ရေကန်နှစ်ကန်ကို ခြားထားတဲ့ တောင်တစ်လုံး။
သတို့သမီး ဖဲသားတွေနဲ့ ကြမ်းပြင်ကနေ မျက်နှာ
ကြက်အထိ ပြင်ဆင်ထားတဲ့ အခန်းတစ်ခန်း။
ဧရာမ နှာရှူဘူးတစ်ဘူးရဲ့ အဖုံး။
ဒီဆက်စပ်ဟန်မရှိတဲ့ ပုံရိပ်တွေက Herman
Melville ရဲ့ "Moby Dick" ထဲက ဝေလငါး
တစ်ကောင်ရဲ့ ခရီးတစ်ခုဆီ ခေါ်သွားတာပါ။
အပေါ်ယံအနေနဲ့
ဒီစာအုပ်က Captain Ahab ရဲ့ ခြေထောက်ကို
ကိုက်သွားတဲ့ ဝေလင်းဖြူ Moby Dick ကို
လက်စားချေဖို့အတွက် ရှာဖွေတဲ့ ဇာတ်လမ်းပါ။
ဒါပေမဲ့ စာအုပ်က ပင်လယ်ဓားပြတွေ၊ မုန်တိုင်း
တွေ၊ မြန်နှုန်းမြင့် လိုက်ဖမ်းတာတွေနဲ့
ဧရာမ ပြည်ကြီးငါးတွေကို အသားပေးပေမဲ့
အစဉ်အလာ ပင်လယ်ပျော် စွန့်စားမှုတစ်ခုလို့
သင် မမျှော်လင့်သင့််ပါ။
ဒီအစား ဒါက ဝေလငါးဖမ်း သင်္ဘောတစ်စင်းပေါ်က
ဘဝရဲ့ အတွင်းကျတဲ့ အသေးစိတ်တွေသာမက
အမြူး၊ အလွမ်း၊ အသောနဲ့ အဆောတလျင်
တစ်လှည့်စီပါတဲ့ လူသားနဲ့ သဘာဝ
သမိုင်းတစ်လျောက်မှ
အကြောင်းအရာတွေရဲ့ အလွှာစုံပါတဲ့
စူးစမ်းမှုတစ်ခုလည်း ဖြစ်ပါတယ်။
ဒီးစူးစမ်းမှုတွေကနေ လမ်းညွှန်ပေးတဲ့
ဇာတ်ကြောင်; ပြောသူကတော့
Ishmael လို့ခေါ်တဲ့ သာမန်
သင်္ဘောသားတစ်ဦးပါ။
Ishmael ဟာ ပင်လယ်ကိုသွားရင်းနဲ့
သူ့စိတ်ထဲက စိုထိုင်းပြီး
မိုးဖွဲဖွဲကျနေတဲ့ နိုဝင်ဘာ
ကနေ လွန်မြောက်ဖို့ ပြင်ဆင်နေစဉ်မှာ
သူ့ကိုယ်ပိုင် ဇာတ်လမ်းကို စပြောပြတယ်။
ဒါပေမဲ့ ပစိဖိတ် ကျွန်းသား
Queequeg နဲ့ မိတ်ဆွေဖြစ်ပြီး
Pequod ပေါ်က Ahab ရဲ့ သင်္ဘောသား
တစ်သိုက်နဲ့ ပူးပေါင်းပြီးနောက်မှာ
Ishmael ဟာ စာဖတ်သူအတွက်
အစဉ်အလာ ဇာတ်ကောင်ထက်
ပိုသိမြင်နှံ့စပ်တဲ့ လမ်းညွှန်ဖြစ်လာတယ်။
Ahab က လက်စားချေတာကို စိတ်မှာစွဲပြီး
ပထမ သင်္ဘောမာလိန် Starbuck က
သူ့ကို အကြောင်းသင့် ပြောဖို့ကြိုးစားစဉ်
Ishmael က 'ဝန်းကျင်နေရာတွေမပါတဲ့
စကြဝဠာတစ်ခုလုံး''အနှံ့မှာ
သူ့ကိုယ်ပိုင် အဓိပ္ပာယ်ရှာဖွေခြင်းဆီ
ကျွန်ုပ်တို့ကိုခေါ်သွားတယ်။
သူပြောပြရာမှာ ဘဝရဲ့ အကြီးဆုံးမေးခွန်း တွေက
အသေးဆုံးတွေမှာတောင် အာရုံမှာစိုးမိုးတယ်။
