0:00:00.360,0:00:02.576 မနက် ၆ နာရီ 0:00:02.600,0:00:03.920 အပြင်ဖက်မှာ အမှောင်အတိ 0:00:04.640,0:00:07.856 ကျွန်မရဲ့ ၁၄ နှစ်သားလေးကတော့ [br]သူ့အိပ်ရာထဲမှာ အိပ်နေတုံး 0:00:07.880,0:00:11.050 ဆယ်ကျော်သက်တို့ရဲ့ ဘာကိုမှ[br]ဂရုမထားတတ်တဲ့ အိပ်မောကျခြင်းမျိုးနဲ့ပေါ့ 0:00:12.000,0:00:15.976 ကျွန်မမီးခလုတ်ကိုဖွင့်ပြီးတော့[br]သနားစရာ သားလေးကိုလှုပ်နှိုးလိုက်တယ် 0:00:16.000,0:00:18.616 ဘာဖြစ်လို့လဲဆိုတော့ [br]အနာကပလာစတာကို ခွာသလိုမျိုးပဲ 0:00:18.640,0:00:20.576 မြန်မြန်ဆန်ဆန်ပြီးသွားတာက[br]ပိုကောင်းတယ်လေ 0:00:20.600,0:00:22.256 (ရယ်မောသံ) 0:00:22.280,0:00:25.276 ကျွန်မသူငယ်ချင်းတစ်ယောက်ကတော့[br]သူ့ရဲ့အိပ်နေတဲ့ကလေးကိုနိုးအောင် 0:00:25.276,0:00:27.011 "မီးဗျို့ မီး" လို့အော်တယ်တဲ့ 0:00:27.040,0:00:29.016 နောက်တစ်ယောက်ကတော့ ကြံရာမရတော့လို့ 0:00:29.040,0:00:31.896 သူ့သားလေးရဲ့ ခေါင်းပေါ်ကို[br]ရေအေးတွေလောင်းချပြီး 0:00:31.920,0:00:33.840 အိပ်ရာကထအောင်လုပ်ရသတဲ့ 0:00:34.600,0:00:36.336 တော်တော် ရက်စက်တာပဲနော်... 0:00:36.360,0:00:38.290 ဒါပေမဲ့ ရင်းနှီးတယ်လို့ မခံစားရဘူးလား။ 0:00:39.600,0:00:41.970 မနက်တိုင်းကျွန်မကိုယ်ကျွန်မမေးတယ် 0:00:42.480,0:00:44.056 ကျွန်မ 0:00:44.080,0:00:45.816 သိထားတဲ့ပညာ 0:00:45.840,0:00:48.256 လုပ်နေတဲ့အလုပ် 0:00:48.280,0:00:50.630 ဒါတွေနဲ့ ကျွန်မသားကို [br]ဒီလိုဘယ်နဲ့လုပ်နိုင်သလဲ 0:00:51.040,0:00:52.336 ဒီမှာ ကျွန်မက 0:00:52.360,0:00:54.056 အိပ်စက်ခြင်းဆိုင်ရာသုတေသီ 0:00:54.080,0:00:55.840 (ရယ်မောသံ) 0:00:55.890,0:00:58.306 ဒီတော့ကျွန်မကအိပ်တာနဲ့ပတ်သက်ပြီး [br]အများကြီးသိထားတယ် 0:00:58.306,0:01:00.816 အိပ်ရေးပျက်ခြင်းရဲ့အကျိုးဆက်တွေကိုရောပေါ့ 0:01:00.840,0:01:01.959 သားအရမ်းလိုအပ်နေတဲ့ 0:01:01.959,0:01:04.959 အိပ်ချိန်တွေကို ကျွန်မလုံလုံလောက်လောက်[br]မပေးနိုင်တာကိုကျွန်မသိတယ် 0:01:04.959,0:01:07.210 သူကဖွံ့ထွားနေဆဲ ဆယ်ကျော်သက်လေးလေ 0:01:07.360,0:01:09.616 သူ့ကိုနှိုးလိုက်ခြင်းအားဖြင့် 