ကျွန်တော်တို့ 99.061 ကို 100 နဲ့စားမှာဖြစ်ပါတယ်။ ဒါကို နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီ ရုပ်သံမှာတော့ ကျွန်တော် ပိုမိုမြန်ဆန်တဲ့ နည်းလမ်းနဲ့ စဉ်းစားမှာဖြစ်ပါတယ်။ သင်တို့လဲ နားလည်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါကလဲ ကျွန်တော်တို့ အဓိကထားတဲ့ အကြောင်းအရာပါ။ သင်တို့ နားလည်ဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီကြောင်းဆက်စဉ်းစားရအောင်။ 99.061၊ 99.061 ကို 10 နဲ့ စားမယ်ဆိုရင် ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ပါ ဒါကို 10 နဲ့စားမယ်ဆိုရင် ကျွန်တော်တို့ ဘာရမလဲ ကျွန်တော်တို့ ဒဿမနေရာကို ရွှေ့ယုံပါပဲ။ ဘယ်ဘက်ကို တစ်နေရာပါ။ နားလည်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ ကိန်းပြည့် 99 ရှိပါတယ်။ 99 ကို 10 နဲ့စားမယ်ဆိုရင် ကိန်းပြည့် 9 ကျန်ခဲ့မှာဖြစ်ပါတယ်။ ဒါကြောင့် ဒဿမနေရာကို ရွေ့ဖို့အရေးကြီးပါတယ်။ 10 နဲ့စားမယ်ဆိုရင် ဘယ်ဘက်ကို တစ်နေရာပါ။ ဒါကြောင့် 9.9061 နဲ့ညီမျှပါလိမ့်မယ်။ ဒါကြောင့် ဒီပုစ္ဆာရဲ့ အဓိကဖြစ်တဲ့ 100 နဲ့စားမယ်ဆိုရင် ဒါကြောင့် 99.061 ကို 100 နဲ့စားမယ်ဆိုရင် ကျွန်တော်တို့ ဒဿမနေရာကို ဘယ်ဘက်ကို တစ်ခါရွေ့မယ်ဆိုရင် 10 နဲ့စားတာပါ။ 100 နဲ့စားမယ်ဆိုရင် ကျွန်တော်တို့ 10 နဲ့နောက်ထပ်တစ်ခေါက် ထပ်စားရပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ နှစ်ကြိမ် ရွေ့ရပါမယ်။ တစ်ကြိမ်၊ နှစ်ကြိမ် ဒဿမက ပထမဆုံး နံပါတ် 9 ရှေ့ကို အခုရောက်သွားပါပြီ နားလည်မယ်လို့ထင်ပါတယ်။ 99 က 100 နီးပါးပါ ဒါမှမဟုတ် 100 ထက် နည်းနည်းလေးပဲ နည်းပါတယ်။ ဒါကြောင့် အဲ့ဒါကို 100 နဲ့စားမယ်ဆိုရင် 1 ထက်နည်းနည်းလေး နည်းရပါလိမ့်မယ်။ ဒါကြောင့် ဒဿမကို ဘက်ဘက် နှစ်နေရာ ရွေ့မယ်ဆိုရင် ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ 10 နဲ့ နှစ်ကြိမ်စားနေလို့ပါ ဒီနည်းနဲ့ စဉ်းစားမယ်ဆိုရင် ကျွန်တော်တို့ 99 ရှေ့မှာ ဒဿမရှိတဲ့ အဖြေကိုရပါလိမ့်မယ်။ .99061 ပါ။ ကျွန်တော်တို့ ရှေ့မှာ 0 ထည့်သင့်ပါတယ်။ ဒါက ရှင်းရှင်းလင်းလင်းဖြစ်သွားစေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒါကို ဒီမှာ ရပါပြီ။ အခု တစ်ခြားနည်းနဲ့ စဉ်းစားလို့ရပါသေးတယ်။ ကျွန်တော် သင်တို့ကို အမြဲတမ်း ဒဿမကို ညာဘက်ရွေ့တာက 10 နဲ့စားတာလို့ ထင်စေချင်ပေမဲ့... ဒါပေမဲ့ ညာဘက်ကိုရွေ့မယ်ဆိုရင်။ သင်က 10 နဲ့မြှောက်နေတာဖြစ်သွားပါပြီ။ လူတစ်ချို့ကပြောပါလိမ့်မယ် သုညအရေအတွက်ကိုပဲ ရေတွက်ပြီး သင်က စားနေတယ်ဆိုရင်၊ ဒီမှာတော့ 100 နဲ့စားနေတယ်ဆိုရင် 100 က သုညနှစ်လုံးရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ 100 နဲ့စားရင် ဒဿမကို ဘယ်ဘက်နှစ်နေရာရွေ့နိုင်ပါတယ်။ အကယ်၍ ဒီလိုလုပ်တာက ပိုမြန်တယ်လို့ သင်ထင်ရင် ဒီနည်းအတိုင်းလုပ်နိုင်ပါတယ်။ အကယ်၍ သုည အလုံး ၂၀ ရှိမယ်ဆိုရင်... အိုကေ ဒဿမကို ဘယ်ဘက် နေရာ ၂၀ ရွေ့ကြတာပေါ့။ ဒါပေမဲ့ ဒီနည်းက ဘာလို့အလုပ်ဖြစ်လဲဆိုတာ သင်တို့ကိုသိစေချင်ပါတယ်။ ဒါက ဘယ်လို အဓိပ္ပာယ် ရှိလဲ ဘာလို့ ဒါက သင့်ကို မှန်ကန်တဲ့ ... နံပါတ်တစ်ခုပေးတာလဲ ဒါက ဘာဖြစ်လို့ အဓိပ္ပာယ်ရှိတာလဲ။ အကယ်၍ 100 နီးပါးရှိတဲ့ ဂဏန်းတစ်ခုကို 100 နဲ့စားမယ်ဆိုရင်။ 1 နီးပါးမှာရှိတဲ့ အဖြေကိုသင်ရမှာပါ။ ဒီမှာ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် သင် ဒဿမကို ဘယ်ညာမှန်မှန်ရွေ့မရွေ့ ဒါမျိုးနဲ့ စစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်ဒီနည်းနဲ့ ၅ နှစ် ဒါမှမဟုတ် ၁၀ နှစ် အသုံးပြုနေမယ်ဆိုရင် သင့်မှတ်ဥာဏ် ဒါမှမဟုတ် သင်ဘယ်လိုပဲခေါ်ခါ် သင့်အနေနဲ့ "ငါတို့ ဒဿမရွေ့တာ ဘက်မှန်ရဲ့လား" လို့တွေးမိပါလိမ့်မယ်။ အဲ့အခါမှာ အမှန်တကယ် စစ်တာ ကောင်းပါတယ်။ အကယ်၍ 100 နဲ့စားမယ်ဆိုရင် ကျွန်တော်ရမဲ့အဖြေက 100 ထက်နည်းရပါမယ်။ ဒဿမကို ဘယ်ဘက်ရွေ့တာက 100 ထက်နည်းတဲ့ အဖြေကို ရရှိမှာဖြစ်ပါတယ်။ အကယ်၍ ကျွန်တော် 100 နဲ့မြှောက်မယ်ဆိုရင် ကျွန်တော် 100 ထက်ကြီးတဲ့ အဖြေကိုရမှာဖြစ်ပါတယ်။ ဒဿမကို ညာဖက်ရွေ့တာက 100 ထက်ကြီးတဲ့ တန်ဖိုးကိုရရှိမှာဖြစ်ပါတယ်။