သူ့ဇာတ်ကြောင်းပြောသူလိုပဲ Melville ဟာ
ဂနာမငြိမ်၊ စပ်စုတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။
သူငယ်စဉ်က ကမ္ဘာပတ်ပြီး အလွန်ပင်ပန်းတဲ့
ခရီးတသီတန်းမှာ သင်္ဘောသားအဖြစ်
လုပ်ကိုင်ရင်း အစဉ်အလာဆန့်ကျင်တဲ့
ပညာရေးကို ရယူခဲ့သူပါ။
သူဟာ "Moby Dick" ကို
အမေရိကန် ပြည်ထောင်စုမှာ
ဝေလငါးဖမ်းလုပ်ငန်း အမြင့်ဆုံးအချိန်
၁၈၅၁ မှာ ထုတ်ဝေခဲ့တယ် ။
Pequod ရွက်စလွှင့်တဲ့ Nantucket ဟာ
ကမ္ဘာ့ ဝေလငါးဦးရေကို သေကျေ
ပြုန်းတီးစေခဲ့တဲ့ ဝင်ငွေကောင်းပြီး
သွေးစွန်းတဲ့ ကမ္ဘာ့လုပ်ငန်းရဲ့
ဗဟိုချက်တစ်ခုဖြစ်ခဲ့တယ်။
သူ့ခေတ်အတွက် ထူးခြားတာက
Melville ဟာဒီလုပ်ငန်းရဲ့ အကျည်းတန်တဲ့
ဘက်ကနေ ရှောင်လွဲမသွားဘူး။
ဝေလငါး ရှု့ထောင့်ကိုတောင်
ရပ်တည်ထောက်ခံရင်း
အောက်မှာ ကူးခတ်နေတဲ့ သတ္တဝါတွေအတွက်
သင်္ဘောတွေရဲ့ ဧရာမ အရိပ်တွေဟာဘယ်လောက်
ကြောက်စရာကာင်းတယ်ဆိုတာ
သူ ဆင်ခြင်သုံးသပ်မိစဉ်ပါ။
ဝေလငါးဖမ်းခြင်းနဲ့ စာရေးသူရဲ့ တိုက်ရိုက်
သိကျွမ်းမှုက Ishmael ရဲ့
သရုပ်ဖော်မှုဟာ အထပ်ထပ် ပေါ်လွင်နေတယ်။
အခန်းတစ်ခန်းမှာ
ဝေလငါး လိင်အင်္ဂါရဲ့ အရေပြားဟာ
သင်္ဘောသား တစ်ဦးအတွက် အကာအကွယ်
အဝတ်အစားဖြစ်လာတယ်။
Ishmael က ဝေလငါးရဲ့ ခေါင်းတစ်လုံးကို
မျှားတာကို ဝမ်းဆွဲအတတ်နဲ့ နှိုင်းစဉ်မှာ
"Cistern and Buckets" လို
အလားအလာ မကောင်းတဲ့
ခေါင်းစဉ်တွေနဲ့အခန်းတွေဟာ ဝတ္ထုရဲ့
အကျိုးကျေးဇူးအရှိဆုံး တချို့ဖြစ်လာတယ်။
ဒါက ပလေတိုကို ပြန်လည် သုံးသပ်မိစေတယ်။
ရှုပ်ထွေးနေတဲ့ ဝေလငါး ကြိုးတန်းတွေက
သေမျိုးအားလုံးကို ရစ်ပတ်နေတဲ့
"ထာဝရ ရှိတဲ့ ဘေးရန်တွေ" အပေါ်မှာ ဟာသဉာဏ်
ရွှင်တဲ့ ဆင်ခြင်သုံးသပ်မှုတွေ ဖြစ်စေတယ်။
သတ္တဗေဒ၊အစားကောင်းစားမှု၊ ဥပဒေ၊ ဘောဂဗေဒ၊
ဒဏ္ဍာရီနဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှု
အစဉ်အလာ အမျိုးမျိုးမှ သင်ကြားမှုတွေလို
အသိပညာ ကိုင်းခွဲမျိုးစုံကို ထုတ်သုံးတယ်။
ဒီစာအုပ်က အကြောင်းအရာက အရေးအသားဟန်