0:01:09.640,0:01:14.296 သူ့ရဲ့ဇီဝအချိန်ထက်အများကြီးကြိုပြီး[br]သူ့ကိုအဆင်သင့်ဖြစ်အောင်လုပ်ခိုင်းလိုက်ရတယ် 0:01:14.320,0:01:16.720 ကျွန်မကသူ့ရဲ့အိပ်မက်တွေကို[br]တကယ်ပဲလုယူလိုက်ရတယ် 0:01:17.400,0:01:19.110 အိပ်မက်ဆိုတာ 0:01:20.200,0:01:23.200 သင်ယူခြင်း၊ မှတ်ဉာဏ်စုစည်းခြင်းနဲ့ 0:01:23.200,0:01:25.760 စိတ်ခံစားမှုတည်ဆောက်ခြင်းတွေအတွက်[br]အရေးကြီးတဲ့အပိုင်းပါ 0:01:25.760,0:01:29.010 ဒါပေမဲ့ အိပ်ချိန်မလုံလောက်တာ[br]ကျွန်မကလေးတစ်ယောက်ထဲမဟုတ်ပါဘူး 0:01:29.760,0:01:31.360 အိပ်ရေးမဝခြင်းဟာ အမေရိကန်က 0:01:31.360,0:01:34.360 ဆယ်ကျော်သက်တွေအကြားမှာ[br]ကပ်ရောဂါတစ်ခုပါပဲ 0:01:34.360,0:01:38.640 ၁၀ ယောက်မှာတစ်ယောက်သာ[br]၈ နာရီမှ ၁၀ နာရီအထိဆိုတဲ့ 0:01:38.710,0:01:40.410 အိပ်စက်ခြင်းဆိုင်ရာပညာရှင်များနဲ့ 0:01:40.410,0:01:43.280 ကလေးအထူးကုများရဲ့[br]အကြံပေးချက်ကိုလိုက်နာနိုင်ပါတယ် 0:01:43.280,0:01:45.016 အခု ရှင်တို့တွေးနေတာက 0:01:45.040,0:01:48.296 "ဟူး တော်ပါသေးတယ်[br]ငါတို့ကလေးက ၈နာရီအိပ်ရတယ်" လို့ဆိုရင် 0:01:48.320,0:01:49.536 မှတ်ထားပါ 0:01:49.560,0:01:53.056 ၈ နာရီဆိုတာ အကြံပြုချက်ရဲ့အနည်းဆုံးပါ 0:01:53.080,0:01:55.136 ရှင်တို့ကအောင်ရုံလေးပါ 0:01:55.160,0:01:58.000 ၈ နာရီဆိုတာ အမှတ်စာရင်းမှာ C ပဲရသလိုပေါ့ 0:01:58.960,0:02:01.800 ဒီကပ်ရောဂါမှာပါဝင်တဲ့[br]အကြောင်းအရာတွေကတော့အများကြီးပါ 0:02:02.600,0:02:07.136 ဒါပေမဲ့ ကလေးတွေအိပ်ရေးမဝအောင်[br]ဟန့်တားနေတဲ့ အဓိကအချက်ကတော့ 0:02:07.160,0:02:09.859 အများပြည်သူဆိုင်ရာမူဝါဒလေးတစ်ခုပါပဲ 0:02:10.160,0:02:14.040 ဟော်မုန်းတွေ အပေါင်းအသင်းအပျော်အပါးတွေ[br]snapchat တွေမဟုတ်ပါဘူး 0:02:15.520,0:02:16.776 နိုင်ငံတစ်ဝှမ်းမှာ 0:02:16.800,0:02:21.656 ကျောင်းအများစုဟာ ၇နာရီခွဲ[br]ဒါမှမဟုတ် ဒီထက်ပိုစောပြီး စကြပါတယ် 0:02:21.680,0:02:25.776 အဓိကကျတဲ့ကျန်းမာရေးအဖွဲ့အစည်းတွေက[br]အကြံပြုတာကတော့ 0:02:25.800,0:02:30.240 အလယ်တန်းနဲ့အထက်တန်းကျောင်းတွေဟာ[br]၈နာရီခွဲထက်ပိုစောပြီး