1 00:00:01,341 --> 00:00:05,327 အခုဆို လနဲ့ပတ်သက်ပြီး ကိစ္စတော်တော်များများ ဖြစ်ပေါ်နေပါတယ် 2 00:00:05,351 --> 00:00:09,162 တရုတ်နိုင်ငံက ၂၀၃၀ နှစ်တွေမှာ လူမနေတဲ့ တောင်ဝင်ရိုးစွန်းစခန်းတစ်ခု အတွက် 3 00:00:09,186 --> 00:00:11,041 အစီအစဉ်တွေကို ကြေညာခဲ့တယ် 4 00:00:11,065 --> 00:00:13,652 အမေရိကန်ကလည်း အာကသထဲမှာ နေထိုင် အလုပ်လုပ်သူတွေ 5 00:00:13,676 --> 00:00:18,473 များလာဖို့ ရည်ရွယ်တဲ့ စီမံကိန်းတစ်ခုကို တရားဝင်ကြေညာခဲ့တယ် 6 00:00:18,497 --> 00:00:20,949 ​ဒါကတော့ NASAရဲ့ Artemis လို့ခေါ်တဲ့ စီမံကိန်းပါ 7 00:00:20,973 --> 00:00:24,926 ပထမဆုံးအမျိုးသမီးတစ်ဦးနဲ့ အမျိုးသား တစ်ဦးကို နိုင်ငံတကာ အစီအစဉ်တစ်ခုမှာ 8 00:00:24,950 --> 00:00:26,854 ဒီဆယ်စုနှစ်အတွင်းမှာ လပေါ်စေလွှတ်ဖို့ပါ 9 00:00:26,878 --> 00:00:29,576 ဘီလီယံနာတွေနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကလည်း 10 00:00:29,600 --> 00:00:31,367 မကြံစဖူးနည်းလမ်းတွေနဲ့ ပါဝင်လာကြတယ် 11 00:00:31,852 --> 00:00:35,244 ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ရာနဲ့ချီတဲ့ လွန်းပျံယာဥ်လွှတ်တင်တဲ့ကုမ္ပဏီတွေနဲ့ 12 00:00:35,268 --> 00:00:38,919 ခန့်မှန်းခြေတစ်ဒါဇင်လောက်ရှိတဲ့ လကမ္ဘာသယ်ယူပိုဆောင်ရေးကုမ္ပဏီတွေက 13 00:00:38,943 --> 00:00:41,905 စက်ရုပ်တွေကို လပေါ်သို့စေလွှတ်ဖို့ ပြင်ဆင်ထားကြပါတယ် 14 00:00:42,754 --> 00:00:46,619 လူ့သမိုင်းမှာ ပထမဆုံးသော ပြန်အသုံးပြုလို့ ရတဲ့ဒုံးပျံတွေ ပိုင်ဆိုင်ထားပါပြီ 15 00:00:47,167 --> 00:00:49,716 ဒါက အခြေခံအဆောက်အအုံတွေ တိုးတက်မှုနဲ့ အရင်းအမြစ်တွေကို 16 00:00:49,740 --> 00:00:51,707 အသုံးချနိုင်မှုကို ဖြစ်စေမှာပါ။ 17 00:00:52,227 --> 00:00:54,767 ကွဲလွဲမှုတွေရှိပေမဲ့ သိပ္ပံပညာရှင်တွေ ထင်တာက 18 00:00:54,791 --> 00:00:58,902 လပေါ်မှာ ဘီလီယံနဲ့ချီတဲ့ တန်ပေါင်းများစွာသောရေခဲတွေရှိပါတယ် 19 00:00:58,926 --> 00:01:01,354 ဒီပမာဏဟာ Erie ရေကန်ကြီးထက်တောင်များပြီး 20 00:01:01,378 --> 00:01:05,351 လပေါ်မှာနေထိုင်အလုပ်လုပ်ကြမယ့် ရာထောင်ချီတဲ့လူတွေကို 21 00:01:05,375 --> 00:01:07,505 ရေထောက်ပံ့ပေးဖို့ လုံလောက်ပါတယ် 22 00:01:08,092 --> 00:01:11,099 ဒီစီမံကိန်းတွေကို တရားဝင် အကောင်အထည်ဖော်နေဆဲဖြစ်ပေမဲ့ 23 00:01:11,123 --> 00:01:13,738 နောက်ဆယ်စုနှစ်အတွင်းမှာတင် လူသားတွေအနေနဲ့ 24 00:01:13,762 --> 00:01:15,555 လပေါ်မှာ စတင်နေထိုင်အလုပ်ကြမယ်လို့ 25 00:01:15,579 --> 00:01:16,789 ကောက်ချက်ချနိုင်ပါတယ် 26 00:01:17,559 --> 00:01:22,148 ဒါပေမဲ့ အကြမ်းဖျင်းအားဖြင့် လဟာ အာဖရိကတိုက်လောက်ပဲရှိပြီး 27 00:01:22,172 --> 00:01:24,934 အဓိကအရင်းအမြစ်တွေက လရဲ့ဝင်းရိုးစွန်းတွေမှာပဲ 28 00:01:24,958 --> 00:01:27,232 စုပုံတည်ရှိတယ်လို့ 29 00:01:27,256 --> 00:01:28,562 ယူဆထားကြပါတယ် 30 00:01:29,053 --> 00:01:34,062 ဒါက ဒီရှားပါးတဲ့အရင်းအမြစ်တွေကို ဘယ်လိုခွဲဝေကြမလဲဆိုတာ မေးခွန်းဖြစ်လာတယ် 31 00:01:34,872 --> 00:01:38,670 ထပ်ပြီးတော့ နယ်မြေခွဲဝေမှုတို့ ယဥ်ကျေးမှုအမွှေအနှစ်တွေထားခဲ့မှာလားတို့ 32 00:01:38,694 --> 00:01:40,672 ပိုင်ဆိုင်မှုမတူညီမှုတွေကို ဘယ်လို 33 00:01:40,696 --> 00:01:44,723 ပြန်ခွဲဝေမလဲဆိုတာက လပေါ် ပြောင်းဖို့ အခြေချဖို့ အဓိက မေးခွန်းတွေဖြစ်လာပါတယ် 34 00:01:45,442 --> 00:01:47,268 ပိုတိကျရမယ်ဆိုရင် 35 00:01:47,292 --> 00:01:50,051 ဒီကမ္ဘာမြေမှာ စိန်ခေါ်မှုကြီးတွေ ရှိနေပြီးသားမို့လား 36 00:01:50,433 --> 00:01:54,787 E-Government, ကပ်ရောဂါတွေ,အကြမ်းဖက်ဝါဒ ပြီးတော့ အ‌ရေးကြီးဆုံးလို့ပြောလို့ရတဲ့ 37 00:01:54,811 --> 00:01:57,500 ရာသီဥတုဖောက်ပြန်မှုတွေနဲ့ ဇီဝမျိုးစိတ် ဆုံးရှုံးတာတွေပါ 38 00:01:58,519 --> 00:01:59,686 သဘောတရားတချို့မှာတော့ 39 00:01:59,710 --> 00:02:03,165 လကို သွားရောက်ဖို့ နေရာအဖြစ် စိတ်ကူးက 40 00:02:03,189 --> 00:02:05,997 ပြဿနာရှိတဲ့ လက္ခဏာသဘောတွေ ပါနေတယ်။ 41 00:02:06,021 --> 00:02:08,119 ဖြစ်လာနိုင်တာတွေက လပေါ်မှာ နိုင်ငံချင်း 42 00:02:08,143 --> 00:02:09,537 နယ်မြေလုကြမှာတွေ 43 00:02:09,561 --> 00:02:11,913 ဒုံပျံကြီးတွေနဲ့ တန်ဖိုးကြီးတဲ့ စီမံကိန်းတွေ 44 00:02:11,937 --> 00:02:13,812 ယှဥ်ပြိုင်မှုတွေ အနိုင်ယူမှုတွေပါ။ 45 00:02:14,671 --> 00:02:17,305 ဒါပေမဲ့ လနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ အကောင်းဆုံးက 46 00:02:17,329 --> 00:02:19,870 ဘီလီယံနာတွေနဲ့ သူတို့ရဲ့ဒုံးပျံတွေ၊ ဒါမှမဟုတ် ဖြစ်နေကျ 47 00:02:19,894 --> 00:02:22,927 နိုင်ငံအချင်းချင်းရဲ့ အင်အားပြိုင်မှုတွေ မဟုတ်ဘူး။ 48 00:02:23,495 --> 00:02:26,140 ဒီတော့ အကြမ်းထည် မဟုတ်ပါဘူး 49 00:02:26,837 --> 00:02:28,700 အနုထည်ပါ 50 00:02:28,724 --> 00:02:31,244 စံတွေ၊ ဓလေ့တွေ၊ ဥပဒေတွေပါ 51 00:02:31,268 --> 00:02:33,497 ကျွန်မတို့ရဲ့ လူမှုနည်းပညာပါ 52 00:02:33,902 --> 00:02:37,668 ဒါက ကမ္ဘာလုံးဆိုင်ရာပမာဏရှိတဲ့ စိန်ခေါ်မှုတွေရဲ့ ခေတ်သစ် တုံ့ပြန်ဖို့ 53 00:02:37,692 --> 00:02:39,521 ဒီမိုကရေစီအဖွဲ့အစည်းတွေနဲ့ 54 00:02:39,545 --> 00:02:43,559 ဥပဒေ စည်းမျဉ်းတွေကိုအဆင့်မြင့် တင်ဖို့ အခွင့်အရေးလည်းဖြစ်တယ် 55 00:02:44,439 --> 00:02:47,660 