0:00:06.793,0:00:11.073 ပထမကမ္ဘာစစ်တုန်းက ကြောက်စရာ[br]ကောင်းတဲ့ အရာတွေထဲက တစ်ခုဟာ 0:00:11.073,0:00:15.200 mustard gas လို့ခေါ်တဲ့[br]အဝါရောင်အဆိပ်ဓာတ်ငွေ့ ဖြစ်ပါတယ်။ 0:00:15.200,0:00:18.090 ကံဆိုးစွာနဲ့ အဆိပ်ထိခဲ့တဲ့သူတွေဟာ 0:00:18.090,0:00:21.982 အသက်ရှူလို့ မရတော့တာတွေ[br]မျက်လုံးစပ်တာ၊ လောင်တာတွေ 0:00:21.982,0:00:26.034 ထိမိတဲ့ အရေပြားမှာ မီးလောင်ဖုကြီးတွေ[br]ဖြစ်ကုန်ပါတယ်။ 0:00:26.034,0:00:31.536 သိပ္ပံပညာရှင်တွေဟာ ဒီအဆိပ်လက်နက်ဆိုးအတွက်[br]အဆိပ်ဖြေဆေးကို အပူတပြင်း ရှာဖွေခဲ့ပါတယ်။ 0:00:31.536,0:00:37.201 ဒီအဆိပ်ဟာ ရိုးတွင်းခြင်ဆီကို ကုလို့မရအောင်[br]ထိခိုက်စေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ 0:00:37.201,0:00:41.651 ထိခိုက်မိတဲ့ စစ်သားတွေမှာ[br]သွေးဆဲလ်အသစ်တွေ မထွက်တော့ပါဘူး။ 0:00:41.651,0:00:46.727 ဒီလိုစိတ်ပျက်စရာတွေထဲကမှ[br]သိပ္ပံပညာရှင်တွေဟာ အကြံတစ်ခု ရခဲ့ပါတယ်။ 0:00:46.727,0:00:52.803 ကင်ဆာဆဲလ်တွေဟာ ရိုးတွင်းခြင်ဆီလိုပဲ[br]လျှင်လျှင်မြန်မြန်ပွားတဲ့ အစွမ်းရှိပါတယ်။ 0:00:52.803,0:00:55.333 ဒါကြောင့် စစ်ကြီးရဲ့ရက်စက်ယုတ်မာမှု[br]တွေထဲက တစ်ခုဟာ 0:00:55.333,0:00:58.262 ကင်ဆာကိုတိုက်ဖို့ ရပ်တည်ကာကွယ်ပေးမှု[br]တစ်ခု ဖြစ်လာခဲ့ပါတယ်။ 0:00:58.262,0:01:01.541 ၁၉၃၀ ခုနှစ်မှာ[br]လေ့လာသူပညာရှင်တွေဟာ 0:01:01.541,0:01:05.052 ကင်ဆာလူနာရဲ့ သွေးပြန်ကြောထဲကို[br]ဒီအဆိပ်ဓာတ်ပေါင်း ထိုးသွင်းပြီး 0:01:05.052,0:01:07.664 လေ့လာစူးစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 0:01:07.664,0:01:12.909 ဘေးဖြစ်စေတာထက် ပိုကောင်းတဲ့ ကုသမှုတွေကို [br]အချိန်ယူ စမ်းသပ်ပြင်ဆင်မှုတွေ လုပ်ခဲ့ပေမဲ့ 0:01:12.909,0:01:14.999 ဒုတိယကမ္ဘာစစ်ကြီးပြီးချိန်မှာတော့ 0:01:14.999,0:01:20.135 ပထမဆုံးကင်ဆာခီမိုဆေးကို[br]ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 0:01:20.135,0:01:22.545 ယနေ့မှာတော့ ခီမိုဆေး[br]အမျိုးပေါင်းတစ်ရာကျော်နေပါပြီ။ 0:01:22.545,0:01:26.295 ခီမိုဆေးကို သောက်ဆေးအနေနဲ့ရော[br]ထိုးဆေးအနေနဲ့ပါ ပေးပါတယ်။ 0:01:26.295,0:01:32.765 ဆဲလ်တွေကို ထိခိုက်စေတဲ့ ကွန်ပေါင်းတွေမို့[br]ဆဲလ်အဆိပ်သင့်ပစ္စည်းတွေ လို့လည်း ခေါ်ပါတယ် 0:01:32.765,0:01:38.183 ဒီဆေးတွေဟာ ခန္ဓာကိုယ်ရှိဆဲလ်တွေကို[br]အတိုင်းအတာတစ်ခုအထိ ထိခိုက်စေပါတယ်။ 0:01:38.183,0:01:39.873 ပုံမှန်ကျန်းမာနေတဲ့ ဆဲလ်တွေတောင်ပါ။ 0:01:39.873,0:01:44.783 သို့သော် သူတို့ရဲ့အဖျက်စွမ်းအားဟာ[br]အမြန်ပွားနေတဲ့ဆဲလ်တွေမှာ ပိုသက်ရောက်ပါတယ်။ 0:01:44.783,0:01:48.353 ဒါဟာ ကင်ဆာဆဲလ်ရဲ့ လက္ခဏာ အတိအကျပါပဲ။ 0:01:48.353,0:01:51.462 ဥပမာပြရရင်[br]ပထမဆုံးခီမိုဆေးမျိုးဆက်ထဲက 0:01:51.462,0:01:55.666 ယနေ့ထိအသုံးပြုနေတဲ့ ဆေးဖြစ်တဲ့[br]alkylating agents ပါ 0:01:55.666,0:01:57.570 သွေးကြောထဲကို ထိုးထည့်လိုက်တဲ့အခါ 0:01:57.570,0:02:00.760 သူတို့ဟာ ခန္ဓာကိုယ်အနှံ့က ဆဲလ်တွေဆီ[br]ရောက်သွားပါတယ်။ 0:02:00.760,0:02:05.565 အတွင်းရောက်တာနဲ့ ဆဲလ်ဟာ ပွားဖို့အတွက်[br]DNA ကို အပြင်ထုတ်လိုက်တဲ့အခါ 0:02:05.565,0:02:09.635 ခီမိုဆေးဟာ DNA နှစ်ပင်လိမ်ပုံစံရဲ့[br]အခြေခံအုတ်မြစ်တွေကို ဝင်ဖျက်ပါတယ်။ 0:02:09.635,0:02:13.373 ဒါကို အချိန်မှီ မပြင်နိုင်ရင်တော့[br]ဆဲလ်က သေသွားပါလိမ့်မယ်။ 0:02:13.373,0:02:16.164 ကင်ဆာဆဲလ်တွေဟာ အရမ်းပွားတာကြောင့် 0:02:16.164,0:02:20.111 ခီမိုဆေး ပမာဏအများစုဟာ[br]သူတို့အတွက် ဖြစ်ကုန်ပါတယ်။ 0:02:20.111,0:02:24.276 ပွားလေလေ၊ ခီမိုတွေက ဝင်ဖျက်လေလေ၊[br]ပြန်ပြင်ဖို့ခက်လေလေ ဖြစ်လာတော့ 0:02:24.276,0:02:27.830 ကင်ဆာဆဲလ်တွေဟာ[br]သာမန်ဆဲလ်တွေထက် ပိုသေကုန်ပါတယ်။ 0:02:27.830,0:02:30.175 သာမန်ဆဲလ်က ပွားတာနှေးလို့[br]DNA ပြန်ပြင်ချိန် ရှိတယ် 0:02:30.175,0:02:34.651 ပွားတာနှေးလို့လည်း[br]ခီမိုဆေးတွေကို သုံးစွဲတဲ့ပမာဏ နည်းပါတယ်။ 0:02:34.651,0:02:40.610 နောက်ထပ်ခီမိုဆေးတစ်မျိုးကတော့[br]microtubule stabilizers ကွန်ပေါင်းပါ 0:02:40.610,0:02:44.440 ဆဲလ်တွေမှာ ဆဲလ်ပွားဖို့အတွက်၊[br]DNA ကူးပွားဖို့၊ ဖြန့်ခွဲပွားဖို့ 0:02:44.440,0:02:47.789 စီထားတဲ့[br]ပိုက်ငယ်လေးတွေ ရှိပါတယ်။ 0:02:47.789,0:02:50.977 ဒီ microtubule stabilizers ခီမိုဆေးတွေ[br]ဆဲလ်အတွင်းကို ဝင်တာနဲ့ 0:02:50.977,0:02:54.315 ဒီပိုက်ငယ်လေးတွေကို[br]ကွဲမထွက်အောင် ထိန်းသိမ်းလိုက်ပါတယ်။ 0:02:54.315,0:02:59.253 ဒါကြောင့် ဆဲလ်ဟာ ပြီးအောင်မပွားနိုင်တော့ပဲ[br]သေသွားပါတော့တယ်။ 0:02:59.253,0:03:03.693 ဒီဟာတွေကတော့ ယနေ့ခေတ်မှာသုံးနေတဲ့[br]ခီမိုဆေး ခြောက်မျိုးထဲက 0:03:03.693,0:03:06.235 ဥပမာနှစ်မျိုးပါ။ 0:03:06.235,0:03:11.112 ဒီလိုကောင်းကျိုးတွေရှိနေပေမဲ့[br]ဆိုးကျိုးအကြီးကြီးတစ်ခု ရှိနေပါတယ်။ 0:03:11.112,0:03:16.769 ခီမိုဟာ သဘာဝအရ မြန်မြန်ပွားဖို့လိုတဲ့[br]ဆဲလ်တွေကိုလည်း ထိခိုက်ပါတယ်။ 0:03:16.769,0:03:21.489 ဥပမာ - ဆံပင်အိတ်တွေ၊ အာခံတွင်းကဆဲလ်တွေ၊[br]အူလမ်းကြောင်းတစ်လျှောက်ဆဲလ်တွေ၊ 0:03:21.489,0:03:27.443 မျိုးပွားအင်္ဂါတွေ၊ ရိုးတွင်းခြင်ဆီတွေဟာ[br]ပွားတာမြန်လို့ ခီမိုဆေးဒဏ် ခံရပါတယ်။ 0:03:27.443,0:03:31.563 ကင်ဆာဆဲလ်တွေလို မြန်မြန်ပွားတဲ့[br]သဘာဝကြောင့် 0:03:31.563,0:03:34.803 ဒီဆဲလ်တွေဟာ[br]ခီမိုဆေးတွေနဲ့ များများထိပြီး 0:03:34.803,0:03:38.896 ဆေးဒဏ်ကို ကင်ဆာဆဲလ်တွေနီးပါး[br]ခံကြရပါတယ်။ 0:03:38.896,0:03:42.225 ဒါကြောင့် ဆေးတွေရဲ့ ဘေးထွက်[br]ဆိုးကျိုးများစွာဖြစ်တဲ့ 0:03:42.225,0:03:47.284 ဆံပင်ကျွတ်တာ၊ မောပန်းတာ၊ မြုံတာ၊ [br]ပျို့အန်တာတွေ ဖြစ်လာပါတယ်။ 0:03:47.284,0:03:51.214 ဒါ့ကြောင့် ဆရာဝန်တွေဟာ [br]ဒီဘေးထွက်ဆိုးကျိုးတွေရန်က ကာကွယ်ဖို့ 0:03:51.214,0:03:54.001 ပျို့အန်ပျောက်ဆေး အပြင်းစားတွေ ပေးပါတယ်။ 0:03:54.001,0:03:58.562 ဆံပင်ကျွတ်တာကိုကာကွယ်ဖို့၊ အပူချိန်ချတဲ့[br]အအေးခေါင်းဆောင်းတွေကို အသုံးပြုနိုင်ပါတယ်။ 0:03:58.562,0:04:01.807 အပူချိန်ကျတာဟာ ခေါင်းနားတဝှိက်က[br]သွေးကြောတွေကို ကျဥ်းသွားစေပြီး 0:04:01.807,0:04:05.665 ဆံပင်အိတ်တွေဆီရောက်မယ့် ဆေးပမာဏကို[br]လျှော့ချပေးပါတယ်။ 0:04:05.665,0:04:08.527 ခီမိုဆေးသွင်းကုသမှု ပြီးသွားတဲ့အခါ 0:04:08.527,0:04:12.594 ခီမိုထိထားတဲ့ဆဲလ်ကောင်းတွေဟာ[br]ပြန်လည်ကောင်းမွန်လာပြီး 0:04:12.594,0:04:15.239 မူလတာဝန်များ ပြန်လည်ထမ်းဆောင်ပါတယ်။ 0:04:15.239,0:04:21.643 ၂၀၁၈ တစ်နှစ်တည်းမှာပဲ လူ ၁၇ သန်းမှာ[br]ကင်ဆာရောဂါ ရှာဖွေသိရှိခဲ့ပါတယ်။ 0:04:21.643,0:04:26.640 ဒါပေမယ့် ခီမိုဆေးနဲ့ အခြားကုထုံးတွေဟာ[br]အများကြီးပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ 0:04:26.640,0:04:31.475 ဝှေးစေ့ကင်ဆာဖြစ်တဲ့လူနာထဲက[br]၉၅ ရာနှုန်းလောက်ဟာ 0:04:31.475,0:04:34.775 တိုးတက်လာတဲ့ ကုသမှုတွေကြောင့်[br]အသက်ဆက်ရှင်သန်နိုင်ခဲ့ပါတယ်။ 0:04:34.775,0:04:39.590 သွေးကင်ဆာဆိုးတစ်ခုဖြစ်တဲ့[br]acute myeloid leukemia မှာဆို 0:04:39.590,0:04:43.750 အသက် ၆၀ အောက်လူနာထဲက ၆၀ ရာနှုန်း[br]ကျော်ဟာ ခီမိုကုထုံး ပထမအဆင့်မှာပဲ 0:04:43.750,0:04:47.797 ရောဂါပျောက်ကင်းတဲ့အဆင့်ကို[br]ရောက်ရှိခဲ့ပါတယ်။ 0:04:47.797,0:04:51.354 လေ့လာသူပညာရှင်တွေဟာ[br]ကင်ဆာဆဲလ်ကိုသာ ဦးတည်တိုက်ခိုက်မယ့် 0:04:51.354,0:04:54.546 ပိုမိုအစွမ်းထက်တဲ့ ဆေးဝါးများကို[br]လေ့လာရှာဖွေနေဆဲ ဖြစ်ပါတယ်။ 0:04:54.546,0:04:58.093 ဒီရှာဖွေမှုတွေကြောင့်[br]သာမန်ဆဲလ်တွေ အထိအခိုက်နည်းပြီး 0:04:58.093,0:04:59.367 ပိုကောင်းလာသလို 0:04:59.367,0:05:03.869 ကင်ဆာကိုတိုက်မယ့် အကောင်းဆုံး[br]လက်နက်တစ်ခု ရရှိလာမှာဖြစ်ပါတယ်။