပ်စတစ် အပါးလေးကို
အဲဒီ စပီကာရဲ့ အပေါ်မှာ တင်လိုက်ပါတယ်
အဲဒီနောက်မှာ ကျွန်တော်ဟာ
ရောင်စုံ ဓါတ်ဆားပွင့်တွေကို
စပီကာရဲ့ အပေါ်မှာ ထည့်ပေးလိုက်ပါတယ်။
အဲဒီနောက်မှာ၊ ကျွန်တော်က အဲဒီစပီကာမှ တစ်ဆင့်
အသံကို ဖွင့်လိုက်မယ်ဆိုရင်
အသံဟာ ခုနကဓါတ်ဆားပွင်တွေကို
အပေါ်အောက် လှုပ်ခါစေပါမယ်။
ဒါပေမဲ့၊ အဲဒါဟာ
မျက်တောင် တစ်ခတ်ကာလ အတွင်းမှာ
ဖြစ်ပျက်တာကို
ကျွန်တော်တို့ဟာ LG နဲ့အတူ
အဲဒီလို လှုပ်ခါမှုကို
တစ်စက္ကန့်မှာ ပုံ ၃.၀၀၀ ကို
ရိုက်ကူးနိုင်စွမ်း ရှိတဲ့
ကင်မရာနဲ့ ရိုက်ကူးယူခဲ့ကြပါတယ်။
အဲဒါနဲ့ ဘာနဲ့ တူတယ်ဆိုတာကို
အခု ပြပေးချင်ပါတယ်။
(ဂီတ: Massive Attack အဖွဲ့ရဲ့ "Teardrop" တေး)
(လက်ခုပ်တီးသံများ)
ကျေးဇူးတင်ပါတယ်။
အတော်လေးကို အံ့အားသင့်စရာ ကောင်းတာကို
ကျွန်တော် သဘောတူပါတယ်။
ကျွန်တော် ရယ်စရာကောင်းတဲ့
အဖြစ်ကိုပြောပြရဦးမယ်။
ဒါကို လုပ်ကိုင်နေစဉ် ကျွန်တော်ဟာ အခန်းထဲမှာကို
နေလောင်မိပါတယ်
လော့အိန်းဂျလီးစ်မြို့မှာ အဲဒီပုံတွေကို
ရိုက်နေတုန်းကပါ။
အခုအချိန်မှာတော့
ခင်ဗျားတို့ဟာ လော့အိန်းဂျလီးစ်မြို့မှာ
ဘယ် ပင်လယ်ကမ်းခြေမှာ မဆို နေလောင်နိုင်ပါတယ်
ဒါပေမဲ့ ကျွန်တော်ကျတော့
အခန်းထဲမှာနေထိုင်ရင်းနဲ့ လောင်လာတာပါ
ဖြစ်ပုံက ဒီလိုလေ။
ခင်ဗျားဟာ တစ်စက္ကန့်ကို
ပုံ ၃.၀၀၀ နှုန်းနဲ့ ရိုက်နေရင်
ခင်ဗျားဟာ အလင်းရောင် အများကြီး၊
အရမ်းကိုများတဲ့ အလင်းရောင်ကို လိုအပ်ပါတယ်။
ကျွန်တော်တို့ဟာ စပီကာကို
ခုနက ပြောခဲ့သလို စီမံလိုက်ပါတယ်
အဲဒီနောက်မှာ အဲဒီဖက်ကို မျက်နှာမူထားတဲ့
ကင်မရာ ရှိခဲ့ပါတယ်
ပြီးတော့ စပီကာဖက်ကို ထိုးပေးထားတဲ့
အလင်းရောင်က အများကြီးပဲ။
ကျွန်တော်က စပီကာကို လိုသလို ထားပေးတယ်။
သေးနုပ်တဲ့ ဓါတ်ဆားပွင့်တွေကို
စပီကာ အပေါ်မှာ တင်ပေးတယ်
အဲဒါကို ကျွန်တော်တို့ဟာ ထပ်တလဲလဲ
