(သီချင်းဆို) လကို ငါမြင်တယ်၊
လက ငါ့ကို မြင်တယ်။
ငါမမြင်တဲ့ လူတစ်ဦးကို လက မြင်တယ်။
ဘုရားသခင်က လကို ကောင်းချီးပေး၊
ဘုရားသခင်က ငါ့ကို ကောင်းချီးပေးတယ်။
ငါ မမြင်တဲ့ လူတစ်ဦးကို
ဘုရားသခင်က ကောင်းချီးပေးတယ်။
ကောင်ကင်ဘုံကို မင်းအရင် ငါရောက်ရင်
အပေါက်တစ်ပေါက်ဖောက်ပြီး
မင်းကို ဆွဲခေါ်မယ်။
ကြယ်တွေတိုင်းမှာ မင်းနာမည် ငါရေးမယ်။
ဒီလိုနဲ့ ကမ္ဘာကြီးက ဝေးလွန်းတယ်
မထင်ရတော့မယ့် ပုံမျိုးပေါ့။
အာကာသယဉ်မှူး ဒီနေ့တော့
အလုပ်မှာရှိမှာမဟုတ်ဘူး။
ဖျားနေတယ်လို့ အကြောင်းကြားတယ်။
သူ့ဆဲလ်ဖုန်း၊ လက်တော့ပ်၊ ပေဂျာ၊
နှိုးစက်ကို ပိတ်ထားတယ်။
သူ့ခုတင်မှာ ကြောင်ဝါ ဝဝတစ်ကောင်
အိပ်မောကျနေတယ်။
ပြတင်းကိုရိုက်ခတ်တဲ့ မိုးစက်တွေနဲ့
မီးဖိုချောင် လေထဲမှာ
ကော်ဖီ အရိပ်အငွေ့တောင်မသန်း၊
လူတိုင်းဟာ ဗျာများနေတယ်။
၁၅ ထပ်က အင်ဂျင်နီယာတွေ
သူတို့ရဲ့ ဒြပ်မှုန် စက်ကို ရပ်လိုက်ပြီ။
ကမ္ဘာဆွဲအားဆန့်ကျင့်တဲ့ အခန်းက ယိုနေ
မျက်မှန်နဲ့ တင်းတိပ်ထူတဲ့ ကလေးတောင်
စိတ်ရှုပ်နေလေရဲ့၊ သူ့အလုပ်က
အမှိုက်ထုတ်ပစ်ဖို့ပဲရှိတာလေ၊
အိတ်ကို စမ်း၊ ငှက်ပျောခွံနဲ့
စက္ကူညှပ်တစ်ခုကို သွန်ချတယ်။
ဘယ်သူမှ သတိမထားမိဘူး။
ဆုံးရှုံးသွားတဲ့အချိန်အတွက် အားလုံးက
ဘာလဲဆိုတာကို ပြန်တွက်ကာ ရှုပ်နေတယ်။
တစ်စက္ကန့် ကြယ်စု ဘယ်နှစ်ခု
ဆုံးရှုံးနေလဲ။
နောက်ဒုံးပျံ မလွှတ်တင်နိုင်ခင်
ဘယ်လောက်ကြာလဲ
တစ်နေရာမှာ အီလက်ထရွန်တစ်ခု
၎င်းရဲ့စွမ်းအင်တိမ်ကနေ ကွာကျတယ်။
တွင်းနက်တစ်ခု ပေါက်ကွဲသွားပြီ။
အမေတစ်ယောက်ဟာ ညစာအတွက်
စားပွဲခင်းပြီးပြီ။
ငြိမ်ဝပ်ပိပြားရေး မာရသွန် စနေတယ်။
အာကာသယာဉ်မှုး အိပ်ပျော်နေတယ်။.
သူ့နာရီကို ပိတ်ပစ်ဖို့ မေ့သွားပြီ၊
လက်ကောက်ဝတ်က သတ္တု သွေးခုန်နှုန်း
တစ်ခုလို တတစ်တစ်မြည်နေ။
သူ ဒါကို မကြားဘူး။
သန္တာကျောက်တန်းနဲ့ မျောလှေးကို
သူ အိပ်မက်တယ်။
သူ့လက်ချောင်းတွေက ခေါင်းအုံးဖုံးရဲ့
ရွက်တိုင်တွေကို ရှာတွေ့တယ်။
သူ့ဘက်ကို လှည့်လိုက်ပြီး
မျက်လုံးတွေကို ချက်ချင်းဖွင့်တယ်။
ရေငုပ်သမားတွေဟာ ကမ္ဘာ့ အံ့ဖွယ်အဖြစ်ဆုံး
ရှိတာဖြစ်ရမယ်လို့ သူထင်မိတယ်။
လျှောတိုက်သွားဖို့ ဒီလောက်ရေတွေ
အမျာကြီးရှိတဲ့ဟာ။
(လက်ခုပ်သံများ)
ကျေးဇူးတင်ပါတယ်။
ကျွန်မ ငယ်ငယ်တုန်းက တစ်သက်မှာ တစ်ခါပဲ
နေနိုင်တယ်ဆိုတဲ့ အယူအဆကို
နားမလည်နိုင်ခဲ့ဘူး။
စကားအဖြစ်သာ ဆိုလိုတာမဟုတ်ဘူး။
ဆိုလိုတာက လုပ်ဖို့လိုတာ မှန်သမျှနဲ့
ဖြစ်ဖို့လိုတာမှန်သမျှ
လုပ်ဖို့ အခွင့်အလမ်းရမယ်လို့
တကယ့်ကို ထင်ခဲ့တာပါ။
ဒါက အချိန်ရဲ့ ကိစ္စပါပဲ။
အသက် (သို့) လိင် (သို့)
လူမျိုး (သို့) သင့်တော်တဲ့
အချိန်အပိုင်းအခြားဆိုတာကိုကောင်
အခြေခံတဲ့ ကန့်သတ်ချက်မရှိပါဘူး။
သေချာခဲ့တာက ပြည်သူ့ အခွင့်အရေး
လှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးလို
ဖြစ်ချင်တာကို တကယ် တွေ့ကြုံရတော့မယ်၊
(သို့) ကုန်းခေါင်ခေါင်ကာလအတွင်း
လယ်ကွက်တစ်ခုမှာ နေထိုင်တဲ့ ၁၀ နှစ်သားလေး
(သို့) တရုတ်ပြည် တန်မင်းဆက်ရဲ့
ဧကရာဇ်တစ်ပါးလိုပေါ့။
အမေပြောတာက ကြီးလာရင် ဘာဖြစ်ချင်တာလဲလို့
လူတွေမေးတဲ့အခါ
ကျွန်မရဲ့ ဖြေနေကျအဖြေက
မင်းသမီး-ဘဲလေး ကချေသည်-အာကာသယဉ်မှူးပါ
အမေ နားမလည်တာက ကျွန်မဟာ
ပေါင်းစပ်ထားတဲ့ ထိပ်တန်းအလုပ်အကိုင်ကို
ဖန်တီးဖို့ ကြိုးစားမနေဘူးပေါ့။
ကျွန်မ ဖြစ်ခွင့်ရတော့မယ်လို့
ထင်တဲ့အရာတွေကို စာရင်းလုပ်နေခဲ့တယ်၊
မင်းသမီး၊ ဘဲလေးကချေသည်၊
အာကာသယာဉ်မှူးပါ၊
စာရင်းက အဲဒီကနေ ဆက်ဖြစ်တာကို
ကျွန်မ အတော်လေး သေချာခဲ့တယ်။
ကျွန်မ အမြဲလိုလို ဖြတ်ပစ်ခဲ့တယ်။
ကျွန်မဟာ တစ်ခုခု လုပ်ရရင်၊
ဘယ်တော့ဆိုတဲ့ မေးခွန်းက
ဘယ်တော့မှ ပြဿနာတစ်ခုမဟုတ်ဘူး။
သေချာခဲ့တာက ကျွန်မဟာ
အရာတိုင်းကို လုပ်တော့မယ်ဆိုရင်
အတော်လေ။ သွက်လက်စွာ
ရွေ့ရှားဖို့ လိုတယ်ဆိုလိုတာပါ။
အကြောင်းက ကျွန်မလုပ်ဖို့လိုတာ
အများကြီးရှိလိုပါ။
ဒီတော့ ကျွန်မဘဝဟာ အမြဲတစေ
တက်သုတ်ရိုက်နေခဲ့ပြီး
နောက်ကျကျန်နေမှာ
အမြဲ ကြောက်နေခဲ့တယ်။
New York City မှာ ကျွန်မ ကြီးပြင်း
လာတာကြောင့် ပြောနိုင်သလောက်ကတော့
တက်သုတ်ရိုက်တာဟာ
အတော် နေသားကျနေတာပါ။
ဒါပေမဲ့ ကျွန်မ ကြီးပြင်းလာတာနဲ့
ဒီအခြေအနေသိပ်မဟန်တဲ့ သိနားလည်မှုက
ကျွန်မဟာ တစ်ဘဝထက် ပိုမနေရမှာ
မဟုတ်ဘူးဆိုတာပါ။
New York City က ဆယ်ကျော်သက်
ကောင်မလေးတစ်ယောက်လို
စိတ်အထင်ရောက်ဖို့ပဲသိတယ်
New Zealand က ဆယ်ကျော်သက် ကောင်လေး
တစ်ယောက်လို၊
Kansas က ကျောင်းကပွဲ ဘုရင်မလို
တော့ မဟုတ်ဘူး။
ကျွန်မမှန်ဘီးလူးတွေနဲ့ပဲ
မြင်ခွင့်ရခဲ့တယ်
ဇာတ်လမ်းတွေကို စွဲလမ်းလာခဲ့တာ
အဲဒီအချိန်လောက်မှာပါ၊
အကြောင်းက ဇာတ်လမ်းတွေကနေ
အခြားသူတစ်ဦးရဲ့ မှန်ဘီလူးတွေကို
ဖောက်ပြီး ကျွန်မ မြင်နိုင်ခဲ့လိုပါ၊
တိုတောင်းတာ အပြစ်အနာအဆာရှိတာဆိုပေမယ့်ပေါ့။
အခြားသူတွေရဲ့ အတွေ့အကြုံတွေကို
အငမ်းမရ နားထောင်ချင်လာတယ်၊
အကြောင်းက ကျွန်မ ဘယ်တော့မှ ရှင်သန်ခွင့်
မရတော့မယ့်
ဘဝတွေရှိနေတာကို မနာလိုဖြစ်မိပြီး
ကျွန်မ လွတ်နေတဲ့ အရာမှန်သမျှကို
ကြားချင်နေလို့ပါ။
ဒါနဲ့ ဆက်စပ်မှု ဂုဏ်သတ္တိအရ
တစ်ချို့လူတွေဟာ New York မြို့ကြီးမှာ
ဆယ်ကျော်သက် မိန်းကလေးဖြစ်တဲ့
အတွေအကြုံကို ဘယ်တော့မှ
ရမှာမဟုတ်ဘူးလို့ သဘောပေါက်ခဲ့တယ်။
ဆိုလိုတာက ပထမဆုံးအနမ်းလို
ခံစားရပြီးနောက်
ဘယ်မြေအောက်ရထားကို
စီးတာ
(သို့) နှင်းကျတဲ့အခါ ဘယ်လောက်
တိတ်ဆိတ်တာ သူတို့သိမှာမဟုတ်ဘူး၊
သူတို့ကို သိစေချင်တာ
သူတို့ကို ပြောပြချင်တာပါ။
ပြီးတော့ ဒါက ကျွန်မရဲ့ ဥပါဒါန်ရဲ့
