မနက် ၆ နာရီ အပြင်ဖက်မှာ အမှောင်အတိ ကျွန်မရဲ့ ၁၄ နှစ်သားလေးကတော့ သူ့အိပ်ရာထဲမှာ အိပ်နေတုံး ဆယ်ကျော်သက်တို့ရဲ့ ဘာကိုမှ ဂရုမထားတတ်တဲ့ အိပ်မောကျခြင်းမျိုးနဲ့ပေါ့ ကျွန်မမီးခလုတ်ကိုဖွင့်ပြီးတော့ သနားစရာ သားလေးကိုလှုပ်နှိုးလိုက်တယ် ဘာဖြစ်လို့လဲဆိုတော့ အနာကပလာစတာကို ခွာသလိုမျိုးပဲ မြန်မြန်ဆန်ဆန်ပြီးသွားတာက ပိုကောင်းတယ်လေ (ရယ်မောသံ) ကျွန်မသူငယ်ချင်းတစ်ယောက်ကတော့ သူ့ရဲ့အိပ်နေတဲ့ကလေးကိုနိုးအောင် "မီးဗျို့ မီး" လို့အော်တယ်တဲ့ နောက်တစ်ယောက်ကတော့ ကြံရာမရတော့လို့ သူ့သားလေးရဲ့ ခေါင်းပေါ်ကို ရေအေးတွေလောင်းချပြီး အိပ်ရာကထအောင်လုပ်ရသတဲ့ တော်တော် ရက်စက်တာပဲနော်... ဒါပေမဲ့ ရင်းနှီးတယ်လို့ မခံစားရဘူးလား။ မနက်တိုင်းကျွန်မကိုယ်ကျွန်မမေးတယ် ကျွန်မ သိထားတဲ့ပညာ လုပ်နေတဲ့အလုပ် ဒါတွေနဲ့ ကျွန်မသားကို ဒီလိုဘယ်နဲ့လုပ်နိုင်သလဲ ဒီမှာ ကျွန်မက အိပ်စက်ခြင်းဆိုင်ရာသုတေသီ (ရယ်မောသံ) ဒီတော့ကျွန်မကအိပ်တာနဲ့ပတ်သက်ပြီး အများကြီးသိထားတယ် အိပ်ရေးပျက်ခြင်းရဲ့အကျိုးဆက်တွေကိုရောပေါ့ သားအရမ်းလိုအပ်နေတဲ့ အိပ်ချိန်တွေကို ကျွန်မလုံလုံလောက်လောက် မပေးနိုင်တာကိုကျွန်မသိတယ် သူကဖွံ့ထွားနေဆဲ ဆယ်ကျော်သက်လေးလေ သူ့ကိုနှိုးလိုက်ခြင်းအားဖြင့် သူ့ရဲ့ဇီဝအချိန်ထက်အများကြီးကြိုပြီး သူ့ကိုအဆင်သင့်ဖြစ်အောင်လုပ်ခိုင်းလိုက်ရတယ် ကျွန်မကသူ့ရဲ့အိပ်မက်တွေကို တကယ်ပဲလုယူလိုက်ရတယ် အိပ်မက်ဆိုတာ သင်ယူခြင်း၊ မှတ်ဉာဏ်စုစည်းခြင်းနဲ့ စိတ်ခံစားမှုတည်ဆောက်ခြင်းတွေအတွက် အရေးကြီးတဲ့အပိုင်းပါ ဒါပေမဲ့ အိပ်ချိန်မလုံလောက်တာ ကျွန်မကလေးတစ်ယောက်ထဲမဟုတ်ပါဘူး အိပ်ရေးမဝခြင်းဟာ အမေရိကန်က ဆယ်ကျော်သက်တွေအကြားမှာ ကပ်ရောဂါတစ်ခုပါပဲ ၁၀ ယောက်မှာတစ်ယောက်သာ ၈ နာရီမှ ၁၀ နာရီအထိဆိုတဲ့ အိပ်စက်ခြင်းဆိုင်ရာပညာရှင်များနဲ့ ကလေးအထူးကုများရဲ့ အကြံပေးချက်ကိုလိုက်နာနိုင်ပါတယ် အခု ရှင်တို့တွေးနေတာက "ဟူး တော်ပါသေးတယ် ငါတို့ကလေးက ၈နာရီအိပ်ရတယ်" လို့ဆိုရင် မှတ်ထားပါ ၈ နာရီဆိုတာ အကြံပြုချက်ရဲ့အနည်းဆုံးပါ ရှင်တို့ကအောင်ရုံလေးပါ ၈ နာရီဆိုတာ အမှတ်စာရင်းမှာ C ပဲရသလိုပေါ့ ဒီကပ်ရောဂါမှာပါဝင်တဲ့ အကြောင်းအရာတွေကတော့အများကြီးပါ ဒါပေမဲ့ ကလေးတွေအိပ်ရေးမဝအောင် ဟန့်တားနေတဲ့ အဓိကအချက်ကတော့ အများပြည်သူဆိုင်ရာမူဝါဒလေးတစ်ခုပါပဲ ဟော်မုန်းတွေ အပေါင်းအသင်းအပျော်အပါးတွေ snapchat တွေမဟုတ်ပါဘူး နိုင်ငံတစ်ဝှမ်းမှာ ကျောင်းအများစုဟာ ၇နာရီခွဲ ဒါမှမဟုတ် ဒီထက်ပိုစောပြီး စကြပါတယ် အဓိကကျတဲ့ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုတာကတော့ အလယ်တန်းနဲ့အထက်တန်းကျောင်းတွေဟာ ၈နာရီခွဲထက်ပိုစောပြီး မစသင့်ပါဘူးတဲ့ ဒီကျောင်းစချိန်စောတဲ့မူဝါဒဟာ အမေရိကန်ဆယ်ကျော်သက်တွေ အိပ်ချိန်ကို ဘယ်လောက်များများ ဒါမှမဟုတ် ဘယ်လောက်နည်းနည်း ရရှိလဲဆိုတာနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ် ဒီမူဝါဒကပဲ ဆယ်ကျော်သက်တွေနဲ့ မိဘတွေကို သူတို့ကိုယ်ကို အခြေခံသဘောတရားအရ ဘယ်လိုမှမနိုင်နိုင်တဲ့ တိုက်ပွဲကိုတိုက်ခိုင်းနေပြန်တယ် အပျိုဖော်လူပျိုဖော်ဝင်စ အချိန်မှာ ဆယ်ကျော်သက်တွေဟာ ဇီဝအချိန်နှောင့်နှေးမှုနဲ့ကြုံရတတ်ပါတယ် ဇီဝအချိန်က လူတွေ ဘယ်အချိန်မှာအနိုးကြားဆုံးနဲ့ ဘယ်အချိန်မှာ အအိပ်ချင်ဆုံးဆိုတာကို ဆုံးဖြတ်ပေးတဲ့အရာပါ အဲတာက melatonin လို့ခေါ်တဲ့ ဟော်မုန်းအတက်အကျနဲ့ဆိုင်တာပေါ့ ဆယ်ကျော်သက်တွေရဲ့ကိုယ်ထဲမှာ melatonin က ည ၁၁ နာရီလောက်မှာထွက်တယ် လူကြီးတွေနဲ့ကလေးငယ်တွေထက် ၂ နာရီလောက်နောက်ကျပြီးမှထွက်တာ အဲလိုဆိုတော့ ဆယ်ကျော်သက်တစ်ယောက်ကို မနက် ၆ နာရီမှာ နှိုးတာက လူကြီးတစ်ယောက်ကို မနက် ၄ နာရီမှာ နှိုးတာနဲ့တူတယ် ကံမကောင်းတဲ့နေ့တွေ ကျွန်မ မနက် ၄ နာရီ ထ ရရင် ကျွန်မဟာဖုတ်ကောင်တစ်ကောင်ပါပဲ ဘာလုပ်ဆောင်ချက်မှမလုပ်နိုင်ပါဘူး ကောင်းကောင်းမစဉ်းစားနိုင်ဘူး စိတ်လည်းရှုပ်တယ် ကားလည်းမမောင်းသင့်ပါဘူး ဒါပေမဲ့ အဲတာက အမေရိကန်ဆယ်ကျော်သက်တွ ကျောင်းရှိတဲ့နေ့တိုင်း ခံစားနေရတာဖြစ်နေတယ် ဒီမှာ ကျွန်မတို့ပြောကြတဲ့ ဆယ်ကျော်သက်တွေနဲ့ ပတ်သက်တဲ့ မနှစ်မြို့ဖွယ် အပြုအမူတွေဖြစ်တဲ့ စိတ်အပြောင်းအလဲမြန်တာ စိတ်ရှူပ်လွယ်တာ အပျင်းကြီးတာ စိတ်ဓာတ်ကျတာတွေဟာ ကာလကြာရှည်စွာအိပ်ရေးမဝခြင်းရဲ့ အကျိုးဆက်တွေ ဖြစ်နိုင်ပါတယ် တာရှည်အိပ်ရေးပျက်ခြင်းစစ်ပွဲကို ဆင်နွှဲနေတဲ့ ဆယ်ကျော်သက်အများစုရဲ့ လျင်မြန်လွယ်ကူတဲ့အစားထိုးခြင်းကတော့ ကဖိန်းဓာတ်ပမာဏအမြောက်အများ သောက်သုံးခြင်းနည်းလမ်းပါ ဆိုက်အကြီးဆုံးကော်ဖီခွက်ကနေ ဒါမှမဟုတ် အားဖြည့်အချိုရည်တွေအနေနဲ့ပါ အဲဒီတော့ ကျွန်မတို့ဆီမှာ ပင်ပန်းနေသလောက် စိတ်ကြွနေတဲ့ လူငယ်ထုတစ်ရပ် ရှိတာပေါ့ အိပ်ချိန်ကိုအကျိုးရှိစေမယ့်ေ ကျောင်းစချိန်ကို ထောက်ခံသူတွေက ဆယ်ကျော်သက်အရွယ်ဆိုတာ ကြီးမားတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဖြစ်တဲ့ကာလဆိုတာသိကြတယ် အထူးသဖြင့် ဦးနှောက်ရဲ့ အဆင့်မြင့်တဲ့ စဉ်းစားဆုံးဖြတ်နှိုင်မှုစွမ်းရည်တွေဖြစ်တဲ့ ဆင်ခြင်ခြင်း ပြသနာဖြေရှင်းခြင်း မှန်ကန်စွာဆုံးဖြတ်ခြင်း စတဲ့အပိုင်းတွေပေါ့ တစ်နည်းအားဖြင့် ဦးနှောက်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ရုတ်တရက်တုံ့ပြန်မှုနဲ့ များသောအားဖြင့် အန္တရာယ်ရှိတဲ့လုပ်ရပ်တွေ ဆယ်ကျော်သက်တွေရဲ့ အမူအကျင့်တွေလို့ပြောနိုင်တဲ့ မိဘတွေအတွက်ပူပန်ကြောက်လန့်စေတဲ့ အရာတွေပါ တခြားသူတွေလိုပဲ ဆယ်ကျော်သက်တွေဟာလည်းအိပ်ရေးမဝတဲ့အခါ သူတို့ရဲ့ဦးနှောက် ခန္ဓာကိုယ်နဲ့ အပြုအမူတွေကိုအကျိုးသက်ရောက်စေပါတယ် ရေတိုရော ရည်ရှည်မှာပါ သူတို့ဟာစိတ်စုစည်းလို့မရဘူး အာရုံတွေလွင့်တယ် အများစုက အာရုံစူးစိုက်မှုအားနည်းပြီး စိတ်ကြွတဲ့ရောဂါလက္ခဏာတွေ ပြလာကြတယ် တစ်ခုက လူငယ်တွေ အိပ်ရေးမဝခြင်းရဲ့အကျိုးဆက်တွေက စာသင်ခန်းရဲ့ပြင်ပအထိပါသက်ရောက်တယ် စိတ်မကောင်းစရာပါ စိတ်ကျန်းမာရေးချို့တဲ့မှုတွေဟာ လူငယ်တွေမှာ အမြောက်အများဖြစ်နေပြီး ဆေးသုံးစွဲမှုတွေ စိတ်ကျရောဂါနဲ့ ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုတွေလည်း အပါအဝင်ပေါ့ ကျွန်မတို့ရဲ့LAဒေသတွင်းကျောင်းများမှ ဆယ်ကျော်သက်များကိုလေ့လာချက်အရ ကောင်းကောင်းမအိပ်ရတဲ့ကလေးတွေဟာ လွန်ခဲ့တဲ့လက အရက်သေစာသောက်စားမှု ၅၅% ပိုများပါတယ် အထက်တန်းကျောင်းသား သုံးသောင်းကျော် ပါဝင်ခဲ့တဲ့ အခြားလေ့လာမှုတစ်ခုမှာတော့ မအိပ်လိုက်ရတဲ့နာရီတိုင်းဟာ ဝမ်းနည်းခြင်း မျော်လင့်ချက်မဲ့ခြင်းကို ၃၈% ပိုခံစားစေပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်ရန်ကြိုးစားမှုကို ၅၈% ပိုများစေပါတယ် ဒါတွေက မလုံလောက်သေးဘူးဆိုရင် အိပ်ခွင့်မရတဲ့ကလေးတွေဟာ သူများတွေထက်ပိုပြီး ကျွန်မတို့နိုင်ငံရဲ့ ကပ်ရောဂါတွေကို