အကြိမ်ပေါင်းများစွာ လုပ်ခဲ့ရတယ်။
နေ့လယ်လောက်ကျမှ
ကျွန်တော် သိနားလည်လိုက်တာက
ကျွန်တော့် မျက်နှာဟာ လုံးဝကို နီရဲနေခဲ့တယ်
စပီကာဆီကို ထိုးပေးထားတဲ့ အလင်းရောင်ကြောင့်ပါ။
အဲဒီ ဖြစ်ရပ်ထဲမျာ နောက် တစ်ခု
ရယ်စရာ ကောင်းလိုက်သေးတာက
အလင်းရောင်ဟာ
ညာဖက်ကနေပြီးတော့သာ လာနေခဲ့တာ၊
အဲဒါကြောင့် ကျွန်တော့်မျက်နှာ
ညာဖက်ဟာ လုံးဝကို နီနေခဲ့ပါတယ်
ကျွန်တော်ဟာ Phantom of the Opera ထဲက
အတိုင်းပါပဲ၊
တပတ်လုံး အဲဒီလို မျက်နှာ နီရဲရဲနဲ့ နေခဲ့ရပါတယ်။
အခုတော့ ကျွန်တော်ဟာ
နောက် ပရိုဂျက် တစ်ခုဆီကို ဦးလှည့်လိုပါတယ်။
အဲဒီထဲမှာ ပါဝင်ကြတဲ့ အရာတွေဟာ
ခုနကလောက် အန္တရာယ် မများပါဘူး။
ခင်ဗျားတို့ထဲမှာ ဖဲရိုအရည် ဆိုတာကို
ကြားဘူးခဲ့သူ ရှိလား။
အော်ဟုတ်လား၊ တချို့တို့ဆီမှာ ရှိတယ်တဲ့။
သိပ်ကောင်းပါတယ်။
ဒီလိုဆို ဒီအပိုင်းကို
ကျွန်တော်တို့ ကျော်လိုက်ရမလား။
(ရယ်မောသံများ)
အဲဒီ ဖဲရိုအရည်တွေ ပြုမူပုံဟာ
သိပ်ကို ဆန်းပါတယ်။
အပြင်ပမ်းအားဖြင့် အဲဒါဟာ
လုံးဝ မည်းနက်နေတဲ့ အရည်ပါ။
ဆီလို အနေအထားပါ။
၎င်းထဲမှာ သေးနုပ်တဲ့ သတ္ထုစလေးတွေ ရှိပါတယ်
၎င်းတို့ကြောင့် အဲဒီအရည်ဟာ
သံလိုက်ကို ခံစားနိုင်ပါတယ်။
အဲဒီတော့ အဲဒီလို အရည်ကို
သံလိုက်စက်ကွင်းထဲကို ထည့်လိုက်ရင်
၎င်းရဲ့ အသွင်အပြင်ဟာ
ပြောင်းလဲလာပါမယ်။
ကျွန်တော်ဟာ အဲဒါကို ခင်ဗျားတို့ကို ပြပေးဖို့
ဟိုဖက်မှာ စီစဉ်ထားပါတယ်။
ဒီတော့ ကျွန်တော်ရဲ့ ကင်မရာဟာ
ဒီပန်းကန်ဖက်ကို မျက်နှာမူထားပါတယ်
အဲဒီ ပန်းကန်ရဲ့ အောက်ဖက်မှာကျတော့
သံလိုက်ရှိပါတယ်။
အခုတော့ ကျွန်တော်ဟာ ခုနက ပြောပြခဲ့တဲ့
အရည် နည်းနည်းလေးကို အဲဒီကို ထည့်ပေးပါမယ်။
ဒီတစ်ခုလုံးကို ညာဖက်ကို မသိမသာ ရွှေ့လိုက်မယ်
ပြီးတော့ ဆုံချက်ကို နည်းနည်းလေး ညှိပေးမယ်။
သိပ်ကောင်း။
ဒီတော့ ခင်ဗျားတို့ အားလုံး မြင်နိုင်ကြသလို
ဖဲရိုအရည်ဟာ စုစည်းလျက်
