အခုဆို လနဲ့ပတ်သက်ပြီး ကိစ္စတော်တော်များများ ဖြစ်ပေါ်နေပါတယ် တရုတ်နိုင်ငံက ၂၀၃၀ နှစ်တွေမှာ လူမနေတဲ့ တောင်ဝင်ရိုးစွန်းစခန်းတစ်ခု အတွက် အစီအစဉ်တွေကို ကြေညာခဲ့တယ် အမေရိကန်ကလည်း အာကသထဲမှာ နေထိုင် အလုပ်လုပ်သူတွေ များလာဖို့ ရည်ရွယ်တဲ့ စီမံကိန်းတစ်ခုကို တရားဝင်ကြေညာခဲ့တယ် ​ဒါကတော့ NASAရဲ့ Artemis လို့ခေါ်တဲ့ စီမံကိန်းပါ ပထမဆုံးအမျိုးသမီးတစ်ဦးနဲ့ အမျိုးသား တစ်ဦးကို နိုင်ငံတကာ အစီအစဉ်တစ်ခုမှာ ဒီဆယ်စုနှစ်အတွင်းမှာ လပေါ်စေလွှတ်ဖို့ပါ ဘီလီယံနာတွေနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကလည်း မကြံစဖူးနည်းလမ်းတွေနဲ့ ပါဝင်လာကြတယ် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ရာနဲ့ချီတဲ့ လွန်းပျံယာဥ်လွှတ်တင်တဲ့ကုမ္ပဏီတွေနဲ့ ခန့်မှန်းခြေတစ်ဒါဇင်လောက်ရှိတဲ့ လကမ္ဘာသယ်ယူပိုဆောင်ရေးကုမ္ပဏီတွေက စက်ရုပ်တွေကို လပေါ်သို့စေလွှတ်ဖို့ ပြင်ဆင်ထားကြပါတယ် လူ့သမိုင်းမှာ ပထမဆုံးသော ပြန်အသုံးပြုလို့ ရတဲ့ဒုံးပျံတွေ ပိုင်ဆိုင်ထားပါပြီ ဒါက အခြေခံအဆောက်အအုံတွေ တိုးတက်မှုနဲ့ အရင်းအမြစ်တွေကို အသုံးချနိုင်မှုကို ဖြစ်စေမှာပါ။ ကွဲလွဲမှုတွေရှိပေမဲ့ သိပ္ပံပညာရှင်တွေ ထင်တာက လပေါ်မှာ ဘီလီယံနဲ့ချီတဲ့ တန်ပေါင်းများစွာသောရေခဲတွေရှိပါတယ် ဒီပမာဏဟာ Erie ရေကန်ကြီးထက်တောင်များပြီး လပေါ်မှာနေထိုင်အလုပ်လုပ်ကြမယ့် ရာထောင်ချီတဲ့လူတွေကို ရေထောက်ပံ့ပေးဖို့ လုံလောက်ပါတယ် ဒီစီမံကိန်းတွေကို တရားဝင် အကောင်အထည်ဖော်နေဆဲဖြစ်ပေမဲ့ နောက်ဆယ်စုနှစ်အတွင်းမှာတင် လူသားတွေအနေနဲ့ လပေါ်မှာ စတင်နေထိုင်အလုပ်ကြမယ်လို့ ကောက်ချက်ချနိုင်ပါတယ် ဒါပေမဲ့ အကြမ်ေးဖျင်းအားဖြင့် လဟာ အာဖရိကတိုက်လောက်ပဲရှိပြီး အဓိကအရင်းအမြစ်တွေက လရဲ့ဝင်းရိုးစွန်းတွေမှာပဲ စုပုံတည်ရှိတယ်လို့ ယူဆထားကြပါတယ် ဒါက ဒီရှားပါးတဲ့အရင်းအမြစ်တွေကို ဘယ်လိုခွဲဝေကြမလဲဆိုတာ မေးခွန်းဖြစ်လာတယ် ထပ်ပြီးတော့ နယ်မြေခွဲဝေမှုတို့ ယဥ်ကျေးမှုအမွှေအနှစ်တွေထားခဲ့မှာလားတို့ ပိုင်ဆိုင်မှုမတူညီမှုတွေကို ဘယ်လို ပြန်ခွဲဝေမလဲဆိုတာက လပေါ် ပြောင်းဖို့ အခြေချဖို့ အဓိက မေးခွန်းတွေဖြစ်လာပါတယ် ပိုတိကျရမယ်ဆိုရင် ဒီကမ္ဘာမြေမှာ စိန်ခေါ်မှုကြီးတွေ ရှိနေပြဖိးသားမို့လား E-Government, ကပ်ရောဂါတွေ,အကြမ်းဖက်ဝါဒ ပြီးတော့ အ‌ရေးကြီးဆုံးလို့ပြောလို့ရတဲ့ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ ဇီဝမျိုးစိတ် ဆုံးရှုံးတာတွေပါ သဘောတရားတချို့မှာတော့ လကို သွားရောက်ဖို့ နေရာအဖြစ် စိတ်ကူးက ပြဿနာရှိတဲ့ လက္ခဏာသဘောတွေ ပါနေတယ်။ ဖြစ်လာနိုင်တာတွေက လပေါ်မှာ နိုင်ငံချင်း နယ်မြေလုကြမှာတွေ ဒုံပျံကြီးတွေနဲ့ တန်ဖိုးကြီးတဲ့ စီမံကိန်းတွေ ယှဥ်ပြိုင်မှုတွေ အနိုင်ယူမှုတွေပါ။ ဒါပေမဲ့ လနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ အကောင်းဆုံးက ဘီလီယံနာတွေနဲ့ သူတို့ရဲ့ဒုံးပျံတွေ၊ ဒါမှမဟုတ် ဖြစ်နေကျ နိုင်ငံအချင်းချင်းရဲ့ အင်အားပြိုင်မှုတွေ မဟုတ်ဘူး။ ဒီတော့ အကြမ်းထည် မဟုတ်ပါဘူး အနုထည်ပါ စံတွေ၊ ဓလေ့တွေ၊ ဥပဒေတွေပါ ကျွန်မတို့ရဲ့ လူမှုနည်းပညာပါ ဒါက ကမ္ဘာလုံးဆိုင်ရာပမာဏရှိတဲ့ စိန်ခေါ်မှုတွေရဲ့ ခေတ်သစ် တုံ့ပြန်ဖို့ ဒီမိုကရေစီအဖွဲ့အစည်းတွေနဲ့ ဥပဒေ စည်းမျဉ်းတွေကိုအဆင့်မြင့် တင်ဖို့ အခွင့်အရေးလည်းဖြစ်တယ် ကမ္ဘာကြီးမှာရှိတဲ့ အကြီးးဆုံး စိန်ခေါ်မှုချို့ဖြေရှင်းဖို့အတွက် လဟာ ပတ္တူစတစ်ခု ဖြစ်နိုင်ပုံကို ပြောပြပေးပါ့မယ်။ ကျွန်မဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ဒီအကြောင်းကို စွဲလမ်းနေခဲ့တာမျိူးပါ။ ကျွန်မဟာ ဆယ်စုနှစ်နှစ်ခုကြာ နိုင်ငံတကာ အာကာသ စည်းမျဥ်းနဲ့ လုပ်ကိုင်တာအပြင် ပုံမှန်လူ့အဖွဲ့စည်းနဲ့ဆိုင်တဲ့ အခြေခံကျတဲ့ လူထု ပရောဂျက်တွေနဲ့ပတ်သက်တာရောပါ။ ကျွန်မ ၁၇ နှစ်မှာ Vienna မှာကျင်းပတဲ့ အာကာသကို