(ဂီတသံ) (ပရိသတ်လက်ခုပ်သံ) ကျွန်မရှင်တို့ကိုနည်းပညာနဲ့ကင်၀ေးရာ လွတ်လပ်တဲ့ ဘဝနည်းနာများကိုပြောရင်းစတင်ချင်ပါတယ် ပြီးတော့ရှင်တို့လုပ်ရမှာက ရှင်တို့ရဲ့ ကိုယ်ဟန်အနေအထားကို၂မိနစ်လောက် ပြောင်းဖို့ပါပဲ ကျွန်မရပြီလို့မပြောခင်ရှင်တို့ရဲ့ ခန္ဓာကိုယ်နဲ့ရှင်တို့ရဲ့ခန္ဓာကိုယ်ကို ဘာတွေလုပ်နေလဲဆိုတာ နည်းနည်းစစ်ဆေးဖို့အခုပြောချင်ပါတယ်အဲ့တော့ ရှင်တို့ဘယ်နှယောက်များ ကိုယ့်ကိုယ်ကိုကျုံ့ကျုံ့လေး လုပ်နေတာလဲတချို့ကခြေထောက်တွေချိတ်ပြီး ကိုင်းနေမယ်ဒါမှမဟုတ် ခြေချင်းဝတ်ကို ထွေးပတ်ထားမယ်တခါတလေကျွန်မတို့လက်တွေကို ဒီလိုကိုင်ရင် ကိုင်ထားမယ် တခါတစ်လေဆန့်ကားရင်ဆန့်ကားနေမယ် (ရယ်မောသံ) ကျွန်မရှင်တို့ကိုမြင်ရပါတယ် ဒီတော့ အခုရှင်တို့ကိုအာရုံစိုက်စေချင်တာက အခုရှင်တို့ဘာလုပ်နေလဲ ဆိုတာပါပဲခဏနေရင်ကျွန်မတို့ဒီနေရာကို ပြန်လာပါ့မယ် ပြီးတော့ရှင်တို့ဒီဟာကိုညှိ ယူလိုက်မယ်ဆိုရင်ရှင်တို့ဘဝကြီးက ပြောပြရလောက်တဲ့အထိသိသိသာသာပြောင်းလဲမယ်လို့ မျှော်လင့်ပါတယ် အဲ့တော့ကျွန်မတို့ကိုယ်ဟန်အမူအရာဘာသာ စကားကိုစိတ်ဝင်စားတယ်ဆိုရင် အထူးသဖြင့်တခြားလူရဲ့ကိုယ်ဟန်အမူအရာ ဘာသာစကားကို လည်းစိတ်ဝင်စားမှာပဲ ရှင်တို့သိပါတယ် ကျွန်မတို့ဒီလိုနေရာမှာ စိတ်ဝင်စားကြတာသိတယ်မလား (ပရိသတ်ရယ်သံ) ကိုးရိုးကားရားဆက်ဆံရေး ဒါမှမဟုတ်အပြုံးတစ်ခု ဒါမှမဟုတ်အထင်သေးတဲ့အကြည့်တစ်ချက် ဒါမှမဟုတ် အချိုးမပြေတဲ့မျက်စိ တစ်ဖတ်မှိတ်ပြမှုဒါမှမဟုတ်လက်ဆွဲ နှုတ်ဆက်ခြင်းလိုအရာမျိုးတွေ [ဇာတ်ကြောင်းပြောသူ] သူတို့အမှတ်၁၀ကို ရောက်လာကြပါပြီ ဒီကံကောင်းတဲ့ရဲသားကြီးဟာဆိုရင် အမေရိကန်သမ္မတနဲ့လက်ဆွဲနှုတ်ဆက်ရပါတယ် ဒါကတော့ဝန်ကြီးချုပ်ပါ မရပါဘူး (ပရိသတ်ရယ်မောသံနှင့် လက်ခုပ်သံ) ဒါဆို လက်ဆွဲနှုတ်ဆက်တာနဲ့ မနှုတ်ဆက်တာ ကျွန်မတို့ကို ရက်သတ္တပတ်တော်တော်ကြာ ပြောစရာဖြစ်စေပါတယ် ဘီဘီစီနဲ့ နယူးယောက်ခ်တိုင်းစ်တောင် ပါပါတယ် ဒါဆို သိသိသာသာပဲကျွန်မတို့ နှုတ်ကမပြောတဲ့ အမူအရာတွေဒါမှမဟုတ်ကိုယ်ဟန်အမူအရာ ဘာသာစကားတွေကိုစဥ်းစားပါတယ် အဲ့ဒါကိုလူမှုရေး သိပ္ပံပညာရှင်တွေကနှုတ်ကမပြောတဲ့ ဘာသာစကား လို့ခေါ်ပါတယ်ဒါဆိုဆက်သွယ် ခြင်းအကြောင်စဥ်းစားမယ် ဆက်သွယ်ခြင်းကိုစဥ်းစား တဲ့အခါ တုံ့ပြန်မှုကိုလည်းစဥ်းစားရပါတယ်ဒါဆို ရှင်တို့ရဲ့ကိုယ်ဟန်အမူအရာဘာသာစကားက ကျွန်မကိုဘာဆက်သွယ် နေတာလဲ ကျွန်မရဲ့ဟာကရောရှင်တို့ကို ဘာပြောနေတာလဲ ဒါက ဒါကိုကြည့်ကြည့်ဖို့ဖြစ်နိုင်တယ်ဆိုတဲ့ နည်းလမ်းဆိုတာယုံကြည်ဖို့ အကြောင်းပြချက်တွေအများကြီးရှိပါတယ် ဒါဆိုလူမှုရေးသိပ္ပံပညာရှင်တွေက ဆုံးဖြတ်ချက်တွေအပေါ် ကိုယ်ဟန်အမူအရာဘာသာစကားရဲ့ သက်ရောက်မှု ဒါမှမဟုတ် အခြားသူတွေရဲ့ ကိုယ်ဟန်အမူအရာဘာသာစကားကိုလေ့လာဖို့အချိန်တွေ အများကြီးကုန်ဆုံးခဲ့ရပါတယ် ပြီးတော့ကျွန်မတို့ ကိုယ်ဟန်အမူအရာဘာသာစကားကနေ ထွက်လာတဲ့ ကောက်ချက်တွေဆုံးဖြတ်ချက်တွေကို သိမ်းကျုံးလုပ်ဆောင်ပါတယ် ပြီးတော့အဲ့ဆုံးဖြတ်ချက်တွေကနေဘဝအတွက် တကယ့်ကိုတန်ဖိုးရှိတဲ့ဘယ်သူ့ကို ငှားမလဲဘယ်သူ့ကိုရာထူးတိုးပေးမလဲဘယ်သူ့ကို ဒိတ်လုပ်ဖို့ခေါ်မလဲဆိုတဲ့အဆုံးအဖြတ် ရလာဒ်တွေကိုခန့်မှန်းပါတယ်ဥပမာနယ်လ်နီ အမ်ဘာဒီ တက်ဖ်တက္ကသိုလ်က သုတေသနပညာရှင်တစ်ယောက် ကပြောပါတယ် တကယ့်လူနာနဲ့ဒေါက်တာပြောတဲ့စက္ကန့်၃၀ရှိတဲ့ အသံမပါတဲ့ ဗီဒီယိုဖိုင်ကိုကြည့်တဲ့အခါ ဆရာဝန်ရဲ့ ဖော်ရွေမှုတွေက ဆရာဝန်တရား အစွဲခံရမလား မခံရဘူးလားခန့်မှန်းပါတယ် ဒါကတော့ ဆရာဝန်အရည်အချင်းပြည့်မှီလား မမှီဘူးလားနဲ့တော့သိပ် မသက်ဆိုင်ပါဘူးဒါပေမယ့် ကျွန်မတို့အဲ့ဒီလူနဲ့သူတို့ဘယ်လိုပြောဆိုကြလဲ ဆိုတာကိုသဘောကျတာလား ပိုသိသာတာပြောမယ်ဆိုရင်ပရင့်စတန်က အဲလက်စ်တိုဒိုရုဗ်က နိုင်ငံရေးကိုယ်စားလှယ်လောင်းတွေရဲ့ တစ်စက္ကန့်အတွင်းတွေ့ရတဲ့မျက်နှာပေါ်က ဆုံးဖြတ်ချက်တွေဟာ အမေရိကန်လွှတ်တော်နဲ့ ပြည်နယ်အုပ်ချုပ်ရေးပြိုင်ပွဲတွေရဲ့ ရလာဒ်ကို ၇၀ရာခိုင်နှုန်းလောက် ခန့်မှန်းနိုင်တယ်ဆိုပါတယ် ဒီဂျစ်တယ်ဘက်ကိုကြည့်ရင် လိုင်းပေါ်ကဆွေးနွေးမှု တွေမှာကောင်းကောင်းအသုံးပြုနေတဲ့ စိတ်ခံစားချက်ရုပ်ပုံလေးတွေဟာဆွေးနွေးမှု ကိုတန်ဖိုးပိုတက်စေပါတယ် အဲ့ဒါတွေကိုကျကျနနမသုံးဘူးဆို မကောင်းဘူး ဟုတ်တယ်မလားနှုတ်ကမပြောတဲ့ အမူအရာတွေကိုစဥ်းစားတဲ့အခါ ကျွန်မတို့တခြားသူတွေကို ဘယ်လိုသုံးသပ်လဲစဥ်းစားပါတယ် သူတို့ကရောကျွန်မ တို့ကိုဘယ်လိုသုံးသပ်လဲ နောက်ဆုံးအဖြေကရောဘာလဲ ဒါပေမယ့်လည်းမေ့သွားတာပါပဲ ကျွန်မတို့ရဲ့နှုတ်ကမပြောတဲ့ အမှုအရာတွေလွှမ်းမိုးခြင်းခံရတဲ့ပရိသတ်တွေက ကျွန်မတို့ကိုယ်တိုင်ပါပဲ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့နှုတ်ကမပြောတဲ့ အမ​ှုအရာတွေ အတွေးတွေ ခံစားချက်တွေနဲ့ဇီဝကမ္ဗတွေရဲ့ လွှမ်းမိုးချင်းခံရပါတယ် ဒါဆိုကျွန်မကဘယ်နှုတ်ကမပြောတဲ့ အမှုအရာကိုပြောနေတာလဲ ကျွန်မကလူမှုရေးစိတ်ပညာရှင် တစ်ယောက်ပါ မျက်စိ မှိတ်ဘက်လိုက်ခြင်း ကိုလေ့လာတယ် အပြိုင်အဆိုင်သင်တဲ့စီးပွားရေးကျောင်း တစ်ခုမှာ စာသင်တယ်အဲ့ဒါကြောင့်ကျွန်မက စွမ်းအားရွေ့လျားမှုအပေါ်စိတ်ဝင်စားလာမှုကို ရှောင်လဲွှလို့ မရပါဘူး အထူးသဖြင့် အာဏာနဲ့လွှမ်းမိုးမှုကိုဖော်ပြတဲ့ နှုတ်ကမပြောတဲ့အမူအရာတွေကို ပိုစိတ်ဝင်စားပါတယ် အာဏာနဲ့လွှမ်းမိုးမှုကိုဖော်ပြတဲ့ နှုတ်ကမပြောတဲ့အမူအရာတွေက ဘာတွေလဲ ဒါကတော့အဲ့ဒါတွေပဲဖြစ်ပါတယ် တိရစ္ဆာန်လောကမှာဆိုရင်သူတို့က နယ်ချဲ့ဖို့ပဲ အင်အားကြီးအောင်လုပ်ဖို့ အာဏာကုန် ကြိုးပမ်းတယ် နေရာရလာပြီဆို အခြေခံ လမ်းစပွင့်လာတာပဲ လမ်းစပွင့်လာတာပါ တိရစ္ဆာန်လောကမှာဒါကအမှန်တရားပါ အဆင့်မြင့်ဆုံးနို့တိုက်သတ္တဝါတွေတောင်မှ မကန့်သတ်ထားပါဘူး လူတွေလည်း ထပ်တူလုပ်ဆောင်ကြပါတယ် ပရိသတ်ရယ်သံ တစ်သက်လုံးအာဏာစွဲကိုင်ထားရရင်ရော ခဏတာအာဏာရှိတယ်လို့ခံစားရတဲ့အခါ လုပ်ပါတယ်အထူးသဖြင့် ဒီတစ်ခုက ပိုစိတ်ဝင်စားဖို့ကောင်းပါတယ် ဘာလို့လဲဆိုသြဇာအာဏာဆိုတဲ့ဖော်ပြချက်က ဘယ်လောက်တောင်ကျယ်ပြန့်ပြီး သက်တမ်းရင့်နေပြီလဲဆိုတာဖော်ပြနေပါတယ် ဂျက်စီကာထရေစီလေ့လာထားတဲ့ မာနလို့သိကြတဲ့ အဲ့ဒီ့ဖော်ပြချက်ပါ အမြင်အာရုံနဲ့မွေးဖွားလာတာပဲဖြစ်ဖြစ် မွေးရာပဲအမြင်အာရုံမရတဲ့သူပဲဖြစ်ဖြစ် ကာယပြိုင်ပွဲ တွေမှာဒီလိုပုံစံလုပ်ကြတာ ဖော်ပြထားပါတယ် စည်းကိုဖြတ်ပြီးတာနဲ့သူတို့အနိုင်ရတဲ့ အခါသူတို့ ဒီလိုလုပ်တာတစ်ခါမှမမြင်ဘူးလဲ ကိစ္စမရှိပါဘူး သူတို့ဒီလိုလုပ်ပါတယ် လက်ကို V ပုံစံမြှောက်ပြီး မေးကိုအပေါ် နည်းနည်းလောက်မော့ သြဇာမမရှိဘူးလို့ခံစားတဲ့အခါ ဘယ်လိုပြုမူလဲ သေချာပေါက်ဆန့်ကျင်ဘက် အရာကိုလုပ်ဆောင်ပါတယ် ကျွန်မတို့ပူးကပ် လိုက်တယ် ကိုယ့်ဘာသာထွေးပိုက်ပြီး သေးသွားအောင်လုပ်ကြပါတယ် ကျွန်မတို့အနားမှာရှိတဲ့လူတွေနဲ့ မတွေ့ချင်တော့ဘူး ဒီမှာလည်းတိရစ္ဆာန်နဲ့လူတွေတူတူပဲ သြဇာရှိတဲ့သူနဲ့ သြဇာနည်းတဲ့သူ တူတူတွေ့တဲ့အခါ ဒီလိုပဲဖြစ်ပါတယ်သြဇာအာဏာနဲ့ ပတ်သတ်လာရင်ကျွန်မတို့လုပ်လိုက် ကြတာကတခြားသူရဲ့ စကားမပြောတဲ့အမူအရာနဲ့ ဖြည့်တွေးလိုက်ကြတာပဲ တကယ့်ကို သြဇာကြီးတဲ့သူနဲ့ကျွန်မတို့ အတူတူရှိတဲ့အခါ ကိုယ့်ကိုယ်ကိုသေးအောင် လုပ်ပါတယ် သူတို့ရဲ့ပုံစံကျွန်မတို့မှာထင်ဟပ်မနေပါဘူး သူတို့ရဲ့ဆန့်ကျင်ဘက်အရာကိုလုပ်တာပါ ကျွန်မစာသင်ခန်းထဲမှာဒါကို စောင့်ကြည့်ဖူးပါတယ် ကျွန်မဘာကိုသတိထားမိလဲဆိုတော့ MBA ကျောင်းသားတွေဟာ တကယ်ပဲသြဇာ ရှိတယ်ဆိုတဲ့ စကားမပြောတဲ့အမှုအရာကို အပြည့်အဝပြပါတယ် တစ်နေရာရာမှာသြဇာကြီးတဲ့ ရုပ်ပြောင်နဲ့တူတဲ့လူတွေ အခန်းထဲကိုဝင်လာတဲ့အခါ အတန်းတောင်မစသေးဘဲအခန်းရဲ့ အလယ်ကိုရောက်သွားပါတယ် သူတို့နေရာကိုသိမ်းပိုက်ချင်တဲ့ပုံနဲ့ ထိုင်တဲ့အခါ ဒီလိုဖြဲကားထိုင်မယ် သူတို့လက်တွေကိုဒီလိုမြှောက်ထားကြမယ် ဝင်လာတဲ့အခါကြည့်တာနဲ့အဆင်သိပ်မပြေတဲ့ လူတွေကိုလည်း ရှင်တို့မြင်ဖူးပါတယ် သူတို့ဝင်လာရင် ရှင်တို့ တွေ့မှာပါ မျက်နှာမှာရောခန္ဓာကိုယ်မှာပါ မြင်ရပါတယ်ထိုင်ခုံမှာထိုင်တဲ့အခါ ကိုယ်ကို ကျုံ့ကျုံ့လေးလုပ်တယ် လက်တွေထောင်တဲ့အခါဒီလိုလုပ်တယ် အဲ့ဒါနဲ့ပတ်သတ်ပြီးကျွန်မ ၂ ခု သတိထားမိတယ် တစ်ခုက အံ့သြစရာမရှိပါဘူး ကျား၊မ လိင်နဲ့သက်ဆိုင်တယ် ဒီလိုအရာမျိုးအမျိုးသမီးတွေက အမျိုးသားတွေထက်ပိုလုပ်တယ်အမျိုးသမီးတွေက အမျိုးသားတွေထက်အားနည်းတယ်လို့ခံစား ရတာ အကျင့်လို ဖြစ်နေပါတယ်ဒါ့ကြောင့် ဒါကအံ့သြစရာ မဟုတ်ပါဘူး ဒါပေမယ့်ကျွန်မသတိထားမိတဲ့ နောက်တစ်ခုက ကျောင်းသားတွေပါဝင်မှုအတိုင်းအတာ၊ သူတို့ဘယ်လိုကောင်းကောင်း ပါဝင်ဆင်နဲွှကြလဲဆိုတာနဲ့ ဆက်စပ်နေတယ်လို့ထင်ပါတယ် MBA အတန်းထဲမှာလဲဒါကအရမ်းကို အရေးကြီးပါတယ် အဖွဲ့မှာပါဝင်လှုပ်ရှားမှုကအမှတ်တစ်ဝက် ရပါတယ် ဒါ့ကြောင့်စီးပွားရေးသင်တန်းကျောင်း တွေကကျား၊မ အဆင့်ကွာဟာမှုကိုကြိုးပမ်း နေကြပါတယ် ရှင်တို့ဒီလိုမျိုးအရည်အသွေးတူညီတဲ့ အမျိုးသားနဲ့အမျိုးသမီးတွေဝင်လာမယ် ပြီးတော့ကွာခြားချက်အဆင့်တွေရမယ် ပြီးတော့ ဒါကပါဝင်ဆင်နဲွှမှုအတွက် တစ်စိတ်တစ်ပိုင်းလို့ မှတ်နိုင်တယ်ကျွန်မစပြီးအံ့သြလာပါတယ် ရှင်တို့သိတယ်မလား ဒီဆိုရှင်တို့မှာဒီလိုဝင်လာပြီး ပါဝင်ဆင်နွှဲကြတဲ့ လူတွေရှိတယ် ကျွန်မတို့ကလူတွေကို ဟန်ဆောင်ခိုင်းဖို့ ဖြစ်နိုင်ပါ့မလား ပြီးတော့ဒါကထပ်ပြီးသူတို့ ပါဝင်ဖို့ ဖြစ်စေမှာလား ဘာကလေမှာရှိတဲ့ကျွန်မရဲ့အဓိက ပူးပေါင်းဆောင်ရွက်သူ ဒါနာကာနေနဲ့ကျွန်မတကယ်ပဲသိချင်ခဲ့ပါတယ် ရှင်တို့ အောင်မြင်တဲ့အထိဟန်ဆောင်နိုင်လား ဆိုတာ ဒီလိုမျိုးခဏလေးဒီလိုလုပ်တာကနေ ရှင်တို့ တကယ်ပိုပြီးသြဇာရှိလာတယ်လို့ ထင်ရတဲ့ အမူအရာထွက်လာဖို့တကယ်ပဲလုပ်နိုင်လား ကျွန်မတို့ရဲ့စကားမပြောတဲ့အမူအရာတွေက တခြားသူတွေကျွန်မတို့ကိုဘယ်လို တွေးထင်မလဲအပေါ်မှာ စိုးမိုးနေတယ်ဆိုတာကျွန်မတို့သိပါတယ် သက်သေတွေအများကြီးပါ ဒါပေမယ့် တကယ့်မေးခွန်းက ကျွန်မတို့ရဲ့စကားမပြောတဲ့အမူအရာတွေက တခြားသူတွေကျွန်မတို့ကို ဘယ်လိုထင်မလဲ တွေးမလားအပေါ်မှာစိုးမိုးနေတယ်ဆိုတာ သက်သေအချို့ရှိပါတယ် ဥပမာကျွန်မတို့ပျော်တဲ့အခါပြုံးပါတယ် အဲ့လိုပါပဲ သွားမှာဘောပင်ကိုက်ခိုင်းပြီး ဒီလိုအတင်းပြုံးခိုင်းရင်လည်းပြုံးပါတယ် ဒါကကျွန်မတို့ကိုပျော်စေပါတယိ နည်းလမ်းနှစ်ခုလုံးအဆင်ပြေပါတယ် သြဇာအာဏာနဲ့ပတ်သတ်ရင်လည်း နည်းလမ်းနှစ်ခုလုံးအဆင်ပြေပါတယ် ဒါဆိုသြဇာရှိတယ်လို့ခံစားရတဲ့အခါ ရှင်တို့ဒီလိုပိုလုပ်ပါတယ် ဒါပေမယ့် ရှင်တို့ သြဇာရှိတယ်လို့ ဟန်ဆောင်တဲ့အခါ ဒါလည်း ဖြစ်နိုင်ပါတယ် ရှင်တို့တကယ်သြဇာရှိတယ်လို့ ပိုပြီးခံစားရပါတယ် အဲ့တော့ ဒုတိယမေးခွန်းက ရှင်တို့သိတယ်မလား ကျွန်မတို့စိတ်တွေကကျွန်မတို့ခန္ဓာကိုယ်ကို ပြောင်းလဲနေတယ်ဆိုတာ သြဇာအာဏာရှိတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သတိပြီ စိတ်အကြောင်း ပြောတဲ့အခါမှာ ကျွန်မဘာအကြောင်းကိုပြောမှာလဲ ကျွန်မတို့အတွေးတွေ ခံစားချက်တွေကို ဖန်တီးနေတဲ့ အတွေးတွေခံစားချက်တွေနဲ့ ဇီဝကမ္ဗ အကြောင်းတွေပြောမှာပါ ကျွန်မလေ့လာတာကဟော်မုန်း တွေပါ ကျွန်မဟော်မုန်းတွေကို လေ့လာ ကြည့်ပါတယ် သြဇာရှိတယ် မရှိဘူးဆိုတဲ့ စိတ်ကဘာနဲ့တူလဲသြဇာရှိတယ် ဆိုတဲ့လူတွေက ပိုပြီးခိုင်မာတယ်ယုံကြည်မှုရှိကြတယ် ပိုပြီး အကောင်းမြင်တက်ကြတယ်ဆိုတာ အံ့သြစရာမရှိပါဘူးအခွင့်အလမ်းချင်း ပြိုင်တဲ့ပြိုင်ပွဲတွေ မှာတောင် တကယ်ပဲသူတို့နိုင်မယ်လို့ ခံစားရပါတယ် ပြီးတော့သူတို့ကပိုပြီးယေဘုယျကျ တွေးနိုင်ကြတယ် အဲ့တော့ကွာခြားချက်တွေအများကြီးရှိပါတယ် သူတို့ကပိုလည်း စွန့်စားကြတယ်သြဇာရှိတဲ့သူနဲ့မရှိတဲ့သူ ကြားမှာကွာခြားချက်တွေ အများကြီးရှိပါတယ် ဇီဝကမ္ဗဗေဒအရဆိုရင် အဓိကဟော်မုန်း နှစ်ခုဖြစ်တဲ့ လွှမ်းမိုးမှုဟော်မုန်း တက်စေတာ့စတက်ရွန်းနဲ့ စိတ်ဖိစီးမှုဟော်မုန်းကော်တီဆော ကြားမှာကွာခြားချက်ရှိပါတယ် အဆင့်မြင့်နို့တိုက်သတ္တဝါဝါစဥ် တွေမ​ှာ ဘာတွေ့လဲဆိုတော့အားကြီးတဲ့ အယ်ဖာအဖိုသတ္တဝါတွေမှာတက်စတော့စတက်ရွန်း မြင့်ပြီး ကောတီဆောနည်းတာပါ ပြီးတော့ အားကြီးပြီးသက်ရောက်မှုရှိတဲ့ ခေါင်းဆောင်တွေမှာ တက်စတော့စတက်ရွန်းမြင့်ပြီး ကောတီဆောနည်းတာပါပဲ ဒါဆို ဒါကဘာကိုဆိုလိုတာလဲ လူတွေကသြဇာအာဏာလို့ဆိုတဲ့ အခါမှာ တက်စေတာ့စတက်ရွန်းကို စဥ်းစားကြပါတယ် ဘာလို့ဆို ဒါကလွှမ်းမိုးမှုကို ဒါပေမယ့် တကယ်တော့ သြဇာအာဏာဆိုတာစိတ်ဖိစီးမှုကို ဘယ်လိုတုန့်ပြန်လဲဆိုတာပါပဲ ဒါဆိုရှင်တို့လွှမ်းမိုးမှုရှိပြီး တက်စေတာ့စတက်ရွန်းမြင့်ပေမယ့် စိတ်ဖိစီးမှုဖြစ်မယ့် သြဇာရှိတဲ့ ခေါင်းဆောင်ဖြစ်ချင်လား မဖြစ်ချင်ဘူး ဟုတ်လား သြဇာကြီးတဲ့သူ၊ယုံကြည်မှုရှိတဲ့သူ လွှမ်းမိုး နိုင်တဲ့သူဖြစ်ချင်ပေမယ့် စိတ်ဖိစီးမှုမဖြစ်ချင်ဘူးအေးဆေးပဲနေချင်တာ ကျွန်မတို့ သိပါတယ်အဆင့်မြင့်နို့တိုက်သတ္တဝါ ဝါစဥ်မှာ အယ်လ်ဖာအဖိုက နေရာလဲွှပြောင်းယူမယ်ဆိုရင် တစ်ယောက်ချင်းဆီအယ်လ်ဖာအဖိုနေရာကို ပြောင်းယူရမှာပါရုတ်တရက်လိုလို ရက်အနည်းငယ်အတွင်းမှာ တစ်ယောင်ချင်းစီရဲ့တက်စေတာ့စတက်ရွန်းက သိသိသာသာတိုးလာပြီး ကောတီဆောက သိသိသာသာကျလာပါတယ် ဒါဆိုကျွန်မတို့မှာသက်သေတွေရှိပါတယ် ခန္ဓာကိုယ်ကစိတ်ကိုပြောင်းလဲနေသလို အနည်းဆုံးမျက်နှာသွင်ပြင်ပေါ့ ပြီးတော့ နေရာလဲလိုက်တာကလဲ စိတ်ကိုပုံဖော်နိုင်ပါတယ်ဒါဆို ဘာဖြစ်သွားလဲ ဟုတ်ပါပြီ နေရာလဲကြည့်ရအောင် အနိမ့်ဆုံးအဆင့်အနေနဲ့ အဲ့လိုလုပ်ရင်ဘာဖြစ်သွားမလဲ ဒီလိုခြယ်လှယ်မှု သေးသေးလေးလိုမျိုး အနှောင့်အယှက်သေးသေးလေးက ၂ မိနစ်လောက်ပါပဲရှင်တို့ပြောမယ်ကျွန်မဒီလို ရပ်ချင်တယ် ဒါကရှင့်ကို ပိုပြီးသြဇာရှိတဲ့ပုံခံစား ရစေလိမ့်မယ် ဒါက ကျွန်မတို့လုပ်ခဲ့တဲ့အရာပဲဖြစ်ပါတယ် လူတွေကိုသုတေသနအခန်းထဲခေါ်ပြီး စမ်းသပ်မှုနည်းနည်း လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဒီလူတွေကသဘောတူကြတယ် သြဇာရှိတဲ့ကိုယ်ဟန်အမူအရာနဲ့ သြဇာမရှိတဲ့ကိုယ်ဟန်အမူအရာတစ်ခုခု ၂မိနစ်လောက်လုပ်ဖို့ အခုကိုယ်ဟန်အမှုအရာငါးခုပြပါမယ် သူတို့၂မိနစ်ထဲ ရိုက်ခဲ့တယ်ဆိုပေမယ့်လဲ ဒီမှာတစ်ခုပါ နောက်ထပ် ၂ခု ဒီတစ်ခုကတော့မီဒီယာတွေက "Wonder Woman" ဆိုပြီးအမည်တပ်ကြပါတယ် (ပရိသတ်ရယ်သံ) ဒီမှာနောက်ထပ် ၂ခု