ကျေးဇူးတင်ပါတယ်။ အိန္ဒိယမှာ မဟာရာဇာလို့ခေါ်တဲ့ ဘုရင်တစ်ပါး ရှိပြီး သူ့မွေးနေ့အတွက် အကြီးအကဲအားလုံး ဘုရင်ကြီးကို လက်ဆောင်တွေ ဆက်သရမယ်လို့ အမိန့်ထုတ်ပြန် လိုက်တယ်။ တစ်ချို့က ပိုးထည်အကောင်းစားတွေ၊ တစ်ချို့ က ဆန်းပြားတဲ့ ဓားတွေ ဆက်သကြတယ်။ တစ်ချို့က ရွှေတွေပေါ့။ အတန်းအဆုံးမှာ လှမ်းဝင်လာသူကတော့ ပါးရေတွန့်ချိနေတဲ့ အဖိုးအိုပါ။ ရက်များစွာ ပင်လယ်နားရှိ သူ့ရွာကနေ လမ်းလျှောက်လာခဲ့ရတာပါ။ သူက တက်လာခိုက် ဘုရင့်သားတော်က မေးတာက " ဘုရင်ကြီးအတွက် ဘာယူခဲ့လဲဗျ။" အဖိုးအိုက လက်ကို ဖြေးညှင်းစွာ ဖွင့်ပြလိုက်တော့ ခရမ်း၊ အဝါ၊ အနီ ၊ အပြာရောင်တွေ လဲ့နေတဲ့အရမ်းကို လှပတဲ့ ခရုခွံတစ်ခုပါ၊ ဘုရင့်သားတော်က ပြောတာက "ဒါက ဘုရင်ကိုပေးတဲ့ လက်ဆောင်မဟုတ် ဘူး။ ဘာလက်ဆောင်ပါလိမ့်။" အဖိုးအိုက သူ့ကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်ပြီး ပြောတာက " လျှောက်ခဲ့ရတဲ့ ခရီးက လက်ဆောင်ရဲ့ အပိုင်းတစ်ပိုင်းပါ။" (ရယ်သံများ) ခဏနေရင် ခင်ဗျားတို့ကို ကျွန်တော် လက်ဆောင်တစ်ခုပေးမယ်။ ပျံ့နံ့ထိုက်တဲ့ လက်ဆောင်ပါလို့ ကျွန်တော် ယုံတယ်။ မပေးခင်မှာ ခင်ဗျားတို့ကို လမ်းလျှောက် ခရီးရှည်ကို ခေါ်သွားခွင့်ပြုပါ။ ခင်ဗျားတို့ အများစုလိုပဲ ကလေးလေး အဖြစ်နဲ့ စခဲ့ပါတယ်။ ဘယ်နှစ်ယောက် ကလေးလေးအဖြစ်နဲ့ စခဲ့လဲ။ ငယ်ငယ်လေး မွေးတာလား။ ခင်ဗျားတို့ တဝက်လောက်ပေါ့၊ ရပါတယ်။ (ရယ်သံများ) ကျန်တဲ့သူတွေက ဘာလဲ၊ အရွယ်ရောက်ပြီး မွေးတာလား။ ကောင်လေး၊ မင်းမေမေကို ငါတွေ့ချင်တယ်။ မဖြစ်နိုင်တာ လျှောက်ပြောတယ်။ ကလေးလေးအနေနဲ့ မဖြစ်နိုင်တာတွေ လုပ်ချင်စိတ် အမြဲရှိခဲ့တယ်။ ဒီနေ့ဟာ ကျွန်တော် နှစ်များစွာ စောင့်စားနေတဲ့ နေ့တစ်နေ့ပါ။ အကြောင်းက ဒီနေ့ဟာ ခင်ဗျားတို့ရှေ့မှာ TEDxMaastricht ရှေ့တည့်တည့်မှာ မဖြစ်နိုင်တာလုပ်ဖို့ ကြိုးစားတဲ့နေ့ပါ။ အဆုံးကိုလှစ်ဟရင်း စတော့မှာပါ။ ပြီးတော့ မဖြစ်နိုင်တာဟာ မဖြစ်နိုင်ဘူးဆိုတာကို သက်သေပြမှာပါ။ ပျံ့နှံ့ထိုက်တဲ့ လက်ဆောင်တစ်ခုပေးရင်း အဆုံးသတ်မှာပါ။ ခင်ဗျားတို့ဟာ ဘဝမှာ မဖြစ်နိုင်တာတွေကို လုပ်နိုင်တယ်ဆိုတာ ပြမှာပါ။ ကျွန်တော့ရဲ့ မဖြစ်နိုင်တာလုပ်ဖို့ ရှာဖွေရာမှာ တွေ့မိတာက ကမ္ဘာပေါ်က လူတွေကြားမှာ တူညီတာ နှစ်ခုရှိပါတယ်။ လူတိုင်း ကြောက်တာတွေရှိတယ် လူတိုင်းမှာ အိပ်မက်တွေရှိတယ်။ ကျွန်တော့ရဲ့ မဖြစ်နိုင်တာလုပ်ဖို့ ရှာဖွေရာမှာ ကျွန်တော့ကို မဖြစ်နိုင်တာ လုပ်စေတာမျိုးဖြစ်စေတဲ့ နှစ်ပေါင်းများစွာ လုပ်ဖူးတဲ့ အရာသုံးခု တွေ့ပါတယ်၊ "Trefbal" လို့ခေါ်တဲ့ ဘောလုံးရိုက်တာ၊ Superman ပြီးတော့ ခြင်ပါ။ သော့ချက် စကားလုံး သုံးလုံးပါ ဘဝမှာ မဖြစ်နိုင်တာကို ဘာလို့ ကျွန်တော်လုပ်တာ သိပြီပေါ့။ ဒီတော့ ကျွန်တော့ ခရီး၊ အရှည်လျှောက်တာဆီ ခေါ်သွားမယ်၊ ကြောက်ရွံ့ခြင်းကနေ အိပ်မက်တွေအထိ၊ စကားတွေကနေ ဓားတွေအထိ၊ ဘောလုံး ရိုက်တာကနေ Superman အထိ၊ ခြင်အထိပေါ့။ ဘဝမှာ မဖြစ်နိုင်တာကို ခင်ဗျား ဘယ်လိုလုပ်နိုင်တယ်ဆိုတာ ပြနိုင်ဖို့ မျှော်လင့်ပါတယ်။ အောက်တိုဘာ ၄ ရက် ၂၀၀၇ ခု၊ ကျွန်တော့ ရင်ခုန်နှုန်းက အရမ်းမြန်နေတယ်၊ စင်ပေါ် အတက် ဒူးတွေက တုန်နေတယ်၊ Harvard University က Sanders Theatre