ညဉ့်ကောင်းကင်ကို ကြည့်ရင်း ၎င်းဟာ ထာ၀ရဆက်ဖြစ်နေပုံရတာက ကျုပ်တို့ကို အံအားသင့်စေပါတယ်။ အခုကနေ နောင်နှစ် ဘီလျံချီမှာ ကောင်းကင်က ဘာပုံပေါက်မလဲ။ ထူးခြားသိပ္ပံပညာရှင် မျိုးဖြစ်တဲ့ အာကာသဗေဒ ပညာရှင်တစ်ဦးက ဒီလေးနက်တဲ့ အကြောင်းအရာကို တွေးရင်း သူမအချိန်ကို ကုန်ဆုံးတယ်။ စကြဝဠာနိဂုံးနဲ့ ချိတ်ဆက်နေတာ.. စကြဝဠာထဲမှာရှိတဲ့ အရာတွေပါ။ လွန်ခဲ့တဲ့နှစ် ၁၀၀ ကျော်က အိုင်းစတိုင်းက အထွေထွေနှိုင်းရ သီအိုရီကို ဖော်ဆောင်ပြီး စကြ၀ဠာကို ဖွဲ့စည်းမှုနဲ့ ၎င်းရဲ့ ပုံသဏ္ဌာန်ကြားက ဆက်နွယ်မှုကို ကျုပ်တို့ နားလည်အောင် ထောက်ကူတဲ့ ညီမျှခြင်းတွေဖွဲ့ခဲ့တယ်။ စကြ၀ဠာဟာ ဘောလုံး သို့မဟုတ် စက်လုံးတစ်လုံးလို အကွေးသဘော ဖြစ်သွားတာကို ကျုပ်တို့အနေနဲ့ အဖိုကွေး သို့မဟုတ် အပိတ် ခေါ်ပါတယ်။ (သို့) မြင်းကုန်းနှီးပုံပေါ့။ ဒါကို အမ ကွေး (ဝါ) အပွင့် ခေါ်ပါတယ်။ (သို့) အပြား ဖြစ်နိုင်တယ်။ ဒီ အသွင်သဏ္ဌာန်အရပဲ စကြ၀ဠာဟာ ဘယ်ပုံ နေ၊ ဘယ်ပုံ သေမှာကို သတ်မှတ်ပါတယ်။ စကြ၀ဠာက ပြားချပ်ချပ်ဖြစ်ဖို့ သိပ်ကိုနီးစပ်ကြောင်း သိထားသော်လည်း စကြ၀ဠာထဲမှာ ရှိတဲ့အရာတွေက ၎င်းရဲ့ နိဂုံးကြမ္မာကို ငင်သွားနိုင်ဆဲပါတယ်။ စကြဝဠာက ကာလအလိုက် ပြောင်းလဲတာကို ကြိုတင်ခန့်မှန်းနိုင်တာကတော့.. ဒီနေ့ စကြ၀ဠာမှာရှိတဲ့ အစိတ်အပိုင်း မျိုးစုံရဲ့ ပမာဏ သို့မဟုတ် စွမ်းအင် သိပ်သည်းမှုကို တိုင်းတာချက်အရပါ။ ဒီတော့ စကြဝဠာကို ဘာနဲ့ လုပ်ထားသလဲ။ စကြဝဠာမှာ ကျုပ်တို့ မြင်နိုင်သမျှမှာ ကြယ်တွေ၊ ဓာတ်ငွေ့၊ ဂြိုလ်တွေလို အရာတွေ ပါဝင်ပါတယ်။ ဒါတွေကိုတော့ သာမန်ရုပ်ဒြပ် (ဝါ) baryonic လို့ခေါ်ပါ။ ကျုပ်တို့ နားမှာ ဒါတွေကို မြင်ရပေမဲ့လို့ ဒီအရာတွေရဲ့ စုစုပေါင်း စွမ်းအင်သိပ်သည်းမှုက တကယ်က စကြ၀ဠာက စွမ်းအင်စုစုပေါင်းရဲ့ ၅% ဝန်းကျင်မို့ နည်းလွန်းပါတယ်။ ဒီတော့.. အခုကနေ အခြား ၉၅% အကြောင်း ပြောကြဦးစို့။ စကြ၀ဠာ စွမ်းအင်သိပ်သည်းမှုကနေ ၂၇% အောက် ကျန်နေတဲ့အရာကို Dark Matter လို့ ခေါ်ပါတယ်။ Dark matter ဟာ အလင်းကို တုန့်ပြန်မှု မရှိသလောက်ကို အားနည်းပါတယ်။ သဘောက.. ကြယ်တွေ၊ ဂြိုလ်တွေလိုမျိူး အလင်း ထုတ်တာ၊ အလင်းပြန်တာ မရှိတဲ့ သဘောပါ။ ဒါပေမဲ့ တစ်ချို့ကလွဲရင် ၎င်းဟာ သာမန်အရာတွေလိုပဲ ဒြပ်၀တ္ထုတွေကို ဒြပ်ဆွဲအားနဲ့ ဆွဲငင်ပါတယ်။ တကယ်တော့ Dark Matterကို၊ ၎င်းနားက အရာတွေ လည်ပတ်တဲ့ အမူအရာမှ ဒြပ်ဆွဲအားဆိုင်ရာ သက်ရောက်မှု တစ်ဆင့်ခံက ထောက်လှမ်းတာမျိုးပါ ပြီးတော့ ၎င်းက အနီးက ဟင်းလင်းပြင်ကို ကွေးစေလို့ ၎င်းနားမှာ အလင်းကိုပါ ကွေးညွှတ်စေပါတယ်။ Dark Matter အမှုန်ကို ရှာမတွေ့သေးပေမဲ့ ကမ္ဘာတဝမ်းက သိပ္ပံပညာရှင်တွေက ဒီ တွေ့ရခဲတဲ့ အမှုန် သို့မဟုတ် အမှုန်တွေနဲ့ Dark Matter က စကြ၀ဠာအပေါ် သက်ရောက်မှုတွေကို ရှာဖွေနေကြပါတယ်။ ဒါပေမဲ့ ဒါက ရာနှုန်းပြည့် ပြည့်မသွားသေးပါဘူး။ ကျန်ရှိနေတဲ့ ၆၈% သော စကြ၀ဠာရဲ့ စွမ်းအင်သိပ်သည်းခြင်းကို Dark Energy နဲ့ ပြုလုပ်ပြီး ယင်းက Dark Matter ထက် ပိုလို့ လျှိုဝှက်ပါတယ်။ ဒီ Dark Energy က ကျုပ်တို့သိထားသမျှ ဘယ်အရာနဲ့မှကို ပြုမူပုံမတူဘဲ ဒြပ်ဆွဲခြင်း သဘောနဲ့ ဆန့်ကျင်ဘက် သဘော ဆောင်ပါတယ်။ ကျုပ်တို့ဆိုလိုတဲ့ ဒြပ်ဆွဲအားဆိုင်ရာ ဖိအားဆိုတာက သာမန်ရုပ်ဒြပ်နှင့် Dark Matter မလုပ်နိုင်ပါဘူး။ ဒြပ်ဆွဲအားက လုပ်မယ်လို့ မျှော်လင့်သလို၊ စကြဝဠာကို အတူတကွ ဆွဲနေရမည့်အစား စကြဝဠာဟာ အမြဲတမ်းတိုးနေတဲ့နှုန်းနဲ့ ဝေးကွာ ပြန့်ကားလို့နေ Dark Energy ကို ဦးတည်ထားတဲ့ စိတ်ကူးက စကြ၀ဠာလုံးဆိုင်ရာ ကိန်းသေတစ်ခုဖြစ်ပါတယ်။ ဒါက ၎င်းမှာ ထူးဆန်းတဲ့ ဂုဏ်သတ္တိရှိတဲ့သဘောပါ ၎င်းက အာကာသရဲ့ ထုထည်ကိုတိုးတဲ့အခါ စွမ်းအင်သိပ်သည်းမှုကို ထိန်းလျက် ချဲ့ထွင်ပြန့်ကားပါတယ်။ ဒီတော့ စကြ၀ဠာ ပြန့်ကားလာတဲ့အခါ အခု လုပ်နေသလိုမျိုး Dark Energy ပို၊ ပိုတိုးလာပါလိမ့်မည်။ Dark