WEBVTT 00:00:04.566 --> 00:00:07.670 အားလုံးကို နှုတ်ဆက်ပါတယ်၊ ကျွန်တော့အမည်က Thomas Suarez ပါ။ 00:00:08.337 --> 00:00:11.601 ကျွန်တော်ဟာ အမြဲတမ်းပဲ ကွန်ပျူတာများ နှင့် နည်းပညာတွေကို စိတ်ဝင်စားခဲ့ပါတယ်၊ 00:00:11.628 --> 00:00:13.659 iPhone၊ iPod Touch၊ နှင့် iPad တို့အတွက် 00:00:13.680 --> 00:00:15.315 အက်ပ်အချို့ကိုတောင် ပြုစုခဲ့ပါတယ်။ 00:00:15.336 --> 00:00:17.599 ဒီနေ့ နှစ်ခုလောက်ကို ခင်ဗျားတို့ကို မိတ်ဆက်ပေးချင်ပါတယ်။ 00:00:18.344 --> 00:00:22.251 ကျွန်တော်ရဲ့ ပထမဦးဆုံး အက်ပ်က တမူထူးတဲ့ ဗေဒင် ဟောဆရာ Earth Fortune ဆိုတာပါ၊ 00:00:22.282 --> 00:00:24.911 ခင်ဗျားတို့ရဲ့ အနာဂတ်ကို လိုက်ပြီး အဲဒါဟာ ကမ္ဘာကြီးကို 00:00:24.937 --> 00:00:27.593 အရောင် အမျိုးမျိုးဖြင့် ပြသပေးပါတယ်။ 00:00:27.662 --> 00:00:30.280 ကျွန်တော့ အကြိုက်ဆုံး နဲ့ အအောင်မြင်ဆုံး အက်ပ်က 00:00:31.126 --> 00:00:34.232 Bustin Jieber ပါ- (ရယ်မောသံများ) - 00:00:34.253 --> 00:00:37.253 အဲဒါက Justin Bieber Whac-A-Mole လေ။ 00:00:38.517 --> 00:00:41.828 ကျောင်းထဲက လူတော်တော်များများက Justin Biebe မကြိုက်ခဲ့ကြလို့ 00:00:41.849 --> 00:00:44.138 ကျွန်တော်က သူ့ကို 00:00:44.159 --> 00:00:46.735 အက်ပ်အဖြစ် လုပ်ရန် ဆုံးဖြတ်ခဲ့တာပါ။ 00:00:47.655 --> 00:00:49.772 အဲဒါနဲ့ ကျွန်တော်ဟာ အဲဒါကို ပရိုဂရမ် ရေးဆွဲလာလိုက်တာ 00:00:49.793 --> 00:00:52.793 ၂၀၁၀ ခုနှစ် ကျောင်းပိတ်ရက် မတိုင်မီမှာ ဖြန့်ချိနိုင်ခဲ့ပါတယ်။ 00:00:53.890 --> 00:00:57.213 လူတော်တော်များများက မင်းဒါတွေကို ဘယ်လိုများ လုပ်နိုင်တာလဲ? မေးကြတယ်။ 00:00:57.635 --> 00:01:00.545 အဲဒီလို မေးကြတဲ့ လူတွေဟာ မကြာခဏဆိုသလို သူတို့ကိုယ်တိုင်ကလည်း 00:01:00.566 --> 00:01:02.628 အက်ပ်ကို ထုတ်လုပ်ချင်ကြလို့ မေးကြတာပါ။ 00:01:02.653 --> 00:01:05.456 ဒီခေတ်မှာ ကလေးငယ် အများတို့ဟာ ဂိမ်းတွေကို ကစားချင်ကြတယ်၊ 00:01:05.813 --> 00:01:07.872 အခုတော့ သူတို့ဟာ ဂိမ်းတွေကို ပြုလုပ်ချင်ကြတယ်၊ 00:01:07.893 --> 00:01:09.393 အဲဒါဟာ ခဲယဉ်းပါတယ်၊ 00:01:09.414 --> 00:01:12.243 ကလေး အများအပြားတို့ဟာ ပရိုဂရမ် ရေးဆွဲဖို့အတွက် 00:01:12.343 --> 00:01:14.398 ဘယ်သွားရမှန်း မသိကြလို့ပါ။ 00:01:14.419 --> 00:01:16.789 ဘောလုံးကစားချင်ရင် ဘောလုံး အသင်းထဲ သွားလို့ ရနိုင်တယ်။ 00:01:16.821 --> 00:01:19.618 တယော တီးချင်ရင် တယောတီး သင်ခန်းစာကို သွားယူနိုင်တယ်။ 00:01:19.838 --> 00:01:21.898 ဒါပေမဲ့ အက်ပ် တခုခုကို ပြုလုပ်ချင်ရင်ကော? 00:01:21.926 --> 00:01:24.474 အဲဒီ ကလေးတွေရဲ့ မိဘတွေက သူတို့ ငယ်စဉ်တုန်းက 00:01:24.495 --> 00:01:26.583 အဲဒီလို အရာတွေကို ပြုလုပ်ခဲ့ကြတာ ဖြစ်နိုင်ပေမဲ့၊ 00:01:26.583 --> 00:01:29.482 အက်ပ်တွေကို ပြုစုခဲ့ကြတဲ့ မိဘတွေကတော့ မများနိုင်ပါ။(ရယ်မောသံများ) 00:01:30.152 --> 00:01:32.600 ဒီတော့ အက်ပ်ကို ပြုလုပ်ချင်ရင် ဘယ်မှာသွားပြီး ရှာရမှာလဲ? 00:01:32.621 --> 00:01:35.621 ကောင်းပြီ၊ ကျွန်တော် လုပ်ကိုင်ခဲ့ပုံကို ပြောပြမယ်။ ကျွန်တော် လုပ်ခဲ့တာက ဒီလိုပါ။ 00:01:35.729 --> 00:01:38.195 ပထမဦးဆုံး အနေနဲ့၊ ကျွန်တော်ဟာ ပရိုဂရမ်တွေကို ရေးဆွဲလာခဲ့လျက် 00:01:38.195 --> 00:01:42.373 ပရိုဂရမ် ရေးသားရေး အခြေခံတွေ သိလာရဖို့ ဘာသာစကားအမျိုးမျိုး 00:01:42.472 --> 00:01:45.472 Python၊ C၊ Java၊ စတာတွေကို လေ့လာနေခဲ့တယ်။ 00:01:46.968 --> 00:01:49.495 အဲဒီနောက်မှာ Apple က iPhone ကို ထုတ်ရောင်းလာရာ 00:01:49.516 --> 00:01:52.397 အဲဒါနဲ့အတူ iPhone ဖွံ့ဖြိုးရေး ဆော့ဝဲ တစုံပါလာတယ်၊ 00:01:52.418 --> 00:01:56.090 အဲဒီ ဖွံ့ဖြိုးရေး ဆော့ဝဲ အစုံထဲမှာ iPhone အက်ပ်တွေကို 00:01:56.111 --> 00:01:59.111 ဖန်တီးရန် နဲ့ ပရိုဂရမ် ရေးဆွဲရေး ကိရိယာတွေ ပါရှိပါတယ်။ 00:02:00.094 --> 00:02:03.094 အဲဒါဟာ ကျွန်တော့အတါက် အလားအလာ အသစ်တွေရဲ့ ကမ္ဘာကြီးကို ဖွင့်ပေးလိုက်ပါတယ်၊ 00:02:03.417 --> 00:02:06.933 အဲဒီ ဆော့ဝဲ ပစ္စည်းတွေနဲ့ နဲနဲလေး ကစားကြည့်ပြီးတဲ့ နောက်မှာ၊ 00:02:06.954 --> 00:02:09.954 အက်ပ် နှစ်ခုလောက်ကို ထုတ်လုပ်ခဲ့တယ်၊ စမ်းသပ်ရေး အက်ပ် အချို့ကို ပြုလုပ်ခဲ့တယ်။ 00:02:10.205 --> 00:02:12.972 အဲဒါ တခုက Earth Fortune ဆိုတာ ဖြစ်လာတယ်။ 00:02:12.993 --> 00:02:15.816 အဲဒီ Earth Fortune ကို ကျွန်တော်ဟာ App Store မှာ တင်ဖို့ အသင့်ရှိလာလို့ 00:02:15.837 --> 00:02:20.168 ကျွန်တော့ အက်ပ်ကို App Store မှာ တင်ပေးဖို့ ပေးရမယ့် 00:02:20.189 --> 00:02:22.704 အခ ၉၉ ဒေါ်လာကို ပေးဖို့ မိဘတွေကို စည်းရုံးခဲ့ရပါတယ်။ 00:02:22.927 --> 00:02:25.927 သူတို့က သဘောတူလိုက်ကြလို့ အခုဆိုရင် ကျွန်တော့ အက်ပ်တွေ App Store မှာ ရှိနေပြီ။ 00:02:27.321 --> 00:02:29.634 ကျွန်တော့ကို ကျွန်တော့ မိသာစု၊ မိတ်ဆွေများ၊ ဆရာများ၊ 00:02:29.655 --> 00:02:31.594 ပြီးတော့ Apple Store မှ လူတွေမှအစ 00:02:31.615 --> 00:02:33.428 အားလုံးတို့က အကြီးအကျယ်ကို အားပေးခဲ့ကြတာဟာ 00:02:33.449 --> 00:02:35.708 ကျွန်တော့အတွက် တကယ့်ကို အားတက်စရာကြီးပါ။ 00:02:36.297 --> 00:02:39.297 Steve Jobs ထံမှနေပြီး ကျွန်တော်ဟာ လှုံ့ဆော်ချက်တွေ အများကြီး ရခဲ့ပါတယ်၊ 00:02:39.440 --> 00:02:42.447 အခုတော့ ကျွန်တော်ဟာ ကျောင်းမှာ အက်ပ် ကလပ်ကို စတင်ခဲ့ပါတယ်၊ 00:02:43.806 --> 00:02:47.679 ကျွန်တော့ ကျောင်းဆရာများကလည်း ကျွန်တော့ အက်ပ် ကလပ်ကို ထောက်ပံ့ကြပါတယ်။ 00:02:48.042 --> 00:02:50.590 ကျွန်တော့ ကျောင်းထဲက ဘယ်ကျောင်းသားမဆို 00:02:51.408 --> 00:02:53.434 လာပြီး အက်ပ်ကို ပုံစံရေးဆွဲမှုကို သင်ယူနိုင်ပါတယ်။ 00:02:54.407 --> 00:02:57.407 ဒီလိုနည်းဖြင့် ကျွန်တော့ အတွေ့အကြုံကို အခြားသူတွေကို မျှဝေပေးနိုင်လာပါတယ်။ 00:02:58.522 --> 00:03:02.082 ကျွန်တော်တို့ဆီမှာ iPad Pilot Program ဆိုတာ ရှိပါတယ်၊ 00:03:02.992 --> 00:03:04.765 တချို ပညာရေး ဌာနတွေမှာလည်း အဲဒါ ရှိပါတယ်။ 00:03:04.786 --> 00:03:07.080 ကျွန်တော်ဟာ အဲဒါရဲ့ တစိတ်တဒေသ ဖြစ်လာတာ သိပ်ကို ကံကောင်းပါတယ်။ 00:03:07.401 --> 00:03:11.593 iPad တွေကို ဘယ်လို သုံးကြရမလဲ၊ ပြီးတော့ အဲဒီ iPad တွေမှာ 00:03:11.630 --> 00:03:14.630 ဘယ်လို အက်ပ်တွေကို တပ်ဆင်ကြမလဲ ဆိုတာဟာ တကယ့်စိန်ခေါ်မှုကြီးပါ။ 00:03:14.944 --> 00:03:18.425 ကျွန်တော်တို့ဟာ ကျောင်းဆရာများထံမှနေပြီး 00:03:18.487 --> 00:03:20.877 သူတို့ ဘယ်လို အက်ပ်တွေကို လိုချင်ကြကြောင်း တုံ့ပြန်ချက်တွေကို ရရှိနေပါတယ်။ 00:03:20.898 --> 00:03:23.410 ကျွန်တော်တို့က ပြုစုပေးလိုက်လို့ ဈေးကွက်ကို တင်ပေးလိုက်တဲ့ အက်ပ်တွေကို 00:03:23.600 --> 00:03:27.376 ဒီဒေသ နှင့် ကျန်တဲ့ ပညာရေး ဌာနတွေအတွက် အခမဲ့ ဖြစ်ပါမယ်၊ 00:03:28.170 --> 00:03:31.060 ကျွန်တော်တို့ ရောင်းလို့ ရမယ့် ငွေအားလုံးကို 00:03:31.060 --> 00:03:33.471 ဒေသထဲက ပညာရေး ရန်ပုံငွေအဖွဲ့များ ရရှိကြမှာပါ။ 00:03:34.882 --> 00:03:38.883 ကျွန်တော်တို့ ခေတ်ထဲမှာ၊ ကျောင်းသားတွေဟာ ဆရာတွေနဲ့စာရင် 00:03:38.904 --> 00:03:42.431 နည်းပညာ နယ်ပယ်ထဲမှာ နဲနဲလေး ပိုသိကြပါတယ်။ (ရယ်မောသံများ) 00:03:46.068 --> 00:03:49.068 ဒီတော့- (ရယ်မောသံများ) - 00:03:50.224 --> 00:03:53.001 ဆောရီးပဲ - (ရယ်မောသံများ) - 00:03:54.686 --> 00:03:56.977 ဒါဟာ ဆရာများအတွက် အရင်းအမြစ် ဖြစ်လာတယ်၊ 00:03:56.977 --> 00:03:59.617 ပညာရေး နယ်ပယ်ထဲက လူတွေဟာ ဒီအရင်းအမြစ်ကို အသိအမှတ်ပြုလျက် 00:03:59.617 --> 00:04:01.715 ကောင်းကောင်းကြီး အသုံးချသင့်ပါတယ်။ 00:04:03.437 --> 00:04:07.297 ကျွန်တော်ဟာ အနာဂတ်ထဲမှာ ဘာတွေကို လုပ်ကိုင်လိုတာကို ပြောပြရင်း နိဂုံးချုပ်လိုပါတယ်။ 00:04:08.262 --> 00:04:11.674 ပထမဦးဆုံးအနေနဲ့ ကျွန်တော်ဟာ အက်ပ် အသစ်တွေ ဂိမ်းအသစ်တွေကို ပြုစုထုတ်လုပ်သွားပါမယ်။ 00:04:12.245 --> 00:04:15.492 ကျွန်တော်ဟာ အက်ပ် တခုကို ထုတ်လုပ်ဖို့ကို ဘေးမှ အဖွဲ့အစည်းတခုနဲ့ လက်တွဲလုပ်ကိုင်နေတယ်။ 00:04:15.939 --> 00:04:19.584 ကျွန်တော်ဟာ Android ပရိုဂရမ် ရေးဆွဲမှု နဲ့ ဖွံ့ဖြိုးမှုထဲမှာလည်း ပါဝင်ချင်ပါတယ်၊ 00:04:19.880 --> 00:04:22.346 ပြီးတော့ ကျွန်တော့ အက်ပ် ကလပ်ကိုလည်း ဆက်ပြီး လုပ်ကိုင်သွားမှာပါ၊ 00:04:22.367 --> 00:04:24.314 အသိပညာတွေကို ကျောင်းသားတွေ မျှဝေပေးဖို့ 00:04:24.335 --> 00:04:26.201 တခြားနည်းလမ်းတွေကိုလည်း ရှာကြံသွားမှာပါ။ 00:04:26.201 --> 00:04:28.092 ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)