မစသင့်ပါဘူးတဲ့ 0:02:31.240,0:02:35.376 ဒီကျောင်းစချိန်စောတဲ့မူဝါဒဟာ[br]အမေရိကန်ဆယ်ကျော်သက်တွေ အိပ်ချိန်ကို 0:02:35.400,0:02:37.520 ဘယ်လောက်များများ ဒါမှမဟုတ် [br]ဘယ်လောက်နည်းနည်း 0:02:37.520,0:02:40.520 ရရှိလဲဆိုတာနဲ့[br]တိုက်ရိုက်ဆက်နွယ်နေပါတယ် 0:02:40.520,0:02:44.416 ဒီမူဝါဒကပဲ ဆယ်ကျော်သက်တွေနဲ့[br]မိဘတွေကို သူတို့ကိုယ်ကို 0:02:44.440,0:02:46.360 အခြေခံသဘောတရားအရ[br]ဘယ်လိုမှမနိုင်နိုင်တဲ့ 0:02:46.360,0:02:49.360 တိုက်ပွဲကိုတိုက်ခိုင်းနေပြန်တယ် 0:02:49.360,0:02:51.176 အပျိုဖော်လူပျိုဖော်ဝင်စ အချိန်မှာ 0:02:51.200,0:02:54.680 ဆယ်ကျော်သက်တွေဟာ[br]ဇီဝအချိန်နှောင့်နှေးမှုနဲ့ကြုံရတတ်ပါတယ် 0:02:54.680,0:02:56.830 ဇီဝအချိန်က လူတွေ[br]ဘယ်အချိန်မှာအနိုးကြားဆုံးနဲ့ 0:02:56.830,0:02:59.520 ဘယ်အချိန်မှာ အအိပ်ချင်ဆုံးဆိုတာကို [br]ဆုံးဖြတ်ပေးတဲ့အရာပါ 0:02:59.520,0:03:03.160 အဲတာက melatonin လို့ခေါ်တဲ့[br]ဟော်မုန်းအတက်အကျနဲ့ဆိုင်တာပေါ့ 0:03:04.080,0:03:09.616 ဆယ်ကျော်သက်တွေရဲ့ကိုယ်ထဲမှာ[br]melatonin က ည ၁၁ နာရီလောက်မှာထွက်တယ် 0:03:09.640,0:03:14.450 လူကြီးတွေနဲ့ကလေးငယ်တွေထက်[br]၂ နာရီလောက်နောက်ကျပြီးမှထွက်တာ 0:03:15.840,0:03:21.856 အဲလိုဆိုတော့ ဆယ်ကျော်သက်တစ်ယောက်ကို[br]မနက် ၆ နာရီမှာ နှိုးတာက 0:03:21.880,0:03:25.150 လူကြီးတစ်ယောက်ကို[br]မနက် ၄ နာရီမှာ နှိုးတာနဲ့တူတယ် 0:03:25.760,0:03:29.736 ကံမကောင်းတဲ့နေ့တွေ[br]ကျွန်မ မနက် ၄ နာရီ ထ ရရင် 0:03:29.760,0:03:31.192 ကျွန်မဟာဖုတ်ကောင်တစ်ကောင်ပါပဲ 0:03:31.192,0:03:32.984 ဘာလုပ်ဆောင်ချက်မှမလုပ်နိုင်ပါဘူး 0:03:32.995,0:03:34.496 ကောင်းကောင်းမစဉ်းစားနိုင်ဘူး 0:03:34.520,0:03:36.016 စိတ်လည်းရှုပ်တယ် 0:03:36.040,0:03:38.480 ကားလည်းမမောင်းသင့်ပါဘူး 0:03:39.680,0:03:43.800 ဒါပေမဲ့ အဲတာက အမေရိကန်ဆယ်ကျော်သက်တွ[br]ကျောင်းရှိတဲ့နေ့တိုင်း ခံစားနေရတာဖြစ်နေတယ် 0:03:44.280,0:03:47.296 ဒီမှာ ကျွန်မတို့ပြောကြတဲ့ 0:03:47.320,0:03:51.620 ဆယ်ကျော်သက်တွေနဲ့ ပတ်သက်တဲ့ [br]မနှစ်မြို့ဖွယ် အပြုအမူတွေဖြစ်တဲ့ 0:03:51.620,0:03:55.096 စိတ်အပြောင်းအလဲမြန်တာ စိတ်ရှူပ်လွယ်တာ [br]အပျင်းကြီးတာ စိတ်ဓာတ်ကျတာတွေဟာ 0:03:55.120,0:03:58.660 ကာလကြာရှည်စွာအိပ်ရေးမဝခြင်းရဲ့ [br]အကျိုးဆက်တွေ ဖြစ်နိုင်ပါတယ် 0:03:58.660,0:04:01.820 တာရှည်အိပ်ရေးပျက်ခြင်းစစ်ပွဲကို [br]ဆင်နွှဲနေတဲ့ ဆယ်ကျော်သက်အများစုရဲ့ 0:04:01.840,0:04:04.360 လျင်မြန်လွယ်ကူတဲ့အစားထိုးခြင်းကတော့ 0:04:04.360,0:04:07.360 ကဖိန်းဓာတ်ပမာဏအမြောက်အများ[br]သောက်သုံးခြင်းနည်းလမ်းပါ 0:04:07.360,0:04:09.310 ဆိုက်အကြီးဆုံးကော်ဖီခွက်ကနေ 0:04:09.560,0:04:11.400 ဒါမှမဟုတ် အားဖြည့်အချိုရည်တွေအနေနဲ့ပါ 0:04:12.080,0:04:13.353 အဲဒီတော့ 0:04:13.473,0:04:19.296 ကျွန်မတို့ဆီမှာ ပင်ပန်းနေသလောက် [br]စိတ်ကြွနေတဲ့ လူငယ်ထုတစ်ရပ် ရှိတာပေါ့ 0:04:21.600,0:04:25.216 အိပ်ချိန်ကိုအကျိုးရှိစေမယ့်ေ[br]ကျောင်းစချိန်ကို ထောက်ခံသူတွေက 0:04:25.240,0:04:28.776 ဆယ်ကျော်သက်အရွယ်ဆိုတာ ကြီးမားတဲ့[br]ဦးနှောက်ဖွံ့ဖြိုးမှုဖြစ်တဲ့ကာလဆိုတာသိကြတယ် 0:04:28.800,0:04:30.856 အထူးသဖြင့် ဦးနှောက်ရဲ့ 0:04:30.880,0:04:34.416 အဆင့်မြင့်တဲ့ [br]စဉ်းစားဆုံးဖြတ်နှိုင်မှုစွမ်းရည်တွေဖြစ်တဲ့ 0:04:34.440,0:04:38.720 ဆင်ခြင်ခြင်း ပြသနာဖြေရှင်းခြင်း[br]မှန်ကန်စွာဆုံးဖြတ်ခြင်း စတဲ့အပိုင်းတွေပေါ့ 0:04:39.320,0:04:42.456 တစ်နည်းအားဖြင့် [br]ဦးနှောက်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ 0:04:42.480,0:04:47.056 ရုတ်တရက်တုံ့ပြန်မှုနဲ့ [br]များသောအားဖြင့် အန္တရာယ်ရှိတဲ့လုပ်ရပ်တွေ 0:04:47.080,0:04:50.016 ဆယ်ကျော်သက်တွေရဲ့ [br]အမူအကျင့်တွေလို့ပြောနိုင်တဲ့ 0:04:50.040,0:04:53.800 မိဘတွေအတွက်ပူပန်ကြောက်လန့်စေတဲ့ အရာတွေပါ 0:04:54.600,0:04:56.496 တခြားသူတွေလိုပဲ 0:04:56.520,0:04:58.936 ဆယ်ကျော်သက်တွေဟာလည်းအိပ်ရေးမဝတဲ့အခါ 0:04:58.960,0:05:02.096 သူတို့ရဲ့ဦးနှောက် ခန္ဓာကိုယ်နဲ့[br]အပြုအမူတွေကိုအကျိုးသက်ရောက်စေပါတယ် 0:05:02.120,0:05:04.760 ရေတိုရော ရည်ရှည်မှာပါ 0:05:05.280,0:05:07.096 သူတို့ဟာစိတ်စုစည်းလို့မရဘူး 0:05:07.120,0:05:09.016 အာရုံတွေလွင့်တယ် 0:05:09.040,0:05:12.800 အများစုက အာရုံစူးစိုက်မှုအားနည်းပြီး[br]စိတ်ကြွတဲ့ရောဂါလက္ခဏာတွေ ပြလာကြတယ် 0:05:14.320,0:05:15.760 တစ်ခုက လူငယ်တွေ 0:05:15.760,0:05:18.760 အိပ်ရေးမဝခြင်းရဲ့အကျိုးဆက်တွေက[br]စာသင်ခန်းရဲ့ပြင်ပအထိပါသက်ရောက်တယ် 0:05:18.760,0:05:22.376 စိတ်မကောင်းစရာပါ[br]စိတ်ကျန်းမာရေးချို့တဲ့မှုတွေဟာ 0:05:22.400,0:05:25.096 လူငယ်တွေမှာ အမြောက်အများဖြစ်နေပြီး 0:05:25.120,0:05:26.936 ဆေးသုံးစွဲမှုတွေ 0:05:26.960,0:05:27.960 စိတ်ကျရောဂါနဲ့ 0:05:27.960,0:05:30.400 ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုတွေလည်း[br]အပါအဝင်ပေါ့ 0:05:30.400,0:05:33.576 ကျွန်မတို့ရဲ့LAဒေသတွင်းကျောင်းများမှ [br]ဆယ်ကျော်သက်များကိုလေ့လာချက်အရ 0:05:33.600,0:05:35.816 ကောင်းကောင်းမအိပ်ရတဲ့ကလေးတွေဟာ 0:05:35.840,0:05:40.040 လွန်ခဲ့တဲ့လက အရက်သေစာသောက်စားမှု[br]၅၅% ပိုများပါတယ် 0:05:41.080,0:05:44.976 အထက်တန်းကျောင်းသား သုံးသောင်းကျော်[br]ပါဝင်ခဲ့တဲ့ အခြားလေ့လာမှုတစ်ခုမှာတော့ 0:05:45.000,0:05:48.576 မအိပ်လိုက်ရတဲ့နာရီတိုင်းဟာ 0:05:48.600,0:05:52.320 ဝမ်းနည်းခြင်း မျော်လင့်ချက်မဲ့ခြင်းကို[br]၃၈% ပိုခံစားစေပြီး 0:05:53.400,0:05:57.280 ကိုယ့်ကိုယ်ကိုအဆုံးစီရင်ရန်ကြိုးစားမှုကို[br]၅၈% ပိုများစေပါတယ် 0:05:58.600,0:06:00.856 ဒါတွေက မလုံလောက်သေးဘူးဆိုရင် 0:06:00.880,0:06:03.416 အိပ်ခွင့်မရတဲ့ကလေးတွေဟာ 0:06:03.440,0:06:07.496 သူများတွေထက်ပိုပြီး ကျွန်မတို့နိုင်ငံရဲ့[br]ကပ်ရောဂါတွေကို ခိုလှုံခွင့်ပေးပါတယ် 0:06:07.520,0:06:11.600 အဲဒါတွေကတော့ အဝလွန်ခြင်း [br]နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေပါ 0:06:12.760,0:06:15.656 နောက်အန္တရာယ်တစ်ခုက[br]အိပ်ရေးမဝတဲ့ကလေးတွေကို 0:06:15.680,0:06:18.216 သူတို့ရဲ့အသစ်စက်စက်[br]ယာဉ်မောင်းလိုင်စင်တွေနဲ့ 0:06:18.240,0:06:19.670 လမ်းပေါ်ပေးတက်ခြင်းပါ 0:06:20.160,0:06:24.656 