WEBVTT 00:00:06.793 --> 00:00:11.073 ပထမကမ္ဘာစစ်တုန်းက ကြောက်စရာ ကောင်းတဲ့ အရာတွေထဲက တစ်ခုဟာ 00:00:11.073 --> 00:00:15.200 mustard gas လို့ခေါ်တဲ့ အဝါရောင်အဆိပ်ဓာတ်ငွေ့ ဖြစ်ပါတယ်။ 00:00:15.200 --> 00:00:18.090 ကံဆိုးစွာနဲ့ အဆိပ်ထိခဲ့တဲ့သူတွေဟာ 00:00:18.090 --> 00:00:21.982 အသက်ရှူလို့ မရတော့တာတွေ မျက်လုံးစပ်တာ၊ လောင်တာတွေ 00:00:21.982 --> 00:00:26.034 ထိမိတဲ့ အရေပြားမှာ မီးလောင်ဖုကြီးတွေ ဖြစ်ကုန်ပါတယ်။ NOTE Paragraph 00:00:26.034 --> 00:00:31.536 သိပ္ပံပညာရှင်တွေဟာ ဒီအဆိပ်လက်နက်ဆိုးအတွက် အဆိပ်ဖြေဆေးကို အပူတပြင်း ရှာဖွေခဲ့ပါတယ်။ 00:00:31.536 --> 00:00:37.201 ဒီအဆိပ်ဟာ ရိုးတွင်းခြင်ဆီကို ကုလို့မရအောင် ထိခိုက်စေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ 00:00:37.201 --> 00:00:41.651 ထိခိုက်မိတဲ့ စစ်သားတွေမှာ သွေးဆဲလ်အသစ်တွေ မထွက်တော့ပါဘူး။ 00:00:41.651 --> 00:00:46.727 ဒီလိုစိတ်ပျက်စရာတွေထဲကမှ သိပ္ပံပညာရှင်တွေဟာ အကြံတစ်ခု ရခဲ့ပါတယ်။ 00:00:46.727 --> 00:00:52.803 ကင်ဆာဆဲလ်တွေဟာ ရိုးတွင်းခြင်ဆီလိုပဲ လျှင်လျှင်မြန်မြန်ပွားတဲ့ အစွမ်းရှိပါတယ်။ 00:00:52.803 --> 00:00:55.333 ဒါကြောင့် စစ်ကြီးရဲ့ရက်စက်ယုတ်မာမှု တွေထဲက တစ်ခုဟာ 00:00:55.333 --> 00:00:58.262 ကင်ဆာကိုတိုက်ဖို့ ရပ်တည်ကာကွယ်ပေးမှု တစ်ခု ဖြစ်လာခဲ့ပါတယ်။ 00:00:58.262 --> 00:01:01.541 ၁၉၃၀ ခုနှစ်မှာ လေ့လာသူပညာရှင်တွေဟာ 00:01:01.541 --> 00:01:05.052 ကင်ဆာလူနာရဲ့ သွေးပြန်ကြောထဲကို ဒီအဆိပ်ဓာတ်ပေါင်း ထိုးသွင်းပြီး 00:01:05.052 --> 00:01:07.664 လေ့လာစူးစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 00:01:07.664 --> 00:01:12.909 ဘေးဖြစ်စေတာထက် ပိုကောင်းတဲ့ ကုသမှုတွေကို အချိန်ယူ စမ်းသပ်ပြင်ဆင်မှုတွေ လုပ်ခဲ့ပေမဲ့ 00:01:12.909 --> 00:01:14.999 ဒုတိယကမ္ဘာစစ်ကြီးပြီးချိန်မှာတော့ 00:01:14.999 --> 00:01:20.135 ပထမဆုံးကင်ဆာခီမိုဆေးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ NOTE Paragraph 00:01:20.135 --> 00:01:22.545 ယနေ့မှာတော့ ခီမိုဆေး အမျိုးပေါင်းတစ်ရာကျော်နေပါပြီ။ 00:01:22.545 --> 00:01:26.295 ခီမိုဆေးကို သောက်ဆေးအနေနဲ့ရော ထိုးဆေးအနေနဲ့ပါ ပေးပါတယ်။ 00:01:26.295 --> 00:01:32.765 ဆဲလ်တွေကို ထိခိုက်စေတဲ့ ကွန်ပေါင်းတွေမို့ ဆဲလ်အဆိပ်သင့်ပစ္စည်းတွေ လို့လည်း ခေါ်ပါတယ် 00:01:32.765 --> 00:01:38.183 ဒီဆေးတွေဟာ ခန္ဓာကိုယ်ရှိဆဲလ်တွေကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေပါတယ်။ 00:01:38.183 --> 00:01:39.873 ပုံမှန်ကျန်းမာနေတဲ့ ဆဲလ်တွေတောင်ပါ။ 00:01:39.873 --> 00:01:44.783 သို့သော် သူတို့ရဲ့အဖျက်စွမ်းအားဟာ အမြန်ပွားနေတဲ့ဆဲလ်တွေမှာ ပိုသက်ရောက်ပါတယ်။ 00:01:44.783 --> 00:01:48.353 ဒါဟာ ကင်ဆာဆဲလ်ရဲ့ လက္ခဏာ အတိအကျပါပဲ။ NOTE Paragraph 00:01:48.353 --> 00:01:51.462 ဥပမာပြရရင် ပထမဆုံးခီမိုဆေးမျိုးဆက်ထဲက 00:01:51.462 --> 00:01:55.666 ယနေ့ထိအသုံးပြုနေတဲ့ ဆေးဖြစ်တဲ့ alkylating agents ပါ 00:01:55.666 --> 00:01:57.570 သွေးကြောထဲကို ထိုးထည့်လိုက်တဲ့အခါ 00:01:57.570 --> 00:02:00.760 သူတို့ဟာ ခန္ဓာကိုယ်အနှံ့က ဆဲလ်တွေဆီ ရောက်သွားပါတယ်။ 00:02:00.760 --> 00:02:05.565 အတွင်းရောက်တာနဲ့ ဆဲလ်ဟာ ပွားဖို့အတွက် DNA ကို အပြင်ထုတ်လိုက်တဲ့အခါ 00:02:05.565 --> 00:02:09.635 ခီမိုဆေးဟာ DNA နှစ်ပင်လိမ်ပုံစံရဲ့ အခြေခံအုတ်မြစ်တွေကို ဝင်ဖျက်ပါတယ်။ 00:02:09.635 --> 00:02:13.373 ဒါကို အချိန်မှီ မပြင်နိုင်ရင်တော့ ဆဲလ်က သေသွားပါလိမ့်မယ်။ 00:02:13.373 --> 00:02:16.164 ကင်ဆာဆဲလ်တွေဟာ အရမ်းပွားတာကြောင့် 00:02:16.164 --> 00:02:20.111 ခီမိုဆေး ပမာဏအများစုဟာ သူတို့အတွက် ဖြစ်ကုန်ပါတယ်။ 00:02:20.111 --> 00:02:24.276 ပွားလေလေ၊ ခီမိုတွေက ဝင်ဖျက်လေလေ၊ ပြန်ပြင်ဖို့ခက်လေလေ ဖြစ်လာတော့ 00:02:24.276 --> 00:02:27.830 ကင်ဆာဆဲလ်တွေဟာ သာမန်ဆဲလ်တွေထက် ပိုသေကုန်ပါတယ်။ 00:02:27.830 --> 00:02:30.175 သာမန်ဆဲလ်က ပွားတာနှေးလို့ DNA ပြန်ပြင်ချိန် ရှိတယ် 00:02:30.175 --> 00:02:34.651 ပွားတာနှေးလို့လည်း ခီမိုဆေးတွေကို သုံးစွဲတဲ့ပမာဏ နည်းပါတယ်။ NOTE Paragraph 00:02:34.651 --> 00:02:40.610 နောက်ထပ်ခီမိုဆေးတစ်မျိုးကတော့ microtubule stabilizers ကွန်ပေါင်းပါ 00:02:40.610 --> 00:02:44.440 ဆဲလ်တွေမှာ ဆဲလ်ပွားဖို့အတွက်၊ DNA ကူးပွားဖို့၊ ဖြန့်ခွဲပွားဖို့ 00:02:44.440 --> 00:02:47.789 စီထားတဲ့ ပိုက်ငယ်လေးတွေ ရှိပါတယ်။ 00:02:47.789 --> 00:02:50.977 ဒီ microtubule stabilizers ခီမိုဆေးတွေ ဆဲလ်အတွင်းကို ဝင်တာနဲ့ 00:02:50.977 --> 00:02:54.315 ဒီပိုက်ငယ်လေးတွေကို ကွဲမထွက်အောင် ထိန်းသိမ်းလိုက်ပါတယ်။ 00:02:54.315 --> 00:02:59.253 ဒါကြောင့် ဆဲလ်ဟာ ပြီးအောင်မပွားနိုင်တော့ပဲ သေသွားပါတော့တယ်။ NOTE Paragraph 00:02:59.253 --> 00:03:03.693 ဒီဟာတွေကတော့ ယနေ့ခေတ်မှာသုံးနေတဲ့ ခီမိုဆေး ခြောက်မျိုးထဲက 00:03:03.693 --> 00:03:06.235 ဥပမာနှစ်မျိုးပါ။ 00:03:06.235 --> 00:03:11.112 ဒီလိုကောင်းကျိုးတွေရှိနေပေမဲ့ ဆိုးကျိုးအကြီးကြီးတစ်ခု ရှိနေပါတယ်။ 00:03:11.112 --> 00:03:16.769 ခီမိုဟာ သဘာဝအရ မြန်မြန်ပွားဖို့လိုတဲ့ ဆဲလ်တွေကိုလည်း ထိခိုက်ပါတယ်။ 00:03:16.769 --> 00:03:21.489 ဥပမာ - ဆံပင်အိတ်တွေ၊ အာခံတွင်းကဆဲလ်တွေ၊ အူလမ်းကြောင်းတစ်လျှောက်ဆဲလ်တွေ၊ 00:03:21.489 --> 00:03:27.443 မျိုးပွားအင်္ဂါတွေ၊ ရိုးတွင်းခြင်ဆီတွေဟာ ပွားတာမြန်လို့ ခီမိုဆေးဒဏ် ခံရပါတယ်။ NOTE Paragraph 00:03:27.443 --> 00:03:31.563 ကင်ဆာဆဲလ်တွေလို မြန်မြန်ပွားတဲ့ သဘာဝကြောင့် 00:03:31.563 --> 00:03:34.803 ဒီဆဲလ်တွေဟာ ခီမိုဆေးတွေနဲ့ များများထိပြီး 00:03:34.803 --> 00:03:38.896 ဆေးဒဏ်ကို ကင်ဆာဆဲလ်တွေနီးပါး ခံကြရပါတယ်။ 00:03:38.896 --> 00:03:42.225 ဒါကြောင့် ဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုးများစွာဖြစ်တဲ့ 00:03:42.225 --> 00:03:47.284 ဆံပင်ကျွတ်တာ၊ မောပန်းတာ၊ မြုံတာ၊ ပျို့အန်တာတွေ ဖြစ်လာပါတယ်။ 00:03:47.284 --> 00:03:51.214 ဒါ့ကြောင့် ဆရာဝန်တွေဟာ ဒီဘေးထွက်ဆိုးကျိုးတွေရန်က ကာကွယ်ဖို့ 00:03:51.214 --> 00:03:54.001 ပျို့အန်ပျောက်ဆေး အပြင်းစားတွေ ပေးပါတယ်။ 00:03:54.001 --> 00:03:58.562 ဆံပင်ကျွတ်တာကိုကာကွယ်ဖို့၊ အပူချိန်ချတဲ့ အအေးခေါင်းဆောင်းတွေကို အသုံးပြုနိုင်ပါတယ်။ 00:03:58.562 --> 00:04:01.807 အပူချိန်ကျတာဟာ ခေါင်းနားတဝှိက်က သွေးကြောတွေကို ကျဥ်းသွားစေပြီး 00:04:01.807 --> 00:04:05.665 ဆံပင်အိတ်တွေဆီရောက်မယ့် ဆေးပမာဏကို လျှော့ချပေးပါတယ်။ 00:04:05.665 --> 00:04:08.527 ခီမိုဆေးသွင်းကုသမှု ပြီးသွားတဲ့အခါ 00:04:08.527 --> 00:04:12.594 ခီမိုထိထားတဲ့ဆဲလ်ကောင်းတွေဟာ ပြန်လည်ကောင်းမွန်လာပြီး 00:04:12.594 --> 00:04:15.239 မူလတာဝန်များ ပြန်လည်ထမ်းဆောင်ပါတယ်။ NOTE Paragraph 00:04:15.239 --> 00:04:21.643 ၂၀၁၈ တစ်နှစ်တည်းမှာပဲ လူ ၁၇ သန်းမှာ ကင်ဆာရောဂါ ရှာဖွေသိရှိခဲ့ပါတယ်။ 00:04:21.643 --> 00:04:26.640 ဒါပေမယ့် ခီမိုဆေးနဲ့ အခြားကုထုံးတွေဟာ အများကြီးပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ 00:04:26.640 --> 00:04:31.475 ဝှေးစေ့ကင်ဆာဖြစ်တဲ့လူနာထဲက ၉၅ ရာနှုန်းလောက်ဟာ 00:04:31.475 --> 00:04:34.775 တိုးတက်လာတဲ့ ကုသမှုတွေကြောင့် အသက်ဆက်ရှင်သန်နိုင်ခဲ့ပါတယ်။ 00:04:34.775 --> 00:04:39.590 သွေးကင်ဆာဆိုးတစ်ခုဖြစ်တဲ့ acute myeloid leukemia မှာဆို 00:04:39.590 --> 00:04:43.750 အသက် ၆၀ အောက်လူနာထဲက ၆၀ ရာနှုန်း ကျော်ဟာ ခီမိုကုထုံး ပထမအဆင့်မှာပဲ 00:04:43.750 --> 00:04:47.797 ရောဂါပျောက်ကင်းတဲ့အဆင့်ကို ရောက်ရှိခဲ့ပါတယ်။ NOTE Paragraph 00:04:47.797 --> 00:04:51.354 လေ့လာသူပညာရှင်တွေဟာ ကင်ဆာဆဲလ်ကိုသာ ဦးတည်တိုက်ခိုက်မယ့် 00:04:51.354 --> 00:04:54.546 ပိုမိုအစွမ်းထက်တဲ့ ဆေးဝါးများကို လေ့လာရှာဖွေနေဆဲ ဖြစ်ပါတယ်။ 00:04:54.546 --> 00:04:58.093 ဒီရှာဖွေမှုတွေကြောင့် သာမန်ဆဲလ်တွေ အထိအခိုက်နည်းပြီး 00:04:58.093 --> 00:04:59.367 ပိုကောင်းလာသလို 00:04:59.367 --> 00:05:03.869 ကင်ဆာကိုတိုက်မယ့် အကောင်းဆုံး လက်နက်တစ်ခု ရရှိလာမှာဖြစ်ပါတယ်။