ရှင်တို့မတ်တပ်ရပ်နေလဲရတယ် ထိုင်နေလဲရတယ် ဒါကတော့သြဇာမရှိတဲ့ကိုယ်ဟန်အမူအရာ ပုံတွေပါ လက်ကိုပိုက်ထားမယ်ကိုယ်ကိုသေးအောင် လုပ်နေမယ် ဒါကတော့တော်တော့်ကိုသြဇာမရှိတဲ့ ကိုယ်ဟန်အမူအရာပါ ကိုယ့်လည်ပင်းကိုထိတဲ့အခါ ကိုယ့်ကိုကိုယ်ကာကွယ်နေတာပါ ဒါကတော့ဘာဖြစ်သွားလဲဆိုတာပါပဲ သူတို့ဝင်လာတယ်ဖန်ဘူးငယ်ထဲကို တံတွေးယူလိုက်တယ် ကျန်မတို့ပြောတယ်၂မိနစ် "ဒီတစ်ခုဒါမှမဟုတ် ဒီတစ်ခုကိုလုပ်ရမယ်"ဆိုပြီး သူတို့ကိုယ်ဟန်အမူအရာ ပုံတွေကိုမကြည့်ပါဘူး သြဇာဆိုတဲ့သဘောတရားနဲ့ပတ်သတ်ပြီး ကျွန်မတို့သူတို့ကိုပေးမသိစေချင်ဘူး သူတို့ကို သြဇာဆိုတာဆိုတာကိုပဲခံစားစေချင်တာ နှစ်မိနစ်လောက်သူတို့လုပ်ကြတယ် ပြီးတော့ ကျွန်မတို့မေးတယ်ကိစ္စတခုလုံးမှာ "ဘယ်လောက်သြဇာရှိတယ်ခံစားရလဲ"လို့ ပြီးတော့ကျွန်မတို့သူတို့ကိုလောင်းကစား လုပ်ဖို့အခွင့်အရေး ပေးတယ်ပြီးတော့ နောက်ထပ်တံတွေးနမူနာထပ်ယူတယ် ဒါပါပဲ စမ်းသပ်မှုတစ်ခုလုံးပါ ဒါကကျွန်မတို့ရှာတွေ့တာတွေပါ စွန့်စားမှုခံနိုင်ရည်ဒါကလောင်းကစားပါ ကျွမ်မတို့တွေ့တာက ရှင်တို့ကသြဇာအရှိဆုံး လို့ခံစားရတဲ့ကိုယ်ဟန်အမူအရာ ပုံစံအနေထားမှာ ၈၆% လောင်းကစားလုပ်ကြပါတယ် သြဇာမရှိတဲ့ကိုယ်ဟန်အမူအရာပုံစံအနေအထားမှာ ၆၀% ပဲကစားပါတယ် ဒါကတော့ သိသာတဲ့ကွာခြားချက်အကြီးကြီးပါ ဒါကတော့တက်စေတာ့စတက်ရွန်းမှာတွေ့ရတာပါ အောက်ခြေလိုင်းကနေ သူတို့ဝင်လာတဲ့အခါ သြဇာရှိတဲ့လူတွေက ၂၀% လောက်တိုးလာပြီးတော့ သြဇာမရှိတဲ့လူတွေက ၁၀%လောက်ကျသွားတယ် ထပ်ပြောရမယ်ဆိုရင် ၂မိနစ် အဲ့နောက် ဒီပြောင်းလဲမှုတွေရပါတယ် ဒါကတော့ ကော့တီဆောမှာတွေ့ရတာပါ သြဇာရှိတဲ့လူတွေက ၂၅%လောက်ကျပြီး သြဇာမရှိတဲ့လူတွေက ၁၅%တိုးလာတာပါပဲ ဒါဆို ၂မိနစ်ကဦးနှောက်ကို ခိုင်မာ၊ယုံကြည်၊ သက်သောင့် သက်သာဖြစ်စေတဲ့ဒါမှမဟုတ်တကယ့်ကိုပဲ စိတ်ဖိစီးမှုဖြစ်စေပြီး အလုံပိတ်နေချင်တဲ့ခံစားချက်ကို ပုံဖော်မယ့် ဟော်မုန်းပြောင်းလဲမှုကိုဖြစ်စေပါတယ် အားလုံးအဲ့လိုခံစားဖူးတယ် ဟုတ်တယ်မလား စကားမပြောတဲ့အမူအရာတွေကကျွန်မတို့ ကိုယ့်ကိုယ်ကိုဘယ်လိုတွေးလဲ ဘယ်လိုခံစားရလဲဆိုတာကို စိုးမိုးတယ်လို့ ထင်ရပါတယ် တခြားသူတွေမဟုတ်ပါဘူး ကျွန်မတို့ကိုယ်တိုင်ပါပဲ ကျွန်မတို့ခန္ဓာကိုယ်ကစိတ်ကိုပြောင်းလဲ နေတာပါ ဒါပေမယ့်နောက်မေးခွန်းကတကယ်ပဲ ခဏလေးလုပ်ရတဲ့ သြဇာရှိတယ်ဆိုတဲ့ကိုယ်ဟန်အမူအရာက ရှင်တို့ရဲ့ ဘဝကိုအဓိပ္ပါယ်ရှိရှိပြောင်းလဲစေသလား ဒါကတော့ ဓာတ်ခွဲခန်းထဲမှာပါ စမ်းသပ်မှုသေးသေးလေးပါ ၂ မိနစ်လောက်ပါပဲဒါကို တကယ်ပဲဘယ်နေရာမှာအသုံးချမှာလဲ ဟုတ်တာပေါ့ ကျွန်မတို့ဂရုစိုက်တဲ့အရာတွေ ပြီးတော့အရေးကြီးတယ်လို့ထင်တဲ့အရာတွေနဲ့ ဘယ်နေရာမှာသုံးချင်တာလဲဆိုတာ ဒါကတော့ အကဲဖြတ်တဲ့အခြေအနေတွေပါ လူမှုရေးဆိုင်ရာခြိမ်းခြောက်မှုလိုမျိုး ဘယ်နေရာမှာ ရှင်တို့ရဲ့မိတ်ဆွေတွေဆီက ရှင်တို့အကဲဖြတ်ခြင်းခံရမှာလဲ ဆယ်ကျော်သက်တွေဆို ထမင်းစားခန်းက စားပွဲမှာပေါ့ တချို့ကတော့ ကျောင်းအစည်းအဝေးမှာ စကားပြောတဲ့ပုံစံပေါ့ အမွမ်းတင်စကားပြောတဲ့ပုံစံဒါမှမဟုတ် ဒီလိုမျိုးစကားပြောတဲ့ပုံစံ ဒါမှမဟုတ် အလုပ်အင်တာဗျူးတွေမှာ ကျွန်မတို့ လူအများစုနဲ့ဆက်နွယ်နေမယ့် အရာကိုပဲဆုံးဖြတ်လိုက်ပါတယ် ဘာလို့လဲဆို လူတိုင်းက အလုပ်အင်တာဗျူး ဖြေဖူးကြလို့ပါပဲ တွေ့ရှိချက်တွေကိုကျွန်မတို့ထုတ်ဝေတယ် မီဒီယာတွေအကုန်လုံးမှာလည်းဖော်ပြပါတယ် ပြီးတော့ သူတို့ပြောပါတယ်ဟုတ်ပါပြီဒါကရှင်တို့အလုပ် အင်တာဗျုးသွားရင်လုပ်တယ်ဆိုတဲ့ အရာပေါ့ ဟုတ်လား (ပရိသတ်ရယ်သံ) ရှင်တို့သိပါတယ်ကျွန်မတို့ ကြောက်နေကြတယ်ပြီးတော့ ဘုရားရေ မဖြစ်သေးဘူး မဖြစ်သေးဘူး မဖြစ်သေးဘူးလို့ပြောမယ် ဒါကကျွန်မတို့ဆိုလိုချင်တဲ့အရာမဟုတ်ပါဘူး အကြောင်းအမျိုးမျိုးကြောင့် မဖြစ်ဘူး မဖြစ်ဘူး မဖြစ်ဘူး အဲ့ဒါကိုမလုပ်ပါနဲ့ ထပ်ပြီးတော့ပြောရမယ်ဆိုရင် ဒါက တခြားလူကို ပြောနေတာမဟုတ်ပါဘူး ကိုယ့်ကိုယ်ကို ပြောနေတာပါ ရှင်တို့အင်တာဗျုးသွားမဖြေခင်ဘာတွေလုပ်ကြသလဲ ရှင်တို့ဒီလိုလုပ်ကြတယ်မလား ရှင်တို့ထိုင်နေကြတယ် ရှင်တို့အိုင်ဖုန်းဒါမှမဟုတ် အန်ဒရိုက်ဖုန်းကိုကြည့်မယ် ဘယ်သူမှလည်းဖယ်ဖို့မကြိုးစားဘူး ကုန်းကုန်း ကုန်းကုန်းနဲ့မှတ်ထားတာတွေ ကြည့်နေမယ် ကိုယ့်ကိုယ်ကိုကျုံ့ကျုံ့လေးလုပ်မယ် ရေချိုးခန်းထဲမှာရှင်တို့တကယ်လုပ်တဲ့ ပုံစံကတော့ ဒီလိုမလား အဲ့လိုလုပ်ပါ ၂မိနစ်လောက်အချိန်ရအောင်လုပ်ပါ ဒါကတော့ကျွန်မတို့စမ်းသပ်ချင်တဲ့အရာပါ အဆင်ပြေတယ်မလား ကျွန်မတို့လူတွေကို စမ်းသပ်ခန်းထဲခေါ်လာတယ် သူတို့သြဇာရှိတဲ့ကိုယ်ဟန်အမူအရာဒါမှမဟုတ် သြဇာမရှိတဲ့ကိုယ်ဟန်အမူအရာတစ်ခုခုကိုထပ်ပြီးလုပ်တယ် သူတို့ကအရမ်းကိုစိတ်ဖိစီးမှုများတဲ့ အင်တာဗျူးကိုဖြေမှာပါ အဲ့ဒါက ၅မိနစ်ကြာပါတယ် သူတို့ကမှတ်တမ်းတင်ခံရပြီးတော့ ဝေဖန်သုံးသပ်မှုလည်းခံရမှာပါ ဒိုင်တွေကိုလည်း ဘာနှုတ်ပြောစကားမဟုတ်တဲ့အမူအရာတစ်ခုမှ မပေးဖို့လေ့ကျင့်ပေးထားပါတယ် သူတို့က ဒီလိုပုံစံပါ ပုံဖော်ကြည့်လိုက်ပါ ဒါက ရှင်တို့ကို အင်တာဗျူးမယ့်လူပါ ဒါဆို ၅မိနစ်ကဘာမှမဟုတ်ပါဘူးပြီးတော့ဒါက ကတ်သီးကပ်သပ်မေးခွန်းတွေမေးတာထက် ပိုဆိုးပါတယ် လူတွေကဒါကိုမကြိုက်ကြပါဘူး မာရီရာနာလာဖရင့်စ်ကဒါကို "သဲဗွက်ထဲမှာမက်တပ်ရပ်ခြင်:" လို့ခေါ်ပါတယ် ဒါက ရှင်တို့ရဲ့ ကော်တီဆောမှာ နှောင့်ယှက်နေတာပါ ဒါက သူတို့ကိုဖြေခိုင်းမယ့် အင်တာဗျုးပါ ဘာလို့လဲဆိုတော့ကျွန်မတို့ဘာဖြစ်မလဲ ကြည့်ချင်တယ်လေ ကွန်ပျူတာညွှန်ကြားချက်ရေးသူတွေကို ဒီတိတ်ပြားတွေကိုကြည့်စေမယ်ဒီထဲက ၄ခုကို သူတို့က ယူဆချက်တွေကိုလည်းမမြင်နိုင်သလို အခြေအနေတွေကိုလည်း မမြင်နိုင်ပါဘူး ဘယ်သူက ဘယ်လိုကိုယ်ဟန်အမူအရာကို လုပ်နေလဲဆိုတာလဲမသိပါဘူး ဒီတိတ်ပြားအတွဲတွေကိုကြည့်ရင်းနဲ့ပဲ ကုန်ဆုံးမှာပါ ပြီးတော့ ပြောလိမ့်မယ် "ကျွန်တော်တို့ဒီလူတွေကို ငှားချင်တယ်။ သြဇာရှိတဲ့ဟန်အမူအရာလုပ်ထားတဲ့သူအားလုံးကို" "ကျွန်တော်တို့ ဒီလူတွေကိုမငှားချင်ဘူး" ကျွန်တော်တို့ဒီလူတွေကို ခြုံငုံပြီး ပိုပြီးခိုင်ခိုင်မာမာသုံးသပ်မယ် ဒါပေမယ့် ဘယ်အရာကလှုံ့ဆော်နေတာလဲ ပြောတဲ့စကားမှာပါတဲ့အကြောင်းအရာလဲမဟုတ်ပါဘူး စကားပြောဖို့ ဖြစ်လာစေတဲ့လက်ရှိအခြေအနေပါ ဘာလို့လဲဆိုတော့ကျွန်မတို့က အရည်ချင်းနဲ့ ပတ်သတ်ပြီး ဒီပြောင်းလဲမှုတွေအကုန်လုံးကို အကဲဖြတ်ပါတယ် ပြောတဲ့စကားက ဘယ်လောက်ကျစ်လျစ်သလဲဆိုတာမျိုးပေါ့ ဘယ်လောက်တောင်ကောင်းလိုက်သလဲ သူတို့ရဲ့အရည်အချင်းကရောဘာလဲ ဒီလိုအရာတွေမှာဘာမှသက်ရောက်မှုမရှိပါဘူး ဒါကတော့ ဘာတွေသက်ရောက်လဲဆိုတာပေါ့ ဒီလိုအရာမျိုးတွေပါ အခြေခံအားဖြင့် လူတွေက သူတို့ရဲ့အစစ်အမှန်ပုံစံကိုပြပါတယ် ကိုယ့်ပုံစံကို ပေါ်လာစေပါတယ် သူတို့ရဲ့အတွေးတွေပေါ်လာစေတယ် ဒါပေမယ့်ရှင်တို့သိပါတယ် တခြားဘယ်သူမှမဟုတ်ဘဲ သူတို့ကိုယ်တိုင် ကျန်ခဲ့တာပါ ဒါဆို ဒါက သက်ရောက်မှုကို လှုံ့ဆော်နေတဲ့အရာပါ ကျွန်မ ကျွန်မတို့ခန္ဓာကိုယ်ကစိတ်ကို ပြောင်းလဲနေပြီး ကျွန်မတို့စိတ်က ကျွန်မတို့အပြုအမူကို ပြောင်းလဲတယ် ပြီးတော့ ကျွန်မတို့အပြုအမူတွေက