မှာ ကျွန်တော် ပြုစုခဲ့တဲ့ "Sword Swallowing..and its Side Effects" ဆေးသုသေသန စာတမ်းအတွက် ၂၀၀၇ ခု ဆေးပညာ Nobel ဆုယူဖို့ပါ။ (ရယ်သံများ) ဒါကို ကျွန်တော် အရင်က တစ်ခါမှ မဖတ်ဖူးတဲ့ စာစောင်လေးဖြစ်တဲ့ British Medical Journal မှာထည့်လိုက်တယ်။ ကျွန်တော့အတွက် ဒါဟာ မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခု အမှန်ဖြစ်လာတာပါ။ ကျွန်တော့လို လူတစ်ယောက်အတွက် မမျှော်လင့်တဲ့ အံ့သြစရာပါ။ ဘယ်တော့မှ မေ့သွားမှာမဟုတ်တဲ့ ဂုဏ်ပြုမှုတစ်ရပ်ပါ။ ဒါပေမဲ့ ကျွန်တော့ ဘဝရဲ့အမှတ်ရစရာ အဖြစ်ဆုံးအပိုင်းတော့ မဟုတ်ပါဘူး။ အောက်တိုဘာ ၄ ရက် ၁၉၆၇ မှာ ကြောက်တတ်၊ ရှက်တတ်၊ ငပိန်ရိုး၊ ငကြောက်လေးဟာ အပြင်းအထန် ကြောက်ရွံ့မှုတွေ ခံစားခဲ့ရတယ်။ သူစင်ပေါ်ကို လှမ်းတက်စဉ်မှာ သူ့နှလုံးခုန် မြန်နေတယ်၊ ဒူးတွေက တုန်နေတယ်။ သူစကားပြောဖို့ ပါးစပ်ဟလိုက်တယ်၊ စကားလုံးတွေက ထွက်မလာဘူး။ မျက်ရည်တွေနဲ့ တုန်ယင်နေတယ်။ ကြောက်စိတ်နဲ့ တုံ့ဆိုင်းနေတယ်။ ပူပန်မှုနဲ့ အေးခဲနေတာပေါ့။ ကြောက်တတ်၊ ရှက်တတ်၊ ငပိန်ရိုး ငကြောက်လေးဟာ အပြင်းအထန် ကြောက်ရွံ့မှုတွေ ခံစားခဲ့ရတယ်။ သူက အမှောင်ကို ကြောက်တယ်၊ အမြင့်ကို ကြောက်တယ်၊ ပင့်ကူတွေ၊ မြွေတွေ ကြောက်တယ်။ ခင်ဗျားတို့ ပင့်ကူတွေ၊ မြွေတွေကို ကြောက်လား အင်း အနည်းငယ်ပါ။ သူက ရေနဲ့ ငါးမန်းတွေကို ကြောက်တယ်၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ သွားဆရာဝန်တွေကို ကြောက်တယ်။ အပ်တွေ ၊ စူးတွေ၊ ချွန်တဲ့ အရာတွေကို ကြောက်တယ်။ ဒါပေမဲ့ အခြားဟာတွေထက် သူ ကြောက်တာက လူတွေပါ။ ကြောက်တတ်၊ ရှက်တတ်၊ ငပိန်ရိုး ငကြောက်လေးက ကျွန်တော်ပါ။ ကျွန်တော် ကျရှုံးတာနဲ့ ပယ်ချခံရတာ ကြောက်ခဲ့တယ်။ မိမိကိုယ်ကို အထင်သေးတာ၊ သိမ်ငယ်စိတ်ပေါ့။ အဲဒီတုန်းက ကိုယ်စာရင်းသွင်နိုင်မှန်း မသိတာ တစ်ခုခု ဆိုတာတောင်ပေါ့. လူမှုရေး ပူပန်မှု ရောဂါပေါ့။ အကြောင်းက ကျွန်တော့ကို အနိုင်ကျင့် သူတွေ စနောက်၊ ရိုက်မှာ ကြောက်ခဲ့လို့ပါ။ ကျွန်တော့ကို လှောင်ပြောင်ပြီး မျိုးစုံ ခေါ်ဖူးတယ်။ သူတို့ရဲ့ သမင်ပွဲတွေမှာ တစ်ခါမှ ပေးမကစားဘူး။ သူတို့ ကျွန်တော့ကို ပေးကစားတဲ့ ကစားနည်းတစ်ခုတော့ ရှိတယ်။ ဘောလုံးရိုက်ပွဲပါ၊ ကျွန်တော်က ဘောလုံးရိုက်တာ မတော်ဘူးလေ။ အနိုင်ကျင့်သူတွေက ကျွန်တော့ အမည်ကိုခေါ်တော့ မော့အကြည့်မှာ ဒီ အလွန်မြန်တဲ့ ဘောလုံးတွေက မျက်နှာကို နာကျင်တာကို တွေ့ရတယ်။ ဘုန်း၊ ဘုန်း၊ ဘုန်း။ ကျောင်းကနေ အိမ်အပြန် နေ့အတော်များများကို မှတ်မိတယ်။ မျက်နှာဟာ ရဲပြီး စပ်ဖျဉ်ဖျဉ်းဖြစ်ခဲ့တယ်၊ နားတွေက ရဲပြီး စပ်ဖျဉ်ဖျဉ်းဖြစ်ခဲ့တယ်၊ မျက်လုံးတွေက မျက်ရည်တွေနဲ့ ပူလောင်နေပြီး သူတို့ စကားလုံးတွေဟာ နားတွေထဲမှာ ပူလောင်နေတယ်။ ဘယ်သူများ ပြောလဲမသိဘူး၊ "တုတ်တွေ၊ ခဲတွေက အရိုးတွေ ကျိုးနိုင်ပေမဲ့ စကားလုံးတွေက ဘယ်တော့မှ မနာဘူး" ဒါ မုသား တစ်ခုပါ။ စကားလုံးတွေဟာ ဓားတစ်လက်လို ဖြတ်နိုင် ဓားရှည် တစ်လက်လို စူးဝင်နိုင်တယ်။ စကားလုံးတွေဟာ မမြင်နိုင်လောက်အောင် နက်ရှိုင်းတဲ့ ဒဏ်ရာတွေ ပေးနိုင်တယ်။ ကြောက်စိတ်တွေ ရှိခဲ့ပြီး စကားလုံးတွေဟာ အဆိုးဆုံး ရန်သူ ဖြစ်ခဲ့တယ်။ ဖြစ်နေဆဲပါ။ ဒါပေမဲ့ အိပ်မက်တွေလည်း ရှိခဲ့တယ်။ . အိမ်ကို ပြန်ပြီး Superman ရုပ်ပြတွေဆီ လွတ်လမ်းရှာတယ်။ Superman ရုပ်ပြတွေ ဖတ်ပြီး Superman လို လူစွမ်းကောင်းဖြစ်ဖို့ အိပ်မက်မက်နေတာပေါ့။ အမှန်တရားနဲ့ တရားမျှတမှုအတွက် တိုက်ခိုက်ချင်ခဲ့တယ်။ လူဆိုးတွေနဲ့ ဂြိုဟ်သားတွေကို တိုက်ခိုက်ချင်တယ်။ ကမ္ဘာပတ်လည် ဝဲပျံကာ အာဂလူသား အစွမ်းရှိတုန်း အသက်တွေ ကယ်ချင်တယ်။ လက်တွေ့ အရာတွေအတွက်လည်း စိတ်ဝင်စားမှု ရှိခဲ့ပါတယ်။ Guinness ကမ္ဘာ့မှတ်တမ်းစာအုပ်နဲ့ Ripley ရဲ့ ယုံချင်ယုံ၊ မယုံချင်နေ ဖတ်တယ်။ Guinness ကမ္ဘာ့မှတ်တမ်းဝင်စာအုပ်နဲ့ Ripley ရဲ့စာအုပ် ဖတ်ဖူးကြလား။ ဒီစာအုပ်တွေကို ကြိုက်တယ်။ စွမ်းဆောင်မှုတွေ လုပ်တဲ့သူတွေတွေ့တယ်။ ဒါ လုပ်ချင်ခဲ့တယ်လို့ ပြောတာပါ။ အနိုင်ကျင့်သူတွေက ကစားပွဲတွေမှာ ကျွန်တော့ကို ပေးမကစားရင် တကယ့်မှော်၊ တကယ့်အစွမ်းတွေ လုပ်ချင်ခဲ့တယ်။ အနိုင်ကျင့်သူတွေ မလုပ်နိုင်တဲ့ တကယ့် မှတ်သားစရာ တစ်ခုခု လုပ်ချင်တယ်။ ကိုယ့်ရည်ရွယ်ချက်နဲ့ တာဝန်ကို ရှာချင်တယ်။ ကိုယ့် ဘဝမှာ အဓိပ္ပါယ်ရှိတာကို သိချင်တယ်။ ကမ္ဘာကို ပြောင်းဖို့ မယုံနိုင်စရာ တစ်ခုခု လုပ်ချင်တယ်။ မဖြစ်နိုင်တာဟာ မဖြစ်နိုင်ဘူး ဆိုတာသက်သေပြချင်တယ်။ ရှေ့ ၁၀ နှစ်သွားကြည့်ပါ။ ကျွန်တော့ ၂၁ နှစ်မြောက်မွေးနေ့မတိုင်မီ သီတင်းပတ်ပါ။ တစ်ရက်တည်းမှာ ဘဝတစ်ခုလုံး ထာဝရ ပြောင်းလဲစေမယ့် ဖြစ်ရပ်နှစ်ခု ဖြစ်ခဲ့တယ်။ အိန္ဒိယတောင်ပိုင်း Tamil Nadu မှာ နေတုန်းပါ၊ သာသနာပြုအဖွဲ့နဲ့ နေနေတာဖြစ်ပြီး ကျွန်တော့ဆရာ၊ မိတ်ဆွေက မေးတာက "Daniel မင်း မသေခင်လုပ်ချင်တာတွေ ရှိလား။" ကျွန်တော်က "မသေခင်လုပ်ချင်တာတွေ၊ ဒါတွေက ဘာတွေလဲဗျ။ သူက ဒါတွေက ဘဝ ရည်မှန်းချက်တွေပေါ့ကွာ။ အိပ်မက်တွေနဲ့ ရည်မှန်းချက်တွေကို ပေါင်းထားတာပါ၊ ဆိုပါစို့ မင်းလုပ်ချင်တာ တစ်ခုခု လုပ်နိုင်တယ်ဆိုရင် သွားချင်တဲ့ တစ်နေရာရာဆိုရင်၊ ဖြစ်ချင်တဲ့ သူတစ်ဦးဆိုရင် ဘယ်သွားမလဲ။ ဘာလုပ်မလဲ။ ဘယ်သူဖြစ်လိမ့်မလဲ။ ကျွန်တော်က "မလုပ်နိုင်ပါဘူးဗျာ။ အရမ်းကြောက်တာ၊ ကြောက်စရာ အများကြီး။" အဲဒီညက ဘန်ဂလို အမိုးပေါ်က ကောက်ရိုးဖျာကို ယူပြီး ကြယ်တွေအောက်မှာ ခင်းလိုက်ကာ လင်းနို့တွေက ခြင်တွေကို ပျံသန်းတိုက်တာ ကြည့်ခဲ့တယ်။ တွေးနိုင်တာဆိုလို့ မသေခင်လုပ်ချင်တာတွေ၊ အိပ်မက်တွေနဲ့ ရည်မှန်းချက်တွေ၊ ဘောလုံးရိုက်တာနဲ့ အနိုင်ကျင့်သူတွေပါ။ နာရီအနည်းငယ်အကြာမှာ နိုးခဲ့တယ်။ နှလုံးခုန် မြန်နေတယ်၊ ဒူးတွေက တုန်နေတယ်။ အဲဒီတုန်းက ကြောက်တာနဲ့ မဟုတ်ဘူး။ တစ်ကိုယ်လုံး သိမ့်သိမ့်တုန်နေတယ်။ နေ့သစ် ငါးရက်လုံး ကိုယ့်ဘဝအတွက် တိုက်ခိုက်ခြင်း အသက်ငင် ချိန်က အသိစိတ်ကနေ ဝင်လိုက်၊ ထွက်လိုက်ပါ။ ဦးနှောက်က ငှက်ဖျား အပူချိန် ၁၀၅ မှာ ပူလောင်နေတယ်။ သတိဝင်ဝင်လာတိုင်း တွေးမိနိုင်တာက မသေခင် လုပ်ချင်တာတွေပါပဲ။ တွေးမိတာက "ဘဝမှာ ငါလုပ်ချင်တာက ဘာလဲ။" ဒါနဲ့ ၂၁ နှစ်ပြည့် မွေးနေ့မတိုင်ခင် ညမှာ ကြည်လင်တဲ့ အခိုက်အတန့်မှာ အသိတရားတစ်ခု ဝင်လာတယ်။ နားလည်လိုက်တာက ဒီ ခြင်ကောင်လေးဟာ Anopheles mosquito ဒီခြင်ကောင်လေးဟာ အလေးချိန် မိုက်ခရို ၅ ဂရမ်မပြည့်တဲ့၊ ဆားပွင့်တစ်ပွင့်လောက် မရှိတာ၊ ဒီခြင်ဟာ ကီလို ၁၇၀၊ ကီလို ၈၀ လူကို ထုတ်နိုင်ရင် သဘောပေါက်တာက ဒါဟာ ကျွန်တော့ ဒြပ်စင်ပုန်းပဲ နောက် သဘောပေါက်တာက မဟုတ်ဘူး၊ ဒါခြင်မဟုတ်ဘူး၊ ခြင်ရဲ့ကိုယ်တွင်းက ကပ်ပါးကောင်လေး၊ Plasmodium Falciparum လူတွေကို တစ်နှစ် သန်းချီ သတ်နေတာပါ။ နောက် သဘောပေါက်တာက မဟုတ်ဘူး၊ ဒီထက်တောင် ပိုသေးတာပါ။ ကျွန်တော့အတွက်တော့ အရမ်းကို ကြီးမားပုံရပါတယ်။ သဘောပေါက်သွားတာက ကြောက်စိတ်က ကိုယ့်ရဲ့ ဒြပ်စင်ပုန်း ကပ်ပါးကောင်က ဘဝတစ်ခုလုံး ကျွန်တော့ကို ချိနဲ့၊ တုံ့ဆိုင်းစေခဲ့တယ်ဆိုတာပါ အန္တရာယ်နဲ့ အကြောက်ကြားက ခြားနားချက်ကို သိကြပါတယ်။ အန္တရာယ်က တကယ်ပါ။ အကြောက်က ရွေးချယ်မှုတစ်ခုပါ။ ကျွန်တော့မှာ ရွေးချယ်မှု တစ်ခုရှိတာ သိလိုက်တယ် အကြောက်ထဲမှာ နေနိုင်ပြီး အဲဒီည ကျရှုံးမှုထဲမှာ သေနိုင်တယ်၊ ဒါမှမဟုတ် ကြောက်စိတ်ကို ချုပ်ငြိမ်းစေနိုင်ပြီး ကိုယ့်အိပ်မက်တွေဆီ ရောက်နိုင်တယ်၊ ဘဝကို ရဲရဲ ရှင်သန်နိုင်တယ်ပေါ့။ သိတဲ့အတိုင်း၊ အသက်ငင်ချိန် ဖြစ်တည်မှုမှာ တစ်ခုခုရှိပြီး သေခြင်းကို ရင်ဆိုင်ခြင်းဟာ တကယ်ပဲ ကိုယ့် ဘဝကို ရှင်သန်ချင်အောင်လုပ်ပေးတယ်။ လူတိုင်း သေတယ်၊ လူတိုင်း တကယ် မရှင်သန်တာကို သိလိုက်တယ်။ ကျွန်တော်တို့ ရှင်သန်တာက သေခြင်းထဲမှာ၊ သိတဲ့အတိုင်း သေဖို့ သင်ယူတဲ့အခါ ရှင်သန်ဖို့ သင်ယူခြင်းပါ။ ဒါနဲ့ ကိုယ့်ဇာတ်လမ်းကို ပြောင်းတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော် မသေချင်ခဲ့ဘူး။ ဒီတော့ ဆုတောင်းလိုက်တာက "ဘုရားသခင်၊ ၂၁ နှစ်မွေးနေ့ထိ နေခွင့်ပေးပါ။ ဘဝကို အကြောက်က စိုးမိုးတာ ခွင့်မပြုတော့ပါဘူး။ အကြောက်ကို ချုပ်ငြိမ်းစေရမယ်။ အိပ်မက်တွေဆီ လှမ်းလိုက်ပါတော့မယ်။ စိတ်သဘောထားကို ပြောင်းချင်ပါတယ်။ ဘဝမှာ မယုံနိုင်စရာ တစ်ခုခု လုပ်ချင်ပါတယ်။ ရည်ရွယ်ချက်နဲ့ ဘဝပေး တာဝန်ကို ရှာချင်ပါတယ် မဖြစ်နိုင်တာဟာ မဖြစ်နိုင်တာကို သိချင်ပါတယ်။ ဒီညက ရှင်ကျန်ခဲ့တာကို မပြောပါဘူး။ ကိုယ်တိုင် ကြံဆတွက်ဆ ကြည့်ကြပါ။ (ရယ်သံများ) ဒါပေမဲ့ ဒီညက ကျွန်တော် ဦးဆုံး လုပ်ချင်တာ ၁၀ ခု စာရင်းလုပ်ခဲ့တယ်။ အဓိက ကမ္ဘာ့တိုက်ကြီးတွေကို လည်ပတ် ချင်တယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကမ္ဘာ့အံ့ဖွယ် ၇ ပါးကိုလည်၊ ဘာသာစကားတွေ တသီကြီး သင်ယူ၊ လူသူကင်းမဲ့တဲ့ ကျွန်းတစ်ခုမှာ၊ သမုဒ္ဒရာထဲက သင်္ဘောတစ်စင်းပေါ်၊ အမေဇုံထဲက အင်ဒီယန်း လူမျိုးစုနဲ့ နေထိုင်၊ ဆွီဒင်က အမြင့်ဆုံးတောင်ထိပ်ကိုတက် ချင်တယ်။ နေထွက်ချိန် ဧဝရက်တောင်ကို မြင်ချင်တယ်၊ Nashville က ဂီတလုပ်ငန်းမှာ အလုပ်လုပ်ချင်တယ်။ ဆပ်ကပ်မှာ အလုပ်လုပ်ချင်ပြီး လေယာဉ်ကနေ ခုန်ချချင်တယ်။ နောက်အနှစ် နှစ်ဆယ်ကျော်မှာ ဒီစာရင်း အများစု ပြီးမြောက်ခဲ့တယ်။ စာရင်းကနေ တစ်ခုဖျက်လိုက်တိုင်း စာရင်းထဲမှာ ၅ ခု၊ ၁၀ ခုထပ်ဖြည့်တော့ စာရင်းက တိုးတိုးနေတော့တယ်။ နောက် ခုနှစ်နှစ်အတွက် Bahamas က ကျွန်းသေးသေးလေး တစ်ကျွန်းမှာ သက်ကယ်တဲလေးထဲ ခုနစ်နှစ်တိုင် နေထိုင်ခဲ့တယ်။ စားဖို့ ငါးမန်းတွေ၊ ငါးလက်ထုံတွေကို မှိန်းထိုးရင်း နံငယ်ပိုင်းတစ်ခုနဲ့ ကျွန်းကလေးမှာ တစ်ယောက်တည်းပေါ့။ ငါးမန်းတွေနဲ့ ရေကူးဖို့ သင်ယူခဲ့တယ်။ အဲဒီကနေ Mexico ကို ပြောင်းခဲ့ပြီး နောက် Ecuador