0:00:04.566,0:00:07.670 အားလုံးကို နှုတ်ဆက်ပါတယ်၊[br]ကျွန်တော့အမည်က Thomas Suarez ပါ။ 0:00:08.337,0:00:11.601 ကျွန်တော်ဟာ အမြဲတမ်းပဲ ကွန်ပျူတာများ နှင့်[br]နည်းပညာတွေကို စိတ်ဝင်စားခဲ့ပါတယ်၊ 0:00:11.628,0:00:13.659 iPhone၊ iPod Touch၊ နှင့်[br]iPad တို့အတွက် 0:00:13.680,0:00:15.315 အက်ပ်အချို့ကိုတောင် ပြုစုခဲ့ပါတယ်။ 0:00:15.336,0:00:17.599 ဒီနေ့ နှစ်ခုလောက်ကို ခင်ဗျားတို့ကို[br]မိတ်ဆက်ပေးချင်ပါတယ်။ 0:00:18.344,0:00:22.251 ကျွန်တော်ရဲ့ ပထမဦးဆုံး အက်ပ်က တမူထူးတဲ့[br]ဗေဒင် ဟောဆရာ Earth Fortune ဆိုတာပါ၊ 0:00:22.282,0:00:24.911 ခင်ဗျားတို့ရဲ့ အနာဂတ်ကို လိုက်ပြီး[br]အဲဒါဟာ ကမ္ဘာကြီးကို 0:00:24.937,0:00:27.593 အရောင် အမျိုးမျိုးဖြင့် ပြသပေးပါတယ်။ 0:00:27.662,0:00:30.280 ကျွန်တော့ အကြိုက်ဆုံး နဲ့ [br]အအောင်မြင်ဆုံး အက်ပ်က 0:00:31.126,0:00:34.232 Bustin Jieber ပါ- (ရယ်မောသံများ) - 0:00:34.253,0:00:37.253 အဲဒါက Justin Bieber Whac-A-Mole လေ။ 0:00:38.517,0:00:41.828 ကျောင်းထဲက လူတော်တော်များများက[br]Justin Biebe မကြိုက်ခဲ့ကြလို့ 0:00:41.849,0:00:44.138 ကျွန်တော်က သူ့ကို 0:00:44.159,0:00:46.735 အက်ပ်အဖြစ် လုပ်ရန် ဆုံးဖြတ်ခဲ့တာပါ။ 0:00:47.655,0:00:49.772 အဲဒါနဲ့ ကျွန်တော်ဟာ အဲဒါကို ပရိုဂရမ်[br]ရေးဆွဲလာလိုက်တာ 0:00:49.793,0:00:52.793 ၂၀၁၀ ခုနှစ် ကျောင်းပိတ်ရက် မတိုင်မီမှာ[br]ဖြန့်ချိနိုင်ခဲ့ပါတယ်။ 0:00:53.890,0:00:57.213 လူတော်တော်များများက မင်းဒါတွေကို[br]ဘယ်လိုများ လုပ်နိုင်တာလဲ? မေးကြတယ်။ 0:00:57.635,0:01:00.545 အဲဒီလို မေးကြတဲ့ လူတွေဟာ[br]မကြာခဏဆိုသလို သူတို့ကိုယ်တိုင်ကလည်း 0:01:00.566,0:01:02.628 အက်ပ်ကို ထုတ်လုပ်ချင်ကြလို့ မေးကြတာပါ။ 0:01:02.653,0:01:05.456 ဒီခေတ်မှာ ကလေးငယ် အများတို့ဟာ[br]ဂိမ်းတွေကို ကစားချင်ကြတယ်၊ 0:01:05.813,0:01:07.872 အခုတော့ သူတို့ဟာ [br]ဂိမ်းတွေကို ပြုလုပ်ချင်ကြတယ်၊ 0:01:07.893,0:01:09.393 အဲဒါဟာ ခဲယဉ်းပါတယ်၊ 0:01:09.414,0:01:12.243 ကလေး အများအပြားတို့ဟာ ပရိုဂရမ်[br]ရေးဆွဲဖို့အတွက် 0:01:12.343,0:01:14.398 ဘယ်သွားရမှန်း မသိကြလို့ပါ။ 0:01:14.419,0:01:16.789 ဘောလုံးကစားချင်ရင်[br]ဘောလုံး အသင်းထဲ သွားလို့ ရနိုင်တယ်။ 0:01:16.821,0:01:19.618 တယော တီးချင်ရင် တယောတီး သင်ခန်းစာကို[br]သွားယူနိုင်တယ်။ 0:01:19.838,0:01:21.898 ဒါပေမဲ့ အက်ပ် တခုခုကို ပြုလုပ်ချင်ရင်ကော? 0:01:21.926,0:01:24.474 အဲဒီ ကလေးတွေရဲ့ မိဘတွေက သူတို့ ငယ်စဉ်တုန်းက 0:01:24.495,0:01:26.583 အဲဒီလို အရာတွေကို ပြုလုပ်ခဲ့ကြတာ ဖြစ်နိုင်ပေမဲ့၊ 0:01:26.583,0:01:29.482 အက်ပ်တွေကို ပြုစုခဲ့ကြတဲ့ မိဘတွေကတော့[br]မများနိုင်ပါ။(ရယ်မောသံများ) 0:01:30.152,0:01:32.600 ဒီတော့ အက်ပ်ကို ပြုလုပ်ချင်ရင်[br]ဘယ်မှာသွားပြီး ရှာရမှာလဲ? 0:01:32.621,0:01:35.621 ကောင်းပြီ၊ ကျွန်တော် လုပ်ကိုင်ခဲ့ပုံကို [br]ပြောပြမယ်။ ကျွန်တော် လုပ်ခဲ့တာက ဒီလိုပါ။ 0:01:35.729,0:01:38.195 ပထမဦးဆုံး အနေနဲ့၊ ကျွန်တော်ဟာ [br]ပရိုဂရမ်တွေကို ရေးဆွဲလာခဲ့လျက် 0:01:38.195,0:01:42.373 ပရိုဂရမ် ရေးသားရေး အခြေခံတွေ သိလာရဖို့[br]ဘာသာစကားအမျိုးမျိုး 0:01:42.472,0:01:45.472 Python၊ C၊ Java၊ စတာတွေကို လေ့လာနေခဲ့တယ်။ 0:01:46.968,0:01:49.495 အဲဒီနောက်မှာ Apple က iPhone ကို [br]ထုတ်ရောင်းလာရာ 0:01:49.516,0:01:52.397 အဲဒါနဲ့အတူ iPhone ဖွံ့ဖြိုးရေး [br]ဆော့ဝဲ တစုံပါလာတယ်၊ 0:01:52.418,0:01:56.090 အဲဒီ ဖွံ့ဖြိုးရေး ဆော့ဝဲ အစုံထဲမှာ [br]iPhone အက်ပ်တွေကို 0:01:56.111,0:01:59.111 ဖန်တီးရန် နဲ့ ပရိုဂရမ် ရေးဆွဲရေး ကိရိယာတွေ[br]ပါရှိပါတယ်။ 0:02:00.094,0:02:03.094 အဲဒါဟာ ကျွန်တော့အတါက် အလားအလာ အသစ်တွေရဲ့[br]ကမ္ဘာကြီးကို ဖွင့်ပေးလိုက်ပါတယ်၊ 0:02:03.417,0:02:06.933 အဲဒီ ဆော့ဝဲ ပစ္စည်းတွေနဲ့ နဲနဲလေး[br]ကစားကြည့်ပြီးတဲ့ နောက်မှာ၊ 0:02:06.954,0:02:09.954 အက်ပ် နှစ်ခုလောက်ကို ထုတ်လုပ်ခဲ့တယ်၊[br]စမ်းသပ်ရေး အက်ပ် အချို့ကို ပြုလုပ်ခဲ့တယ်။ 0:02:10.205,0:02:12.972 