ဆုံချက်ဖြစ်လာတယ်။
ဇာတ်လမ်းတွေ ပြောရင်း၊ ဝေမျှရင်း၊
စုဆောင်းရင်း အလုပ်ရှုပ်နေလိုက်တယ်။
ကျွန်မဟာ ကဗျာကို အမြဲတမ်း
အလောတကြီးမလုပ်နိုင်တာကို
သဘောပေါက်ခဲ့တာက မကြာသေးခင်ကမှပါ။
ဧပြီလမှာ အမျိုးသား ကဗျာလအတွက်
ကဗျာစာပေ အသိုင်းအဝိုင်းက
ကဗျာစာဆို အများအပြား ပါဝင်တဲ့
စိန်ခေါ်မှုရှိတယ်၊
၃၀/၃၀ စိန်ခေါ်မှုလို့ခေါ်ပါတယ်။
စိတ်ကူးက ဧပြီလတစ်လလုံး
နေ့စဉ်နေ့တိုင်း ကဗျာသစ်တစ်ပုဒ်ရေးတာပါ။
မနှစ်က ပထမဆုံးအကြိမ်အဖြစ်
ကျွန်မ စမ်းသပ်တော့
ကျွန်မ ကဗျာ ထုတ်လုပ်နိုင်တဲ့
ကျွမ်းကျင်မှုကြောင့် ပီတိဖြာခဲ့တယ်။
ဒါပေမဲ့ လကုန်တဲ့အခါ ရေးထားတဲ့
ကဗျာအပုဒ် ၃၀ ကို ပြန်ကြည့်တော့
အားလုံးဟာ ဇာတ်လမ်းတစ်ခုတည်းကို
ပြောနေတာကို တွေ့ရှိခဲ့တယ်။
ပြောစေလိုတာကို နည်းလမ်းကြံဆဖို့
ကျွန်မအတွက် အကြိမ် ၃၀ ကြိုးစားဖို့လိုတာပါ။
အခြားဇာတ်လမ်းတွရဲ့ပိုကျယ်ပြန့်တဲ့ ပမာဏ
မှာတောင် မှန်လောက်တာကို သဘောပေါက်ခဲ့တယ်။
နှစ်တေွချီကာ ပြောဖို့ကြိုးစားတဲ့
ဇာတ်လမ်းတွေရှိတာ။
ပြန်ရေးရင်း၊ ပြန်ရေးရင်း၊ မှန်ကန်တဲ့
စကားလုံးတွေ အမြဲမပြတ် ရှာဖွေရင်းပါ။
Paul Valéry လို့ခေါ်တဲ့ ပြင်သစ်
ကဗျာဆရာနဲ့ ရသစာတမ်းရေးသူတစ်ဦးရှိတယ်။
သူပြောခဲ့တာ ကဗျာတစ်ပုဒ်ဟာ ဘယ်တော့မှ
မဆုံးဘူး၊ စွန့်ပစ်ခဲ့တာပဲရှိတယ်တဲ့။
ဒါက ကျွန်မကို လန့်စေတာက
ကျွန်မဟာ အမြဲပြန်တည်းဖြတ်နိုင်၊ ပြန်ရေး
နိုင်ကာ ဘယ်အခါ ကဗျာပြီးတယ်၊
ဘယ်အခါ ခေါင်းရှောင်နိုင်တာကို
ဆုံးဖြတ်ဖို့နဲ့ကျွန်မအပေါ် မူတည်တယ်လို့
သွယ်ဝိုက်ပြောတာကြောင့်ပါ
မှန်တဲ့ အဖြေ၊ အံကိုက်စကားလုံးတွေနဲ့
မှန်တဲ့ပုံစံရှာဖို့
ကျွန်မရဲ့အင်မတန် အစွဲအလမ်းကြီးတဲ့
သဘာဝနဲ့ တိုက်ရိုက်ဆန့်ကျင်တယ်။
ကျွန်မရဲ့ဘဝမှာ ကဗျာကို
တစ်ချို့အရာတွေကို
ဖြတ်ကျော်၊ ဖြေရှင်းဖို့
ကူညီတဲ့ နည်းတစ်ခုအဖြစ် သုံးတယ်။
ဒါပေမဲ့ ကဗျာကို အဆုံးသတ်လိုက်တာကြောင့်
