မှန်ထဲမှာ ကျွန်တော် ကြည့်မိတဲ့အခါ ရှရာတွေ၊ အမာရွတ်တွေ၊ ပွန်းပဲ့ဒဏ်ရာတွေ ကျွန်တော့ရဲ့ ၁၂ နှစ်သား လက္ခဏာကိုတွေ့တယ် ဒါပေမဲ့ ဒါက အခု ဖြစ်နေတာ မဟုတ်ခဲ့ဘူး။ နေ့တိုင်း ကျွန်တော် ဖြစ်ခဲ့တာကြောင့် အနိုင်ကျင့်ခံခဲ့ရတယ်။ ကျွန်တော်က ectrodactyly ဆိုတဲ့ ရောဂါနဲ့ မွေးခဲ့တာပါ။ ဒါက လက်တစ်ဖက်စီမှာ လက်ချောင်း လေးချောင်း၊ ခြေတစ်ဖက်စီမှာ ခြေချောင်းနှစ်ချောင်းပါတယ်။ ကျွန်တော့နားထဲမှာ အမွှေးအားလုံး အနေအထားမှန်မှန် မပေါက်ခဲ့ဘူး။ ဒါပေမဲ့ ဒီအရာတွေနဲ့ပတ်သက်တဲ့ အကောင်းဆုံးအရာက နားကြားကိရိယာတွေထဲမှာ ချိတ်ဆက်ထားတဲ့ ဘလူးတုသ်နဲ့ မောင်းနှင်နိုင်တာပါ။ အပျော်သက်သက်အတွက် ပြည့်ကျပ်နေတာပါ။ ကျွန်တော်ဟာ အနီးအနား လျှောက်မောင်းပြီး Spock လုပ်နိုင်တော့ လူတိုင်းကို တွေ့တာက သူတို့တွေ မျက်ကလူဆန်ပျာဖြစ်ပြီး ပြောကြတာက "အိုး၊ မိုက်လှချည်လား။" လူတွေဟာ အနိုင်ကျင့်ခံရတယ်ဆိုတာကို ကိုယ်တိုင် မခံစားရခင်အထိ လုံးဝ မသိခဲ့ဘူး။ "မင်းကိုယ်မင်း သတ်သေလိုက်။" "မင်းက ဒါနဲ့ မတန်ဘူး။" "မင်းဟာ ဉာဏ်နုံတဲ့ကောင်။" ကျွန်တော့ကို ပြောခဲ့တာက သိပ်နာကျင်စရာပါ။ မိမိကိုယ်မိမိ သတ်သေတာဟာ အခု ၁၂ မှ ၁၈ အထိ ဆယ်ကျော်သက်တွေအတွက် နံပါတ်တစ် အကြောင်းပါ။ ဒါက လူတိုင်းကို အတွင်းမှာ နာကျင်စေပေမဲ့ သူတို့ဟာ တစ်ခုခု မလုပ်ကြဘူး။ ကျွန်တော် Young Life camp ကို သွားတဲ့အခါ မိတ်ဆွေသစ်တွေကို တွေ့ချင်ခဲ့တယ်၊ ပိုကောင်းတဲ့ အတွေ့အကြုံတစ်ခု လိုချင်ခဲ့တယ်၊ ဘဝကို ပျော်ရွှင်ခံစားချင်တယ်။ ဒါပေမဲ့ တကယ်ကို အလုပ်မဖြစ်ခဲ့ဘူး။ ဒီတော့ နေတိုင်း ထောင့်မှာ ထိုင်နေခဲ့တယ်။ ဒါပေမဲ့ ဒီတစ်နေ့ကတော့ ကျွန်တော့အတွက် ထူးခြားခဲ့တယ်။ လက်ထဲမှာ ဂစ်တာတစ်လက်နဲ့ ခေါင်းမွှေးပွပွနဲ့ လူတစ်ယောက်ဟာ လူတိုင်းကို အားရပါးရ ပြုံးပြနေတယ်။ သူက လူများစွာပါတဲ့ အုပ်စုထဲမှာရှိနေပြီး သူပြောတာက "ခဏလောက် အချိန်ပေးပါ၊ ဒီကလေးကို စကားပြောမလို့ပါ"တဲ့။ ဒါနဲ့ သူ လုပ်ခဲ့တယ်။ သူက ကျွန်တော်နဲ့အတူ လာထိုင်ပြီး ပြောတာက "ငါလည်း အနိုင်ကျင့်ခံခဲ့ရတယ်။ ငါ ဖြစ်ခဲ့ဖူးတာကြောင့် မိတ်ဆွေတွေ အများကြီးလည်း မရှိခဲ့ဘူး။" ကျွန်တော်တို့ ဒီအကြောင်း ပြောခဲ့ကြတယ်။ အချင်းချင်းမှာ တူညီတဲ့ ရည်စူးမှုရှိတယ်။ ကျွန်တော်တို့ ဘယ်သူတွေဆိုတာ ကျွန်တော်တို့ မသိဘူး။ အမြဲ ကျွန်တော့ကို တစ်ခုခုပြောတယ်။ "ဘာပဲဖြစ်နေဖြစ်နေ မင်း ပြုံးပြဖို့ပဲလိုတယ်။ မင်း ပြုံးပြဖို့ပဲလိုတယ်။ မင်းက လှလို့ပါ။" သူက ဒါကို နေ့တိုင်း ကျွန်တော့ကို ပြောတယ်။ ကျွန်တော့ကို ပိုတွေးမိစေတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က Devin ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်။ ကျွန်တော် ကြေကွဲခဲ့ရတယ်။ ဘာလုပ်ရမှန်း မသိခဲ့ဘူး။ ဒီနေရာမှာ ရှိမနေချင်တော့ဘူး။ Devin ဟာ ကျွန်တော့ဘဝကို တကယ်ပဲ ပြောင်းလဲစေခဲ့တာပါ။ သူ့အသုဘကို သွားပြီးနောက်မှာ ကျွန်တော့စိတ်ထဲ စတွေးမိတာက "ဒါနဲ့ပတ်သက်ပြီး ငါ တစ်ခုခုလုပ်ဖို့လိုတယ်" ဒါက ကျွန်တော့ကိုယ်တွင်းမှာ ဆက်နာကျင်နေတယ်။ တစ်ခုခု မလုပ်နိုင်တာကို တွေးမိတဲ့အခါ ခေါင်းထဲကို ရောက်လာတာက "ပြုံးလိုက်ပါ၊ သင်ဟာ လှပါတယ်။" ချက်ချင်းပဲ ကျွန်တော် လုပ်နိုင်တာကို သိခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး "ပြုံးလိုက်ပါ၊ သင်ဟာ လှပါတယ်" ဆိုတဲ့ ဆိုင်းဘုတ်တစ်ခု ကိုင်နေခဲ့တယ်။ လပေါင်းများစွာ အကြာမှာ ဒါလုပ်ခြင်းကနေ ကျွန်တော့ကို မတားဆီးခဲ့ဘူး။ လူတွေပြောတာက "မင်းက ငတုံးပဲ၊ ဘာလို့ ဒါကို လုပ်နေတာလဲ။ အချိန်အားလုံးကို ဖြုန်းနေတယ်။ အလုပ်တစ်ခု ရအောင်လုပ်ပြီး မင်းဘဝကို ပျော်ရွင်အောင် လုပ်သင့်တယ်။ လမ်းဘေးမှာ ထိုင်နေမယ့်အစား မတ်တတ်ရပ်ပြီး "ပြုံးလိုက်ပါ၊ သင်ဟာ လှပါတယ်"လို့ အမြဲပြောတဲ့ ဆိုင်းဘုတ်ကို ကိုင်ထားတယ်"တဲ့။ တစ်နေ့ ဆိုင်းဘုတ်ကိုင်ပြီး လမ်းဘေးမှာ ကျွန်တော် ရပ်နေခဲ့တယ်။ ဒီလူက ကျွန်တော့ဆီကို လာပြီးပြောတာက "ငါ မင်းရဲ့ သတင်းစကာကို ကြိုက်တယ်။ ငါ့သားလည်း ဒီလို လုပ်ခဲ့တယ်"တဲ့။ သူက သူ့သားဟာ အခြားသူတွေအတွက် အလားတူ လုပ်ခဲ့ပုံကို ပြောခဲ့တယ်။ "ပြုံးလိုက်ပါ၊ သင်ဟာ လှပါတယ်" ဆိုပြီး တစ်ယောက်တည်း ထိုင်နေပြီး ဘဝမှာ ဘာလုပ်ရမှန်း မသိတဲ့ ကောင်မလေးနဲ့ ကောင်လေးတိုင်းအတွက်ပါ။ သူ့သားလည်း ကိုယ့်ကိုယ်ကို သတ်သေခဲ့လို့ ပြောခဲ့တယ်။ ဒါက အထက်ဆီက သူသားဆီက သတင်းစကားလို့ ပြောပြီး ကျွန်တော့လိုပဲ စိတ်မထိန်းနိုင်ဖြစ်သွားတယ်။ အခြားသူတွေကို ကူညီဖို့ ကျွန်တော် တစ်ခုခု လုပ်နေတာက အဓိပ္ပာယ် အများကြီးရှိပါတယ်။ ကျွန်တော် ဆိုင်းဘုတ်ကို ကိုင်ပြီး အခြားလူတွေဟာ ဘာဖြစ်ဖြစ် လှတယ်ဆိုတာကို ပြသဖို့ California ကို သွားခဲ့တယ်။ "ပြုံးလိုက်ပါ၊ သင်ဟာ လှပါတယ်"ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ပြဖို့ Santa Monica၊ Long Beach Warner Brothers Studios ကိုတောင်သွားတယ်။ ဒါဟာ ရူးတာလို့ လူတချို့ ပြောကြပေမဲ့ ကျွန်တော့အတွက် ဘဝရဲ့ အကောင်းဆုံးအချိန်ပါ။ ဒီတော့ လူတိုင်းကို သတိရစေလိုတာက- ပြုံးလိုက်ပါ၊ သင်ဟာ လှပါတယ်" (လက်ခုပ်သံများ)