လေ့လာမှုများအရ တစ်ညမှာ[br]၅ နာရီထက်လျော့အိပ်ခြင်းဟာ 0:06:24.680,0:06:30.360 သတ်မှတ်ထားတဲ့ပမာဏထက်ပိုတဲ့[br]အရက်တွေသွေးထဲမှာရှိနေတာနဲ့တူပါတယ် 0:06:36.200,0:06:38.710 အိပ်ချိန်ပိုရစေမယ့်[br]ကျောင်းစချိန်ကိုထောက်ခံသူတွေနဲ့ 0:06:38.720,0:06:40.776 ဒီပညာရပ်ဆိုင်ရာသုတေသီတွေက 0:06:40.800,0:06:42.976 သိပ္ပံနည်းကျပညာရပ်များစွာနဲ့ 0:06:43.000,0:06:46.896 ကျောင်းစချိန်နောက်ဆုတ်ခြင်းရဲ့[br]ကောင်းကျိုးများစွာကိုပြသထားပြီးကြပါပြီ 0:06:46.920,0:06:49.050 တွေ့ရှိချက်တွေကမငြင်းနိုင်စရာပါ 0:06:49.050,0:06:50.976 အိပ်စက်ခြင်းဆိုင်ရာပညာရှင်တစ်ယောက်အနေနဲ့ 0:06:50.976,0:06:53.680 ကျွန်မဒီလိုအသေအချာပြောလို့ရတဲ့အချိန်[br]ရှားပါတယ် 0:06:55.160,0:06:58.976 ကျောင်းစချိန်နောက်ကျတဲ့ဒေသက[br]ကလေးတွေက အိပ်ချိန်ပိုရကြပါတယ် 0:06:59.000,0:07:02.496 အတိုက်အခံတွေအနေနဲ့ေ[br]ကျောင်းစချိန်နောက်ကျရင် 0:07:02.520,0:07:04.910 ကလေးတွေက ပိုနောက်ကျမှ[br]အိပ်ကြမယ်လို့တွေးမယ်ဆိုရင် 0:07:04.920,0:07:05.992 အမှန်က 0:07:05.992,0:07:08.112 သူတို့ရဲ့အိပ်ချိန်ကအတူတူပါပဲ 0:07:08.160,0:07:10.416 အိပ်ရာထတဲ့အချိန်ကနောက်ဆုတ်သွားတာပါ 0:07:10.440,0:07:12.600 ဒီတော့ပိုအိပ်ရတာပေါ့ 0:07:13.360,0:07:15.736 ဒီကလေးတွေက ကျောင်းတက်ချင်စိတ်ပိုရှိကြတယ် 0:07:15.760,0:07:19.656 ဒေသတစ်ခုမှာ ကျောင်းပျက်နှုန်း[br]၂၅% အထိလျော့ကျသွားတယ် 0:07:19.680,0:07:22.256 ကျောင်းထွက်နှုန်းလည်း နည်းသွားတယ် 0:07:22.280,0:07:25.776 အံ့သြစရာမဟုတ်ပေမဲ့[br]ပညာရေးမှာလည်းတိုးတက်လာပါတယ် 0:07:25.800,0:07:30.536 အဲဒီတော့ ဒီအချက်ဟာ အောင်မြင်မှုကွာဟချက်ကို[br]လျော့ချဖို့ရည်ညွှန်းချက်တစ်ခုပါပဲ 0:07:30.560,0:07:33.256 သချာင်္နဲ့ စာဖတ်စွမ်းရည်ဘာသာရပ်[br]စာမေးပွဲအမှတ်တွေ 0:07:33.280,0:07:35.720 ၂% ကနေ ၃% အထိတက်လာတယ် 0:07:36.320,0:07:41.896 ဒီဟာက အတန်းရဲ့ ကျောင်းသားအရေအတွက်[br]သုံးပုံတစ်ပုံလျော့ချလိုက်တာလောက်စွမ်းပါတယ် 0:07:41.920,0:07:45.096 ဒါမှမဟုတ် စာသင်ခန်းထဲကသာမာန်ဆရာတစ်ယောက်ကို 