အားလုံးကို နှုတ်ဆက်ပါတယ်၊
ကျွန်တော့အမည်က Thomas Suarez ပါ။
ကျွန်တော်ဟာ အမြဲတမ်းပဲ ကွန်ပျူတာများ နှင့်
နည်းပညာတွေကို စိတ်ဝင်စားခဲ့ပါတယ်၊
iPhone၊ iPod Touch၊ နှင့်
iPad တို့အတွက်
အက်ပ်အချို့ကိုတောင် ပြုစုခဲ့ပါတယ်။
ဒီနေ့ နှစ်ခုလောက်ကို ခင်ဗျားတို့ကို
မိတ်ဆက်ပေးချင်ပါတယ်။
ကျွန်တော်ရဲ့ ပထမဦးဆုံး အက်ပ်က တမူထူးတဲ့
ဗေဒင် ဟောဆရာ Earth Fortune ဆိုတာပါ၊
ခင်ဗျားတို့ရဲ့ အနာဂတ်ကို လိုက်ပြီး
အဲဒါဟာ ကမ္ဘာကြီးကို
အရောင် အမျိုးမျိုးဖြင့် ပြသပေးပါတယ်။
ကျွန်တော့ အကြိုက်ဆုံး နဲ့
အအောင်မြင်ဆုံး အက်ပ်က
Bustin Jieber ပါ- (ရယ်မောသံများ) -
အဲဒါက Justin Bieber Whac-A-Mole လေ။
ကျောင်းထဲက လူတော်တော်များများက
Justin Biebe မကြိုက်ခဲ့ကြလို့
ကျွန်တော်က သူ့ကို
အက်ပ်အဖြစ် လုပ်ရန် ဆုံးဖြတ်ခဲ့တာပါ။
အဲဒါနဲ့ ကျွန်တော်ဟာ အဲဒါကို ပရိုဂရမ်
ရေးဆွဲလာလိုက်တာ
၂၀၁၀ ခုနှစ် ကျောင်းပိတ်ရက် မတိုင်မီမှာ
ဖြန့်ချိနိုင်ခဲ့ပါတယ်။
လူတော်တော်များများက မင်းဒါတွေကို
ဘယ်လိုများ လုပ်နိုင်တာလဲ? မေးကြတယ်။
အဲဒီလို မေးကြတဲ့ လူတွေဟာ
မကြာခဏဆိုသလို သူတို့ကိုယ်တိုင်ကလည်း
အက်ပ်ကို ထုတ်လုပ်ချင်ကြလို့ မေးကြတာပါ။
ဒီခေတ်မှာ ကလေးငယ် အများတို့ဟာ
ဂိမ်းတွေကို ကစားချင်ကြတယ်၊
အခုတော့ သူတို့ဟာ
ဂိမ်းတွေကို ပြုလုပ်ချင်ကြတယ်၊
အဲဒါဟာ ခဲယဉ်းပါတယ်၊
ကလေး အများအပြားတို့ဟာ ပရိုဂရမ်
ရေးဆွဲဖို့အတွက်
ဘယ်သွားရမှန်း မသိကြလို့ပါ။
ဘောလုံးကစားချင်ရင်
ဘောလုံး အသင်းထဲ သွားလို့ ရနိုင်တယ်။
တယော တီးချင်ရင် တယောတီး သင်ခန်းစာကို
သွားယူနိုင်တယ်။
ဒါပေမဲ့ အက်ပ် တခုခုကို ပြုလုပ်ချင်ရင်ကော?
အဲဒီ ကလေးတွေရဲ့ မိဘတွေက သူတို့ ငယ်စဉ်တုန်းက
အဲဒီလို အရာတွေကို ပြုလုပ်ခဲ့ကြတာ ဖြစ်နိုင်ပေမဲ့၊
အက်ပ်တွေကို ပြုစုခဲ့ကြတဲ့ မိဘတွေကတော့
မများနိုင်ပါ။(ရယ်မောသံများ)
ဒီတော့ အက်ပ်ကို ပြုလုပ်ချင်ရင်
ဘယ်မှာသွားပြီး ရှာရမှာလဲ?