ငြိမ်းချမ်းစွာအသုံးပြုရေးဆိုတဲ့ ညီလာခံ တစ်ခုကို တက်‌ရောက်ခဲ့တယ် နိုင်ငံပေါင်း ၆၀ ကျော်က လူငယ် ၁၆၀ ဟာ UN အဆောက်အဦဘေးက ဟိုတယ်တစ်ခုလုံးအပြည့် နှစ်ပတ်ကျော်လောက် နေထိုင်ခဲ့ကြပါတယ် လူသားမျိုးနွယ်ရဲ့အနာဂတ်မှာ အာကာသရဲ့ အခန်းကဏ္ဏအကြောင်း အဖွဲ့ဝင်နိုင်ငံတွေဆီ အကြံပြုချက်တွေ ပေးဖို့ ဖိတ်ကြားခံရတာပါ။ ဒီတွေ့ဆုံပွဲပြီးတော့ အဖွဲ့ထဲကလူငယ်တစ်ချို့ဟာ ဆက်ပြီးတူတူနေကြဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ် လူအဟောက်၂၀ လောက် အတူနေကြ တယ်ဆိုတာ နည်းနည်းရူးကြောင်ကြောင်နိုင်ပေမဲ့ နှစ်တွေကြာလာတဲ့အခါ ဒီလိုအတူနေခဲ့တဲ့ အတွက် လူမှု နည်းပညာတွေကို စမ်းသပ်ဖို့အတွက် အချင်းချင်းယုံကြည်ရတဲ့ အဖွဲ့တစ်ခုဖြစ်လာစေပါတယ် ကျွန်မတို့အဖွဲ့ဟာ ဂျူရီစနစ်ကျင့်သုံးပြီး CEO ကစပြီး ရာထူးအဆင့်ဆင့်ခန့်အပ်ကာ အမှုဆောင်အဖွဲ့တေွ တစ်ရပ်ဖွဲ့စည်းခဲ့ပါတယ် နောက်တော့ ကျွန်မတို့ အလုပ်အကိုင်တေွအဖြစ်တိုးပွားကာ Washington DC အကြံပေးအဖွဲ့ကနေ NASA ကို ပြောင်းတယ် ကုမ္ပဏီတွေ စတင် တည်ထောင်ဖို့ပါ။ ဒီလူနှစ်ဆယ်လောက်ပဲရှိတဲ့အဖွဲ့လေးကတောင် လူ့အဖွဲ့အစည်းရဲ့ အရေးကြီးတဲ့မေးခွန်းတွေဖြစ်တဲ့ ကိုယ်စားပြုဖို့ ရေရှည်တည်မြဲဖို့ စတာတွေကို အဖြေပေးနိုင်ကြောင်း ပြသခဲ့ပါတယ် လူတွေဟာ တစ်ခါတစ်လေ လကို သရုပ်ပြစမ်းသပ်ဖို့နေရာလိုမျိုး တွေးကြ ပြောကြပါတယ် ဒါပေမဲ့ လကို စိုးမိုးတဲ့ တရားဝင် သဘောတူညီမှုတွေကြောင့် လက်ရှိ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ စိန်ခေါ်မှုတွေ ပြသနာတွေလိုပဲ လပေါ်မှာလည်း အလားတူစိန်ခေါ်မှုတွေရှိပါတယ် လရော ကမ္ဘာမှာပါ နယ်စပ်မျဥ်းတွေ နယ်နိမိတ် ကိစ္စတွေထက်ပိုတဲ့ပြဿနာတွေရှိပါတယ် ဆိုလိုတာက လဟာ တကယ်တော့ သင်ပုန်းလွတ်တစ်ချပ်ဆိုတာထက် ပိုတဲ့ ပုံစံပြားတစ်ချပ်ပါ။ လအပါအဝင် ပြင်ပ အာကသထဲက လုပ်ဆောင်မှုတွေကို စိုးမိုးရေး စာချုပ်ကို ၁၉၆၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ Outer Space Treaty နဲ့အညီ ဆောင်ရွက်ကြရပါတယ် အဲဒီစာချုပ်မှာက အဓိကအရေးကြီးတဲ့ ဥပဒေပြဌာန်းတာနဲ့ပတ်သက်တဲ့ အချက်နှစ်ချက်ပါပါတယ် ပထမတစ်ခုကတော့ အာကာသထဲ စူးစမ်းလေ့လာဖို့အတွက် လိုအပ်တဲ့အချက်တွေပါ ဒုတိယ တစ်ချက်ကတော့ လအပါအဝင် အခြား အာကာသထဲကမည်သည့်အရာကမှ တစ်နိုင်ငံတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ပါဘူး ဒါကရူးကြောင်ကြောင်နိုင်ပါတယ် ဘာလို့လဲဆို လက်ရှိတစ်ကမ္ဘာလုံးကို ထိန်းကျောင်းပေးတဲ့စနစ်ဖြစ်တဲ့ ကုလသမဂ္ဂဆိုတာ မိမိနိုင်ငံနယ်နိမိတ်အတွင်းက အရင်းအမြစ်တွေသုံးစွဲမှုတွေ နိုင်ငံတွင်းလွတ်လပ်စွာ အုပ်ချုပ်ခွင့်တွေ စတဲ့နိုင်ငံတစ်နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ ငြိမ်းချမ်းရေးကိုလေးစားပြီး နိုင်ငံတကာသဘောတူစာချုပ်တွေနဲ့ ထိန်းကျောင်းပေးတဲ့စနစ်ဖြစ်ပါတယ် ဒီနှစ်ခုစလုံးနဲ​့ ပြဌာန်ခြင်းအားဖြင့် " ဘုံပိုင်တွေ" လို့ ခေါ်ကြတဲ့ အခြေအနေတွေကို ဖန်တီးလိုက်တာပါ Nobel ဆုရှင် စီးပွားရေးပညာရှင် Elinor Ostromရဲ့ လေ့လာမှုတွေအရ တစ်ကမ္ဘာလုံးဘုံပိုင်ဆိုတာက သမုဒ္ဒရာတို့လို ရာသီဥတုတို့လိုမျိုး သက်ရှိအားလုံး အသက်ရှင်သန်‌ရေးနဲ့ ကောင်းမွန်စွာနေထိုင်ရေးအတွက် အရေးကြီးတဲ့အရာတွေကို အတူတူဝေမျှသုံးစွဲဖို့ အတူတူကာကွယ်ဖို့ လိုအပ်တဲ့ အရာတွေလို့ဆိုထားပါတယ် ဘုံသတ်မှတ်တာကို အခြေခံတဲ့ နည်းလမ်းတွေက တစ်ကမ္ဘာလုံးအနေနဲ့ အာကာသထဲစူးစမ်းနိုင်ဖို့ လိုအပ်တဲ့ အဆောက်အအုံတွေ အဖွဲ့အစည်းတွေ တည်ဆောက်ဖို့ အခွင့်အရေးဖြစ်လာစေပါတယ် ပိုင်ဆိုင်မှုရပိုင်ခွင့် ဆိုတာဘာလဲ ပြင်ပ အာဏာပိုင်နဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုရဲ့ သမရိုးကျဥပဒေတွေက အကျုံးမဝင်တဲ့အခါ ရင်းမြစ်တွေကို ဘယ်လို စီမံကြမလဲ ဒီအဖြေတွေ အားလုံး မရှိသေးပေမဲ့ ရာသီဥတု၊ အင်တာနက် အစိုးရစနစ် အာဏာရှင်ဆန်မှု စတာတွေဟာ လက်ရှိ တွေးခေါ်ခြင်းနဲ့ ဖြေရှင်းလို့ မရသေးတဲ့ နက်နက်ရှိုင်းရှိုင်း ဖြစ်တည်နေတဲ့ ခြိမ်းခြောက်မှုတွေဖြစ်ပါတယ် နည်းလမ်းအသစ်တွေ ဖန်တီးဖို့ အောင်မြင်တဲ့ လမ်းကြောင်းသစ်တွေ လိုအပ်ပါတယ်။ ဒီတော့ ဘုံပိုင်ဆိုင်မှု အခြေခံတဲ့ အယူအဆကို ကမ္ဘာနဲ့ အာကာသအဖွဲ့အစည်းတွေထဲမှာ ဘယ်လို ပူးပေါင်းလုပ်ဆောင်ကြမလဲ ဒါက မဖြစ်နိုင်တဲ့ ရင်းမြစ်တစ်ခု ကနေလာတဲ့ ကြိုးပမ်းမှုတစ်ခုပါ ဒုတိယကမ္ဘာစစ်အတွင်းက လူငယ်တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Arvid Pardo ဟာ ဖက်ဆစ်ဆန့်ကျင်ရေးကို ဦးဆောင်ခဲ့မှုအတွက် Gestapo က ဖမ်းဆီးပြီး သေမိန့်ချခဲ့ပါတယ် စစ်ကြီးပြီးတေ့ သူက သံတမန် တပ်ဖွဲ့တွေထဲမှာ အလုပ်ဝင်ခဲ့ပြီး နောက်ဆုံးမှာ ကုလသမဂ္ဂမှာ Malta အတွက် ပထမဦးဆုံး အမြဲတမ်းကိုယ်စားလှယ် တစ်ယောက်ဖြစ်လာခဲ့ပါတယ် ရေပိုင်နက်လိုမျိုး ကမ္ဘာလုံးဆိုင်ရာ ရင်းမြစ်တွေကို စီမံဖို့ နိုင်ငံတကာဥပဒေတွေမှာ နည်းလမ်းတွေမရှိတာ Pardo မြင်ခဲ့တယ် နိုင်ငံတွေကြားမှာ တူညီတဲ့ မျှဝေခြင်းကို ထောက်ခံဖို့ အခွင့်အရေးတစ်ခုကိုပါ သူတွေ့တယ် ၁၉၆၇ခုနှစ်မှာ Pardo က ကုလသမဂ္ဂမှာ ကျော်ကြားတဲ့ မိန်းခွန်တစ်ခုပြောကြားခဲ့တယ် သမုဒ္ဒရာနဲ့ ၄င်းရဲ့အရင်းအဖြစ်တွေဟာ "လူသားအားလုံးရဲ့ အမွေအနှစ်"ဖြစ်တယ်ဆိုတဲ့ အယူအဆတစ်ရပ်ကို တင်ပြခဲ့တာဖြစ်ပါတယ် Law of Sea Treaty မှာ ဒီစာပိုဒ်ကို တစ်စိတ်တစ်ပိုင်းအဖြစ်ဖော်ပြခဲ့ပြီး နိုင်ငံတကာပိုင်ဆိုင်မှုတွေကို ထိန်းညှိပေးတဲ့ သဘောတူညီချက်တွေထဲမှာ ထောင့်အစေ့ဆုံးဖြစ်လောက်တယ် ဒါကို အရေးပါတဲ့ ကာလတစ်ခုအဖြစ်မြင်ကြတယ် ပင်လယ်တွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုပါ ဒါပေမဲ့ ဘာသာစကားက အတော့ကို အငြင်းပွားဖွယ်ဖြစ်ခဲ့တော့ လုံလောက်တဲ့လက်မှတ်တွေရဖို့အတွက် ၁၂နှစ်လောက်အချိန်ယူခဲ့ရပြီး အခုအချိန်အထိကို သဘောတူညီချက်မှာ လက်မှတ်ထိုးဖို့ငြင်းဆန်နေတဲ့နိုင်ငံတွေ ရှိပါသေးတယ် ကန့်ကွက်မှုက မျှဝေခြင်း သက်သက်က ဒီလောက်မဟုတ်ဘဲ မျှဝေရမည့် ဝတ္တရားကြောင့်ပါ။ အားလုံးအတူတူပိုင်ဆိုင်ကြတယ်ဆိုတာကို နိုင်ငံတွေက သူတို့ရဲ့အချုပ်အခြာအာဏာနဲ့ နိုင်ငံတကာရေပိုင်နက်ဥပဒေကို ထောက်ခံပေးတဲ့ သူတို့ရဲ့ အချုပ်အခြာကို ထိပါးတယ်လို့ ခံစားကြရပါတယ် ဒီတော့ နည်းလမ်းများစွာနဲ့ပဲ ဒီ ဘုံပိုင်ဆိုင်မှု မူဝါဒရဲ့ ဇာတ်လမ်းက ဝမ်းနည်းစရာပါ။ ဒါပေမဲ့ လက်ရှိ ကမ္ဘာ့ ဖွဲ့စည်းပုံစနစ်က ကာကွယ်မှုတွေ ချမှတ်ပြီး စနစ်ကျတဲ​့ ပြုပြင်ပြောင်းလဲမှုမှာ အားထုတ်မှုတွေကို ခုခံပုံတွေကို သိသာအောင် ဖြစ်စေတာကြောင့် အတော်လေးအားကောင်းပါတယ် ဒါပေမဲ့ ကိစ္စတော့ရှိတယ်။ Outer Space Treaty က ဒီဖွဲ့စည်းမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးပြီ စစ်အေးတိုက်ပွဲအရှိန်မြင့်လာတဲ့အခါ လပေါ် ဘယ်သူ အရင် အရင်ရောက်မယ် ဆိုတာအချင်းချင်းစိုးရိမ်တဲ့ အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုဟာ Westphalian နဲ့ အလားတူတဲ့ ခက်ရာခက်ဆစ် သဘောတူညီမှုတစ်ခု လုပ်ခဲ့တယ်။ အာကာသထဲမှာ လွတ်လပ်စွာစူးစမ်းခွင့်ရဖို့၊ ပိုင်နက်သက်မှတ်မှုတွေကိုကာကွယ်ဖို့ ဒါတွေအတွက် အခြေခံအဖွဲ့အစည်းတွေကို ပြန်ပြီးပြုပြင်ပြောင်းလဲဖို့လိုပါတယ် ဖြစ်လောက်တာက ဒီလိုပြောင်းလဲလိုက်တာက ကမ္ဘာပေါ်မှာပြန်အသုံးချနိုင်တဲ့ အသစ်တွေကို သိရှိတာပါ။ ဒီတော့ လဟာ တစ်ခါတစ်ရံမှာ နည်းနည်း ဝေးသလိုထင်ရပေမဲ့ အခု ဒီအခြေခံမေးခွန်းတွေကို ဖြေပုံက ဆုံးဖြတ်ချက်ချတာက ဘယ်သူ၊ သဘောတူညီမှုက ဘယ်ပုံဆိုတာ အစဉ်အလာသတ်မှတ်ပေးလိမ့်မယ် ဒီပြဿနာတွေဆိုတာကလည်း လူမှုနည်းပညာနဲ့ဆိုင်တာပါ၊ ဒုံးပျံတွေ စက်ပစ္စည်းတွေမဟုတ်ပါဘူး ဒီပြဿနာတွေကိုဖြေရှင်းဖို့ အခုဆိုရင် ဆွေးနွေးမှုတွေပြုလုပ်နေပါပြီ အာကာသဆိုင်ရာအဖွဲ့အစည်းဟာ အခြေခံ ဘုံသဘောတူညီမှုတွေကို ဆွေးနွေးနေတယ်။ ဥပမာ လရဲ့အပိုင်းတွေကို