ကျွန်မတွေးရခက်တဲ့ဟာကို
ဖြေရှင့်းလိုက်ပြီလို့ မဆိုလိုပါဘူး။
ကဗျာဟောင်းဆီ
ပြန်လည်ပတ်ရတာကို ကြိုက်တာက
ဒါက အဲဒီကာလတုန်းက ကိုယ်ရှိခဲ့တဲ့
နေရာ၊ ကိုယ် လမ်းကြောင်းရှာဖို့
ကြိုးစားနေတာနဲ့ကိုယ့်ကို ကူညီဖို့
ရွေးခဲ့တဲ့ စကားလုံးတွေကို
အတိအကျ ပြသလို့ပါ။
ကျွန်မမှာ ဇာတ်လမ်းရှိတယ်၊
နှစ်များစွာ ကျွန်မ ခလုတ်တိုက်မိနေပြီး
အံကိုက် ပုံစံတစ်ခု တွေ့ပြီလား
(သို့) ကြိုးပမ်းမှုတစ်ခု
သက်သက်လားဆိုတာ မသေချာခဲ့ဘူး။
ဒါကို ပြောပြဖို့ ပိုကောင်းတဲ့နည်းရှာကာ
နောက်မှ ပြန်ရေးဖို့ ကြိုးစားမယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မ သိတာက
ပြန်ကြည့်လိုက်တဲ့အခါ
ဒါက ဒီအခိုက်မှာ ကျွန်မဘယ်မှာရှိခဲ့တာနဲ့
ဒါက ကျွန်မ လမ်းကြောင်းရှာဖို့
ကြိုးစားနေတာကို ကျွန်မ သိနိုင်လိမ့်မယ်၊
ဒီမှာ ဒီစကားလုံးတွေနဲ့၊
ဒီအခန်းထဲမှာ သင်တို့နဲ့ပေါ့။
ဒီတော့........
ပြုံးလိုက်ကြပါဦး။
အမြဲတော့ ဒီလို အလုပ်မဖြစ်ဘူး။
သင့်လက်တွေကို ညစ်ပေစေဖို့
လိုတဲ့တစ်ချိန်တော့ရှိတယ်။
အမှောင်မှာ သင်ရှိတဲ့အခါ၊ ဒါအများစုအတွက်
စမ်းတဝါးဝါးလုပ်တာက အလေ့တစ်ခုပါ။
ပိုကွဲပြားမှု၊ ပိုပြည့်ဝမှု၊
ပိုမှောင်တဲ့ အမှောင်တွေ၊
ပိုလင်းတဲ့ အလင်းတွေလိုအပ်ရင်
ရှည်ကြာတဲ့ တိုးတက်မှုလို့ ခေါ်ကြတယ်။
လက်ကောက်ဝတ်ထိ နစ်နေတဲ့ဓာတုပစ္စည်းတွေကို
ပိုကြာကြာရှူတာလို့ဆိုလိုတာပါ။
အမြဲတော့ မလွယ်ဘူးလေ။
အဖိုး Stewart က ရေတပ်
ဓာတ်ပုံဆရာ ဖြစ်ခဲ့တယ်။
အင်္ကျီလက်ခေါက်တင်ထားတဲ့
ငယ်ရွယ်တဲ့ နီစပ်စပ်မျက်နှာ
ဒင်္ဂါးလိပ်ဝဝတွေလို
၊
လက်ချောင်းတွေရဲ့လက်သီးဆုပ်
သူဟာ သင်္ဘောသား အသက်ဝင်လာတဲ့
Popeye နဲ့ဆင်တယ်။
မဲ့ရွဲ့နေတဲ့ အပြုံး၊
ရင်ဘတ် မွေးဖုတ်သိုက်၊
လှောင်ပြုံးတစ်ခု၊ ဝါသနာတစ်ခုနဲ့
သူဟာ ဒုတိယ် ကမ္ဘာစစ်မှာ ပါလာတယ်။
ဓာတ်ပုံပညာအကြောင်းသိလားလို့
သူကိုမေးတဲ့အခါ
သူ ညာခဲ့တယ်၊ ဥရောပကို