ကောင်းပြီ၊ ကျွန်တော် လုပ်ကိုင်ခဲ့ပုံကို
ပြောပြမယ်။ ကျွန်တော် လုပ်ခဲ့တာက ဒီလိုပါ။
ပထမဦးဆုံး အနေနဲ့၊ ကျွန်တော်ဟာ
ပရိုဂရမ်တွေကို ရေးဆွဲလာခဲ့လျက်
ပရိုဂရမ် ရေးသားရေး အခြေခံတွေ သိလာရဖို့
ဘာသာစကားအမျိုးမျိုး
Python၊ C၊ Java၊ စတာတွေကို လေ့လာနေခဲ့တယ်။
အဲဒီနောက်မှာ Apple က iPhone ကို
ထုတ်ရောင်းလာရာ
အဲဒါနဲ့အတူ iPhone ဖွံ့ဖြိုးရေး
ဆော့ဝဲ တစုံပါလာတယ်၊
အဲဒီ ဖွံ့ဖြိုးရေး ဆော့ဝဲ အစုံထဲမှာ
iPhone အက်ပ်တွေကို
ဖန်တီးရန် နဲ့ ပရိုဂရမ် ရေးဆွဲရေး ကိရိယာတွေ
ပါရှိပါတယ်။
အဲဒါဟာ ကျွန်တော့အတါက် အလားအလာ အသစ်တွေရဲ့
ကမ္ဘာကြီးကို ဖွင့်ပေးလိုက်ပါတယ်၊
အဲဒီ ဆော့ဝဲ ပစ္စည်းတွေနဲ့ နဲနဲလေး
ကစားကြည့်ပြီးတဲ့ နောက်မှာ၊
အက်ပ် နှစ်ခုလောက်ကို ထုတ်လုပ်ခဲ့တယ်၊
စမ်းသပ်ရေး အက်ပ် အချို့ကို ပြုလုပ်ခဲ့တယ်။
အဲဒါ တခုက Earth Fortune ဆိုတာ ဖြစ်လာတယ်။
အဲဒီ Earth Fortune ကို ကျွန်တော်ဟာ
App Store မှာ တင်ဖို့ အသင့်ရှိလာလို့
ကျွန်တော့ အက်ပ်ကို App Store မှာ တင်ပေးဖို့
ပေးရမယ့်
အခ ၉၉ ဒေါ်လာကို ပေးဖို့ မိဘတွေကို
စည်းရုံးခဲ့ရပါတယ်။
သူတို့က သဘောတူလိုက်ကြလို့ အခုဆိုရင်
ကျွန်တော့ အက်ပ်တွေ App Store မှာ ရှိနေပြီ။
ကျွန်တော့ကို ကျွန်တော့ မိသာစု၊ မိတ်ဆွေများ၊
ဆရာများ၊
ပြီးတော့ Apple Store မှ လူတွေမှအစ
အားလုံးတို့က အကြီးအကျယ်ကို အားပေးခဲ့ကြတာဟာ
ကျွန်တော့အတွက် တကယ့်ကို အားတက်စရာကြီးပါ။
Steve Jobs ထံမှနေပြီး ကျွန်တော်ဟာ
လှုံ့ဆော်ချက်တွေ အများကြီး ရခဲ့ပါတယ်၊
အခုတော့ ကျွန်တော်ဟာ ကျောင်းမှာ
အက်ပ် ကလပ်ကို စတင်ခဲ့ပါတယ်၊
ကျွန်တော့ ကျောင်းဆရာများကလည်း
ကျွန်တော့ အက်ပ် ကလပ်ကို ထောက်ပံ့ကြပါတယ်။
ကျွန်တော့ ကျောင်းထဲက ဘယ်ကျောင်းသားမဆို
လာပြီး အက်ပ်ကို ပုံစံရေးဆွဲမှုကို
သင်ယူနိုင်ပါတယ်။
ဒီလိုနည်းဖြင့် ကျွန်တော့ အတွေ့အကြုံကို
