1 00:00:04,566 --> 00:00:07,670 အားလုံးကို နှုတ်ဆက်ပါတယ်၊ ကျွန်တော့အမည်က Thomas Suarez ပါ။ 2 00:00:08,337 --> 00:00:11,601 ကျွန်တော်ဟာ အမြဲတမ်းပဲ ကွန်ပျူတာများ နှင့် နည်းပညာတွေကို စိတ်ဝင်စားခဲ့ပါတယ်၊ 3 00:00:11,628 --> 00:00:13,659 iPhone၊ iPod Touch၊ နှင့် iPad တို့အတွက် 4 00:00:13,680 --> 00:00:15,315 အက်ပ်အချို့ကိုတောင် ပြုစုခဲ့ပါတယ်။ 5 00:00:15,336 --> 00:00:17,599 ဒီနေ့ နှစ်ခုလောက်ကို ခင်ဗျားတို့ကို မိတ်ဆက်ပေးချင်ပါတယ်။ 6 00:00:18,344 --> 00:00:22,251 ကျွန်တော်ရဲ့ ပထမဦးဆုံး အက်ပ်က တမူထူးတဲ့ ဗေဒင် ဟောဆရာ Earth Fortune ဆိုတာပါ၊ 7 00:00:22,282 --> 00:00:24,911 ခင်ဗျားတို့ရဲ့ အနာဂတ်ကို လိုက်ပြီး အဲဒါဟာ ကမ္ဘာကြီးကို 8 00:00:24,937 --> 00:00:27,593 အရောင် အမျိုးမျိုးဖြင့် ပြသပေးပါတယ်။ 9 00:00:27,662 --> 00:00:30,280 ကျွန်တော့ အကြိုက်ဆုံး နဲ့ အအောင်မြင်ဆုံး အက်ပ်က 10 00:00:31,126 --> 00:00:34,232 Bustin Jieber ပါ- (ရယ်မောသံများ) - 11 00:00:34,253 --> 00:00:37,253 အဲဒါက Justin Bieber Whac-A-Mole လေ။ 12 00:00:38,517 --> 00:00:41,828 ကျောင်းထဲက လူတော်တော်များများက Justin Biebe မကြိုက်ခဲ့ကြလို့ 13 00:00:41,849 --> 00:00:44,138 ကျွန်တော်က သူ့ကို 14 00:00:44,159 --> 00:00:46,735 အက်ပ်အဖြစ် လုပ်ရန် ဆုံးဖြတ်ခဲ့တာပါ။ 15 00:00:47,655 --> 00:00:49,772 အဲဒါနဲ့ ကျွန်တော်ဟာ အဲဒါကို ပရိုဂရမ် ရေးဆွဲလာလိုက်တာ 16 00:00:49,793 --> 00:00:52,793 ၂၀၁၀ ခုနှစ် ကျောင်းပိတ်ရက် မတိုင်မီမှာ ဖြန့်ချိနိုင်ခဲ့ပါတယ်။ 17 00:00:53,890 --> 00:00:57,213 လူတော်တော်များများက မင်းဒါတွေကို ဘယ်လိုများ လုပ်နိုင်တာလဲ? မေးကြတယ်။ 18 00:00:57,635 --> 00:01:00,545 အဲဒီလို မေးကြတဲ့ လူတွေဟာ မကြာခဏဆိုသလို သူတို့ကိုယ်တိုင်ကလည်း 19 00:01:00,566 --> 00:01:02,628 အက်ပ်ကို ထုတ်လုပ်ချင်ကြလို့ မေးကြတာပါ။ 20 00:01:02,653 --> 00:01:05,456 ဒီခေတ်မှာ ကလေးငယ် အများတို့ဟာ ဂိမ်းတွေကို ကစားချင်ကြတယ်၊ 21 00:01:05,813 --> 00:01:07,872 အခုတော့ သူတို့ဟာ ဂိမ်းတွေကို ပြုလုပ်ချင်ကြတယ်၊ 22 00:01:07,893 --> 00:01:09,393 အဲဒါဟာ ခဲယဉ်းပါတယ်၊ 23 