လောက်အများကြီး အရေးပါတာနဲ့ စမ်းသပ်တာပါ။
တစ်ကိုယ်တော် ရွတ်ဆိုမှုတစ်ခုမှာ Ahab က
ရှိတ်စပီးယားဟန် Moby Dick ကို စိန်ခေါ်တာက
"မင်းဘက်ကို ငါ လှိမ့်တယ်၊ မင်း အားလုံး
ဖျက်ဆီးပေမဲ့ အနိုင်ယူလို့မရတဲ့ ဝေလငါး၊
နောက်ဆုံးအထိ မင်းနဲ့ သတ်ပုတ်၊
ငရဲရဲ့ နှလုံးသားကနေ ငါ မင်းကို ထိုးစိုက်၊
အမုန်းအတွက် ငါ့နောက်ဆုံး ထွက်သက်ကို
မင်းဆီကို ထွေးထုတ်လိုက်တယ်။"
အခန်းတစ်ခန်းကို ပြဇာတ်
ဇာတ်ညွှန်းလို ရေးထားရာမှာ
Pequod ရဲ့ လူမျိုးစုံ သင်္ဘောသားတွေက
တစ်ဦးချင်းရော သံပြိုင်ပါ ကြားဝင်ပြောတယ်။
အာဖရိကန်နဲ့ စပိန်တွေက အပြန်အလှန်ဆဲစဉ်
တာဟီတီရန် သင်္ဘောသားတွေက အိမ်ကို လွမ်းတယ်။
တရုတ်နဲ့ ပေါ်တူဂီတွေ အဖွဲဝင်တွေ
ကဖို့ ခေါ်ကြပြီး
ကောင်လေးတစ်ယောက်က ကပ်ဘေးကို
ဟောကိန်းထုတ်တယ်။
နောက်တစ်ခန်းမှာ
သင်္ဘောက သန်းခေါင်ယံ ပင်လယ်ထဲမှာ
လွင့်လိုက်၊ လူးလိုက်ဖြစ်ပြီး
စည်ပိုင်းတွေက မြေပြိုတာလို မြည်ဟည်းနေစဉ်
Ishmael က ကဗျာရှည်ဟန်နဲ့
ဝေလငါးဆီ လောင်းထည့်တဲ့
ဖြစ်စဉ်ကို သီဆိုတယ်။
လူတိုင်းအတွက် တစ်ခုခုရှိလောက်အဆာင်
ကျယ်ပြန့် စုံလင်တဲ့ စာအုပ်တစ်အုပ်ပါ။
စာဖတ်သူတွေဟာ ဘာသာရေးနဲ့
နိုင်ငံရေးဆိုင်ရာ တင်စားချက်၊
လူ့ဘဝနဲ့ဆိုင်တဲ့ မေးမြန်းမှု၊
လူမှုရေး သရော်မှု၊ စီးပွားရေး စိတ်ဖြာမှု၊
အမေရိကန် နယ်ချဲ့ဝါဒ ကိုယ်စားပြုမှုတွေ၊
အလုပ်ရှင် အလုပ်သမား
ဆက်ဆံရေးတွေနဲ့ လူမျိုးရေး
ပဋိပက္ခတွေကို တွေ့ရတယ်။
Ishmael က အဓိပ္ပာယ် နောက်လိုက်ပြီး
Ahab က ဝေလငါးဖြူ နောက်လိုက်စဉ်
စာအုပ်က လူသားဖြစ်တည်မှုကို လက္ခဏာ
ဆောင်တဲ့ အကောင်းမြင်ဝါဒနဲ့ မသေချာမှု၊
သိလိုမှုနဲ့ ကြောက်စိတ်တို့ရဲ့
ဆန့်ကျင်ဘက်အားတွေကို စူးစမ်းတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်ပ်တို့ လိုက်ဖမ်းနေတာလေ။
Moby Dick ရဲ့ များစွာသော စာမျက်နှာတွေကနေ
Melville က သူ့စာဖတ်သူတွေကို
အသိမှုထဲကို ခုန်ဝင်ဖို့၊ "ဖမ်းဆုပ်မရတဲ့
ဘဝရဲ့တစ္ဆေကို လိုက်ဖမ်းရာမှာ
သူနဲ့ အတူပါဖို့ ဖိတ်ခေါ်တာပါ။