ကျောင်းမှာ မင်းကို ငွေအကြောင်း ဘာတွေသင်လဲ ဘာမှ မသင်ဘူး.. ဟုတ် ?? ဒါက သူတို့ အမှားမဟုတ်ဘူး မတော်တဆ လုပ်တာလည်း မဟုတ်ဘူး လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားတွေကို အလုပ်မှ အလုပ်ပဲ ဆက်လုပ်နေစေချင်တယ်ဆိုရင် ချမ်းသာတဲ့သူတွေ သိထားတာတွေကို ဘယ်တော့မှ မသင်ပေးပါနဲ့ လူချမ်းသာ မိဘတွေက သားသမီးတွေကို ငွေအကြောင်း သင်ပေးတာတွေရောပေါ့ “ RICH DAD,POOR DAD” စာအုပ်ကို ဖတ်မိရင် RICH DAD ရဲ့ ပထမဆုံး သင်ခန်းစာက ချမ်းသာတဲ့သူတွေက ပိုက်ဆံရဖို့အလုပ်မလုပ်ဘူး မင်းရော ပိုက်ဆံ အတွက် အလုပ်လုပ်မှာလား မင်းကို ငါ ပိုက်ဆံပေးပြီး ခိုင်းရင် မင်းက အလုပ်သမားတစ်ယောက်လို တွေးမှာပဲ နည်းလမ်းပြောင်းပြီး တွေးကြည့်လိုက် ပိုက်ဆံအတွက်ပဲအလုပ်လုပ်တာမဟုတ်ဘူးဆိုရင် မင်း ချမ်းသာပြီ ကနေ့ လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားတွေ ဒုက္ခရောက်နေကြတာက ပိုက်ဆံနောက် လိုက်နေကြလို့ပဲ ငွေရှင်ကြေးရှင်တွေက ငွေအတွက် အလုပ်မလုပ်ဘူး သူတို့မှာ အလုပ်ဖြစ်မဲ့ ပိုက်ဆံတော့ ရှိတယ် ဟုတ်တယ်၊ ဒါပေမဲ့ အဲ့ ၂ခုက မတူဘူး။ "ငွေကြေးဆိုင်ရာ သိနားလည်မှု" ဆိုတာ ဘာပါလဲ