ဆူးချွန်ပုံစံမျိုးနဲ့ ထိုးထွက်နေပါတယ်။
အဲဒါကတော့ အရည်ထဲက
အပိုင်းအစလေး တစ်ခုချင်းစီရဲ့
ဆွဲဆောင်မှု နဲ့ ကန်ထုတ်မှု အားတွေကြောင့်ပါ။
အခု ကျွန်တော်တို့ မြင်လာရတာဟာ
အတော်ကလေး စိတ်ဝင်စားစရာပါပဲ
ဒါပေမဲ့ ကျွန်တော်ဟာ အဲဒီထဲကို
ရေဆေးကို နည်းနည်းလေး ထည့်ပေးပါဦးမယ်။
ဒါတွေဟာ သာမန် ရေဆးတွေပါ။
ပုံဆွဲဖို့ ခင်ဗျားတို့ သုံးကြတာမျိုးပါ။
ခင်ဗျားတို့ကတော့ ဆေးထိုးအပ်သုံးပြီး
ပုံဆွဲမှာ မဟုတ်ပေမဲ့
ရလာတဲ့ ရလဒ်ကတော့ အတူတူပါပဲ။
ဒီတော့ အခု ဘယ်လို ဖြစ်လာသလဲဆိုတော့
ရေဆေးက ကျွန်တော်တို့ရဲ့ စနစ်ထဲကို
စီးဝင်လာရာတွင်
အဲဒီ ရေဆေးဟာ ဖဲရိုအရည်တွေနဲ့
မရောနှောနိုင်ပါဘူး။
အဲဒါက ဖဲရိုအရည် ကိုယ်တိုင်ကိုက
ရေနဲ့ မရောစပ်နိုင်လို့ပါ။
၎င်းဟာ ရေနဲ့ ရောနှောမှု မရှိုနိုင်လို့ ဖြစ်ရပါတယ်။
အဲဒီ တစ်ချိန်တည်းဟာ ၎င်းဟာ
သံလိုက် အထက်မှာ အခြေအနေကိုတော့
ထိန်းထားချင်ပါတယ်
အဲဒါကြောင့်မို့လို့ ဒီလို အံ့အားသင့်ဖွယ်
မြောင်းလိုင်းတွေ နဲ့ သေးငယ်တဲ့ အိုင်တွေကို
ရေဆေးဖြင့် ရေးချယ်ထားတာကို မြင်နေရပါတယ်။
အဲဒါကတော့ ဒုတိယမြောက် ပရိုဂျက်ပဲ ဖြစ်ခဲ့ပါတယ်။
အခုတော့ နောက်ဆုံး ပရိုဂျက်ဆီကို သွားကြရအောင်
အဲဒီမှာပါဝင်တာက
စကော့လန်ရဲ့ နာမည်ကြီး အမျိုးသား
ယမကာပဲ ဖြစ်ပါတယ်။
(ရယ်မောသံများ)
ဟောဒီပုံကို၊ ပြီးတော့ ဒီပုံကို
ဝီစကီကို အသုံးပြုပြီး ရယူခဲ့ပါတယ်။
ဒီလိုပြောလိုက်လို့
ဘယ်လိုလုပ်ပြီး ရယူနိုင်ခဲ့တာလဲလို့ မေးနိုင်ကြပါတယ်။
ဒီလူ ဝီစကီ ပုလင်းဝက်လောက်ကို
သောက်ပြီးတဲ့နောက်မှာ
စိတ်ချောက်ချားနေတုန်း အာရုံထဲ ပေါ်လာတာတွေကို
စက္ကူပေါ်ကို ရေးဆွဲလိုက်တာများလား။
ကျွန်တော်ဟာ ခုနက ပုံတွေကို ရိုက်နေစဉ်
လုံးဝကို သတိရလျက် ရှိနေခဲ့တာကို
အာမခံနိုင်ပါတယ်။
ကောင်းပြီ၊ ကျွန်တော်တို့ သိကြသလို ဝီစကီထဲမှာ
အရက်ပျံ (၄၀) ရာခိုင်နှုန်း ပါရှိပါတယ်၊
ပြီးတော့ အရက်ပျံနဲ့ ပတ်သက်တဲ့ အရည်အချင်း အချို့ဟာ
စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
ခင်ဗျားတို့ကလည်း ခုနက
ကျွန်တော်တို့ ပြောမိခဲ့ကြတဲ့
အရည်အချင်းတွေကို အရင်တုန်းက
ခံစားချင်ခံစားခဲ့ဘူးကြမှာပါ
ဒါပေမဲ့ ကျွန်တော် အခု ပြောပြချင်တာက
ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းတွေကိုပါ
ခုနကဟာမျိုးကို မဟုတ်ပါဘူး။
ကျွန်တော်က ပုလင်းကို ဖွင့်လိုက်တဲ့ အခါမှာ
အရက်ပျံ မော်လီကြူးတွေဟာ
လေထဲကို ပျံ့နှံ့လာကြပါမယ်
အရက်ပျံဟာ သိပ်ကိုပေါ့ပါးပြီး
လျင်မြန်စွာ ရွေ့ရှားနိုင်လို့ပါ
တစ်ချိန်တည်းမှာ အရက်ပျံဟာ
သိပ်ကို မီးလောင်လွယ်တဲ့ အရာပါ။
အဲဒီ အရည်အချင်း နှစ်ခုကို အသုံးချပြီး
ကျွန်တော်ဟာ ခင်ဗျားတို့
အခု မြင်နေကြရတဲ့ ပုံတွေကို
ဖန်တီးနိုင်ခဲ့တာပါ။
အဲဒါကို ဒီမှာကို လက်တွေ့ လုပ်ပြပါရစေ။
ဒီတော့ ဒါက ဖန်ပုလင်းကြီးပါ။
၎င်းရဲ့ အထဲမှာ ဘာမှ မရှိပါဘူး။
အခုတော့ ကျွန်တော်ဟာ အဲဒီထဲကို
အောင်စီဂျင်ကို မှုတ်သွင်းပါမယ်
အဲဒီနောက်မှာဝီစကီကိုလည်း
အနည်းငယ် ထည့်ပေးဦးမယ်။
အခုတော့ ကျွန်တော်တို့ဟာ
စက္ကန့်အနည်းငယ်ကြာ စောင့်ပါမယ်။
မော်လီကြူးတွေ ပုလင်းထဲမှာ
ပျံ့နှံ့လာဖို့အတွက်ပါ။
ကောင်းပြီ ဒါကို မီးရှိုကြည့်ကြပါစို့။
(ရယ်မောသံများ)
အဲဒီမှာ ဖြစ်ပျက်တာတွေက အဲဒါအားလုံးပါပဲ။
သိပ်ကို မြန်လှပါတယ်၊
သိပ်အထင်ကြီးစရာ မဟုတ်သလိုပါပဲ။
ကျွန်တောဟာအဲဒါကို နောက်တစ်ကြိမ်
ထပ်ပြီး လုပ်ပြလို ရပါသေးတယ်
ဒါပေမဲ့ အဲဒါဟာ ဝီစကီကို
လုံး၀ အဓိပ္ပါယ်မဲ့စွာ ဖြုန်းမှု ဖြစ်တယ်
အဒါ့အစား ၎င်းကို သောက်ဖို့ လိုတယ်လို့
ခင်ဗျားတို့ထဲက တချို့တို့က ဆိုကြပါမယ်။
ဒါပေမဲ့ ကျွန်တော်ဟာ ခုနက ဖြစ်ပျက်ခဲ့တာကို
အနှေးရုပ်ရှင် ပြပါရစေ
လုံးဝကို မှောင်နေတဲ့ အခန်းထဲမှာ ပြဖို့ လိုပါတယ်
