. ့ပြီးခဲ့တဲ့ ဗီဒီယိုမှာ ကျွန်တော်တို့ ငွေကြေးပေါက်ဈေး နှင့် ငွေလဲလှယ်နှုန်းတွေ၌ ယွမ်ငွေနှင့် ဒေါ်လာငွေ ကွာခြားချက်မှာ ၁၀ဆ ၁ဆ ရှိတယ်။ ထိုငွေကြေးလဲလှယ်နှုန်းတွင့် တရုတ်နိုင်ငံသည် ဒေါ်လာနှင့် ဖြစ်စေ ယွမ်ငွေနှင့် ဖြစ်စေ တွက်ချက်ပါစေ ကုန်ပစ္စည်းများအား ပိုမိုတင်သွင်းနိုင်သည် ယွမ်ငွေက တရုတ်နိုင်ငံမှ အမေရိကန်အားတင်သွင်းခြင်းသည် အမေရိကန်မှ တရုတ်သို့ တင်သွင်းခြင်းထက် ပိုများသည်။ ထို့ကြောင့် ငွေကြေးပေါက်ဈေးမျာ မမျှတသည်ကို တွေ့ရှိရသည်။ ယွမ်ငွေသည် ပိုမိုဈေးမြင့်လာသည် သို့မဟုတ် ဒေါ်လာသည် ပိုမိုဈေးကျလာသည်မှာ တရုတ်ထုတ်ကုန်ပစ္စည်းများ ဈေးကြီး၍ ဝယ်လိုအား ကျသည်အထိပင် ဖြစ်သည်။ ထို့်နောက် အမေရိကန်ကုန်ပစ္စည်းများ ဈေးကျလာ၍ တရုတ်နိုင်ငံတွင် ဝယ်လိုအားများလာပြီး ကုန်သွယ်မှု တွင် ဟန်ချက်ညီလာသည်။ အခု ကုန်သွယ်မှုအား ဟန်ချက်ထိန်းနိုင်လျှင် အဆင်ပြေမည်ဖြစ်သည် သို့သော် တရုတ်အစိုးရက မလိုလားလျှင် မည်ကဲ့သို့ ဆောင်ရွက်ကြမလဲ။ သူတို့တွေက ပြောတယ် အမေရိကန်နိုင်ငံက ဖွံ့ဖြိုးပြီးနေပြီ ၊ ငါတို့လည်း စက်မှုထုတ်ကုန်ကို အခြေပြုချင်တယ် ငါတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေရောင်းဖို့ ဈေးကွက်လိုချင်တယ် ငါတို့ အမေရိကန်နိုင်ငံက တင်သွင်းတာထက်ကို ပိုပြီး သူတို့ကို တင်သွင်းချင်တယ်။ ပြည်ပပို့ကုန်မြင့်မှု လိုချင်ပါတယ်။ ဒါကြောင့် သူတို့မြင်တွေ့ရသလို အရှိန်အဟုန်နှင့် တိုးတက်လာသည်ကို မနှစ်သက်တော့။သူတို့က ငွေလဲလှယ်မှုနှုန်းအတိုင်း ယွမ်ငွေဈေးကြီးလာသည်ကို မကြိုက်တော့ပါ။ ဆိုကြပါစို့- တရုတ်အစိုးရက ( ကျွန်တော် အပေါ်နည်းနည်း တင်ပါရစေ) ဒါကြောင့် တရုတ်အစိုးရက ငွေနှုန်းကို ( ကျွန်တော်မှာ နေရာမရှိတော့ဘူး) တစ်ဒေါ်လာကို တရုတ်ယွမ်ငွေ ၁၀ သတ်မှတ်မှုကို ထိန်းထားချင်တယ်။ သူတို့တွေက ဒီအခြေအနေကို တသက်လုံးထိန်းထားပြီးတော့ တရုတ်က နေ အမေရိကန်ကို ကုန်ပစ္စည်းများ များ ကို အမေရိကန် တင်သွင်းခြင်းထက် ပို၍ တင်ပို့မယ်။ ဒါမှမဟုတ် သူတို့က ပိုပိုပြီးတော့ တရုတ်ကုန်ပစ္စည်းတွေ များများဆက်လက်ပြီး အမေရိကန်ကို တင်ပို့မယ်။ ဒါမှ တရုတ်က စက်မှုအခြေခံပြီးတည်ဆောက်နိုင်မယ်။ ထို့အပြင် ကျွန်တော်ထင်တယ် ဆီးနိတ်အဖွဲ့ဝင်တော်တော်များများက အမေရိကန်နိုင်ငံ၏ စက်မှုကဏ္ဍကျဆင်းလာမယ်လို့ သုံးသပ်ကြတယ်။ ဒါကြောင့် ကုန်ပစ္စည်းတွေကို ဈေးပေါပေါဖြင့် ဆက်လက်ထုတ်လုပ်ရာမှ တန်းဖိုးများကျဆင်း လာက နောက်ဆုံးအမေရိကန်နိုင်ငံ ထုတ်လုပ်သူများ မယှဉ်ြ့ပိုင်နိုင်တော့သည်အထိ ဖြစ်လာသည်။ ကျွန်တော်တို့ ဒီအကြောင်းတွေကို ဗီဒီယိုတွေနဲ့ ထပ်ပြောပါ့မယ်။ အခုဟာက ၁၀၀ ရာခိုင်နှုန်း တစ်ဖက်သတ်ဆိုတာတော့ မသေချာပါဘူး။ အမေရိကန်နိုင်ငံက ဒီလိုအဖြစ်အပျက်တွေကနေ အကျိုးကျေးဇူးတချို့ အမှန်တကယ် ရရှိနေပါတယ် ပြီးတော့ ကျွန်တော်တို့ဒီအကြောင်းအရာတွေကို ဆက်လက်ဆွေးနွေးပါ့မယ်။ ဒါထက်ပိုပြီး သက်ဆိုင်တာက သူတို့တာကို ဘယ်လိုလုပ်မလဲ ဆိုတာပဲ ဆိုကြပါစို့ တရုတ်အစိုးရက ဒီအမှန်တရားကို လိုချင်တယ် ုပြီးတော့ ဒီအမှန်တရားကို ရပ်တန့်နေစေချင်တယ်။ သူတို့်မလိုချင်တာကတော့ ကုန်သွယ်မှု ဟန်ချက်ထိန်းခြင်းဆိုင်ရာ အမှန်တရားပဲ။ သူတို့ ငွေကြေးလဲလှယ်နှုန်း ဈေးကွက်မှာ မပြောင်းလဲအောင် ဘယ်လိုစွက်ဖက်မလဲ?? ဘာကြောင့်လဲ ကျွန်တော်တို့ပြောခဲ့သလိုပဲ တရုတ်ထုတ်ကုန်များများ ဝယ်ယူရလေလေ ယွမ်ငွေ ဝယ်လိုအား တက်လေလေပဲ။ ယွမ်ငွေ တန်ဖိုးတက်လာပြီး ဒေါ်လာဈေးကျလာလေဖြစ်သည်။ ဒါပေမယ့် ဒီနှစ်ခုကို ဘယ်လိုရယူမလဲ?? နင်စားကျက်ရော ကွန်ချက်ရော ဘယ်လိုရအောင်ယူမလဲ။ ကုန်ပစ္စည်းများများကို ယွမ်ငွေဈေး မတတ်အောင် တရုတ်နဲ့ အမေရိကန်အကြား ဘယ်လို တင်ပို့မလဲ?? မင်းတို့ ထင်သလိုပဲ တရုတ်အစိုးရကသို့မဟုတ် ဖြစ်နိုင်တာက တရုတ်ဗဟိုဘဏ် တရုတ်အစိုးရရဲ့ အစိတ်အပိုင်းတစ်ဖြစ်တဲ့ တရုတ်ဗဟိုဘဏ်က ငါတို့ ငွေကြေးတန်ဖိုးကျအောင်လုပ်ဖို့ဆိုရင် ငွေစက္ကူတွေ ရိုက်ထုတ်ဖို့ပဲရှိတယ်လို့ ပြောမှာပဲ။ ကျွန်တော့်ကို တရုတ်ဗဟိုဘဏ်ကို