0:07:45.120,0:07:47.630 အရမ်းထူးချွန်တဲ့ဆရာတစ်ယောက်နဲ့[br]လဲလိုက်တာနဲ့တူပါတယ် 0:07:48.440,0:07:50.976 ကလေးတွေက ကိုယ်ရောစိတ်ပါ ပိုကျန်းမာလာတယ် 0:07:51.000,0:07:53.336 သူတို့ရဲ့မိသားစုတွေလည်း[br]ပိုပျော်ရွှင်လာပါတယ် 0:07:53.360,0:07:58.176 ဆယ်ကျော်သက်လေးတွေရဲ့[br]သာယာချမ်းမြေ့မှုကိုဘယ်သူကမကြိုက်ပဲနေမှာလဲ 0:07:58.200,0:08:00.160 စိတ်အလိုမကျတာဖြစ်တာတွေနည်းလေလေပေါ့ 0:08:00.760,0:08:02.916 သူတို့ရဲ့ ပတ်ဝန်းကျင်လည်း[br]အန္တရာယ်ပိုကင်းလာတယ် 0:08:02.920,0:08:05.456 ယာဉ်တိုက်မှုလျော့ပါးသွားလို့ပါ 0:08:05.480,0:08:08.320 ရပ်ကွက်တစ်ခုမှာ ၇၀% အထိလျော့သွားပါတယ်တဲ့ 0:08:09.400,0:08:11.816 ဒီလိုကြီးမားလှတဲ့[br]ကောင်းကျိုးတွေကိုကြည့်ပြီး 0:08:11.840,0:08:13.176 သင်က 0:08:13.200,0:08:15.896 ဘာစဉ်းစားစရာလိုလဲလို့တွေးနေမယ်ဆိုရင် 0:08:15.920,0:08:20.200 ကျွန်မတို့လူ့အဖွဲ့အစည်းအနေနဲ့[br]ဒီအချက်ကို ဘာကြောင့်မေ့ထားတာလဲ 0:08:21.680,0:08:25.240 များသောအားဖြင့် ကျောင်းစချိန်ကို[br]နောက်ဆုတ်ဖို့ ဆွေးနွေးကြတဲ့အခါ ပြောကြတာက 0:08:26.000,0:08:28.296 “ဆယ်ကျော်သက်တွေအတွက် [br]ဘာကြောင့်နောက်ဆုတ်ပေးရမှာလဲ 0:08:28.320,0:08:31.560 တကယ့်ဘဝအတွက်အဆင်သင့်ဖြစ်အောင်[br]သူတို့ကိုပိုပြီးတင်းကြပ်ရမှာမဟုတ်လား” 0:08:32.200,0:08:35.096 အဲလိုပြောတာက ၂နှစ်အရွယ်ကလေးမိဘကို[br]ဒီလိုပြောတာနဲ့တူတယ် 0:08:35.120,0:08:36.616 “ဂျော်နီ့ကိုပေးမအိပ်နဲ့ 0:08:36.640,0:08:39.056 သူ သူငယ်တန်းတက်ဖို့[br]အဆင်သင့်ဖြစ်မှာမဟုတ်ဘူး” 0:08:39.080,0:08:40.280 (ရယ်မောသံ) 0:08:41.880,0:08:45.776 ကျောင်းစချိန်ကိုနောက်ဆုတ်တာက[br]သွားလာပို့ဆောင်ရေးအတွက်စိန်ခေါ်မှုကြီးပါ 0:08:45.800,0:08:48.176 ကျောင်းသားတွေနဲ့သူတို့မိသားစုတွေအတွက်သာမက 0:08:48.200,0:08:50.576 လူနေမှုပတ်ဝန်းကျင်တစ်ခုလုံးအတွက်ပါ 0:08:50.600,0:08:52.176 ဘက်စကားလိုင်းတွေကိုပြင်ရမယ် 0:08:52.200,0:08:54.256 ပို့ဆောင်ရေးနှုန်းထားတွေမြင့်လာမယ် 0:08:54.280,0:08:55.816 အားကစားသင်တန်းတွေ 0:08:55.840,0:08:58.256 