သမိုင်းမှာ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး လူဆိုးဂိုဏ်းဝင်တစ်ဦး Al Capone ဟာ ကြီးမား၊ အကျိုးအမြတ်ရှိတဲ့ စုပေါင်း ရာဇဝတ်မှုအင်ပါယာကို ဦးဆောင်တယ်။ နောက်ဆုံး သူ အမှုရင်ဆိုင်ရတဲ့အခါ သူ အများဆုံး ပြစ်ဒဏ် စီရင်ခံခဲ့ရတာက အခွန် ရှောင်မှုအတွက်ပါ။ တရားမဝင် လောင်းကစား၊ အရက်ပုန်း ရောင်းချခြင်း၊ ဆောင်ကြာမြိုင်တွေနဲ့ ခြိမ်းခြောက် ငွေညှစ်ခြင်းတွေ ကနေ Capone ရခဲ့တဲ့ တစ်နှစ်ကို ဒေါ်လာ သန်း ၁၀၀ နီးပါး၊ ယနေ့ ငွေကြေးနဲ့ဆို ၁.၄ ဘီလီယံရှိတဲ့ငွေဟာ သူ့အမှုတွေရဲ့ သက်သေအဖြစ် ဖော်ပြခဲ့တယ်။ ဒါပေမဲ့ ဒီငွေကို ဘယ်မှာမှ ရှာမတွေ့ခဲ့ဘူး။ Capone နဲ့ အပေါင်းအပါတွေဟာ ဒါကို နောက်ဆုံး ပိုင်ဆိုင်မှု သက်သေ မပြနိုင်သူတွေရဲ့ လုပ်ငန်းမျိုးစုံမှာ မြှုပ်နှံမှုတွေ ကနေ ဖုံးကွယ်ထားခဲ့တယ်။ ငွေသားကိုသာ ခဝါချတဲ့ စက်တွေလိုပေါ့။ တကယ်တမ်းက ဒီခဝါချစက်တွေဟာ ငွေကြေး ခဝါချခြင်းဆိုတဲ့ လုပ်ဆောင်မှု အမည်အတွက် အကြောင်းရင်းရဲ့ အစိတ်အပိုင်းပါ။ ငွေကြေး ခဝါချခြင်းဟာက ဆိုးညစ်တဲ့ ဇာစ်မြစ် တွေကနေ တရားမဝင် ရယူထားတဲ့ ငွေကြေးတွေကို သန့်ရှင်းအောင်လုပ်ပြီး တရားဝင် စီပွားရေးထဲမှာ ဒါတွေကို အသုံးပြုခွင့်ရစေတဲ့ လုပ်ငန်းစဉ်တိုင်း အတွက် ဝေါဟာရ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ Capone ဟာ ငွေကြေး ခဝါချတဲ့ ပထမဆုံးသူတော့ မဟုတ်ဘူး။ တကယ်တော့ ဒီအလေ့အထက ငွေကိုယ်၌ လောက်ကို အိုဟောင်းနေပါပြီ။ ကုန်သည်တွေဟာ ချမ်းသာမှုတွေကို အခွန်ကောက်သူတွေမသိအောင် ဖုံးတယ်၊ ပင်လယ်ဓါးပြတွေဟာ သူတို့ရဲ့ ဆုလာဘ်ကို ဒါကို ဘယ်လိုရရှိခဲ့တယ်ဆိုတာကို အာရုံမစိုက်မိစေဘဲ ရောင်းချဖို့ ကြိုးစားတယ်။ မကြာခင်ကမှ ရောက်လာတဲ့ ငွေကြေးလိုလိုအရာတွေနဲ့အတူ နိုင်ငံခြား ဘဏ်မှတ်ပုံတင်မှု၊ တရားမဝင် ကွန်ရက်နဲ့ ကမ္ဘာ့ စျေးကွက်တွေ၊ အစီအစဉ်တွေဟာ အများကြီး ပိုရှုပ်ထွေးလာပါပြီ။ ခေတ်သစ် ငွေကြေး ခဝါချခြင်းနည်းလမ်းတွေက အလွန် ခြားနားပေမဲ့ အများစုက အခြေခံ အဆင့် သုံးဆင့်တော့ တူပါတယ်။ နေရာချထားမှု၊ အလွှာထပ်ခြင်းနဲ့ ပေါင်းစည်းမှုပါ။ နေရာချထားမှုက တရားမဝင် ရရှိထားတဲ့ ငွေကို တရားဝင်ဖြစ်စေတယ် ထင်ရဟန်ရှိတဲ့ အရင်းအနှီးတွေအဖြစ် ပြောင်းလဲတဲ့ နေရာပါ။ အမည်မသိ လုပ်ငန်းကြီးတစ်ခု (သို့) ကြေးစား ကြားလူတစ်ယောက်ကို မှတ်ပုံတင်ထားတဲ့ ဘဏ်စာရင်းထဲကို ငွေတွေ ထည့်ခြင်းနဲ့ ဒါကို မကြာခဏ လုပ်တယ်။ အပြင်ပန်းအနေနဲ့ ဘယ်ကမှန်းမသိတဲ့ သူတို့ရဲ့ ဓနဥစ္စာ အမြောက်အမြားကို ငွေကြေးစနစ်ထဲကို စတင်ထည့်သွင်း တာကြောင့် ဒီအဆင့်က ရာဇဝတ်သားတွေကို ရှာဖွေတွေ့ရှိဖို့ ပျော့ကွက်ရှိတဲ့ နေရာပါ။ ဒုတိယ အဆင့် အလွှာထပ်ခြင်းက ၎င်းတို့မူလကနေ ငွေကြေးတွေ ကွာဝေးတဲ့ နေရာဆီ အကျိုးပြုဖို့ အရောင်းအဝယ် မျိုးစုံကို အသုံးပြုတာ ပါဝင်တယ်။ စာရင်းစုံကြားက ရောင်းဝယ်မှု (သို့)ဖလှယ်နိုင်တဲ့ ပိုင်ဆိုင်မှု ရောင်းဝယ်မှုရဲ့ လွှဲပြောင်းမှုတွေရဲ့ အသွင်ကိုယူနိုင်တယ်။ ဥပမာ စျေးကြီးတဲ့ ကားတွေ၊ အနုပညာလက်ရာနဲ့ အိမ်ခြံမြေတွေပါ။ စက္ကန့်တိုင်း ငွေအများအပ​ြားကို လက်ပြောင်း လက်လွှဲလုပ်နေတဲ့ ကာစီနိုတွေဟာလည်း အလွှာထပ်ခြင်းအတွက် ရေပန်းစားတဲ့ နေရာတွေပါပဲ။ ငွေချေးငှားသူတစ်ဦးဟာ သူတို့ရဲ့ လောင်းကစား လက်ကျန်ငွေကို အခြားနိုင်ငံတွေမှာရှိတဲ့ ကာစီနို ဆိုင်ခွဲမှာ ရရှိအောင် လုပ်နိုင်တယ်၊ ဒါမှမဟုတ် ကစားပွဲတွေကို အကြံအဖန်လုပ်ဖို့ ဝန်းထမ်းတွေနဲ့ တွဲလုပ်တယ်။ နောက်ဆုံးအဆင့်ပေါင်းစည်းမှုက ပင်မ စီးပွား ရေးထဲကို ပြန်ဝင်ဖို့နဲ့ မူလ ရာဇဝတ်သားကို အကျိုးရှိစေဖို့ ငွေကို သန့်ရှင်းခွင့်ပေးတာပါ။ အမှာစာ အတုတွေထုတ်ကာ ပေးချေမှုလို့ဆိုရင်း ဒါကို တရားဝင် လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံနိုင်တယ် ဒါမှမဟုတ် မတန်တဆ လစာနဲ့ သူတို့ကိုယ်သူတို့ ဒါရိုက်တာ အဖွဲ့ဝင်တွေအဖြစ်နေရာပေးကာ အတုအယောက် လူမှုရေးအသင်းတစ်ခုတောင် စနိုင်တယ်။ ငွေကြေး ခဝါချခြင်းကိုက အမေရိကန် ပြည်ထောင်စုမှာ အစိုးရ ရာဇဝတ်မှု အဖြစ် ၁၉၈၆ အထိ အသိအမှတ် မပြုခဲ့သေးတာပါ။ ဒီအချိန်မတိုင်ခင်က အစိုးရဟာ အခွန်ရှောင် တာလို ဆက်စပ်တဲ့ မှုခင်းတစ်ခုကို တရားစွဲဆိုဖို့ လိုခဲ့တယ်။ ၁၉၈၆ ကနေ နောက်ပိုင်း ဖုံးကွယ်ထားမှု မြောက်တယ်လို့ ထင်ရှားစေခြင်းနဲ့သာ ဓနဥစ္စာတွေကို သိမ်းယူနိုင်ခဲ့တာပါ။ ဒါက အဓိကမှုခင်းဆိုင်ရာ လုပ်ဆောင်မှုတွေကို တရားစွဲရာမှာ အပြုသဘော သက်ရောက်မှဖြစ်စေတယ်။ ဥပမာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေပါ။ ဒါပေမဲ့ တရားရေးဆိုင်ရာ အရွေ့က သီးသန့်တည်ရှိမှုနဲ့ အစိုးရ စောင့်ကြည့်မှု ပါဝင်တဲ့ ပူပန်မှုတွေကို မြင့်မားစေခဲ့တယ်။ ယနေ့ ကုလသမဂ္ဂ၊ အမျိုးသားရေးဆိုင်ရာ အစိုးရတွေနဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့စုံဟာ ငွေကြေး ခဝါချမှုကို တိုက်ဖျက်ကြပေမဲ့ ဒီအလေ့အထက ကမ္ဘာလုံးဆိုင်ရာ မှုခင်းမှာ အဓိက ကဏ္ဍတစ်ခုအဖြစ် ဆက်ရှိနေဆဲပါ။ ငွေကြေး ခဝါချခြင်းရဲ့ အထင်ပေါ်ဆုံး သာဓကတွေမှာ အရပ်သား ပုဂ္ဂလိကတွေသာမက အဓိက ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရ အရာရှိ တွေပါ ပါဝင်ပတ်သက်နေတာပါ။ တစ်နှစ်တစ်နှစ်ကို ခဝါချနေတဲ့ ငွေကြေး ပမာဏ စုစုပေါင်းကို ဘယ်သူမှ တပ်အပ်သေချာ မသိပေမဲ့ ဒေါ်လယ ဘီလီယံ ရာချီ ရှိလိမ့်မယ်လို့တော့ အဖွဲ့အစည်းတချို့က ခန့်မှန်းကြပါတယ်။