ရောဂါပိုးသစ်တစ်ခု ပေါ်လာတဲ့အခါ
ခန္ဓာကိုယ်တွေ၊ ကျန်းမာရေး စောင့်ရှောက်မှု
စနစ်တွေဟာ ခုခံစွမ်းမဲ့နေတတ်ကြတယ်။
ဒီလိုမျိုး အချိန်တွေမှာ
သေပျောက်မှု အနည်းဆုံးနဲ့
လူမှုအသိုင်းအဝိုင်းထဲ ခုခံစွမ်း ကျယ်ပြန့်
ဖန်တိုးဖို့ ကာကွယ်ဆေး အရေးတကြီး လိုအပ်တယ်။
ဒီတော့ အလိုအပ်ဆုံးအချိန်မှာ ကာကွယ်ဆေးတွေ
ဘယ်လို အမြန် တီထွင်ထုတ်လုပ်နိုင်မလဲ။
ကာကွယ်ဆေး တီထွင်ထုတ်လုပ်မှုကို
ယေဘုယျ သုံးဆင့်ခွဲနိင်တယ်။
စူးစမ်းမှု သုသေသနမှာ သိပ္ပံပညာရှင်တွေဟာ
ဘေးကင်းပြီး ပုံတူပွားနိုင်တဲ့
ကာကွယ်ဆေး ပုံစံတွေ ရှာတွေ့ဖို့
မတူတဲ့ နည်းလမ်းတွေနဲ့ စမ်းသပ်တယ်။
ဒါတွေကို လက်တွေ့ခန်းမှာ စိစစ်ပြီးတာနဲ့
ကုသရေး စမ်းသပ်မှုဆီ ဝင်သွားတယ်။
အဲဒီမှာ လူမျိုးအသီးသီးအတွက် ဘေးကင်းမှု၊
ထိရောက်မှုနဲ့၊ ဘေးထွက်ဆိုးကျိုးအတွက်
ကာကွယ်ဆေးတွေကို အကဲဖြတ်တယ်။
နောက်ဆုံးမှာ ထုတ်လုပ်ခြင်းပါ။
ကာကွယ်ဆေးတွေကို ထုတ်လုပ်ပြီး
အများပြည့်သူ သုံးဖို့ ဖြန့်ချီပါတယ်။
သာမန် အခြေအနေတွေမှာ ဒီလုပ်ငန်းစဉ်က
ပျမ်းမျှ ၁၅ နှစ်ကနေ အနှစ် ၂၀ ကြာတယ်။
ဒါပေမဲ့ ကမ္ဘာကပ်ရောဂါ ကာလတွင်းမှာတော့
အဆင့်တိုင်းကနေ တတ်နိုင်သမျှ
အမြန်ရွေ့ဖို့ သုတေသီတွေဟာ
ဗျူဟာ များစွာကို အသုံးချကြတယ်။
လေ့လာမှု သုတေသနဟာ ပြင်လွယ်
ပြောင်းလွယ် အရှိဆုံး ဖြစ်လောက်တယ်။
ဒီအဆင့်ရဲ့ ပန်းတိုင်က ဗိုင်းရပ်စ်
(သို့) ဘက်တီးရီးယား
ခုခံအား စနစ်နဲ့ မိတ်ဆက်ဖို့ ဘေးကင်းတဲ့
နည်လမ်းတစ်ခု ရှာတွေ့ဖို့ပါ။
ဒါက ခန္ဓာကိုယ်ကို တကယ့် ကူးစက်ရောဂါ
တစ်ခုကို တိုက်ခိုက်နိုင်စွမ်းရှိတဲ့
ပဋိပစ္စည်းတွေ ဖန်တီးဖို့ လိုအပ်တဲ့
သတင်းအချက်ကိုပေးတယ်။
ဒီခုခံအား တုံ့ပြန်မှုကို ဘေးကင်းစွာ
အစပျိုးပေးဖို့ နည်းလမ်းများစွာရှိပေမဲ့
ယေဘုယျအနေနဲ့ အထိရောက်ဆုံး ပုံစံတွေက
ထုတ်လုပ်ဖို့ အနှေးဆုံးတွေလည်း ဖြစ်နေတာပါ။
အစဉ်အလာ လျော့ပါးစေတဲ့ ကာကွယ်ဆေးတွေက
ရေရှည်ခံတဲ့ ခံနိုင်ရည်ရှိမှုကို ဖန်တီးတယ်။
ဒါပေမဲ့ ဒါတွေက အချိန်ကြာကြာ လူသားမဟုတ်တဲ့
တစ်ရှူးထဲမှာ ပျိုးထောင်ရမယ့် အားလျော့တဲ့
ဗိုင်းရပ်စရိုက်အပေါ် မူတည်တယ်။
လုပ်ဆောင်မှုမရှိတဲ့ ကာကွယ်ဆေးတွေက
အတော် ပိုမြန်တဲ့ နည်းလမ်းတစ်ခုလိုတယ်၊
ရောဂါဖြစ်ပစ္စည်းကို အားနည်းဖို့ အပူ၊အက်ဆစ်
(သို့)ဓာတ်ရောင်ခြည်ကို တိုက်ရိုက်သုံးတာပါ။
ဗိုင်းရပ် ပရိုတင်းရဲ့ ဘေးကင်းတဲ့
အပိုင်းအစတွေကို ထိုးသွင်းတဲ့ စံနှုန်းခွဲ
ကာကွယ်ဆေးတွေကို
အလျင်အမြန်လည်း ဖန်တီးလို့ရတယ်။
ဒါပေမဲ့ ပိုမြန်တဲ့နည်းစနစ်တွေက ကြံခိုင်မှု
နည်းတဲ့ ခံနိုင်ရည်ကို ထုတ်ပေးတယ်။
ဒါတွေက ကာကွယ်ဆေး ပုံစံများစွာရဲ့
သုံးခုပဲ ရှိသေးတာပါ။
တစ်ခုစီမှာ ကိုယ်ပိုင် အကောင်း၊အဆိုးရှိတယ်။
နည်းလမ်းတစ်ခုတည်းက အလုပ်ဖြစ်ဖို့
အာမမခံဘဲ
အားလုံးဟာ အချိန်ကုန်ခံရတဲ့ သုတေသန
လိုအပ်တယ်။
ဒီတော့ အရာတွေကို အရှိန်မြှင့်ဖို့
အကောင်းဆုံးနည်းလမ်းက
ပုံစံမျိုးစုံနဲ့ တစ်ပြိုင်နက် လုပ်ဖို့ပါ။
ဒီအဆုံးထိ ပြေးတဲ့ နည်းဗျူဟာက
၇ လအတွင်း ပထမဆုံး စမ်းသပ်နိုင်တဲ့
Zika ကာကွယ်ဆေးနဲ့
ပထမဆုံး စမ်းသပ်နိုင်တဲ့ COVID-19
ကာကွယ်ဆေးကို ထုတ်လုပ်ပေးခဲ့တယ်။
စမ်းသပ်နိုင်တယ်ဆိုတာက ဒီဆေးတွေ
အောင်မြင်မယ်လို့ မဆိုလိုဘူး။
ဒါပေမဲ့ ဘေးကင်ပြီး အလွယ်တကူ ပွားနိုင်တဲ့
ဒီပုံစံတွေက
အခြား လက်တွေ့ခန်းတွေက အခြားနည်းတွေ ဆက်လက်
စူးစမ်းစဉ် စမ်းသပ်မှုတွေထဲ ရွေ့နိုင်တယ်။
စမ်းသပ်နိုင်တဲ့ ကာကွယ်ဆေးကို
လေးလ(သို့) လေးနှစ်အတွင်း ထုတ်တာဖြစ်ဖြစ်
နောက်တစ်ဆင့်က မကြာခဏတော့ တီထွင်မှုရဲ
အရှည်ဆုံးနဲ့ မခန့်မှန်းနိုင်ဆုံး အဆင့်ပါ။
ကုသမှု စမ်းသပ်ခြင်းမှာ အဆင့်သုံးဆင့်
ပါဝင်တယ်။တစ်ခုစီမှာ စမ်းသပ်မှုအစုံပါတယ်။
Phase I စမ်းသပ်မှုတွေဟာ အစပျိုးပေးတဲ့
ခုခံအား တုံပြန်မှု ပြင်းအားကို စူးစိုက်ကာ
ကာကွယ်ဆေးဟာ ဘေးကင်းပြီး ထိရောက်မှုရှိ
တာကို သက်သေပြဖို့ ကြိုးစားတယ်။
Phase II စမ်းသပ်မှုတွေက ပိုကျယ်ပြန့်တဲ့
လူတွေမှာ မှန်ကန်တဲ့ ဆေးပမာဏနဲ့
ပို့ဆောင်မှုအစီအစဉ်ကို
သတ်မှတ်ရာမှာစူးစိုက်တယ်။
Phase III စမ်းသပ်မှုတွေကတော့
ကာကွယ်ဆေးရဲ့ ဦးစားပေး အသုံးပြုမှု
လူထုအသီးသီးကို ဆုံးဖြတ်ပေးစဉ်မှာ
ရှားပါးတဲ့ ဘေးထွက်ဆိုကျိုးတွေနဲ့
မကောင်းတဲ့ တုံ့ပြန်မှုတွေကိုပါ ရှာဖွေတယ်။
ကိန်းရှင်တွေရဲ့ အရေအတွက်နဲ့ ရေရှည်ဘေး
ကင်းမှုကို အာရုံစိုက်မှုကို ထောက်ဆရင်
ကုသရေး စမ်းသပ်မှုကို အရှိန်မြှင့်ဖို့က
မယုံနိုင်အောင် ခက်ခဲပါတယ်။
ပြင်းထန်တဲ့ အခြေအနေတွေမှာ
သုတေသီတွေဟာ စမ်းသပ်မှုပေါင်းစုံကို
တစ်ချိန်တည်းမှာ တစ်ဆင့်အတွင်း