ကမ္ဘာကြီးမှာရှိတဲ့ အကြီးးဆုံး စိန်ခေါ်မှုချို့ဖြေရှင်းဖို့အတွက် 56 00:02:47,684 --> 00:02:50,915 လဟာ ပတ္တူစတစ်ခု ဖြစ်နိုင်ပုံကို ပြောပြပေးပါ့မယ်။ 57 00:02:51,550 --> 00:02:56,522 ကျွန်မဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ဒီအကြောင်းကို စွဲလမ်းနေခဲ့တာမျိူးပါ။ 58 00:02:56,546 --> 00:03:01,294 ကျွန်မဟာ ဆယ်စုနှစ်နှစ်ခုကြာ နိုင်ငံတကာ အာကာသ စည်းမျဥ်းနဲ့ လုပ်ကိုင်တာအပြင် 59 00:03:01,318 --> 00:03:05,608 ပုံမှန်လူ့အဖွဲ့စည်းနဲ့ဆိုင်တဲ့ အခြေခံကျတဲ့ လူထု ပရောဂျက်တွေနဲ့ပတ်သက်တာရောပါ။ 60 00:03:06,462 --> 00:03:07,870 ကျွန်မ ၁၇ နှစ်မှာ 61 00:03:07,894 --> 00:03:11,206 Vienna မှာကျင်းပတဲ့ အာကာသကို ငြိမ်းချမ်းစွာအသုံးပြုရေးဆိုတဲ့ ညီလာခံ 62 00:03:11,230 --> 00:03:12,403 တစ်ခုကို တက်‌ရောက်ခဲ့တယ် 63 00:03:13,002 --> 00:03:17,429 နိုင်ငံပေါင်း ၆၀ ကျော်က လူငယ် ၁၆၀ ဟာ UN အဆောက်အဦဘေးက 64 00:03:17,453 --> 00:03:20,861 ဟိုတယ်တစ်ခုလုံးအပြည့် နှစ်ပတ်ကျော်လောက် နေထိုင်ခဲ့ကြပါတယ် 65 00:03:21,405 --> 00:03:23,412 လူသားမျိုးနွယ်ရဲ့အနာဂတ်မှာ အာကာသရဲ့ 66 00:03:23,436 --> 00:03:24,603 အခန်းကဏ္ဍအကြောင်း 67 00:03:24,627 --> 00:03:27,565 အဖွဲ့ဝင်နိုင်ငံတွေဆီ အကြံပြုချက်တွေ ပေးဖို့ ဖိတ်ကြားခံရတာပါ။ 68 00:03:28,452 --> 00:03:29,834 ဒီတွေ့ဆုံပွဲပြီးတော့ 69 00:03:29,858 --> 00:03:31,553 အဖွဲ့ထဲကလူငယ်တစ်ချို့ဟာ 70 00:03:31,577 --> 00:03:34,416 ဆက်ပြီးတူတူနေကြဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ် 71 00:03:34,779 --> 00:03:39,130 လူအဟောက်၂၀ လောက် အတူနေကြ တယ်ဆိုတာ နည်းနည်းရူးကြောင်ကြောင်နိုင်ပေမဲ့ 72 00:03:39,154 --> 00:03:44,665 နှစ်တွေကြာလာတဲ့အခါ ဒီလိုအတူနေခဲ့တဲ့ အတွက် လူမှု နည်းပညာတွေကို 73 00:03:44,689 --> 00:03:49,228 စမ်းသပ်ဖို့အတွက် အချင်းချင်းယုံကြည်ရတဲ့ အဖွဲ့တစ်ခုဖြစ်လာစေပါတယ် 74 00:03:49,252 --> 00:03:53,273 ကျွန်မတို့အဖွဲ့ဟာ ဂျူရီစနစ်ကျင့်သုံးပြီး CEO ကစပြီး ရာထူးအဆင့်ဆင့်ခန့်အပ်ကာ 75 00:03:53,297 --> 00:03:55,409 အမှုဆောင်အဖွဲ့တေွ တစ်ရပ်ဖွဲ့စည်းခဲ့ပါတယ် 76 00:03:55,941 --> 00:03:58,420 နောက်တော့ ကျွန်မတို့ အလုပ်အကိုင်တေွ အဖြစ်တိုးပွားကာ 77 00:03:58,444 --> 00:04:01,883 Washington DC အကြံပေးအဖွဲ့ကနေ NASA ကို ပြောင်းတယ် 78 00:04:01,907 --> 00:04:04,400 ကုမ္ပဏီတွေ စတင် တည်ထောင်ဖို့ပါ။ 79 00:04:04,424 --> 00:04:06,952 ဒီလူနှစ်ဆယ်လောက်ပဲရှိတဲ့အဖွဲ့လေးကတောင် 80 00:04:06,976 --> 00:04:09,980 လူ့အဖွဲ့အစည်းရဲ့ အရေးကြီးတဲ့မေးခွန်းတွေဖြစ်တဲ့ 81 00:04:10,004 --> 