ဆွဲခွင့်ပြုပါ . ကျွန်တော်အရောင် အသစ်တစ်ခုနဲ့ ဆွဲပါရစေ။ . သူတို့ဘာလုပ်နိုင်မလဲ ။ သူတို့တကယ်လည်း ငွေစက္ကူတွေရိုက်နှိပ်နိုင်တယ်။ ုကျွန်တော်တို့ ဒီတွက်ချက်မှုကို ပြီးခဲ့တဲ့ ဗီဒီယိုတွေမှာ ဟန်ချက်မညီမှုတွေတွေ့ရှိတာနှင့်အတူ ပုံဖော်ခဲ့ပြီးဖြစ်တယ်။ ယွမ်ငွေ ဝယ်လိုအား ၁၀၀၀ရှိချိန်မှာ ရောင်းလိုအား ယွမ်ငွေ ၅၀၀ သာရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့လုပ်နိုင်တာက ယင်းတို့အား တန်းညှိဖို့ပင်ဖြစ်သည်။ ကျွန်တော်တို့ ယွမ်ငွေ ၅၀၀ ရိုက်နှိပ်ပြီး ဒေါ်လာအဖြစ်ပြောင်းလဲနိုင်ဖို့ ကြိုးစားရန်သာဖြစ်သည်. . ဒါဆိုဘာတွေ ဖြစ်လာနိုင်မလဲ? အခုဖြစ်နေတာ၊ ကျွန်တော်တို့မှာရှိတဲ့ ဒေါ်လာ ၁၀၀ကို အကြမ်းဖျင်းအားဖြင့် ယွမ်ငွေ ၁၀၀၀ ကို ပြောင်းနိုင်အောင်ကြိုးစားရမယ် ဒါမှမဟုတ် ငွေလဲလှယ်နှုန်းကို တည်ငြိမ်အောင်ထား နိုင်ရမယ်။ ဒါဆိုရင် ယွမ်ငွေ ၁၀၀၀အတွက် ဝယ်လိုအားရပြီပေ့ါ။ တရုတ်ဗဟိုဘဏ် ပါဝင်ဆောင်ရွက်ခြင်းမရှိခင်က ယွမ်ငွေ ရောင်းလိုအား ၅၀၀ သာရှိတယ်။ အခုတော့ တရုတ်ဗဟိုဘဏ်က အဆင်ပြေသွားပြီလို့ပြောတယ်၊ အကယ်၍ ယွမ်ငွေဝယ်လိုအား ၁၀၀၀ရှိပြီး ရောင်းလိုအား ယွမ်ငွေ ၅၀၀ ရှိရင် လိုနေတဲ့ ယွမ်ငွေ ၅၀၀ ကို ထုတ်ပေးမယ်လို့ပြောတယ်။ သူတို့တွေက တရားဝင်ရိုက်နှိပ်နိုင်ပြီ သူတို့ရိုက်နှိပ်ထားတာတွေကို ဒေါ်လာအဖြစ်သို့ ပြောင်းလဲလိုက်လိမ့်မယ်။ ဒီလိုအားဖြင့် ရောင်းလိုအားနှင့် ဝယ်လိုအားကို ဟန်ချက်ညီမှုရရှိမှာဖြစ်တယ်။ ခင်ဗျားတို့မှာ ယွမ် ၁၀၀၀ ရှိမယ် ဒီမှာ ၅၀၀ . ဒီမှာ ၅၀၀ ရှိမယ် အဲဒါတွေကို ဒေါ်လာကိုပြောင်းမယ် ပြီးတော့ သင့်မှာရှိတဲ့ ဒေါ်လာ၁၀၀ ကို ပြောင်းလဲချင်မယ်ဆိုရင် ရမှာက ကျွန်တော်ထင်တယ် ယွမ်ငွေ၅၀၀ပဲ။ သင်ဒီလိုလုပ်မယ်ဆိုရင် ငွေကြေးပေါက်ဈေးက မပြောင်းလဲဘဲ ငွေကြေးလဲလှယ်နှုန်းထားသာပြောင်းလဲလာပါလိမ့်မည်။ ရောင်းလိုအား ဝယ်လိုအား ငွေကြေးစီးဆင်းမှုနှစ်ခုလုံးသည် တူညီနေပေလိမ့်မည်။ အခုဆိုရင် ဒါဟာ အလုပ်ဖြစ်ပြီးနောက် ထူးထူးခြားခြား သူတို့ ဒီလိုတစ်ခါတစ်ရံလုပ်ဆောင်ကြပါတယ်။ ဒါပေမယ့် မေးစရာတစ်ခုရှိပါတယ်။ သူတို့ဒီလို တစ်ချိန်လုံးဒီလိုလုပ်နေတော့ ဘာတွေဖြစ်လာမလဲ။ ဒီလိုဆိုတော့ သူတို့တွေက အမေရိကန်ကို ကုန်ပစ္စည်းတွေ ဆက်လက်တင်ပို့နေပြီးတော့ အမေရိကန်က လည်းတရုတ်ကို ကုန်ပစ္စည်းတွေဆက်လက် တင်ပို့နေတယ်။ သင်တို့ကတော့ ယွမ်ငွေတွေဆက်လက် ရိုက်နှိပ်နေပြီးတော့ ဒေါ်လာတွေ ကို ထိုယွမ်ငွေနဲ့ ဝယ်ယူခြင်းအားဖြင့် တရုတ်ငွေကြေးကို ဈေးသက်သာအောင် ဆက်လက်လုပ်ဆောင်ရမှာဖြစ်တယ်။ ဒီလိုနည်းနှင့်ပဲ လူတွေက ဒေါ်လာတွေကို ဆက်လက်စုဆောင်းမှာဖြစ်တယ်။ သင်က ယွမ်ငွေတွေဆက်လက် စုဆောင်းရမှာ ဖြစ်ပြီး သူတို့တွေက ဒေါ်လာတွေဆက်လက် စုဆောင်းမှာဖြစ်တယ်။ ဒါကိုဟိုနားမှာ ဆွဲပါရစေ။ ဒါကြောင့် တရုတ်ဗဟိုဘဏ်က ဒေါ်လာတွေကိုသာ စပြီးစုဆောင်းရမှာဖြစ်တယ်။ ဒါကြောင့် သူတို့တွေက ယွမ်ငွေတွေကို လိုသလောက် ရိုက်နှိပ်ပြီး ထိုယွမ်ငွေများကို ဒေါ်လာနှင့်လဲလှယ်ပြီး သူတို့တွေက ဒေါ်လာတွေကို ပိုပိုပြီးစုဆောင်းရမှာဖြစ်တယ်။ ဒါထက် သူတို့တွေက ကုန်သွယ်မှု မညီမျှမှုကို ဆက်လက်ဖြစ်ပေါ်စေပြီး ဒီလိုအချိန်ကြာကြာဖြစ်ပေါ်လေ ဒေါ်လာများများ သူတို့ပို စုဆောင်းရလေလေ ဖြစ်သည်။ ဒါကြောင့် သူတို့တွေ ဒီလိုဆက်လက် လုပ်ဆောင်နေရပြီး သူတို့ ဒါကိုလုပ်တာမရပ်တန့်နိုင်သည်အထိ ဖြစ်တတ်တယ်။ သူတို့ ကုန်သွယ်မှု ဟန်ချက်ကိုထိန်းညှိဖို့အတွက် ဒါတွေကို ဆက်လက်လုပ်ဆောင်ရလိမ့်မယ်။ ပြီးတော့ လာမည့်ဗီဒီယိုမှာ သူတို့အမှန်တကယ် ဒီဒေါ်လာတွေကို ဘာလုပ်ရသလဲဆိုတာပြောပါ့မယ် ။ ဘာလို့လဲဆိုတော့ သူတို့က အမှန်တကယ် ငွေစက္ကူအတိုင်းထိန်းထားသည် မဟုတ်ဘဲ၊ဒီဒေါ်လာတွေနဲ့ ဘာတွေလုပ်ပြီး ဘယ်လိုသက်ရောက်မှုမျိုးတွေ အမေရိကန်စီးပွားရေးမှာ ဖြစ်ပေါ်စေသလဲဆိုတာ ပြောပါ့မယ်။ ထို့်နောက် ကျွန်တော်တို့ ပြောနိုင်တာက ၎င်းက ဘယ်လိုပြန်လည်ပတ်မလဲ ဒါပေမယ့် ကျွန်တော်တို့ ၎င်းက တစ်ဖန် ပြန်လည်ပတ်ဖို့ တကယ်ခက်ခဲတာတွေ့နိုင်ပါတယ်။