မြေပုံတစ်ခုလိုဖတ်ဖို့ သင်ယူခဲ့တယ်။
ဇောက်ထိုးကြီး၊ တိုက်လေယာဉ်
အမြင်ကနေ၊
ကင်မရာ တစ်ချပ်ချပ်၊
မျက်ခွံတွေက တဖျပ်ဖျပ်၊
အမှောင်ဆုံး အမှောင်တွေ၊
အလင်းဆုံးအလင်းတွေ၊
စစ်ပွဲကို သူ့အိမ်လမ်းကို ဖတ်နိုင်သလိုမျိုး
သင်ယူခဲ့တယ်။
အခြားလူတွေ ပြန်လာတဲ့အခါ သူတို့
လက်နက်တွေကို အနားပေးဖို့ ချထားပေမဲ့
သူကတော့ မှန်ဘီလူးတွေနဲ့ ကင်မရာတွေကို
အိမ်ကိုယူလာခဲ့တယ်။
ဆိုင်တစ်ဆိုင်ဖွင့်တယ်၊ ဒါကို
မိသားစုအရေးအဖြစ် ပြောင်းလိုက်တယ်။
ကျွန်မရဲ့အဖေဟာ ဒီအဖြူနဲ့ အမည်း
လောကထဲမှာ မွေးဖွားခဲ့တယ်။
သူ့ရဲ့ ဘေ့စ်ဘော လက်တွေက
မှန်းဘီလူးတွေရဲ့ခလုတ်လေးတွေ၊ ဆလိုက်တွေ
ဘောင်တွေ၊ ကင်မရာထဲက
ဖလင်၊ ပလပ်စတစ်အမှိုက်ပုံးထဲက
ဓာတုဆေးတွေကို ကို သင်ယူတယ်။
သူ့အဖေက ကိရိယာကို
သိပေမဲ့ အနုပညာတော့မဟုတ်။
သူသိတာက အမှောင်တွေပါ၊
အလင်းတွေတော့မဟုတ်။
အလင်းနောက်လိုက်ကာ အချိန်ကုန်ဆုံးရင်း
ကျွန်မအဖေ မှော်ပညာ သင်ယူခဲ့တယ်၊
တစ်ခါက တောမီးနောက်လိုက်ဖို့
တောလမ်းမှာ ခရီးထွက်ခဲ့တယ်၊
တစ်ပတ်တာ သူ့ကင်မရာနဲ့
ဒါကို လိုက်ဖမ်းခဲ့တယ်။
"အလင်းနောက်ကို လိုက်"တဲ့။
"အလင်းနောက်ကို လိုက်။"
ကျွန်မရဲ့အပိုင်းတွေက
ဓာတ်ပုံတွေကနေပဲ မှတ်မိခဲ့တာပါ။
Wooster လမ်းပေါ်က ထပ်ခိုး
တကျွိကျွိ စင်္ကြံတွေနဲ့၊
ဆယ့်နှစ်ပေ မျက်နှာကြက်တွေ
နံရံဖြူတွေ၊ အေးစက်တဲ့ကြမ်းပြင်တွေ
ဒါက ကျွန်မရဲ့ အမေ့အိမ်၊
သူ မိခင်မဖြစ်ခင်ကပေါ့။
ဇနီးမဖြစ်ခင်ကတော့
သူဟာ အနုပညာရှင်ပါ။
အိမ်ထဲမှာ အခန်း နှစ်ခန်းပဲ
မျက်နှာကြက်ထိရောက်တဲ့ နံရံတွေနဲ့၊
ဖွင့်လိုက်၊ ပိတ်လိုက် တံခါးတွေ၊
ရေချိုးခန်းနဲ့ ဓာတ်ပုံခန်းတွေပေါ့။
ဓာတ်ပုံခန်းက သူကိုယ်တိုင်ဆောက်ခဲ့တာ၊
စိတ်ကြိုက်လုပ်ထားတဲ့ သံမဏိ
လက်ဆေးကန်တွေနဲ့၊ လက်လှည့် ကောက်တံကြီးနဲ့
ထက်၊အောက်ရွေ့တဲ့
၈x၁၀ ပုံကြီးချဲ့ကရိယာတစ်ခု၊
အရောင်ထိန်း အလင်း အစဉ်အတန်းတစ်ခု၊