ခုနက ကျွန်တော် လုပ်ပြခဲ့တာကိုပဲ
ခင်ဗျားတို့ ပြန်မြင်ကြရမှာပါ။
အဲဒီတော့ ဖြစ်လာခဲ့တာက မီးလျှံဟာ
ဖန်ပုလင်းထဲကို ထိပ်မှအောက်အထိကို
ကျဆင်းသွားစဉ်
လေထဲမှာ ရှိနေခဲ့ကြတဲ့ မော်လီကြူးတွေကို
မီးရှိုပေးလိုက်ပါတယ်။
၎င်းတို့နဲ့အတူ အရက်ပျံလည်း မီးလောင်လာပါတယ်။
ဒါကြောင့်မို့လို့ အစပိုင်းမှာ ခင်ဗျားတို့
မြင်လိုက်ရတဲ့ ပုံတွေဟာ
တကယ်တော့ အဲဒါတွေဟာ အချိန်ပိုင်းအရ
ရပ်ပစ်ခံလိုက်ရတဲ့ မီးလျှံပါပဲ
ပုလင်း တစ်လျှောက် သွားနေတဲ့ ပုံပါ။
ပြီးတော့ အဲဒီလို ပုံကိုယူပြီး စိတ်ကူးဖြင့်
၁၈၀ ဒီဂရီ လှည့်ပေးလိုက်ရင် ဒီလိုပုံကို ရလာမှာပါ။
ဒီတော့ ဟိုဖက်က ပုံတွေ ရရှိခဲ့တာက အဲဒီလိုနည်းနဲ့ပါ။
(လက်ခုပ်တီးသံများ)
ကျေးဇူးတင်ပါတယ်။
ဒီတော့ ကျွန်တော်ဟာ ခင်ဗျားတို့ကို
ပရိုဂျက် သုံးခုကို ပြခဲ့ပါတယ်
ဒါနဲ့ ဒါတွေဟာ ကောင်းတာ ဘာများ ရှိပါသလဲ
ဆိုပြီး ခင်ဗျားတို့မေးနိုင်ကြပါတယ်။
ဒါတွေရဲ့ နောက်ကွယ် အတွေးအခေါ်က ဘာများလဲ?
အဲဒါဟာ ဝီစကီကို အလကား ဖြုန်းမှုများလား။
ထူးဆန်းတဲ့ အရာတွေကို ပြလိုတာများလား။
ခုနက ပရိုဂျက် သုံးခစလုံးတို့ဟာ
သိပ်ကို ရိုးရှင်းနေတဲ့
သိပ္ပံပညာဆိုင်ရာ အချင်းအရာတွေကို
အခြေခံထားပါတယ်၊
သံလိုက်ဓါတ်၊ အသံလှိုင်းများ
ဒါမှမဟုတ် ဒီကိစ္စထဲမှာဆိုရင်၊ အရာဝတထ္ထု တစ်ခုရဲ့
ရုပ်ပိုင်း လက္ခဏာ တစ်ခုကို သုံးထားတယ်
တကယ်တမ်းတော့ ကျွန်တော် ကြိုးစားနေတာက
အဲဒီလို အချင်းအရာတွေကို အသုံးပြုပြီး
အဲဒါတွေကို ကဗျာဆန်ပြီး ဘယ်သူတွေ+မှ မမြင်ဘူးတဲ့
ပုံစံမျိုးဖြင့် ပြသပေးလိုတာပါ
အဲဒီလိုနည်းနဲ့ ဒါတွေကို ကြည့်ရှုကြသူတို့ကို
ခဏလေး ရပ်လိုက်ကြပါ
ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ
တစ်ချိန်လုံး ဝန်းရံလျက်ပြီး ရှိနေတဲ့
အလှတရားကို စောင့်မျှော် ကြည့်လာကြဖို့
အတွက်ပါပဲ။
သိပ်ကို ကျေးဇူးတင်ပါတယ်။
(လက်ခုပ်တီးသံများ)