ကျွန်တော်တို့ 0.0727 ကိုအပိုင်းကိန်းပြောင်းလို့ ရလားကြည့်ရအောင် အခု ကိန်းနေရာကို ကြည့်ရအောင် ဒါက ဒသမ တစ်နေရာ၊ ခုနေရာ ဒါက ဒသမ နှစ်နေရာ၊ ဆယ်နေရာ ဒီ 2 က ဒသမ သုံးနေရာ၊ ရာနေရာမှာရှိတယ် နောက်ဆုံး 7 ကတော့ ဒသမလေးနေရာ၊ သောင်းနေရာမှာရှိတယ် ဒီတော့ ကျွန်တော်တို့ တွက်လို့ရတဲ့နည်းနှစ်နည်းရှိတယ်။ ကျွန်တော်တွက်ချင်တဲ့နည်းလမ်းကတော့ ဒီကိန်းက ဒသမလေးနေရာမှာရှိတယ်။ ကျွန်တော်တို့ဒီဟာတစ်ခုလုံးကို 727 သောင်းလို့သဘောထားလို့ရတယ် ဘာလို့လဲဆိုတော့ ဒီကိန်းက အငယ်ဆုံးကိန်းနေရာပဲ ဒါဆို ပြန်ရေးရအောင်။ ဒါက 727/10,000 နဲ့တူတူပဲ ကျွန်တော်တို့ အပိုင်းကိန်းပုံစံနဲ့ရေးပြီးပြီ။ ကျွန်တော်တို့အရှင်းဆုံးပုံစံနဲ့ရေးပြီးပြီလို့ထင်တယ် ဒီအပေါ်ကကိန်းက 2 နဲ့လည်းစားလို့မပြတ်ဘူး 5 နဲ့လည်းစားလို့မပြတ်ဘူး 3 နဲ့လည်းစားလို့မပြတ်ဘူး။ ဒီတော့ 6 ရော 9 ရောနဲ့လည်းစားလို့ပြတ်မှာမဟုတ်ဘူး။ 7 နဲ့လည်းစားလို့မပြတ်ဘူး ဒီတော့ ဒါက သုဒ္ဓကိန်းပဲဖြစ်မယ်။ ကျွန်တော်တို့ ပြီးပါပြီ