အဲဒါ တခုက Earth Fortune ဆိုတာ ဖြစ်လာတယ်။ 0:02:12.993,0:02:15.816 အဲဒီ Earth Fortune ကို ကျွန်တော်ဟာ[br]App Store မှာ တင်ဖို့ အသင့်ရှိလာလို့ 0:02:15.837,0:02:20.168 ကျွန်တော့ အက်ပ်ကို App Store မှာ တင်ပေးဖို့[br]ပေးရမယ့် 0:02:20.189,0:02:22.704 အခ ၉၉ ဒေါ်လာကို ပေးဖို့ မိဘတွေကို [br]စည်းရုံးခဲ့ရပါတယ်။ 0:02:22.927,0:02:25.927 သူတို့က သဘောတူလိုက်ကြလို့ အခုဆိုရင် [br]ကျွန်တော့ အက်ပ်တွေ App Store မှာ ရှိနေပြီ။ 0:02:27.321,0:02:29.634 ကျွန်တော့ကို ကျွန်တော့ မိသာစု၊ မိတ်ဆွေများ၊[br]ဆရာများ၊ 0:02:29.655,0:02:31.594 ပြီးတော့ Apple Store မှ လူတွေမှအစ 0:02:31.615,0:02:33.428 အားလုံးတို့က အကြီးအကျယ်ကို အားပေးခဲ့ကြတာဟာ 0:02:33.449,0:02:35.708 ကျွန်တော့အတွက် တကယ့်ကို အားတက်စရာကြီးပါ။ 0:02:36.297,0:02:39.297 Steve Jobs ထံမှနေပြီး ကျွန်တော်ဟာ[br]လှုံ့ဆော်ချက်တွေ အများကြီး ရခဲ့ပါတယ်၊ 0:02:39.440,0:02:42.447 အခုတော့ ကျွန်တော်ဟာ ကျောင်းမှာ [br]အက်ပ် ကလပ်ကို စတင်ခဲ့ပါတယ်၊ 0:02:43.806,0:02:47.679 ကျွန်တော့ ကျောင်းဆရာများကလည်း[br]ကျွန်တော့ အက်ပ် ကလပ်ကို ထောက်ပံ့ကြပါတယ်။ 0:02:48.042,0:02:50.590 ကျွန်တော့ ကျောင်းထဲက ဘယ်ကျောင်းသားမဆို 0:02:51.408,0:02:53.434 လာပြီး အက်ပ်ကို ပုံစံရေးဆွဲမှုကို [br]သင်ယူနိုင်ပါတယ်။ 0:02:54.407,0:02:57.407 ဒီလိုနည်းဖြင့် ကျွန်တော့ အတွေ့အကြုံကို [br]အခြားသူတွေကို မျှဝေပေးနိုင်လာပါတယ်။ 0:02:58.522,0:03:02.082 ကျွန်တော်တို့ဆီမှာ iPad Pilot Program[br]ဆိုတာ ရှိပါတယ်၊ 0:03:02.992,0:03:04.765 တချို ပညာရေး ဌာနတွေမှာလည်း အဲဒါ ရှိပါတယ်။ 0:03:04.786,0:03:07.080 ကျွန်တော်ဟာ အဲဒါရဲ့ တစိတ်တဒေသ ဖြစ်လာတာ[br]သိပ်ကို ကံကောင်းပါတယ်။ 0:03:07.401,0:03:11.593 iPad တွေကို ဘယ်လို သုံးကြရမလဲ၊[br]ပြီးတော့ အဲဒီ iPad တွေမှာ 0:03:11.630,0:03:14.630 ဘယ်လို အက်ပ်တွေကို တပ်ဆင်ကြမလဲ[br]ဆိုတာဟာ တကယ့်စိန်ခေါ်မှုကြီးပါ။ 0:03:14.944,0:03:18.425 ကျွန်တော်တို့ဟာ ကျောင်းဆရာများထံမှနေပြီး 0:03:18.487,0:03:20.877 သူတို့ ဘယ်လို အက်ပ်တွေကို လိုချင်ကြကြောင်း[br]တုံ့ပြန်ချက်တွေကို ရရှိနေပါတယ်။ 0:03:20.898,0:03:23.410 ကျွန်တော်တို့က ပြုစုပေးလိုက်လို့ ဈေးကွက်ကို[br]တင်ပေးလိုက်တဲ့ အက်ပ်တွေကို 0:03:23.600,0:03:27.376 ဒီဒေသ နှင့် ကျန်တဲ့ ပညာရေး ဌာနတွေအတွက်[br]အခမဲ့ ဖြစ်ပါမယ်၊ 0:03:28.170,0:03:31.060 ကျွန်တော်တို့ ရောင်းလို့ ရမယ့် ငွေအားလုံးကို 0:03:31.060,0:03:33.471 ဒေသထဲက ပညာရေး ရန်ပုံငွေအဖွဲ့များ [br]ရရှိကြမှာပါ။ 0:03:34.882,0:03:38.883 ကျွန်တော်တို့ ခေတ်ထဲမှာ၊[br]ကျောင်းသားတွေဟာ ဆရာတွေနဲ့စာရင် 0:03:38.904,0:03:42.431 နည်းပညာ နယ်ပယ်ထဲမှာ နဲနဲလေး ပိုသိကြပါတယ်။[br](ရယ်မောသံများ) 0:03:46.068,0:03:49.068 ဒီတော့- (ရယ်မောသံများ) - 0:03:50.224,0:03:53.001 ဆောရီးပဲ - (ရယ်မောသံများ) - 0:03:54.686,0:03:56.977 ဒါဟာ ဆရာများအတွက် အရင်းအမြစ် ဖြစ်လာတယ်၊ 0:03:56.977,0:03:59.617 ပညာရေး နယ်ပယ်ထဲက လူတွေဟာ[br]ဒီအရင်းအမြစ်ကို အသိအမှတ်ပြုလျက် 0:03:59.617,0:04:01.715 ကောင်းကောင်းကြီး အသုံးချသင့်ပါတယ်။ 0:04:03.437,0:04:07.297 ကျွန်တော်ဟာ အနာဂတ်ထဲမှာ ဘာတွေကို[br]လုပ်ကိုင်လိုတာကို ပြောပြရင်း နိဂုံးချုပ်လိုပါတယ်။ 0:04:08.262,0:04:11.674 ပထမဦးဆုံးအနေနဲ့ ကျွန်တော်ဟာ အက်ပ် အသစ်တွေ[br]ဂိမ်းအသစ်တွေကို ပြုစုထုတ်လုပ်သွားပါမယ်။ 0:04:12.245,0:04:15.492 ကျွန်တော်ဟာ အက်ပ် တခုကို ထုတ်လုပ်ဖို့ကို[br]ဘေးမှ အဖွဲ့အစည်းတခုနဲ့ လက်တွဲလုပ်ကိုင်နေတယ်။ 0:04:15.939,0:04:19.584 ကျွန်တော်ဟာ Android ပရိုဂရမ် ရေးဆွဲမှု နဲ့[br]ဖွံ့ဖြိုးမှုထဲမှာလည်း ပါဝင်ချင်ပါတယ်၊ 0:04:19.880,0:04:22.346 ပြီးတော့ ကျွန်တော့ အက်ပ် ကလပ်ကိုလည်း[br]ဆက်ပြီး လုပ်ကိုင်သွားမှာပါ၊ 0:04:22.367,0:04:24.314 အသိပညာတွေကို ကျောင်းသားတွေ မျှဝေပေးဖို့ 0:04:24.335,0:04:26.201 တခြားနည်းလမ်းတွေကိုလည်း ရှာကြံသွားမှာပါ။ 0:04:26.201,0:04:28.092 ကျေးဇူးတင်ပါတယ်။[br](လက်ခုပ်သံများ)