က အမေဇုံ မြစ်ဝှမ်းကို ပြောင်းခဲ့တယ်။ Pujo Pongo Ecudor မှာ လူမျိုးစုတစ်စုနဲ့ နေခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကိုယ့်စာရင်းကနေ ယုံကြည်မှု ရလာခဲ့တယ်။ Nashville ဂီတလုပ်ငန်းကို ပြောင်းခဲ့တယ်၊ ပြီးတော့ Sweden Stockholm ပြောင်းခဲ့ပြီး အဲဒီမှာ ဂီတလုပ်ငန်း လုပ်တယ်။ အဲဒီမှာ အာတိတ်စက်ဝန်းအထက်က Mt. Kebnekaise တောင်ထိပ်ကိုတက်ခဲ့တယ်။ လူရွှင်တော်လုပ်တာ သင်ခဲ့တယ်၊ ဘောလုံးမြှောက်ကစားတာ၊ ကုလားမခြေထောက် လမ်းလျှောက်တာ၊ တစ်ဘီးစက်ဘီးစီးတာ၊ မီးစားတာ၊ ဖန်စတွေ စားတာတွေပေါ့။ ၁၉၉၇ မှာ ဓားမျိုချသူ တစ်ဒါဇင် လျော့လျော့ပဲ ကျန်တော့တယ်လို့ကြားတော့ "ဒါလုပ်ဖို့လိုတယ်" လို့ပြောလိုက်တယ်။ ဓားမျိုချသူ တစ်ယောက်ကို တွေ့ပြီး နည်းတစ်ချို့ မေးခဲ့တယ်။ သူက "ခင်ဗျားကို နည်း ၂ နည်းပေးမယ်၊ တစ်။ ဒါက အင်မတန် အန္တရာယ်များတယ်။ ဒါလုပ်ရင်း လူတွေ သေခဲ့တယ်။ နံပါတ်။ ၂ မကြိုးစားပါနဲ့"တဲ့။ (ရယ်သံများ) ဒါနဲ့ ဒါကို လုပ်ချင်တဲ့စာရင်းထဲ ဖြည့်တယ်။ နေ့တိုင်း တစ်ရက် ၁၀ ကြိမ်ကနေ ၁၂ ကြိမ်ထိ လေးနှစ်တိုင်တိုင် ကျင့်တယ်။ အခု တွက်ကြည့်လိုက်တော့.. ၄ × ၃၆၅ (×၁၂) ဆိုတော့ ၂၀၀၁ ခုနှစ် ပထမဆုံးဓား လည်ချောင်းထဲမထည့်ခင် မအောင်မြင်တဲ့အကြိမ် ၁၃၀၀၀၀ လောက်ပေါ့။ အဲဒီအချိန်အတွင်း ဓားမျိုချရာမှာ ကမ္ဘာ့ ထိပ်တန်း ကျွမ်းကျင်သူဖြစ်ဖို့ လုပ်ချင်တာ သတ်မှတ်လိုက်တယ်။ ဒါနဲ့ စာအုပ်၊ မဂ္ဂဇင်း၊ သတင်စာဆောင်းပါး၊ ဆေးဘက်ဆိုင်ရာ မှတ်တမ်းတိုင်းကို ရှာဖွေပြီး သဘာဝဗေဒ၊ ခန္ဓာဗေဒတွေကို လေ့လာခဲ့တယ်။ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆွေးနွေးခဲ့တယ်၊ ဓားမျိုချသူတွေကို အတူစုပြီး Sword Swallowers Association International ဖွဲ့ကာ Sword Swallowing and its Side Effects ဆိုတဲ့ ၂ နှစ်ကြာ သုသေသနစာတမ်း ပြုစုခဲ့တယ်။ ဒါကို British Medical Journal မှာ ပုံနှိပ်ခဲ့တယ်။ (ရယ်သံများ) ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) ဓားမျိုချတာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာတွေ သိခဲ့ရတယ်။ ဒီည နောက်ပိုင်းကလွဲပြီး ခင်ဗျားတို့ အရင်က မတွေးမိဘူးဆိုတာ သေချာတာတွေပေါ့။ နောက်တစ်ခါ အိမ်ရောက်လို့ အသားတုံးကို ဓားနဲ့ လှီးနေတုန်းမှာ ဒါကို တွေးမိပါလိမ့်မယ်။ ဓားမျိုချတာဟာ အိန္ဒိယမှာ စခဲ့တယ်လို့ သိခဲ့တယ်၊ ကျွန်တော် ၂၀ နှစ်သားတုန်းက အရင်းဆုံး မြင်ဖူးခဲ့တဲ့ ဟောဒီနေရာပေါ့၊ လွန်ခဲ့တဲ့ နှစ် ၄၀၀၀၀ ဘီစီ လောက်ကပေါ့။ လွန်ခဲ့တဲ့ နှစ် ၁၅၀ ကျော်ကနေ ဓားမျိုချသူတွေကို သိပ္ပံနဲ့ ဆေးပညာ နယ်ပယ်တွေမှာ သုံးခဲ့တယ်။ ဂျာမဏီ Freiburg က Dr. Adolf Kussmaul ကနေပြီး ၁၈၆၈ မှာ ခိုင်ခံတဲ့ ကိုယ်တွင်းအင်္ဂါကြည့် မှန်ပြောင်း တွင်ရာမှာ အကူရဖို့ပါ။ ၁၉၀၆ မှာ ဝေလနယ်မှာ နှလုံးခုန်နှုန်းတိုင်းကိရိယာပါ၊ မျိုချခြင်း ရောဂါတွေ၊ အစာချေခြင်း၊ လေပြွန်ကြည့် ကိရိယာ အဲဒါမျိုးတွေကို လေ့လာဖို့ပါ။ ဒါပေမဲ့ နှစ် ၁၅၀ ကျော်ကာလမှာ ရာချီတဲ့ ဒဏ်ရာရမှုတွေ၊ ဒါဇင်ချီတဲ့ သေဆုံးမှုတွေ သိရပါတယ်။ ဒါက Dr. Adolf Kussmaul ထွင်ခဲ့တဲ့ ခိုင်ခံ့ တဲ့ ကိုယ်တွင်းအင်္ဂါကြည့် မှန်ပြောင်းပါ။ ဒါပေမဲ့ သိလိုက်ရတာက နှစ် ၁၅၀ ကျော်မှာ လန်ဒန်က သူ့နှလုံးကို ဓားစိုက်သွားတဲ့ ဓားမျိုသူ အပါအဝင် သေဆုံးသူ ၂၉ ဦးရှိတာပါ။၊ သိရသေးတာက နှစ်စဉ် ၈ ခုမှ ၃ ခုလောက် ပြင်းထန်တဲ့ ဓားမျိုချခြင်း ဒဏ်ရာတွေရှိတာပါ။ ကျွန်တော်သိရတာက ဖုန်းခေါ်တာ ရလို့ပါ။ အခုလေးပဲ နှစ်ခုရပါတယ်။ တစ်ခုက Sweden က၊ တစ်ခုက Orlando က ပြီးခဲ့တဲ့ သီတင်းပတ်တွေကပါ။ ဒဏ်ရာတွေနဲ့ ဆေးရုံရောက်နေတဲ့ ဓားမျိုချသူတွေဆီကပါ။ ဒီတော့ အင်မတန် အန္တရာယ်များပါတယ်။ အခြားသိလိုက်တာတစ်ခုက ဓားမျိုချခြင်းမှာ လူအများအတွက် ဓားတစ်လက်ကို မျိုချတတ်ဖို့ ၂ နှစ်ကနေ ၁၀ နှစ်ထိ အချိန်ယူရတာပါ။ ဒါပေမဲ့ သိလိုက်ရတဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး တွေ့ရှိမှုက ဓားမျိုချသူတွေ မဖြစ်နိုင်တာကို လုပ်ဖို့ သင်ယူပုံပါ။ လျှို့ဝှက်ချက်ကလေး တစ်ခုပေးပါ့မယ်၊ မဖြစ်နိုငိတဲ့ ၉၉.၉၉% ကို အာရုံမစိုက်ပါနဲ့။ ဖြစ်နိုင်တဲ့ ၀.၁% ကိုပဲ အာရုံစိုက်ပြီး ဘယ်လိုဖြစ်အောင်လုပ်မလဲ တွေးဆပါ။ အခု ဓားမျိုချသူတစ်ယောက်ရဲ့ စိတ်ထဲက ခရီးကို ခေါ်သွားပါရစေ။ ဓားတစ်လက်မျိုချဖို့ ရုပ်ကို ကျော်လွန်တဲ့ စိတ် ကမ္မဋ္ဌာန်း၊ ထက်မြက်တဲ့ သမာဓိ၊ အပ်ကျတဲ့တိကျမှုနဲ့ လိုပါတယ်။ ကိုယ်တွင်း အင်္ဂါတွေကို ခွဲထားနိုင်ဖို့ အလိုလျောက် ခန္ဓာ တုံ့ပြန်မှုတွေကို ကျော်လွှားဖို့ပါ။ အကြိမ် ၁၀၀၀၀ ကျော် တမင်တကာ လေ့ကျင့်မှုအားဖြင့် ကျားကန်ပေးတဲ့ ဦးနှောက် သံခိပ်ကနေ၊ အထပ်ထပ် ကြွက်သား မှတ်ဉာဏ်ကနေပါ။ အခု ဓားမျိုချသူရဲ့ ကိုယ်တွင်း ခရီးလေး တစ်ခုကို၏ခေါ်သွားပါရစေ။ ဓားတစ်လက်မျိုချဖို့ ဓားသွားကို လျှာပေါ်မှာ လျှောချရပါတယ်။ အစာပြွန်ခေါင်းထဲက အဆို့ အလိုလိုတုန့်ပြန်မှုကို ချုပ်တည်း၊ အသံအိုးဖုံးဆီကို ၉၀ ဒီဂရီ လှည့်ချ လမ်းကြောင်း အစာပြွန် ကြွက်သားစု အပေါ်ဘက် လည်ချောင်းပိုင်းကို ဖြတ်ပြီး ကြွက်သား တုံ့ပြန်မှုကို ချုပ်ကာ ဒါးသွားကို အဆုတ်နှစ်ခုကြားက ရင်ခေါင်းထဲကို လျှောချတာပါ။ ဒီနေရာမှာ နှလုံးကို တကယ်ကို ဘေးဘက်တွန်းဖယ်ရပါတယ်။ သေသေချာချာ ကြည့်ရင် နှလုံးဟာ ဓားနဲ့အတူ ခုန်တာကို တွေ့နိုင်တယ်၊ အကြောင်းက ဓားက နှလုံးကို မှီထားရင်း အစာပြွန်တစ်ရှူးနဲ့ တစ်လက်မရဲ့ ရှစ်ပုံတစ်ပုံ ကွာနေလို့ပါ။ ဒါက အယောင်ဆောင်လို့ မရတဲ့ဟာပါ။ ဒီနောက် ရင်ညွှန့်ရိုးအောက်ပိုင်း အစာပြွန် ကြွက်သားစုကိုဖြတ်ပြီး ဝမ်းဗိုက် အောက်ကို လျှောချရပါတယ်။ အူသိမ်လမ်းတစ်လျှောက် ဗိုက်ထဲက အဆို့ အလိုလိုတုံ့ပြန်မှုကို ချုပ်တည်းတယ်။ အလွယ်လေးပါ။ (ရယ်သံများ) ဒီထက်ပိုသွားမယ်ဆိုရင် ဥပြွန်တစ်လျှောက်ကိုပါ၊ (ဒတ်ခ်ျ) ဥပြွန်နော်၊ ကိုယ့်လူတို့ ခင်ဗျားတို့ မိန်းမတွေကို ဒီအကြောင်း နောက်မှမေးနိင်ပါတယ်။ လူတွေက မေးတာ၊ ပြောတာက "ကိုယ့်အသက်ကိုစွန့်ဖို့၊ နှလုံးကို တွန်းဖယ်ပြီး ဒါကို မျိုချဖို့သတ္တိ အတော် ရှိရမှာနော်။" မဟုတ်တာ၊ ဘယ်ကလာ သတ္တိရှိရမှာလဲ၊ ဒီလောက်ကြောက်တဲ့၊ ရှက်တဲ့၊ ငပိန် ငကြောက်လေး၊ ကျရှုံးနဲ့ ငြင်းပယ်ခြင်းကို စွန့်စားဖို့၊ နှလုံးတင်းခံနိုင်ဖို့၊ မာနကိုမျိုချပြီး သူစိမ်းသက်သက်တွေ တစ်သိုက်ရှေ့မှာ မတ်တပ်ရပ်ပြီး သူ့ရဲ့ ကြောက်စိတ်နဲ့ အိပ်မက်တွေအကြောင်းပြောဖို့၊ ယိုဖိတ်နေတဲ့ ကလီစာတွေ တကယ်ရော၊ တင်စားတာရော အရဲ့စွန့်ဖို့ဆိုတာလေ။ မြင်တယ်နော်၊ ကျေးဇူးပါ။ (လက်ခုပ်သံများ) မြင်တဲ့အတိုင်း တကယ့် အံ့သြစရာက ကျွန်တော်က ဘဝမှာ မှတ်သားလောက်တာတွေ အမြဲလုပ်ချင်ခဲ့တာလေ၊ အခုဖြစ်ပြီလေ။ ဒါပေမဲ့ တကယ့်မှတ်သားစရာက ဓားကို ချက်ချင်း မျိုချနိုင်တာ Ripley ရဲ့ ယုံချင်ယုံ၊မယုံချင်နေအတွက် ရေအာက် ပေ ၂၀ က ငါးမန်း ၈၈ ကောင် ငါးထုံတွေရှိတဲ့ တိုင်ကီထဲမှာတို့၊ အပူချိန် ၁၅၀၀ ဒီဂရီ ရဲရဲနီအောင် အပူ ပေးထားတဲ့ Stan Lee ရဲ့ အာဂလူသားတွေ သံမဏီလူသားအဖြစ်၊ ဒီလောက်နုံတဲ့ အပူခံသူအတွက်၊ Ripley (သို့) Guinness အတွက် ကားကို ဓားနဲ့ဆွဲတာတို့၊ America's Got Talent မှာ ဗိုလ်လုပွဲတက်ဖို့အတွက် ဆေးပညာ Ig Nobel Prize ရဖို့အတွက် မဟုတ်ပါဘူး နိုး၊ ဒါက တကယ့် မှတ်သားစရာ မဟုတ်ပါဘူး။ ဒါက လူတွေထင်တာပါ။ မဟုတ်ရပါဘူးဗျာ။ တကယ့် မှတ်သားလောက်တာက ဒီလောက် ကြောက်တတ်၊ ရှက်တတ်၊ ငပိန်ရိုး ငကြောက်လေးကို၊ အမြင့်ကို ကြောက်သူ၊ ရေနဲ့ ငါးမန်းတွေကို ကြောက်သူ၊ ဆရာဝန်တွေ၊သူနာပြုတွေ၊ အပ်နဲ့ ချွန်တာတွေနဲ့ လူတွေကို စကားပြောဖို့ကို ကြောက်သူ၊ ဘုရာသခင်က ခေါ်ယူပြီး ပေ ၃၀၀၀၀ အမြင့် ကမ္ဘာတစ်ခွင်မှာ ဝဲပျံစေတာ၊ ရေအောက် ငါးမန်းကန်တွေမှာ ချွန်တဲ့ အရာတွေကို မျိုချစေတာ ဆရာဝန်၊ သူနာပြု၊ ကမ္ဘာတစ်ခွင်က ခင်ဗျား တို့လို ပရိတ်သတ်ကို စကားပြောစေတာပါ။ ဒါက ကျွန်တော့အတွက် တကယ့် အံ့စရာပါ။ ကျွန်တော် အမြဲ မဖြစ်နိုင်တာလုပ်ချင်တယ်။ ကျေးဇူးပါ။ (လက်ခုပ်သံများ) ကျေးဇူးပါ။ (လက်ခုပ်သံများ) ကျွန်တော် အမြဲ မဖြစ်နိုင်တာ လုပ်ချင်တာ၊ အခုဖြစ်ပြီလေ။ ဘဝမှာ မှတ်သားလောက်တာ တစ်ခုခု လုပ်ပြီး ကမ္ဘာကြီးကို ပြောင်လဲချင်တာ အခုဖြစ်ပြီလေ။ အာဂလူသား အစွမ်းတွေပြပြီး အမြဲ ကမ္ဘာပတ် ဝဲပျံ၊ အသက်တွေကို ကယ်ချင်တာ အခု ဖြစ်ပြီလေ။ ဘာဆိုတာ သိပါသလားဗျာ။ ကလေးလေးရဲ့ အိပ်မက်ကြီးက နက်ရှိုင်းတဲ့ အတွင်းဘက်က အစိတ်အပိုင်းလေး ရှိပါသေးတယ်။ (ရယ်သံများ) (လက်ခုပ်သံများ) သိတဲ့အတိုင်း၊ ကျွန်တော်က အမြဲ ရည်ရွယ်ချက်နဲ့ ဘဝပေး တာဝန်ကို ရှာချင်ခဲ့တာ၊ အခုတွေ့ပြီ။ ဒါပေမဲ့ ဘာဆိုတာမှန်းကြည့်ပါ။ ဒါက ဓားတွေနဲ့ မဆိုင်၊ ခင်ဗျားတို့ ထင်တာမဟုတ်၊ ခွန်အားတွေ မဟုတ်ဘူး။ တကယ်က ကျွန်တော့ အားနည်းချက်ပါ၊ စကားလုံးတွေပါ။ ကျွန်တော့ ရည်ရွယ်ချက်နဲ့ တာဝန်က ကြောက်စိတ်ကို ဖြတ်တောက် ကမ္ဘာကို ပြောင်းလဲဖို့ပါ။ တစ်ခါ ဓားတစ်လက်၊ တစ်ခါ ဓားတစ်လက်ပေါ့။ တစ်ခါ ဓားတစ်လက်၊ တစ်သက် တစ်ခါပေါ့။ လူတွေကို အာဂလူသားတွေဖြစ်ဖို့ ဘဝမှာ မဖြစ်နိုင်တာတွေ လုပ်ဖို့ စေ့ဆော်ဖို့ပါ။ ရည်ရွယ်ချက်က သူများရဲ့ ရည်ရွယ်ချက်ကို ကူရှာပေးဖို့ပါ။ ခင်ဗျားတို့ ဟာက ဘာလဲ။ ရည်ရွယ်ချက်က ဘာလဲ။ ဘာလုပ်ဖို့ ခင်ဗျားကို ဒီမှာ ထည့်လိုက်တာလဲ အားလုံးကို အာဂလူသားတွေဖြစ်ဖို ခေါ်တာလို့ ယုံတယ်။ ခင်ဗျားတို့ရဲ့ မဟာအင်အားက ဘာလဲ။ ၇ ဘီလီယံကျော်ရှိတဲ့ ကမ္ဘာ့လူဦးရေအနက် ကျန်နေတဲ့ ဓားမျိုချသူတွေဟာ ယနေ့ ကမ္ဘာ တစ်ခွင်မှာ ဒါဇင် မပြည့်ပါဘူး။ ဒါပေမဲ့ ခင်ဗျား ပဲရှိပါတယ် ခင်ဗျားဟာ ပြိုင်ဖက်ကင်း ခင်ဗျားရဲ့ ဇာတ်လမ်းကဘာလဲ။ ဘာက ခင်ဗျားကို ထူးခြားစေတာလဲ။ ခင်ဗျားရဲ့ ဇာတ်လမ်းကို ပြောပါ ခင်ဗျား အသံက တိမ်ပြီး တုန်ယင်နေတာတောင်ပါ။ လုပ်ချင်တဲ့ စာရင်းကဘာလဲ။ တစ်ခုခုလုပ်နိုင် တစ်ဦးဦးဖြစ်နိုင် တစ်နေရာသွားနိုင်ရင် ဘာလုပ်မှာလဲ။ ဘယ်သွားမှာလဲ။ ဘာလုပ်မှာလဲ။ ဘဝမှာ ဘာလုပ်ချင်လဲ။ အိပ်မက်ကြီးတွေက ဘာတွေလဲ။ ကလေးတုန်းက အိပ်မက်ကြီးတွေက ဘာတွေလဲ။ ပြန်တွေးကြည့်ပါ။ ဒါမဟုတ်ခဲ့တာ သေချာတယ်၊ ဟုတ်တယ်နော်။ ခင်ဗျားတို့ သိပ်ထူးဆန်းပြီး သိပ်မှိန်တယ်လို့ ထင်တဲ့ အရူးမူးဆုံးအိပ်မက်တွေက ဘာတွေလဲ။ နောက်ဆုံး ခင်ဗျားတို့အိပ်မက်တွေကို သိပ် ထူးဆန်းတဲ့ပုံ မပေါက်စေတာ သေချာတယ်။ ခင်ဗျားရဲ့ ဓားကဘာလဲ။ အားလုံးမှာ ဓားတစ်လက်စီရှိပါတယ်။ အကြောက်နဲ့ အိပ်မက်တွေရဲ့ နှစ်ဘက်သွားဓားပါ ဓားကိုမျိုချပါ၊ ဘာဖြစ်ဖြစ်ပေါ့ဗျာ။ အိပ်မက်တွေနောက်ကို လိုက်ကြပါ ပရိတ်သတ်ကြီး ကိုယ်ဖြစ်စ်ချင်တာ ဘာဖြစ်ဖြစ် သိပ်နောက်မကျသေးပါဘူး။ ဘောလုံးတွေနဲ့ အနိုင်ကျင့်သူတွေ၊ ကျွန်တော်ဟာ မဖြစ်နိုင်တာ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့ တွေးမိတဲ့ ကလေးတွေအတွက် သူတို့ကို ပြောစရာတစ်ခုပဲရှိပါတယ်။ ကျေးဇူးပါ။ အကြောင်းက လူဆိုးတွေသာမရှိခဲ့ရင် အာဂသူရဲကောင်းတွေ ရှိမှာမဟုတ်ဘူးလေ။ ဒီမှာ ကျွန်တော်ကရှိတာက ဖြစ်နိုင်ဘူးဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူးလို့ သက်သေထူဖို့ပါ။ ဒါက အင်မတန် အန္တရာယ်များပါတယ်။ ကျွန်တော် သေနိုင်ပါတယ်။ နှစ်သက်မယ်လို့ မျှော်လင့်ပါတယ် (ရယ်သံများ) ဒါကတော့ ခင်ဗျားတို့ အကူအညီလိုတယ်။ တစ်၊ ပရိတ်သတ်။ နှစ်၊ သုံး။ Dan Meyer: (နိုး) ရေတွက်တဲ့အပိုင်းက ခင်ဗျားတို့ အကူလိုတယ်။ အားလုံး အိုကေ။ (ရယ်သံများ) စကားလုံးတွေ သိရင်ဗျာ၊ အိုကေ၊ ကျွန်တော်နဲ့ လိုက်ရေပါ။ တစ်၊ နှစ်၊ သုံး၊ နိုး၊ နှစ်လေ၊ ခင်ဗျားတို့သိပါတယ်။ ပရိတ်သတ်၊ တစ် နှစ်၊ သုံး၊ (ပင့်သက်ရှိုက်ခြင်း) (လက်ခုပ်သံများ) DM: ရေး။ (လက်ခုပ်သံများ၊ သြဘာသံများ) ကျေးဇူးအများကြီးတင်ပါတယ်။ (ကျေးဇူးပါ။) လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်ပါတယ်။ တကယ် ကျေးဇူးပါ။ ဗိုက်ထဲကကို ကျေးဇူးတင်ပါတယ်။ ဒီကိုလာပြီး မဖြစ်နိုင်တာလုပ်ဖို့လို့ ပြောခဲ့တယ်၊ အခု ပြီးပြီလေ။ ဒါပေမဲ့ ဒါမဖြစ်နိုင်ဘူးဗျ၊ ကျွန်တော် နေ့တိုင်းလုပ်တာလေ။ မဖြစ်နိုင်တာက ကြောက်တတ်၊ ရှက်တတ်၊ ငပိန် ငကြောက်လေးက အကြောက်ကို ရင်ဆိုင်ဖို့၊ ဟောဒီက TEDx စင်ပေါ်တက်ရပ်ပြီး ကမ္ဘာကြီးကို ပြောင်းလဲဖို့ပါ၊ တစ်ခါကို တစ်ခွန်းပေါ့။ တစ်ခါကို တစ်ခွန်း၊ တစ်သက်ကို တစ်ခါပါ။ ခင်ဗျားတို့ကို နည်းသစ်တွေ တွေးစေတယ်ဆိုရင်၊ မဖြစ်နိုင်တာဟာ မဖြစ်နိုင်ဘူးဆိုတာကို ယုံကြည်စေတယ်ဆိုရင် ခင်ဗျားတို့ဘဝမှာ မဖြစ်နိုင်တာလုပ်နိုင်တယ် ဆိုတာကို သဘောပေါက်စေတယ်ဆိုရင် ကျွန်တော့အလုပ်က ပြီးပါပြီ၊ ခင်ဗျားတို့အလုပ်ကတော့ နိဒါန်းပါ။ အိပ်မက်မက်တာကို မရပ်လိုက်ပါနဲ့၊ ယုံကြည်တာကို မရပ်လိုက်ပါနဲ့။ ယုံကြည်ပေးတဲ့အတွက်၊ အိပ်မက် အပိုင်းအစ ဖြစ်တာပေးတဲ့အတွက်ကျေးဇူးပါ။ ဒီမှာ ကျွန်တော့ လက်ဆောင်ပါ။ မဖြစ်နိုင်တာဟာ... ပရိတ်သတ်။ မဖြစ်နိုင်ပါဘူး။ လက်ဆောင်ရဲ့ ခရီးရှည်အပိုင်းပေါ့။ (လက်ခုပ်သံများ) ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) (သြဘာသံများ) အစီအစဉ်မှူး၊ ကျေးဇူးပါ၊ Dan Meyer ။