အခြားသူတွေကို မျှဝေပေးနိုင်လာပါတယ်။
ကျွန်တော်တို့ဆီမှာ iPad Pilot Program
ဆိုတာ ရှိပါတယ်၊
တချို ပညာရေး ဌာနတွေမှာလည်း အဲဒါ ရှိပါတယ်။
ကျွန်တော်ဟာ အဲဒါရဲ့ တစိတ်တဒေသ ဖြစ်လာတာ
သိပ်ကို ကံကောင်းပါတယ်။
iPad တွေကို ဘယ်လို သုံးကြရမလဲ၊
ပြီးတော့ အဲဒီ iPad တွေမှာ
ဘယ်လို အက်ပ်တွေကို တပ်ဆင်ကြမလဲ
ဆိုတာဟာ တကယ့်စိန်ခေါ်မှုကြီးပါ။
ကျွန်တော်တို့ဟာ ကျောင်းဆရာများထံမှနေပြီး
သူတို့ ဘယ်လို အက်ပ်တွေကို လိုချင်ကြကြောင်း
တုံ့ပြန်ချက်တွေကို ရရှိနေပါတယ်။
ကျွန်တော်တို့က ပြုစုပေးလိုက်လို့ ဈေးကွက်ကို
တင်ပေးလိုက်တဲ့ အက်ပ်တွေကို
ဒီဒေသ နှင့် ကျန်တဲ့ ပညာရေး ဌာနတွေအတွက်
အခမဲ့ ဖြစ်ပါမယ်၊
ကျွန်တော်တို့ ရောင်းလို့ ရမယ့် ငွေအားလုံးကို
ဒေသထဲက ပညာရေး ရန်ပုံငွေအဖွဲ့များ
ရရှိကြမှာပါ။
ကျွန်တော်တို့ ခေတ်ထဲမှာ၊
ကျောင်းသားတွေဟာ ဆရာတွေနဲ့စာရင်
နည်းပညာ နယ်ပယ်ထဲမှာ နဲနဲလေး ပိုသိကြပါတယ်။
(ရယ်မောသံများ)
ဒီတော့- (ရယ်မောသံများ) -
ဆောရီးပဲ - (ရယ်မောသံများ) -
ဒါဟာ ဆရာများအတွက် အရင်းအမြစ် ဖြစ်လာတယ်၊
ပညာရေး နယ်ပယ်ထဲက လူတွေဟာ
ဒီအရင်းအမြစ်ကို အသိအမှတ်ပြုလျက်
ကောင်းကောင်းကြီး အသုံးချသင့်ပါတယ်။
ကျွန်တော်ဟာ အနာဂတ်ထဲမှာ ဘာတွေကို
လုပ်ကိုင်လိုတာကို ပြောပြရင်း နိဂုံးချုပ်လိုပါတယ်။
ပထမဦးဆုံးအနေနဲ့ ကျွန်တော်ဟာ အက်ပ် အသစ်တွေ
ဂိမ်းအသစ်တွေကို ပြုစုထုတ်လုပ်သွားပါမယ်။
ကျွန်တော်ဟာ အက်ပ် တခုကို ထုတ်လုပ်ဖို့ကို
ဘေးမှ အဖွဲ့အစည်းတခုနဲ့ လက်တွဲလုပ်ကိုင်နေတယ်။
ကျွန်တော်ဟာ Android ပရိုဂရမ် ရေးဆွဲမှု နဲ့
ဖွံ့ဖြိုးမှုထဲမှာလည်း ပါဝင်ချင်ပါတယ်၊
ပြီးတော့ ကျွန်တော့ အက်ပ် ကလပ်ကိုလည်း
ဆက်ပြီး လုပ်ကိုင်သွားမှာပါ၊
အသိပညာတွေကို ကျောင်းသားတွေ မျှဝေပေးဖို့
တခြားနည်းလမ်းတွေကိုလည်း ရှာကြံသွားမှာပါ။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)