ဓာတ်ပုံတွေ ကြည့်ဖို့
ဖန်သားနံရံဖြူတစ်ချပ်
နံရံကနေ ဝင်လိုက်၊ထွက်လိုက်နဲ့
အခြောက်ခံစင်တစ်ခု
အမေကိုယ်တိုင် ဓာတ်ပုံခန်းတစ်ခန်း
ဆောက်တယ်
သူ့အိမ်အဖြစ် ဖန်တီးတယ်။
ဘက်စကက်ဘော လက်တွေနဲ့
အလင်းကို သူကြည့်ခဲ့တဲ့ပုံနဲ့
လူတစ်ယောက်ကို ချစ်မိခဲ့။
သူတို့ လက်ထပ်ခဲ့တယ်၊
ကလေးတစ်ယောက်ရခဲ့တယ်။
ပန်းခြံတစ်ခုနားက အိမ်ကိုပြောင်းခဲ့တယ်။
ဒါပေမဲ့ Wooster လမ်းက
ထပ်ခိုးတော့ထားတယ်
မွေးနေ့ပွဲတွေနဲ့ ပစ္စည်းဝှက်တမ်း
ကစားဖို့ပါ။
ကလေးက မီးခိုးရောင်စဉ် နိမိတ်ပေးတယ်၊
မိဘတွေရဲ့ ဓာတ်ပုံအယ်လ်ဘန်တွေကို
အနီရောင်ပူဖောင်းတွေ၊ သကာရည်နဲ့ဖြည့်တယ်။
ကလေးက ကောင်မလေးအဖြစ်
ကြီးပြင်းခဲ့တယ်၊ တင်းတိပ်တွေမပါတဲ့၊
မဲ့ရွဲ့နေတဲ့ အပြုံးမပါတဲ့၊
သူ့သူငယ်ချင်းတွေရဲ့အိမ်တွေမှာ ဘာလို့
ဓာတ်ပုံခန်းမရှိတာလဲဆိုတာ၊နားမလည်ခဲ့သူ၊
သူ့မိဘတွေ နမ်းတာ တစ်ခါမှမမြင်ဖူးသူ၊
လက်ကိုင်တာ တစ်ခါမှမမြင်ဖူးသူ
တစ်နေ့မှာ နောက်ထပ်ကလေး ရောက်လာတယ်။
ဆံပင်တွေက ဖြောင်စင်းပြီး
ပါးဖောင်းဖောင်းတွေရှိသူပေါ့။
သူ့ကို ကန်းစွန်းဥလို့ အမည်ပေးတယ်။
သူရယ်တဲ့အခါ အကျယ်ကြီးရယ်တော့
မီး အရေးပေါ်လှေခါးက ခိုတွေကို လန့်စေတယ်။
သူတို့လေးယောက်ဟာ ပန်းခြံအနီးက
အဲဒီအိမ်ထဲမှာ နေထိုင်ခဲ့တယ်။
တင်းတိပ်မရှိတဲ့ ကောင်မလေး
ကန်စွန်းဥ ကောင်လေး၊
ဘက်စက်ဘော အဖေနဲ့
ဓာတ်ပုံခန်း အမေတို့ဟာ
ဖယောင်တိုင်တွေထွန်းပြီး
ဘုရာရှိခိုးကြတယ်၊
ထောင့်တွေမှာ ဓာတ်ပုံတွေက
တွန့်လိပ်နေတယ်။
တစ်နေ့တော့ မျှော်စင်တွေ ပြိုကျခဲ့တယ်။
ပန်းခြံအနီးက အိမ်ဟာ ပြာအောက်က
အိမ်တစ်လုံးဖြစ်လာခဲ့တော့
ကျောပိုးအိတ်တွေနဲ့ ဓာတ်ပုံခန်းဆီကို
စက်ဘီးစီးပြီး ရှောင်တိမ်းကြတယ်၊
ဒါပေမဲ့ Wooster လမ်းရဲ့ ထပ်ခိုးက
အနုပညာရှင်အတွက် ဆောက်ခဲ့တာ၊
ခိုမိသားစုတစ်ခု မဟုတ်ဘူး၊
မျက်နှာကျက်အထိ မရောက်တဲ့
နံရံတွေက အော်ဟစ်သံထဲမှာ တောင့်မခံဘူး၊