ပိုင်ဆိုင်ခွင့် နေရာတွေအဖြစ် ဘယ်လို သတ်မှတ်မလဲ ဘယ်မှာ ဆင်းသက်ဖို့ ခွင့်ပြုချက် ဘယ်လိုယူလဲ ဘယ်အခါမှာ အစဉ်အလာ ပြင်ပအာဏာက မသက်ရောက်ဘူးလဲ အတူတကွပူးပေါင်းဆောင်ရွက်ကြဖို့ ဘယ်လိုတွန်းအားပေးကြမလဲ စည်းမျဉ်းတွေနဲ့ ဆန့်ကျင်တဲ့အခါ လူတွေကို ဘယ်ကို သွားခိုင်းမလဲ ပြီးတော့ ရှားပါးတဲ့အရင်းအမြစ်တွေဖြစ်တဲ့ ရေ၊ တွင်းထွက်ပစ္စည်းနဲ့ လရဲ့တည်ရှိပုံအနေအထားကြောင့် နေကို အမြဲတမ်းထိတွေနေရလို့ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ဖို့ အကောင်းဆုံးဖြစ်တဲ့ လရဲ့အမြဲလင်းတဲ့အခြမ်း စတာတွေကို ဘယ်လိုခွဲဝေကြမှာလဲ လပေါ်မှာ ဥပဒေတွေ အုပ်ချုပ်မှုတွေမရှိတာကြောင့် ကြောက်စရာကောင်းတယ်ထင်ကြပါတယ် ပြီးတော့ လပေါ်မှာ ကြောက်စရာကောင်းတဲ့ အခြေအနေတစ်ချို့ရှိပါသေးတယ် လပေါ်မှာ ဘာဥပဒေမှမရှိဘူးဆိုရင် လျင်သူစားစတမ်းဆိုတဲ့အခြေအနေမျိုးတွေ မဖြစ်ကုန်ကြဘူးလား ဒီကာလကို အရေးမထားဘူးဆိုရင် ဒီအခြေအနေတွေ ကြုံရလောက်တယ် ဒါပေမဲ့ ရဲရင့်ပြီး ဒီစိန်ခေါ်မှုကို တုံ့ပြန်လိုစိတ်ရှိရင် ဖြစ်လာမှာမဟုတ်ဘူး ကိုယ်ပိုင် အုပ် ချုပ်တဲ့ လူ့အဖွဲအစည်း တွေမှာ သိရှိရသလို လုပ်ပြီးသားတွေကို ပြန်လည်ပြင်ဆင်ရတာထက် အသစ်ဖန်တီးလိုက်တာက ပိုလွယ်ပါတယ် ကမ္ဘာပေါ်မှာ ကြုံတွေနေရတဲ့ အကြီးဆုံး စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ တိကျတဲ့ ပုံစံ ကန့်သတ်ချက်တွေနဲ့ မိမိဘာသာ ရပ်တည်တဲ့ ဝန်းကျင်တစ်ခုမှာ ကမ္ဘာ့ အတိုင်းအတာနဲ့ အဖွဲအစည်းသစ်တစ်ခုကို ရှေ့ပြေးစမ်းသပ်ဖို့ လအပြင် အခြားမရှိပါ။ ၁၉၉၉တုန်းက ကုလသမဂ္ဂကနေပြီး အာကာသကို စိတ်ဝင်စားတဲ့ကျွန်မတို့လူငယ်တစ်စုကို ပိုပြီးမြင့်မြင့်တွေးကြဖို့နဲ့ ဆန္ဒရှိရင် နိုင်ငံတွေကိုတောင် သက်ရောက်စေနိုင်ကြောင်း သင်ပေးခဲ့ပါတယ် ဒီနေ့မှာတော့ ပိုင်နက်နဲ့ နယ်နိမိတ်တွေကို ကျော်ပြီးတော့့ မျှော်မှန်းကြည့်ဖို့ နောက်ထပ်တစ်ဆင့်ကိုတက်လှမ်းဖို့ပါ ကျေးဇူးတင်ပါတယ်