Matterနဲ့ Baryonic Matterက, တစ်ဖက်မှာ စကြဝဠာကို မပြန့်ကားစေပဲ ပိုပြီး စိမ့်ဝင်လာစေပါတယ်။ စကြ၀ဠာ ကိန်းသေရဲ့ ဒီ ဂုဏ်သတိကြောင့် အနာဂတ် စကြ၀ဠာကို ပို၊ ပိုပြီး ကြီးစိုးလာမှာက Dark Energy ဖြစ်ပြီး ပို၊ ပိုအေးလာပြီး ပြန့်ကားမှု ပို၊ ပိုမြန်လာပါလိမ့်မယ်။ အဆုံးမှာတော့.. စကြ၀ဠာဟာ ကြယ်တွေဖွဲ့စည်းဖို့ လောင်စာကုန်ခမ်းပြီး ကြယ်တွေ ကိုယ်၌လည်း လောင်စာတွေ ကုန်ခမ်းသည်အထိ ကျွမ်းလောင်သွားမှာမို့ စကြ၀ဠာဟာ ၎င်းနှင့်အတူ တွင်းနက်များသာ ကျန်ရစ်ပါလိမ့်မယ်။ အချိန်တန်တဲ့အခါ ဒီ တွင်းနက်များပင် တစစ ပျောက်ကွယ်ပြီး လုံး၀ကို အေးစက်ပြီး ဗလာကျင်းနေတဲ့ စကြ၀ဠာသာ ကျန်ရစ်ပါလိမ့်မယ်။ ဒါကို Heat death of the Universe လို့ ခေါ်ပါတယ်။ ဒါက စကြ၀ဠာထဲမှာနေရတာ စိတ်အားငယ်ရပုံပါ။ ၎င်းရဲ့ သက်တမ်းကို အေးစက်ပြီး ချုပ်ဆုံးသွားမှာမို့.. တကယ်တော့ ကျုပ်တို့စကြ၀ဠာ နိဂုံးကြမ္မာက ဘက်ညီမှု အလှတရား ရှိပါတယ် အစမှာ ပူပြင်းတောက်လောင်ခဲ့လို့ပါ။ စကြ၀ဠာရဲ့ အရှိန်တိုးနေတဲ့ နိဂုံးအခြေအနေကို ကျုပ်တို့က de Sitter အသွင်လို့ခေါ်ပါတယ်။ ဒါက ဒပ် သင်္ချာပညာရှင် Willem de Sitter ကို ဂုဏ်ပြု ထားတာပါ။ ဒါပေမဲ့ စကြ၀ဠာရဲ့ အစောပိုင်း သက်တမ်း ကာလတွေမှာ de Sitter ပြန့်ကားမှုရဲ့ တခြား အသွင် ရှိဦးမယ်လို့ ကျုပ်တို့ ယုံကြည်ကြပါတယ်။ ဒါကို ရှေးဦးဖောင်းပွခြင်းလို့ ခေါ်ပါတယ်။ အဲဒီကာလဟာ Big Bang ဖြစ်ပြီး မကြာခင် အချိန်တိုလေး အတွင်း စကြ၀ဠာဟာ သိပ်ကို လျင်မြန်စွာ ပြန့်ကားလိုက်တာပါပဲ။ ဒါကြောင့် စကြဝဠာဟာ ၎င်း စတင်စဉ်ကအတိုင်း အရှိန်တက်ရင်း အဆုံးသတ်ပါလိမ့်မယ်။ ကျုပ်တို့ အနေနဲ့ စကြ၀ဠာသက်တမ်းအတွင်း ထူးကဲတဲ့ အချိန်မှာ နေထိုင်ရင်း အဲဒီကနေ နားလည်ဖို့ အစပြုနိုင်တာက စကြ၀ဠာရဲ့ ခရီးရှည်နဲ့ သမိုင်းရှု့ထောင့်ကို ကျုပ်တို့အားလုံး ကြည့်ဖို့အတွက် အာကာခွင်မှာ ၎င်းကိုယ်တိုင် ခင်းကျင်း ပြသထားပါတယ်။