ရလာဒ်အဖြေကို ပြောင်းလဲနိုင်တယ်ဆိုတဲ့ အကြောင်းပြောတဲ့အခါ သူတို့ကျွန်မကိုပြန်ပြောတယ် "ဟန်ဆောင်နေတယ်လို့ခံစားရတယ်" ဟုတ်လား ကျွန်မလည်းပြောလိုက်တယ် ရှင်တို့လုပ်နိုင်တဲ့ထိဟန်ဆောင်ပါလို့ အဲ့ဒါကျွန်မ မဟုတ်ပါဘူးကျွန်မအဲ့ဒီ့ကို မရောက်ချင်သလိုအတုအယောင်လို့လဲမခံစားချင်ဘူး အယောင်အဆောင်လို့လဲမခံစားချင်ဘူး ငါဒီမှာရှိနေရမှာမဟုတ်ဘူးလို့ ခံစားရဖို့အတွက် ကျွန်မအဲ့ဒီ့ကိုမရောက်ချင်ဘူး တကယ့်ကိုပဲ အဲ့ဒါက ကျွန်မကိုထပ်ခါထပ်ခါ သတိရစေပါတယ် ဘာလို့လဲဆိုတော့အတုအယောင်ဆိုတဲ့အကြောင်းနဲ့ ကျွန်မဒီမှာရှိနေရမှာမဟုတ်ဘူးဆိုတဲ့ခံစားချက်နဲ့ပတ်သတ်ပြီး ပုံပြင်သေးသေးလေးတစ်ခုပြောပြချင်ပါတယ် ကျွန်မအသက် ၁၉နှစ် တုန်းက တော်တော် ဆိုးရွားတဲ့ကားမတော်တဆမှုဖြစ်ခဲ့တယ် ကျွန်မကားကနေလွှင့်ထွက်သွားပြီး အပတ်ပေါင်းများစွာလိမ့်သွားခဲ့တယ် ကားထဲကနေလွှင့်ထွက်ပြီးနောက်ခေါင်းမှာ ဒဏ်ရာနဲ့ပြန်လည်ကုသရေးအဆောင်မှာနိုးလာခဲ့တယ် ကျွန်မ ကောလိပ်ကနေထွက်ခဲ့ရတယ် ကျွန်မသိလိုက်ရတာ ကျွန်မ IQ က အဆင့်၂ ဆင့် သွေဖယ်ပြီး ကျသွားခဲ့တယ် ဒါကတော်တော့်ကိုစိတ်ဒဏ်ရာရခဲ့ပါတယ် ကျွန်မ IQ အကြောင်းကျွန်မသိတယ် ကျွန်မကိုတော်တယ်ထက်တယ်ဆိုပြီး အသိအမှတ်ပြုကြတယ်ပါရမီရှိတဲ့ကလေးလို့ အခေါ်ခံရတယ် ကျွန်မကောလိပ်ကနေထွက်ပြီး ပြန်သွားနိုင်ဖို့လုပ်ခဲ့တယ် သူတို့ပြောတာကတော့ "နင်ကောလိပ်ပြီးအောင် တက်နိုင်မှာမဟုတ်ဘူး။ နင်လဲသိပါတယ် နင်လုပ်ရမယ့်တခြားအရာတွေ အများကြီးရှိသေးတယ်။ ဒါပေမယ့် ဒါကနင့်အတွက်အလုပ်ဖြစ်မှာမဟုတ်ပါဘူး" ဆိုပြီး အဲ့ဒါကြောင့်ကျွန်မတော်တော်ကြိုးစား ရုန်းကန်ခဲ့ရပါတယ်အဲ့တော့ ကျွန်မပြောတာက ရှင်တို့ရဲ့ကိုယ်ပိုင်လက္ခဏာတွေ ရှင်တို့ဆီကအယူခံလိုက်ရတဲ့အခါ အဓိကကိုယ်ပိုင်လက္ခဏာပေါ့ကျွန်မအတွက်ကတော့ ကျွန်မတော်တယ်ထက်တယ်ဆိုတဲ့အရာပေါ့ ကိုယ့်ဆီကနေအလုယူခံလိုက်ရတဲ့အခါ ဘာမှမကျန်ခဲ့ပါဘူး အဲ့ဒါထက်အားအင်တွေပိုပြီး ကုန်ဆုံးသွားတယ်ဆိုတဲ့ခံစားချက်ကလွဲပြီး အဲ့လိုနဲ့ ကျွန်မ လုံးဝ ဘာအားအင်မှမရှိသလိုခံစားရတယ် ကျွန်မအလုပ်ပြီးရင်းအလုပ်လုပ်ခဲ့တယ် အဲ့နောက် ကျွန်မကံကောင်းခဲ့တယ် ပြီးတော့ အလုပ်လုပ်တယ် ကံကောင်းတယ် အလုပ်လုပ်တယ် အဲ့လိုနဲ့ကျွန်မ ကောလိပ်ကနေဘွဲ့ရတယ် ကျွန်မရွယ်တူတွေထက်ကျွန်မ ၄နှစ်ပိုကြာခဲ့တယ် ကျွန်မရဲ့ နတ်သမီး အကြံညဏ်ပေးသူ ဆူဇန်ဖစ်စ်ကိုကျွန်မကို ယုံကြည်ပေးဖို့သိမ်းသွင်းနိုင်ခဲ့တယ် အဲ့လိုနဲ့ကျွန်မ ပရင့်စ်စတန်မှာအဆုံးသတ်ခဲ့ရတယ်ပြီးတော့ ကျွန်မခံစားရတယ် ကျွန်မရှိနေရမယ့်နေရာ မဟုတ်ဘူးဆိုပြီး ကျွန်မကဟန်ဆောင်ထားတာပါ ပြီးတော့ကျွန်မရဲ့ ပထမနှစ် ဟောပြောပွဲမတိုင်ခင်ည ပရင့်စ်တန်က ပထမနှစ်ပြောရမယ့်ပွဲက လူနှစ်ဆယ်ကို မိနစ် ၂၀ ပြောရမှာပါ ဒါပါပဲ နောက်နေ့ရောက်တော့ ကျွန်မပေါ်သွားမှာကြောက်နေတယ် သူမကိုဖုန်းခေါ်ပြီး "ကျွန်မအလုပ်ထွက်တော့မယ်" လို့ပြောလိုက်တယ် သူမကဒီလိုပြောတယ် "နင်အလုပ်ထွက်ရမှာမဟုတ်ဘူးဘာလို့ဆို ငါနင့်ကိုလောင်းကြေးထပ်ထားတာ နင်နေကိုနေရမယ်"ဆိုပြီး နင်နေကိုနေရမယ် ဒါကနင်လုပ်ရမယ့်အရာပဲ နင်ဟန်ဆောင်နေရမယ် နင့်ကို ကမ်းလှမ်းလာတဲ့ ဟောပြောပွဲတိုင်းကိုလုပ်ရမယ် ဒီတိုင်း လုပ်မှာသာလုပ်လိုက်စမ်းပါ လုပ်သာလုပ်ပါ ကြောက်လန့်ပြီး အကြောသေသွားပါစေအသက် ထွက်သွားတယ်ဆိုရင်တောင်နင်ပြောတဲ့ နေရာမှာဒီအချိန်လေးရတဲ့အထိလုပ်သာလုပ်စမ်းပါ ဘုရားရေ ကျွန်မလုပ်နေတာပါဘဲ ကျွန်မဒါကို ကျော်ဖြတ်နိုင်သလို ကျွန်မတကယ်ပဲဒါကိုလုပ်နေတာပါ ဒါကတော့ကျွန်မလုပ်ခဲ့တဲ့ အရာပါ ကောလိပ်မှာ ၅နှစ် နှစ်နည်းနည်းလောက် ရှင်တို့သိပါတယ် ကျွန်မကနော့ဝက်စတန်မှာပါ ဟားဗက်ကိုပြောင်းလာတယ် ကျွန်မ ဟားဗက်မှာပါ တကယ်ပဲ ကျွန်မအဲ့ဒါကိုထပ်မစဥ်းစားတော့ဘူး ဒါပေမယ့်တော်တော်ကြာတဲ့အခါမှာ ပြန်စဥ်းစားမိပါတယ် ဒီမှာရှိနေရမှာမဟုတ်ဘူး အဲ့လိုနဲ့ ဟားဗက်မှာကျွန်မရဲ့ပထမနှစ်ကုန်ခါနီးမှာ စာသင်နှစ်တစ်ခုလုံး စကားလုံးဝမပြောတဲ့ကျောင်းသားကို ကျွန်မပြောလိုက်တယ် " ဒီမယ်နင်တော့ ပူးပေါင်းဆောင်ရွက်ရင်ရွက် နို့မို့နင်စာမေးပွဲကျမှာပဲလို့" ကျွန်မရုံးခန်းကိုလာခဲ့တယ် သူမကို တကယ်ပဲကျွန်မမသိခဲ့ဘူး ပြီးတော့သူမပြောတယ် သူမက လုံးဝကိုလက်လျော့တဲ့ပုံနဲ့ဝင်လာတယ် ကျွန်မဒီမှာရှိနေရမှာမဟုတ်ဘူး ပြီးတော့ ဒါက ကျွန်မအတွက် အရေးကြီးတဲ့အချိန်ပဲ ဘာလို့ဆို အကြောင်းအရာနှစ်ခုဖြစ်ပျက်ခဲ့တယ် တစ်ခုကတော့ကျွန်မသဘောပေါက်လိုက်တယ် ဘုရားရေ ကျွန်မအဲ့လိုထပ်ပြီးမခံစားရတော့ဘူး ဒါပေမယ့် သူမကတော့ ခံစားရတယ် ပြီးတော့ ကျွန်မအဲ့ခံစားချက်ကိုရခဲ့တယ် ဒုတိယတစ်ခုကတော့ သူမဒီနေရာမှာရှိရမှာပါ သူမဟန်ဆောင်နိုင်တယ်ဆိုရင် ဖြစ်လာနိုင်ပါတယ် ဆိုသလိုမျိုး အဲ့တော့ကျွန်မလည်း "ဟုတ်ပါတယ် သမီးကဒီမှာရှိနေရမှာပါ" ပြီးတော့ မနက်ဖြန်မှာသမီးဟန်ဆောင်ရမယ် သမီးဘာသာသမီးသြဇာရှိတဲ့ပုံလုပ်ရမယ် ပြီးတော့ သမီးက... (လက်ခုပ်သံ) သမီးမနက်အတန်းထဲသွားရမယ် ပြီးတော့အကောင်းဆုံးမှတ်ချက်ကိုပေးရမယ် သိတယ်မလား ပြီးတော့သူမှအကောင်းဆုံးမှတ်ချက်ကို ပေးခဲ့တယ် ပြီးတော့လူတွေကလှည့်လာပြီး ဒီလိုဖြစ်ကြတယ် ဘုရားရေငါသူမအဲ့မှာထိုင်နေတာကို သတိတောင်မထားမိခဲ့ဘူး (ရယ်သံ) လအနည်းငယ်ကြာတဲ့အခါမှာသူမပြန်လာခဲ့တယ် ကျွန်မသိလိုက်တာကသူမ လုပ်နိုင်တဲ့အထိ ဟန်ဆောင်နေတာမဟုတ်ဘူ သူမအဲ့လိုဖြစ်လာတဲ့အထိတကယ့်ကိုဟန်ဆောင်ခဲ့တာပဲ အဲ့တော့သူမပြောင်းလဲသွားခဲ့တယ် ကျွန်မပြောချင်တာက လုပ်နိုင်တဲ့အထိဟန်မဆောင်ပါနဲ့ တကယ်ဖြစ်တဲ့အထိဟန်ဆောင်ပါ တကယ်ဖြစ်လာတဲ့အထိ စိတ်ထဲကဖြစ်လာတဲ့အထိ ဟန်ဆောင်ပါ နောက်ဆုံးရှင်တို့ကိုပြောချင်တာက သေးငယ်တဲ့ပြောင်းလဲမှုလေးတွေက ကြီးမားတဲ့ပြောင်းလဲမှုကိုဖြစ်စေပါတယ် အဲ့တော့ ဒါက ၂ မိနစ်ပါပဲ ၂မိနစ် ၂မိနစ် ၂မိနစ် နောက်တစ်ဆင့်စိတ်ဖိစီးမှုစစ်ဆေးတဲ့ အဆင့်ကိုမသွားခင် ၂မိနစ်လောက် ဒါကိုကြိုးစားလုပ်ကြည့်ပါ ဓာတ်လှေကားထဲမှာ သန့်စင်ခန်းထဲမှာပိတ်ထားတဲ့တံခါးနောက်က ရှင်တို့ရဲ့ခုံမှာ ဒါကတော့ရှင်တို့လုပ်ချင်တာပါပဲ ဒီအခြေအနေကို အကောင်းဆုံးကျော်ဖြတ်နိုင်မယ်လို့ ဦးနှောက်ကိုပုံဖော်ကြည့်ပါ တက်စေတာ့စတက်ရွန်းတွေ တိုးအောင်လုပ်ပါ ကောတီဆောတွေကျအောင်လုပ်ပါ ငါဘယ်သူလဲဆိုတာသူတို့ကိုမပြခဲ့ရဘူးဆိုပြီး အခြေအနေမျိုးမဖြစ်ပါစေနဲ့ ဒီလိုခံစားချက်မျိုးကျန်အောင်လုပ်ပါ ငါဘယ်သူလဲဆိုတာကိုပြောခဲ့တယ်ပြခဲ့တယ်ဆိုပြီး အဲ့တော့ပထမဆုံးမေးချင်တာက ရှင်တို့သိပါတယ် သြဇာရှိတဲ့ပုံပေါက်အောင်ကြိုးစားဖို့နဲ့ သိပ္ပံပညာရပ်တွေမျှဝေပေးဖို့ပါပဲ ဘာလို့ဆို ဒါကရိုးရှင်းပါတယ် ကျွန်မ အတ္တမပါပါဘူး(ရယ်သံ) မေတ္တာလက်ဆောင်ပေးပါ လူတွေနဲ့မျှဝေတာကို သဘောကျပါ ဘာလို့ဆို ဒါကိုအသုံးပြုနိုင်တဲ့သူတွေဟာအရင်းအမြစ်မရှိ နည်းပညာမရှိ ဂုဏ်မရှိ သြဇာမရှိတဲ့သူတွေမို့လို့ပါ သူတို့ကိုပေးပါ သူတို့သီးသန့်လုပ်နိုင်အောင် သူတို့ကသူတို့ခန္ဓာကိုယ်၊သီးသန့်တည်ရှိမှု နဲ့ ၂ မိနစ်လိုအပ်တယ် ပြီးတော့ဒါကသူတို့ဘဝကိုသိသာစေတဲ့အဖြေတွေ ထွက်စေမှာပါ ကျေးဇူးတင်ပါတယ် (ပရိသတ်လက်ခုပ်သံနှင့်အားပေးသံများ)