စမ်းသပ်တယ်။
ဒါပေမဲ့ ၎င်းတို့ ရှေ့မဆက်ခင် တင်းကျပ်တဲ့
ဘေးကင်းမှု စံတွေနဲ့ ကိုက်ညီဖို့လိုအပ်ဆဲပါ။
တစ်ခါတစ်ရံ လက်တွေ့ခန်းတွေက
အရင်က အတည်ပြုထားတဲ့ ကုသမှုတွေကို
အသုံးချခြင်းက ဒီလုပ်ငန်းစဉ်ကို
သွက်လက်စေနိုင်တယ်။
၂၀၀၉ ခုနှစ်မှာ သုတေသီတွေဟာ ခြောက်လအတွင်း
ကျယ်ပြန်စွာရရှိနိုင်တဲ့ ကာကွယ်ဆေး ထုတ်ရင်း
H1N1 ကိုကုသဖို့ ရာသီ တုပ်ကွေး
ကာကွယ်ဆေးကို ပြုပြင်ပြောင်းလဲခဲ့တယ်။
သို့ပေမည့် ဒီနည်းစနစ်က ကောင်'မွန်စွာ
အခြေကျပြီးဖြစ်တဲ့ ပုံစံတွေရှိတဲ့
ရင်းနှီးနေတဲ့ ရောဂါဖြစ် ပစ္စည်းတွေကို
ကိုယ်တွယ်ရာမှာသာ အလုပ်ဖြစ်တာပါ။
အောင်မြင်တဲ Phase III စမ်းသပ်မှုနောက်မှာ
အမျိုးသား ထိန်းသိမ်ရေး အာဏာပိုင်တစ်ခုက
ရလဒ်တွေကို သုံးသပ်ပြီး ထုတ်လုပ်ရေးအတွက်
ဘေးကင်းတဲ့ ဆေးတွေကို အတည်ပြုတယ်။
ကာကွယ်ဆေးတိုင်းမှာ ထုတ်လုပ်ဖို့ အထူးပြု
အစဉ်အတန်းတစ်ခု လိုအပ်တဲ့ ဇီဝဗေဒနဲ့
ဓာတုဗေဒ ပါဝင်မှုတွေရဲ့
ထူးခြားတဲ့ အရောတစ်ခုရှိတယ်။
ကာကွယ်ဆေးကို အတည်ပြုပြီးတာနဲ့
ထုပ်လုပ်ရေး စတင်ဖို့
ထုတ်လုပ်ရေး အစီအစဉ်တွေဟာ သုတေသနနဲ့
စမ်းသပ်ရေးတွေ အပြိုင် ပုံစံထုတ်ရမှာပါ။
ဒါက လက်တွေ့ခန်းတွေနဲ့ ထုတ်လုပ်သူတွေကြားမှာ
အစဉ်မပြတ် ညှိနှိုင်းမှု လိုအပ်တာတင်မက
ကာကွယ်ဆေး ပုံစံ ရုတ်တရက် ပြောင်းလဲမှု
တွေကို ပြုပြင်ဖို့ ရင်းမြစ်တွေရောပါ။
အလုပ်ရဲ့ နားလိုက် လုပ်လိုက်
လတွေ ရှိတယ်ဆိုတာတောင်ပါ။
အချိန်ကြာလာရင် လေ့လာမှု သုတေသနနဲ
ထုတ်လုပ်ရေး တိုးတက်မှုတွဟာ
ဒီလုပ်ငန်းစဉ်ကို ပိုမြန်စေလိမ့်မယ်။
အနာဂတ် သုတေသီတွေဟာ မတူတဲ့
ဗိုင်းရပ်စ်တွကနေ
ဗီဇဆိုင်ရာ ပစ္စည်းကို အလားတူ ကာကွယ်ဆေး
ပုံစံအဖြစ် ဖလှယ်ပေးနိုင်လောက်မယ်လို့
ပဏာမ လေ့လာမှုတွေက ညွှန်းတယ်။
DNA နဲ့ mRNA အခြေခံတဲ့ ကာကွယ်ဆေးတွေဟာ
ကာကွယ်ဆေး ထုတ်လုပ်မှု သုံးဆင့်စလုံးကို
သိသာစွာ အလုပ်တွင်စေနိုင်တယ်။
ဒါပေမဲ့ ဒီလိုကျော်လွှားမှုတွေမတိုင်ခင်တော့
ကမ္ဘာတစ်လွှားက လက်တွေ့ခန်းတွေအတွက်
အကောင်းဆုံး ဗျူဟာက ခြားနားတဲ့
နည်းလမ်းတွေမှာ အတူပူးပေါင်းပြီး
အပြိုင် လုပ်ကိုင်ကြဖို့ပါ။
အသိပညာနဲ့ ရင်းမြစ်တွေကို မျှဝေခြင်းကနေ
သိပ္ပံပညာရှင်တွေဟာ ရောဂါပိုးဟူသမျှကို
ခွဲထုတ်ပြီး အောင်မြင်နိုင်ပါတယ်။