ကျောင်းမစခင်နဲ့ပြီးတဲ့အချိန်[br]စောင့်ရှောက်မှုတွေပါ 0:08:58.280,0:09:02.856 ဒီဟာတွေကဒေသတစ်ခုပြီးတစ်ခု 0:09:02.880,0:09:04.856 ခဏခဏနိုင်ငံတစ်ဝှမ်းမှာ 0:09:04.880,0:09:07.450 ကျောင်းစချိန်နဲ့ပတ်သက်ပြီး[br]ဆွေးနွေးတိုင်းပြောကြတာတွေပါ 0:09:07.960,0:09:09.640 ဒီအရာတွေဟာအမှန်တကယ်ပြဿနာတွေပါ 0:09:10.640,0:09:13.520 ဒါပေမဲ့ကျွန်မတို့ဖြေရှင်းရမယ့်ပြဿနာတွေပါ 0:09:14.120,0:09:16.376 ဆင်ခြေပေးနေလို့မရပါဘူး 0:09:16.400,0:09:19.160 ကျွန်မတို့ကလေးတွေအတွက်[br]မှန်ကန်တဲ့အရာကိုမလုပ်ပေးခြင်းအတွက် 0:09:19.920,0:09:24.800 အလယ်တန်းနဲ့အထက်တန်းကျောင်းတွေ[br]၈ နာရီခွဲထက်ပိုစောပြီး မစဖို့ 0:09:25.760,0:09:27.656 နိုင်ငံတစ်ဝှမ်းကဒေသတွေမှာ 0:09:27.680,0:09:30.296 ကြီးကြီးသေးသေး [br]ဒီအပြောင်းအလဲကိုလုပ်ပြီးတဲ့အခါ 0:09:30.320,0:09:34.096 ဒီစိုးရိမ်မှုတွေဟာအခြေအမြစ်မရှိကြောင်း 0:09:34.120,0:09:38.536 အကျိုးအမြတ်တွေကသာလွန်ကြောင်းတွေ့ရပါတယ်[br]ကျောင်းသားတွေရဲ့ကျန်းမာရေးနဲ့ 0:09:38.560,0:09:40.216 လုပ်ဆောင်ချက်တွေပေါ်မှာပေါ့ 0:09:40.240,0:09:42.820 ပြီးတော့လူထုတစ်ရပ်လုံးရဲ့[br]ဘေးအန္တရာယ်ကင်းရှင်းမှုရောပါ 0:09:44.160,0:09:45.936 ဒီတော့ကာ မနက်ဖြန်မနက် 0:09:45.960,0:09:51.230 တိုက်တိုက်ဆိုင်ဆိုင် ကျွန်မတို့ရဲ့[br]နာရီတွေကို ၁ နာရီ နောက်ဆုတ်နိုင်မယ်ဆိုရင် 0:09:51.760,0:09:56.080 အပို ၁နာရီကို မြိန်မြိန်ယှက်ယှက် [br]အိပ်လိုက်ရတဲ့အခါ 0:09:57.280,0:09:59.240 နေ့တာဟာနည်းနည်းပိုရှည်လာတယ် 0:10:00.080,0:10:02.000 မျော်လင့်ချက်တွေနည်းနည်းပိုများလာတယ် 0:10:02.760,0:10:06.680 အိပ်စက်ခြင်းရဲ့ကြီးမားလှတဲ့စွမ်းရည်ကို[br]တွေးကြည့်လိုက်ပါ 0:10:07.520,0:10:10.096 ပြီးတော့ ဘယ်လာက်ကောင်းတဲ့[br]လက်ဆောင်ဖြစ်မလဲဆိုတာ 0:10:10.120,0:10:14.136 ကျွန်မတို့ကလေးတွေ[br]သဘာဝအတိုင်းအိပ်ရာထနိုင်ပြီး 0:10:14.160,0:10:16.850 သူတို့ရဲ့ဇီဝတရားတွေနဲ့ [br]လိုက်လျောညီထွေနေနိုင်ရင် 0:10:17.400,0:10:18.656 ကျေးဇူးတင်ပါတယ် 0:10:18.680,0:10:19.880 အိပ်မက်လှလှမက်ကြပါစေ