00:04:13,732 ကိုယ်စားပြုဖို့ ရေရှည်တည်မြဲဖို့ စတာတွေကို 82 00:04:13,756 --> 00:04:16,016 အဖြေပေးနိုင်ကြောင်း ပြသခဲ့ပါတယ် 83 00:04:16,993 --> 00:04:20,741 လူတွေဟာ တစ်ခါတစ်လေ လကို သရုပ်ပြစမ်းသပ်ဖို့နေရာလိုမျိုး 84 00:04:20,765 --> 00:04:22,610 တွေးကြ ပြောကြပါတယ် 85 00:04:23,506 --> 00:04:27,797 ဒါပေမဲ့ လကို စိုးမိုးတဲ့ တရားဝင် သဘောတူညီမှုတွေကြောင့် 86 00:04:27,821 --> 00:04:30,989 လက်ရှိ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ စိန်ခေါ်မှုတွေ ပြဿနာတွေလိုပဲ 87 00:04:31,013 --> 00:04:33,608 လပေါ်မှာလည်း အလားတူစိန်ခေါ်မှုတွေရှိပါတယ် 88 00:04:34,343 --> 00:04:40,538 လရော ကမ္ဘာမှာပါ နယ်စပ်မျဥ်းတွေ နယ်နိမိတ် ကိစ္စတွေထက်ပိုတဲ့ပြဿနာတွေရှိပါတယ် 89 00:04:40,562 --> 00:04:43,166 ဆိုလိုတာက လဟာ တကယ်တော့ သင်ပုန်းလွတ်တစ်ချပ်ဆိုတာထက် 90 00:04:43,190 --> 00:04:44,778 ပိုတဲ့ ပုံစံပြားတစ်ချပ်ပါ။ 91 00:04:45,922 --> 00:04:51,288 လအပါအဝင် ပြင်ပ အာကသထဲက လုပ်ဆောင်မှုတွေကို စိုးမိုးရေး စာချုပ်ကို ၁၉၆၇ ခုနှစ်က 92 00:04:51,312 --> 00:04:53,466 ချုပ်ဆိုခဲ့တဲ့ Outer Space Treaty နဲ့အညီ 93 00:04:53,490 --> 00:04:54,829 ဆောင်ရွက်ကြရပါတယ် 94 00:04:55,645 --> 00:04:57,804 အဲဒီစာချုပ်မှာက အဓိကအရေးကြီးတဲ့ 95 00:04:57,828 --> 00:05:02,357 ဥပဒေပြဌာန်းတာနဲ့ပတ်သက်တဲ့ အချက်နှစ်ချက်ပါပါတယ် 96 00:05:02,904 --> 00:05:08,966 ပထမတစ်ခုကတော့ အာကာသထဲ စူးစမ်းလေ့လာဖို့အတွက် လိုအပ်တဲ့အချက်တွေပါ 97 00:05:09,935 --> 00:05:13,951 ဒုတိယ တစ်ချက်ကတော့ လအပါအဝင် အခြား အာကာသထဲကမည်သည့်အရာကမှ 98 00:05:13,975 --> 00:05:17,598 တစ်နိုင်ငံတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ပါဘူး 99 00:05:17,622 --> 00:05:20,406 ဒါကရူးကြောင်ကြောင်နိုင်ပါတယ် 100 00:05:20,430 --> 00:05:24,168 ဘာလို့လဲဆို လက်ရှိတစ်ကမ္ဘာလုံးကို ထိန်းကျောင်းပေးတဲ့စနစ်ဖြစ်တဲ့ 101 00:05:24,192 --> 00:05:25,418 ကုလသမဂ္ဂဆိုတာ 102 00:05:25,442 --> 00:05:28,294 မိမိနိုင်ငံနယ်နိမိတ်အတွင်းက အရင်းအမြစ်တွေသုံးစွဲမှုတွေ 103 00:05:28,318 --> 00:05:31,588 နိုင်ငံတွင်းလွတ်လပ်စွာ အုပ်ချုပ်ခွင့်တွေ 104 00:05:31,612 --> 00:05:34,919 စတဲ့နိုင်ငံတစ်နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ ငြိမ်းချမ်းရေးကိုလေးစားပြီး 105 00:05:34,943 --> 00:05:38,744 နိုင်ငံတကာသဘောတူစာချုပ်တွေနဲ့ ထိန်းကျောင်းပေးတဲ့စနစ်ဖြစ်ပါတယ် 106 00:05:39,618 --> 00:05:41,839 ဒီနှစ်ခုစလုံးနဲ​့ ပြဌာန်ခြင်းအားဖြင့် 107 00:05:41,863 --> 00:05:45,132 " ဘုံပိုင်တွေ" လို့ ခေါ်ကြတဲ့ အခြေအနေတွေကို ဖန်တီးလိုက်တာပါ 108 00:05:45,719 --> 00:05:49,912 Nobel ဆုရှင် စီးပွားရေးပညာရှင် Elinor Ostromရဲ့ လေ့လာမှုတွေအရ 109 00:05:49,936 --> 00:05:53,743 တစ်ကမ္ဘာလုံးဘုံပိုင်ဆိုတာက သမုဒ္ဒရာတို့လို ရာသီဥတုတို့လိုမျိုး 110 00:05:53,767 --> 00:05:56,645 သက်ရှိအားလုံး အသက်ရှင်သန်‌ရေးနဲ့ ကောင်းမွန်စွာနေထိုင်ရေးအတွက် 111 00:05:56,669 --> 00:06:00,551 အရေးကြီးတဲ့အရာတွေကို အတူတူဝေမျှသုံးစွဲဖို့ အတူတူကာကွယ်ဖို့ လိုအပ်တဲ့ 112 00:06:00,575 --> 00:06:02,970 အရာတွေလို့ဆိုထားပါတယ် 113 00:06:03,414 --> 00:06:07,748 ဘုံသတ်မှတ်တာကို အခြေခံတဲ့ နည်းလမ်းတွေက တစ်ကမ္ဘာလုံးအနေနဲ့ အာကာသထဲစူးစမ်းနိုင်ဖို့ 114 00:06:07,772 --> 00:06:09,581 လိုအပ်တဲ့ အဆောက်အအုံတွေ အဖွဲ့အစည်းတွေ 115 00:06:09,605 --> 00:06:12,741 တည်ဆောက်ဖို့ အခွင့်အရေးဖြစ်လာစေပါတယ် 116 00:06:12,765 --> 00:06:14,445 ပိုင်ဆိုင်မှုရပိုင်ခွင့် ဆိုတာဘာလဲ 117 00:06:14,469 --> 00:06:16,208 ပြင်ပ အာဏာပိုင်နဲ့ 118 00:06:16,232 --> 00:06:20,668 ပုဂ္ဂလိက ပိုင်ဆိုင်မှုရဲ့ သမရိုးကျဥပဒေတွေက အကျုံးမဝင်တဲ့အခါ ရင်းမြစ်တွေကို 119 00:06:20,692 --> 00:06:21,902 ဘယ်လို စီမံကြမလဲ 120 00:06:22,429 --> 00:06:24,687 ဒီအဖြေတွေ အားလုံး မရှိသေးပေမဲ့ 121 00:06:24,711 --> 00:06:27,822 ရာသီဥတု၊ အင်တာနက် အစိုးရစနစ် အာဏာရှင်ဆန်မှု စတာတွေဟာ 122 00:06:27,846 --> 00:06:30,593 လက်ရှိ တွေးခေါ်ခြင်းနဲ့ ဖြေရှင်းလို့ မရသေးတဲ့ 123 00:06:30,617 --> 00:06:33,665 နက်နက်ရှိုင်းရှိုင်း ဖြစ်တည်နေတဲ့ ခြိမ်းခြောက်မှုတွေဖြစ်ပါတယ် 124 00:06:34,486 --> 00:06:38,580 နည်းလမ်းအသစ်တွေ ဖန်တီးဖို့ အောင်မြင်တဲ့ လမ်းကြောင်းသစ်တွေ လိုအပ်ပါတယ်။ 125 00:06:39,143 --> 00:06:43,014 ဒီတော့ ဘုံပိုင်ဆိုင်မှု အခြေခံတဲ့ အယူအဆကို 126 00:06:43,038 --> 00:06:46,399 ကမ္ဘာနဲ့ အာကာသအဖွဲ့အစည်းတွေထဲမှာ ဘယ်လို ပူးပေါင်းလုပ်ဆောင်ကြမလဲ 127 00:06:47,088 --> 00:06:51,862 ဒါက မဖြစ်နိုင်တဲ့ ရင်းမြစ်တစ်ခု ကနေလာတဲ့ ကြိုးပမ်းမှုတစ်ခုပါ 128 00:06:51,886 --> 00:06:54,810 ဒုတိယကမ္ဘာစစ်အတွင်းက လူငယ်တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ 129 00:06:54,834 --> 00:06:58,134 Arvid Pardo ဟာ ဖက်ဆစ်ဆန့်ကျင်ရေးကို ဦးဆောင်ခဲ့မှုအတွက် 130 00:06:58,158 --> 00:07:01,340 Gestapo က ဖမ်းဆီးပြီး သေမိန့်ချခဲ့ပါတယ် 131 00:07:01,856 --> 00:07:03,105 စစ်ကြီးပြီးတေ့ 132 00:07:03,129 --> 00:07:06,092 သူက သံတမန် တပ်ဖွဲ့တွေထဲမှာ အလုပ်ဝင်ခဲ့ပြီး 133 00:07:06,116 --> 00:07:09,779 နောက်ဆုံးမှာ ကုလသမဂ္ဂမှာ Malta အတွက် ပထမဦးဆုံး အမြဲတမ်းကိုယ်စားလှယ် 134 00:07:09,803 --> 00:07:11,528 တစ်ယောက်ဖြစ်လာခဲ့ပါတယ် 135 00:07:11,552 --> 00:07:15,197 ရေပိုင်နက်လိုမျိုး ကမ္ဘာလုံးဆိုင်ရာ 136 00:07:15,221 --> 00:07:18,248 ရင်းမြစ်တွေကို စီမံဖို့ နိုင်ငံတကာဥပဒေတွေမှာ 137 00:07:18,272 --> 00:07:19,976 နည်းလမ်းတွေမရှိတာ Pardo မြင်ခဲ့တယ် 138 00:07:20,683 --> 00:07:25,796 နိုင်ငံတွေကြားမှာ တူညီတဲ့ မျှဝေခြင်းကို ထောက်ခံဖို့ အခွင့်အရေးတစ်ခုကိုပါ သူတွေ့တယ် 139 00:07:26,156 --> 00:07:31,310 ၁၉၆၇ခုနှစ်မှာ Pardo က ကုလသမဂ္ဂမှာ ကျော်ကြားတဲ့ မိန်းခွန်တစ်ခုပြောကြားခဲ့တယ် 140 00:07:31,334 --> 00:07:32,959 သမုဒ္ဒရာနဲ့ ၄င်းရဲ့အရင်းအဖြစ်တွေဟာ 141 00:07:32,983 --> 00:07:38,706 "လူသားအားလုံးရဲ့ အမွေအနှစ်"ဖြစ်တယ်ဆိုတဲ့ အယူအဆတစ်ရပ်ကို တင်ပြခဲ့တာဖြစ်ပါတယ် 142 00:07:38,730 --> 00:07:43,071 Law of Sea Treaty မှာ ဒီစာပိုဒ်ကို တစ်စိတ်တစ်ပိုင်းအဖြစ်ဖော်ပြခဲ့ပြီး 143 00:07:43,095 --> 00:07:46,243 နိုင်ငံတကာပိုင်ဆိုင်မှုတွေကို ထိန်းညှိပေးတဲ့ သဘောတူညီချက်တွေထဲမှာ 144 00:07:46,267 --> 00:07:47,665 ထောင့်အစေ့ဆုံးဖြစ်လောက်တယ် 145 00:07:48,070 --> 00:07:50,603 ဒါကို အရေးပါတဲ့ ကာလတစ်ခုအဖြစ်မြင်ကြတယ် 146 00:07:50,627 --> 00:07:53,125 ပင်လယ်တွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုပါ 147 00:07:53,760 --> 00:07:56,749 ဒါပေမဲ့ ဘာသာစကားက အတော့ကို အငြင်းပွားဖွယ်ဖြစ်ခဲ့တော့ 148 00:07:56,773 --> 00:07:59,729 လုံလောက်တဲ့လက်မှတ်တွေရဖို့အတွက် ၁၂နှစ်လောက်အချိန်ယူခဲ့ရပြီး 149 00:07:59,753 --> 00:08:01,889 အခုအချိန်အထိကို သဘောတူညီချက်မှာ 150 00:08:01,913 --> 00:08:05,064 လက်မှတ်ထိုးဖို့ငြင်းဆန်နေတဲ့နိုင်ငံတွေ ရှိပါသေးတယ် 151 00:08:06,208 --> 00:08:10,145 ကန့်ကွက်မှုက မျှဝေခြင်း သက်သက်က ဒီလောက်မဟုတ်ဘဲ 152 00:08:10,169 --> 00:08:12,370 မျှဝေရမည့် ဝတ္တရားကြောင့်ပါ။ 153 00:08:13,124 --> 00:08:18,314 အားလုံးအတူတူပိုင်ဆိုင်ကြတယ်ဆိုတာကို နိုင်ငံတွေက သူတို့ရဲ့အချုပ်အခြာအာဏာနဲ့ 154 00:08:18,338 --> 00:08:20,719 နိုင်ငံတကာရေပိုင်နက်ဥပဒေကို 155 00:08:20,743 --> 00:08:25,615 ထောက်ခံပေးတဲ့ သူတို့ရဲ့ အချုပ်အခြာကို ထိပါးတယ်လို့ ခံစားကြရပါတယ် 156 00:08:26,631 --> 00:08:29,030 ဒီတော့ နည်းလမ်းများစွာနဲ့ပဲ 157 00:08:29,054 --> 00:08:31,622 ဒီ ဘုံပိုင်ဆိုင်မှု မူဝါဒရဲ့ ဇာတ်လမ်းက 158 00:08:31,646 --> 00:08:32,930 ဝမ်းနည်းစရာပါ။ 159 00:08:33,819 --> 00:08:36,788 ဒါပေမဲ့ လက်ရှိ ကမ္ဘာ့ ဖွဲ့စည်းပုံစနစ်က 160 00:08:36,812 --> 00:08:42,433 ကာကွယ်မှုတွေ ချမှတ်ပြီး စနစ်ကျတဲ​့ ပြုပြင်ပြောင်းလဲမှုမှာ အားထုတ်မှုတွေကို 161 00:08:42,457 --> 00:08:45,378 ခုခံပုံတွေကို သိသာအောင် ဖြစ်စေတာကြောင့် အတော်လေးအားကောင်းပါတယ် 162 00:08:46,870 --> 00:08:49,087 ဒါပေမဲ့ ကိစ္စတော့ရှိတယ်။ 163 00:08:49,111 --> 00:08:53,015 Outer Space Treaty က ဒီဖွဲ့စည်းမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးပြီ 164 00:08:53,832 --> 00:08:55,426 စစ်အေးတိုက်ပွဲအရှိန်မြင့်လာတဲ့အခါ 165 00:08:55,450 --> 00:08:58,241 လပေါ် ဘယ်သူ အရင် အရင်ရောက်မယ် ဆိုတာအချင်းချင်းစိုးရိမ်တဲ့ 166 00:08:58,265 --> 00:09:00,476 အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုဟာ 167 00:09:00,500 --> 00:09:04,099 Westphalian နဲ့ အလားတူတဲ့ ခက်ရာခက်ဆစ် သဘောတူညီမှုတစ်ခု လုပ်ခဲ့တယ်။ 168 00:09:04,613 --> 00:09:09,373 အာကာသထဲမှာ လွတ်လပ်စွာစူးစမ်းခွင့်ရဖို့၊ ပိုင်နက်သက်မှတ်မှုတွေကိုကာကွယ်ဖို့ 169 00:09:09,397 --> 00:09:13,403 ဒါတွေအတွက် အခြေခံအဖွဲ့အစည်းတွေကို ပြန်ပြီးပြုပြင်ပြောင်းလဲဖို့လိုပါတယ် 170 00:09:13,427 --> 00:09:15,197 ဖြစ်လောက်တာက ဒီလိုပြောင်းလဲလိုက်တာက 171 00:09:15,221 --> 00:09:18,024 ကမ္ဘာပေါ်မှာပြန်အသုံးချနိုင်တဲ့ အသစ်တွေကို သိရှိတာပါ။ 172 00:09:18,808 --> 00:09:22,865 ဒီတော့ လဟာ တစ်ခါတစ်ရံမှာ နည်းနည်း ဝေးသလိုထင်ရပေမဲ့ 173 00:09:22,889 --> 00:09:25,358 အခု ဒီအခြေခံမေးခွန်းတွေကို ဖြေပုံက 174 00:09:25,382 --> 00:09:28,500 ဆုံးဖြတ်ချက်ချတာက ဘယ်သူ၊ သဘောတူညီမှုက ဘယ်ပုံဆိုတာ 175 00:09:28,524 --> 00:09:30,316 အစဉ်အလာသတ်မှတ်ပေးလိမ့်မယ် 176 00:09:30,928 --> 00:09:33,751 ဒီပြဿနာတွေဆိုတာကလည်း လူမှုနည်းပညာနဲ့ဆိုင်တာပါ၊ 177 00:09:33,775 --> 00:09:35,789 ဒုံးပျံတွေ စက်ပစ္စည်းတွေမဟုတ်ပါဘူး 178 00:09:36,703 --> 00:09:40,818 ဒီပြဿနာတွေကိုဖြေရှင်းဖို့ အခုဆိုရင် ဆွေးနွေးမှုတွေပြုလုပ်နေပါပြီ 179 00:09:41,381 --> 00:09:44,589 အာကာသဆိုင်ရာအဖွဲ့အစည်းဟာ အခြေခံ ဘုံသဘောတူညီမှုတွေကို ဆွေးနွေးနေတယ်။ 180 00:09:44,613 --> 00:09:49,264 ဥပမာ လရဲ့အပိုင်းတွေကို ပိုင်ဆိုင်ခွင့် နေရာတွေအဖြစ် ဘယ်လို သတ်မှတ်မလဲ 181 00:09:49,288 --> 00:09:52,184 ဘယ်မှာ ဆင်းသက်ဖို့ ခွင့်ပြုချက် ဘယ်လိုယူလဲ 182 00:09:52,208 --> 00:09:54,456 ဘယ်အခါမှာ အစဉ်အလာ ပြင်ပအာဏာက 183 00:09:54,480 --> 00:09:56,098 မသက်ရောက်ဘူးလဲ 184 00:09:56,122 --> 00:09:59,096 အတူတကွပူးပေါင်းဆောင်ရွက်ကြဖို့ ဘယ်လိုတွန်းအားပေးကြမလဲ 185 00:09:59,120 --> 00:10:02,197 စည်းမျဉ်းတွေနဲ့ ဆန့်ကျင်တဲ့အခါ လူတွေကို ဘယ်ကို သွားခိုင်းမလဲ 186 00:10:02,727 --> 00:10:06,338 ပြီးတော့ ရှားပါးတဲ့အရင်းအမြစ်တွေဖြစ်တဲ့ ရေ၊ တွင်းထွက်ပစ္စည်းနဲ့ 187 00:10:06,362 --> 00:10:08,706 လရဲ့တည်ရှိပုံအနေအထားကြောင့် 188 00:10:08,730 --> 00:10:12,015 နေကို အမြဲတမ်းထိတွေနေရလို့ 189 00:10:12,039 --> 00:10:14,668 လျှပ်စစ်စွမ်းအင်ထုတ်လုပ်ဖို့ အကောင်းဆုံးဖြစ်တဲ့ 190 00:10:14,692 --> 00:10:17,355 လရဲ့အမြဲလင်းတဲ့အခြမ်း စတာတွေကို 191 00:10:17,379 --> 00:10:19,127 ဘယ်လိုခွဲဝေကြမှာလဲ 192 00:10:19,151 --> 00:10:23,151 လပေါ်မှာ ဥပဒေတွေ အုပ်ချုပ်မှုတွေမရှိတာကြောင့် 193 00:10:23,175 --> 00:10:24,738 ကြောက်စရာကောင်းတယ်ထင်ကြပါတယ် 194 00:10:24,762 --> 00:10:28,794 ပြီးတော့ လပေါ်မှာ ကြောက်စရာကောင်းတဲ့ အခြေအနေတစ်ချို့ရှိပါသေးတယ် 195 00:10:29,961 --> 00:10:31,821 လပေါ်မှာ ဘာဥပဒေမှမရှိဘူးဆိုရင် 196 00:10:31,845 --> 00:10:35,737 လျင်သူစားစတမ်းဆိုတဲ့အခြေအနေမျိုးတွေ မဖြစ်ကုန်ကြဘူးလား 197 00:10:36,451 --> 00:10:38,464 ဒီကာလကို အရေးမထားဘူးဆိုရင် 198 00:10:38,488 --> 00:10:40,700 ဒီအခြေအနေတွေ ကြုံရလောက်တယ် 199 00:10:41,470 --> 00:10:45,732 ဒါပေမဲ့ ရဲရင့်ပြီး ဒီစိန်ခေါ်မှုကို တုံ့ပြန်လိုစိတ်ရှိရင် ဖြစ်လာမှာမဟုတ်ဘူး 200 00:10:46,826 --> 00:10:49,538 ကိုယ်ပိုင် အုပ် ချုပ်တဲ့ လူ့အဖွဲအစည်း တွေမှာ သိရှိရသလို 201 00:10:49,562 --> 00:10:54,099 လုပ်ပြီးသားတွေကို ပြန်လည်ပြင်ဆင်ရတာထက် အသစ်ဖန်တီးလိုက်တာက ပိုလွယ်ပါတယ် 202 00:10:54,821 --> 00:10:56,681 ကမ္ဘာပေါ်မှာ ကြုံတွေနေရတဲ့ အကြီးဆုံး 203 00:10:56,705 --> 00:11:00,900 စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ တိကျတဲ့ ပုံစံ ကန့်သတ်ချက်တွေနဲ့ 204 00:11:00,924 --> 00:11:04,903 မိမိဘာသာ ရပ်တည်တဲ့ ဝန်းကျင်တစ်ခုမှာ ကမ္ဘာ့ အတိုင်းအတာနဲ့ အဖွဲအစည်းသစ်တစ်ခုကို 205 00:11:04,927 --> 00:11:07,721 ရှေ့ပြေးစမ်းသပ်ဖို့ လအပြင် အခြားမရှိပါ။ 206 00:11:09,197 --> 00:11:11,042 ၁၉၉၉တုန်းက 207 00:11:11,066 --> 00:11:14,546 ကုလသမဂ္ဂကနေပြီး အာကာသကို စိတ်ဝင်စားတဲ့ကျွန်မတို့လူငယ်တစ်စုကို 208 00:11:14,570 --> 00:11:16,731 ပိုပြီးမြင့်မြင့်တွေးကြဖို့နဲ့ 209 00:11:16,755 --> 00:11:19,899 ဆန္ဒရှိရင် နိုင်ငံတွေကိုတောင် သက်ရောက်စေနိုင်ကြောင်း သင်ပေးခဲ့ပါတယ် 210 00:11:20,645 --> 00:11:24,340 ဒီနေ့မှာတော့ ပိုင်နက်နဲ့ နယ်နိမိတ်တွေကို 211 00:11:24,364 --> 00:11:28,340 ကျော်ပြီးတော့့ မျှော်မှန်းကြည့်ဖို့ နောက်ထပ်တစ်ဆင့်ကိုတက်လှမ်းဖို့ပါ 212 00:11:29,227 --> 00:11:30,379 ကျေးဇူးတင်ပါတယ်