ခိုလှုံခွင့်ပေးပါတယ် အဲဒါတွေကတော့ အဝလွန်ခြင်း နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေပါ နောက်အန္တရာယ်တစ်ခုက အိပ်ရေးမဝတဲ့ကလေးတွေကို သူတို့ရဲ့အသစ်စက်စက် ယာဉ်မောင်းလိုင်စင်တွေနဲ့ လမ်းပေါ်ပေးတက်ခြင်းပါ လေ့လာမှုများအရ တစ်ညမှာ ၅ နာရီထက်လျော့အိပ်ခြင်းဟာ သတ်မှတ်ထားတဲ့ပမာဏထက်ပိုတဲ့ အရက်တွေသွေးထဲမှာရှိနေတာနဲ့တူပါတယ် အိပ်ချိန်ပိုရစေမယ့် ကျောင်းစချိန်ကိုထောက်ခံသူတွေနဲ့ ဒီပညာရပ်ဆိုင်ရာသုတေသီတွေက သိပ္ပံနည်းကျပညာရပ်များစွာနဲ့ ကျောင်းစချိန်နောက်ဆုတ်ခြင်းရဲ့ ကောင်းကျိုးများစွာကိုပြသထားပြီးကြပါပြီ တွေ့ရှိချက်တွေကမငြင်းနိုင်စရာပါ အိပ်စက်ခြင်းဆိုင်ရာပညာရှင်တစ်ယောက်အနေနဲ့ ကျွန်မဒီလိုအသေအချာပြောလို့ရတဲ့အချိန် ရှားပါတယ် ကျောင်းစချိန်နောက်ကျတဲ့ဒေသက ကလေးတွေက အိပ်ချိန်ပိုရကြပါတယ် အတိုက်အခံတွေအနေနဲ့ေ ကျောင်းစချိန်နောက်ကျရင် ကလေးတွေက ပိုနောက်ကျမှ အိပ်ကြမယ်လို့တွေးမယ်ဆိုရင် အမှန်က သူတို့ရဲ့အိပ်ချိန်ကအတူတူပါပဲ အိပ်ရာထတဲ့အချိန်ကနောက်ဆုတ်သွားတာပါ ဒီတော့ပိုအိပ်ရတာပေါ့ ဒီကလေးတွေက ကျောင်းတက်ချင်စိတ်ပိုရှိကြတယ် ဒေသတစ်ခုမှာ ကျောင်းပျက်နှုန်း ၂၅% အထိလျော့ကျသွားတယ် ကျောင်းထွက်နှုန်းလည်း နည်းသွားတယ် အံ့သြစရာမဟုတ်ပေမဲ့ ပညာရေးမှာလည်းတိုးတက်လာပါတယ် အဲဒီတော့ ဒီအချက်ဟာ အောင်မြင်မှုကွာဟချက်ကို လျော့ချဖို့ရည်ညွှန်းချက်တစ်ခုပါပဲ သချာင်္နဲ့ စာဖတ်စွမ်းရည်ဘာသာရပ် စာမေးပွဲအမှတ်တွေ ၂% ကနေ ၃% အထိတက်လာတယ် ဒီဟာက အတန်းရဲ့ ကျောင်းသားအရေအတွက် သုံးပုံတစ်ပုံလျော့ချလိုက်တာလောက်စွမ်းပါတယ် ဒါမှမဟုတ် စာသင်ခန်းထဲကသာမာန်ဆရာတစ်ယောက်ကို အရမ်းထူးချွန်တဲ့ဆရာတစ်ယောက်နဲ့ လဲလိုက်တာနဲ့တူပါတယ် ကလေးတွေက ကိုယ်ရောစိတ်ပါ ပိုကျန်းမာလာတယ် သူတို့ရဲ့မိသားစုတွေလည်း ပိုပျော်ရွှင်လာပါတယ် ဆယ်ကျော်သက်လေးတွေရဲ့ သာယာချမ်းမြေ့မှုကိုဘယ်သူကမကြိုက်ပဲနေမှာလဲ စိတ်အလိုမကျတာဖြစ်တာတွေနည်းလေလေပေါ့ သူတို့ရဲ့ ပတ်ဝန်းကျင်လည်း အန္တရာယ်ပိုကင်းလာတယ် ယာဉ်တိုက်မှုလျော့ပါးသွားလို့ပါ ရပ်ကွက်တစ်ခုမှာ ၇၀% အထိလျော့သွားပါတယ်တဲ့ ဒီလိုကြီးမားလှတဲ့ ကောင်းကျိုးတွေကိုကြည့်ပြီး သင်က ဘာစဉ်းစားစရာလိုလဲလို့တွေးနေမယ်ဆိုရင် ကျွန်မတို့လူ့အဖွဲ့အစည်းအနေနဲ့ ဒီအချက်ကို ဘာကြောင့်မေ့ထားတာလဲ များသောအားဖြင့် ကျောင်းစချိန်ကို နောက်ဆုတ်ဖို့ ဆွေးနွေးကြတဲ့အခါ ပြောကြတာက “ဆယ်ကျော်သက်တွေအတွက် ဘာကြောင့်နောက်ဆုတ်ပေးရမှာလဲ တကယ့်ဘဝအတွက်အဆင်သင့်ဖြစ်အောင် သူတို့ကိုပိုပြီးတင်းကြပ်ရမှာမဟုတ်လား” အဲလိုပြောတာက ၂နှစ်အရွယ်ကလေးမိဘကို ဒီလိုပြောတာနဲ့တူတယ် “ဂျော်နီ့ကိုပေးမအိပ်နဲ့ သူ သူငယ်တန်းတက်ဖို့ အဆင်သင့်ဖြစ်မှာမဟုတ်ဘူး” (ရယ်မောသံ) ကျောင်းစချိန်ကိုနောက်ဆုတ်တာက သွားလာပို့ဆောင်ရေးအတွက်စိန်ခေါ်မှုကြီးပါ ကျောင်းသားတွေနဲ့သူတို့မိသားစုတွေအတွက်သာမက လူနေမှုပတ်ဝန်းကျင်တစ်ခုလုံးအတွက်ပါ ဘက်စကားလိုင်းတွေကိုပြင်ရမယ် ပို့ဆောင်ရေးနှုန်းထားတွေမြင့်လာမယ် အားကစားသင်တန်းတွေ ကျောင်းမစခင်နဲ့ပြီးတဲ့အချိန် စောင့်ရှောက်မှုတွေပါ ဒီဟာတွေကဒေသတစ်ခုပြီးတစ်ခု ခဏခဏနိုင်ငံတစ်ဝှမ်းမှာ ကျောင်းစချိန်နဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်းပြောကြတာတွေပါ ဒီအရာတွေဟာအမှန်တကယ်ပြဿနာတွေပါ ဒါပေမဲ့ကျွန်မတို့ဖြေရှင်းရမယ့်ပြဿနာတွေပါ ဆင်ခြေပေးနေလို့မရပါဘူး ကျွန်မတို့ကလေးတွေအတွက် မှန်ကန်တဲ့အရာကိုမလုပ်ပေးခြင်းအတွက် အလယ်တန်းနဲ့အထက်တန်းကျောင်းတွေ ၈ နာရီခွဲထက်ပိုစောပြီး မစဖို့ နိုင်ငံတစ်ဝှမ်းကဒေသတွေမှာ ကြီးကြီးသေးသေး ဒီအပြောင်းအလဲကိုလုပ်ပြီးတဲ့အခါ ဒီစိုးရိမ်မှုတွေဟာအခြေအမြစ်မရှိကြောင်း အကျိုးအမြတ်တွေကသာလွန်ကြောင်းတွေ့ရပါတယ် ကျောင်းသားတွေရဲ့ကျန်းမာရေးနဲ့ လုပ်ဆောင်ချက်တွေပေါ်မှာပေါ့ ပြီးတော့လူထုတစ်ရပ်လုံးရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုရောပါ ဒီတော့ကာ မနက်ဖြန်မနက် တိုက်တိုက်ဆိုင်ဆိုင် ကျွန်မတို့ရဲ့ နာရီတွေကို ၁ နာရီ နောက်ဆုတ်နိုင်မယ်ဆိုရင် အပို ၁နာရီကို မြိန်မြိန်ယှက်ယှက် အိပ်လိုက်ရတဲ့အခါ နေ့တာဟာနည်းနည်းပိုရှည်လာတယ် မျော်လင့်ချက်တွေနည်းနည်းပိုများလာတယ် အိပ်စက်ခြင်းရဲ့ကြီးမားလှတဲ့စွမ်းရည်ကို တွေးကြည့်လိုက်ပါ ပြီးတော့ ဘယ်လာက်ကောင်းတဲ့ လက်ဆောင်ဖြစ်မလဲဆိုတာ ကျွန်မတို့ကလေးတွေ သဘာဝအတိုင်းအိပ်ရာထနိုင်ပြီး သူတို့ရဲ့ဇီဝတရားတွေနဲ့ လိုက်လျောညီထွေနေနိုင်ရင် ကျေးဇူးတင်ပါတယ် အိပ်မက်လှလှမက်ကြပါစေ