ဘက်စကက်ဘေးလက်တွေနဲ့ လူဟာ
သူ့လက်နက်တွေကို အနားပေး ထားတယ်။
ဒီစစ်ပွဲကို သူ မတိုက်နိုင်ခဲ့ဘူး။
အိမ်ကို ညွှန်ပြတဲ့မြေပုံတွေမရှိဘူး။
သူ့လက်တွေဟာ ကင်မရာနဲ့ အံမကိုက်တော့ဘူး၊
သူ့ဇနီးနဲ့ အံမကိုက်တော့ဘူး။
သူ့ကိုယ်နဲ့ အံမကိုက်တော့ဘူး။
ကန်စွန်းဥ ကောင်လေးက လက်သီးတွေကို
ဘာမှထပ်ပြောစရာမရှိတဲ့အထိ
သူ့ပါးစပ်ထဲမှာ ကြိတ်နယ်တယ်။
ဒီတော့ တင်းတိပ်မရှိတဲ့ ကောင်မလေးက
သူ့ဘာသာ ပစ္စည်းဝှက်တမ်း ကစားတယ်။
Wooster လမ်းပေါ်က
တကျွိကျွိ စင်္ကြံတွေနဲ့ အဆောက်အအုံထဲမှာနဲ့
ဆယ်နှစ်ပေ မျက်နှာကြက်တွေနဲ့
ထပ်ခိုး၊
အရောင်ထိန်းပေးတဲ့ အလင်းတွေရဲ့
အောက်က
များလွန်းလှတဲ့
လက်ဆေးကန်တွေနဲ့ ဓာတ်ပုံခန်း
မျှော်စင်တွေမတိုင်ခင် အချိန်တစ်ခုက၊
ကလေးတွေမရှိခင် အချိန်က ကြွင်းကျန်ခဲ့တဲ့
သံမှိုတစ်ခုနဲ့ တွဲထားတဲ့
စာတိုတစ်စောင် သူတွေ့တယ်၊
ရေးထားတာက "ဓာတ်ပုံခန်းထဲမှာအလုပ်လုပ်တဲ့
ကောင်မလေးကို လူတစ်ယောက်က တကယ်ချစ်တယ်။"
ဒါက ကျွန်မအဖေ ကင်မဦတစ်လုံးကို
ပြန်မကိုင်ခင် တစ်နှစ်ကပါ။
သူ့ပထမဆုံး အထွက်မှာ
ခရစ်စမတ် မီးတွေနောက် သူလိုက်တယ်
New York City ရဲ့ သစ်ပင်တွေကနေ
လမ်းကို အစက်ချမှတ်ရင်း
အလင်းစက်လေးတွေက အမှောင်ဆုံးအမှောင်တွေ
ကနေ သူကို မှိတ်တုပ်၊ မှိတ်တုပ်လုပ်ပြနေတယ်။
တောမီးတစ်ခု နောက်လိုက်ဖို့
တိုင်းပြည်ကိုဖြတ်ပြီး တစ်နှစ်အကြာမှာ
သူ့ကင်မရာနဲ့ ဒါကို လိုက်ဖမ်းရင်း
တစ်ပတ်တာ တည်းခဲ့တယ်။
ဒါက West Coast ကို ဖျက်ဆီးရင်း၊
ခြေလှမ်းကျဲထဲက ၁၈ ဘီး
ကုန်တင်ကားကို စားရင်းပါ။
တိုင်းပြည်ရဲ့ အခြားဘက်မှာ
ကျွန်မဟာ အတန်းတက်ပြီး မှတ်စုစာအုပ်
ဘေးမျဉ်းမှာ ကဗျာတစ်ပုဒ်ရေးခဲ့တယ်။
ဖမ်းစားမှု အတတ်ပညာနှစ်ခုစလုံး
သင်ယူခဲ့တယ်။
ကျွန်မတို့ လက်ခံယုံကြည်မှု အတတ်ပညာကို
သင်ယူနေတာဖြစ်နိုင်တယ်။
ကျွန်မတို့ စွန့်လွှတ်ခြင်းအနုပညာကို
သင်ယူနေတာဖြစ်နိုင်တယ်။
(လက်ခုပ်သံများ)