00:01:09,414 --> 00:01:12,243 ကလေး အများအပြားတို့ဟာ ပရိုဂရမ် ရေးဆွဲဖို့အတွက် 24 00:01:12,343 --> 00:01:14,398 ဘယ်သွားရမှန်း မသိကြလို့ပါ။ 25 00:01:14,419 --> 00:01:16,789 ဘောလုံးကစားချင်ရင် ဘောလုံး အသင်းထဲ သွားလို့ ရနိုင်တယ်။ 26 00:01:16,821 --> 00:01:19,618 တယော တီးချင်ရင် တယောတီး သင်ခန်းစာကို သွားယူနိုင်တယ်။ 27 00:01:19,838 --> 00:01:21,898 ဒါပေမဲ့ အက်ပ် တခုခုကို ပြုလုပ်ချင်ရင်ကော? 28 00:01:21,926 --> 00:01:24,474 အဲဒီ ကလေးတွေရဲ့ မိဘတွေက သူတို့ ငယ်စဉ်တုန်းက 29 00:01:24,495 --> 00:01:26,583 အဲဒီလို အရာတွေကို ပြုလုပ်ခဲ့ကြတာ ဖြစ်နိုင်ပေမဲ့၊ 30 00:01:26,583 --> 00:01:29,482 အက်ပ်တွေကို ပြုစုခဲ့ကြတဲ့ မိဘတွေကတော့ မများနိုင်ပါ။(ရယ်မောသံများ) 31 00:01:30,152 --> 00:01:32,600 ဒီတော့ အက်ပ်ကို ပြုလုပ်ချင်ရင် ဘယ်မှာသွားပြီး ရှာရမှာလဲ? 32 00:01:32,621 --> 00:01:35,621 ကောင်းပြီ၊ ကျွန်တော် လုပ်ကိုင်ခဲ့ပုံကို ပြောပြမယ်။ ကျွန်တော် လုပ်ခဲ့တာက ဒီလိုပါ။ 33 00:01:35,729 --> 00:01:38,195 ပထမဦးဆုံး အနေနဲ့၊ ကျွန်တော်ဟာ ပရိုဂရမ်တွေကို ရေးဆွဲလာခဲ့လျက် 34 00:01:38,195 --> 00:01:42,373 ပရိုဂရမ် ရေးသားရေး အခြေခံတွေ သိလာရဖို့ ဘာသာစကားအမျိုးမျိုး 35 00:01:42,472 --> 00:01:45,472 Python၊ C၊ Java၊ စတာတွေကို လေ့လာနေခဲ့တယ်။ 36 00:01:46,968 --> 00:01:49,495 အဲဒီနောက်မှာ Apple က iPhone ကို ထုတ်ရောင်းလာရာ 37 00:01:49,516 --> 00:01:52,397 အဲဒါနဲ့အတူ iPhone ဖွံ့ဖြိုးရေး ဆော့ဝဲ တစုံပါလာတယ်၊ 38 00:01:52,418 --> 00:01:56,090 အဲဒီ ဖွံ့ဖြိုးရေး ဆော့ဝဲ အစုံထဲမှာ iPhone အက်ပ်တွေကို 39 00:01:56,111 --> 00:01:59,111 ဖန်တီးရန် နဲ့ ပရိုဂရမ် ရေးဆွဲရေး ကိရိယာတွေ ပါရှိပါတယ်။ 40 00:02:00,094 --> 00:02:03,094 အဲဒါဟာ ကျွန်တော့အတါက် အလားအလာ အသစ်တွေရဲ့ ကမ္ဘာကြီးကို ဖွင့်ပေးလိုက်ပါတယ်၊ 41 00:02:03,417 --> 00:02:06,933 အဲဒီ ဆော့ဝဲ ပစ္စည်းတွေနဲ့ နဲနဲလေး ကစားကြည့်ပြီးတဲ့ နောက်မှာ၊ 42 00:02:06,954 --> 00:02:09,954 အက်ပ် နှစ်ခုလောက်ကို ထုတ်လုပ်ခဲ့တယ်၊ စမ်းသပ်ရေး အက်ပ် အချို့ကို ပြုလုပ်ခဲ့တယ်။ 43 00:02:10,205 --> 00:02:12,972 အဲဒါ တခုက Earth Fortune ဆိုတာ ဖြစ်လာတယ်။ 44 00:02:12,993 --> 00:02:15,816 အဲဒီ Earth Fortune ကို ကျွန်တော်ဟာ App Store မှာ တင်ဖို့ အသင့်ရှိလာလို့ 45 00:02:15,837 --> 00:02:20,168 ကျွန်တော့ အက်ပ်ကို App Store မှာ တင်ပေးဖို့ ပေးရမယ့် 46 00:02:20,189 --> 00:02:22,704 အခ ၉၉ ဒေါ်လာကို ပေးဖို့ မိဘတွေကို စည်းရုံးခဲ့ရပါတယ်။ 47 00:02:22,927 --> 00:02:25,927 သူတို့က သဘောတူလိုက်ကြလို့ အခုဆိုရင် ကျွန်တော့ အက်ပ်တွေ App Store မှာ ရှိနေပြီ။ 48 00:02:27,321 --> 00:02:29,634 ကျွန်တော့ကို ကျွန်တော့ မိသာစု၊ မိတ်ဆွေများ၊ ဆရာများ၊ 49 00:02:29,655 --> 00:02:31,594 ပြီးတော့ Apple Store မှ လူတွေမှအစ 50 00:02:31,615 --> 00:02:33,428 အားလုံးတို့က အကြီးအကျယ်ကို အားပေးခဲ့ကြတာဟာ 51 00:02:33,449 --> 00:02:35,708 ကျွန်တော့အတွက် တကယ့်ကို အားတက်စရာကြီးပါ။ 52 00:02:36,297 --> 00:02:39,297 Steve Jobs ထံမှနေပြီး ကျွန်တော်ဟာ လှုံ့ဆော်ချက်တွေ အများကြီး ရခဲ့ပါတယ်၊ 53 00:02:39,440 --> 00:02:42,447 အခုတော့ ကျွန်တော်ဟာ ကျောင်းမှာ အက်ပ် ကလပ်ကို စတင်ခဲ့ပါတယ်၊ 54 00:02:43,806 --> 00:02:47,679 ကျွန်တော့ ကျောင်းဆရာများကလည်း ကျွန်တော့ အက်ပ် ကလပ်ကို ထောက်ပံ့ကြပါတယ်။ 55 00:02:48,042 --> 00:02:50,590 ကျွန်တော့ ကျောင်းထဲက ဘယ်ကျောင်းသားမဆို 56 00:02:51,408 --> 00:02:53,434 လာပြီး အက်ပ်ကို ပုံစံရေးဆွဲမှုကို သင်ယူနိုင်ပါတယ်။ 57 00:02:54,407 --> 00:02:57,407 ဒီလိုနည်းဖြင့် ကျွန်တော့ အတွေ့အကြုံကို အခြားသူတွေကို မျှဝေပေးနိုင်လာပါတယ်။ 58 00:02:58,522 --> 00:03:02,082 ကျွန်တော်တို့ဆီမှာ iPad Pilot Program ဆိုတာ ရှိပါတယ်၊ 59 00:03:02,992 --> 00:03:04,765 တချို ပညာရေး ဌာနတွေမှာလည်း အဲဒါ ရှိပါတယ်။ 60 00:03:04,786 --> 00:03:07,080 ကျွန်တော်ဟာ အဲဒါရဲ့ တစိတ်တဒေသ ဖြစ်လာတာ သိပ်ကို ကံကောင်းပါတယ်။ 61 00:03:07,401 --> 00:03:11,593 iPad တွေကို ဘယ်လို သုံးကြရမလဲ၊ ပြီးတော့ အဲဒီ iPad တွေမှာ 62 00:03:11,630 --> 00:03:14,630 ဘယ်လို အက်ပ်တွေကို တပ်ဆင်ကြမလဲ ဆိုတာဟာ တကယ့်စိန်ခေါ်မှုကြီးပါ။ 63 00:03:14,944 --> 00:03:18,425 ကျွန်တော်တို့ဟာ ကျောင်းဆရာများထံမှနေပြီး 64 00:03:18,487 --> 00:03:20,877 သူတို့ ဘယ်လို အက်ပ်တွေကို လိုချင်ကြကြောင်း တုံ့ပြန်ချက်တွေကို ရရှိနေပါတယ်။ 65 00:03:20,898 --> 00:03:23,410 ကျွန်တော်တို့က ပြုစုပေးလိုက်လို့ ဈေးကွက်ကို တင်ပေးလိုက်တဲ့ အက်ပ်တွေကို 66 00:03:23,600 --> 00:03:27,376 ဒီဒေသ နှင့် ကျန်တဲ့ ပညာရေး ဌာနတွေအတွက် အခမဲ့ ဖြစ်ပါမယ်၊ 67 00:03:28,170 --> 00:03:31,060 ကျွန်တော်တို့ ရောင်းလို့ ရမယ့် ငွေအားလုံးကို 68 00:03:31,060 --> 00:03:33,471 ဒေသထဲက ပညာရေး ရန်ပုံငွေအဖွဲ့များ ရရှိကြမှာပါ။ 69 00:03:34,882 --> 00:03:38,883 ကျွန်တော်တို့ ခေတ်ထဲမှာ၊ ကျောင်းသားတွေဟာ ဆရာတွေနဲ့စာရင် 70 00:03:38,904 --> 00:03:42,431 နည်းပညာ နယ်ပယ်ထဲမှာ နဲနဲလေး ပိုသိကြပါတယ်။ (ရယ်မောသံများ) 71 00:03:46,068 --> 00:03:49,068 ဒီတော့- (ရယ်မောသံများ) - 72 00:03:50,224 --> 00:03:53,001 ဆောရီးပဲ - (ရယ်မောသံများ) - 73 00:03:54,686 --> 00:03:56,977 ဒါဟာ ဆရာများအတွက် အရင်းအမြစ် ဖြစ်လာတယ်၊ 74 00:03:56,977 --> 00:03:59,617 ပညာရေး နယ်ပယ်ထဲက လူတွေဟာ ဒီအရင်းအမြစ်ကို အသိအမှတ်ပြုလျက် 75 00:03:59,617 --> 00:04:01,715 ကောင်းကောင်းကြီး အသုံးချသင့်ပါတယ်။ 76 00:04:03,437 --> 00:04:07,297 ကျွန်တော်ဟာ အနာဂတ်ထဲမှာ ဘာတွေကို လုပ်ကိုင်လိုတာကို ပြောပြရင်း နိဂုံးချုပ်လိုပါတယ်။ 77 00:04:08,262 --> 00:04:11,674 ပထမဦးဆုံးအနေနဲ့ ကျွန်တော်ဟာ အက်ပ် အသစ်တွေ ဂိမ်းအသစ်တွေကို ပြုစုထုတ်လုပ်သွားပါမယ်။ 78 00:04:12,245 --> 00:04:15,492 ကျွန်တော်ဟာ အက်ပ် တခုကို ထုတ်လုပ်ဖို့ကို ဘေးမှ အဖွဲ့အစည်းတခုနဲ့ လက်တွဲလုပ်ကိုင်နေတယ်။ 79 00:04:15,939 --> 00:04:19,584 ကျွန်တော်ဟာ Android ပရိုဂရမ် ရေးဆွဲမှု နဲ့ ဖွံ့ဖြိုးမှုထဲမှာလည်း ပါဝင်ချင်ပါတယ်၊ 80 00:04:19,880 --> 00:04:22,346 ပြီးတော့ ကျွန်တော့ အက်ပ် ကလပ်ကိုလည်း ဆက်ပြီး လုပ်ကိုင်သွားမှာပါ၊ 81 00:04:22,367 --> 00:04:24,314 အသိပညာတွေကို ကျောင်းသားတွေ မျှဝေပေးဖို့ 82 00:04:24,335 --> 00:04:26,201 တခြားနည်းလမ်းတွေကိုလည်း ရှာကြံသွားမှာပါ။ 83 00:04:26,201 --> 00:04:28,092 ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)