Return to Video

ကျွန်မက ရှင်တို့ အတွက် ဉာဏ်ကွန့်မြူးစရာ မဟုတ်ပါဘူး။၊ ကျေးဇူးအများကြီးတင်ပါတယ်

  • 0:00 - 0:02
    ကျွန်မဟာ ဗီတိုရီယားထဲက
  • 0:02 - 0:04
    မြို့လေး တစ်မြို့မှာ ကြီးပြင်းလာခဲ့တာပါ။
  • 0:04 - 0:08
    ကျွန်မကို ပျိုးထောင်ပေးခဲ့ကြပုံဟာ ပုံမှန်၊ ခပ်ရိုးရိုးလေးပါပဲ။
  • 0:08 - 0:12
    ကျွန်မ ကျောင်းကို သွားခဲ့တယ်၊ တစ်ချိန်လုံး ကျွန်မ သူငယ်ချင်းတွေနဲ့ပေါ့၊
  • 0:12 - 0:14
    ကျွန်မ ညီမလေးတွေနဲ့ သတ်ပုတ် နေခဲ့သူပါ။
  • 0:14 - 0:16
    အဲဒါတွေ အားလုံးဟာ သိပ်ကို ပုံမှန်ပါ။
  • 0:16 - 0:20
    ကျွန်မ ၁၅ နှစ်တုန်းက၊ ကျွန်မတို့ ရပ်ကွက်ထဲက လူကြီး တစ်ယောက်ဟာ
  • 0:20 - 0:21
    ကျွန်မ မိဘတွေဆီကို ချဉ်းကပ်လာကာ
  • 0:21 - 0:23
    ရပ်ကွက် အောင်မြင်မှု ဆု တစ်ခုအတွက်
  • 0:23 - 0:26
    အဆိုပြုဖို့ ကမ်းလှမ်းလာပါတယ်။
  • 0:26 - 0:29
    အဲဒါနဲ့ ကျွန်မတွေက၊ "အင်း၊ အဆိုပြုချက်ကတော့ အကောင်းသား၊
  • 0:29 - 0:32
    ဒါပေမဲ့ အဲဒါနဲ့ ပတ်သက်ပြီးတော့ အရုပ်ဆိုးတဲ့ ပြဿနာ တစ်ခု ရှိနေတယ်တဲ့။
  • 0:32 - 0:37
    ကျွန်မတို့ သမီးဟာ ဘာတစ်ခုကိုမှ မအောင်မြင်ခဲ့သေးပါကလား"တဲ့။ (ရယ်သံများ)
  • 0:37 - 0:39
    တကယ်တော့ သူတို့ ပြောတာ မှန်ခဲ့ပါတယ်။
  • 0:39 - 0:42
    ကျွန်မ ကျောင်းကို သွားခဲ့တယ်၊ အမှတ်တွေ ကောင်းကောင်း ရတယ်၊
  • 0:42 - 0:44
    ကျောင်းအပြီး ကျွန်မ လုပ်တဲ့ အလုပ်ကလဲ ရိုးရိုးလေးပါ
  • 0:44 - 0:46
    ကျွန်မ အမေရဲ့ ဆံပင်အလှပြင် ဆိုင်ကလေးမှာပါ၊
  • 0:46 - 0:48
    ပြီးတော့ ကျွန်မဟာ "Buffy the Vampire Slayer" နှင့်
  • 0:48 - 0:51
    "Dawson's Creek" တွေ ကြည့်ခဲ့တဲ့ အချိန်ဟာလည်း မနည်းခဲ့ပါဘူး။
  • 0:51 - 0:55
    ကျွန်မ သိပါတယ်။ အဲဒါ ကျွန်မ အဖြစ်နဲ့ လုံးဝ တခြားစီပဲ ဆိုတာ။
  • 0:55 - 0:56
    ဘယ်လိုပဲဖြစ်ဖြစ်၊ သူတို့ဟာ မှန်ခဲ့ကြပါတယ်။
  • 0:56 - 0:59
    ကျွန်မဟာ သာမန် မဟုတ်တဲ့ အလုပ် ဘာတစ်ခုကိုမှ လုပ်မနေခဲ့ပါဘူး
  • 0:59 - 1:01
    အဲဒါမျိုး ဘာ တစ်ခုမှ မရှိခဲ့ပါဘူး။
  • 1:01 - 1:04
    အောင်မြင်မှု ဆိုပြီး ထောက်ပြစရာဆိုလို့ ဘာတစ်ခုကိုမှ ကျွန်မ လုပ်မနေခဲ့ပါဘူး။
  • 1:04 - 1:07
    မသန်စွမ်းမှု ကိစ္စကို ကျွန်ုပ်တို့ ဘေးဖယ်လိုက်မယ် ဆိုရင်ပေါ့လေ။
  • 1:07 - 1:11
    နှစ် အတော်ကြာသွားတော့၊ ကျွန်မဟာ ဒုတိယ တကြော့ ပညာသင်မှု စခဲ့တာက
  • 1:11 - 1:13
    မယ်ဘုန်း အထက်တန်း ကျောင်း တစ်ကျောင်းမှာ ပေါ့။
  • 1:13 - 1:18
    ကျွန်မဟာ တနှစ်ကို ၁၁ ကြိမ် တက်ရတဲ့ ဥပဒေဆိုင်ရာ
    သင်တန်း တစ်ခုကို တက်နေရာ မိနစ် ၂၀ လောက် ရှိခိုက်မှာ
  • 1:18 - 1:19
    ကောင်လေး တစ်ယောက် လက်မြှောက်ပြီး ပြောလိုက်တာက၊
  • 1:19 - 1:24
    "ဟေး မစ္စ၊ ခင်ဗျားရဲ့ မိန့်ခွန်းကို ဘယ်တော့မှ ပြောမှာလဲ?"
  • 1:24 - 1:26
    ဒါနဲ့ ကျွန်မက၊ "ဘာ မိန့်ခွန်းလဲ?"
  • 1:26 - 1:27
    ကျွန်မဟာ အဲဒီအချိန်မှာ သူတို့ကို အသရေဖျက်မှု ဥပဒေ အကြောင်းကို
  • 1:27 - 1:30
    ပြောပြနေခဲ့တာ မိန်စ ၂၀ လောက် ကြာသွားပါပြီ။
  • 1:30 - 1:32
    အဲဒါကို သူက၊ "ကျွန်တော် ပြောချင်တာက၊
  • 1:32 - 1:34
    ခင်ဗျားရဲ့ အားပေးလှုံ့ဆော်ရေး ပြောစကားတွေကို ပြောတာပါ။
  • 1:34 - 1:36
    ခင်ဗျားလို တွန်းလှည်းနဲ့ ကျောင်းကို လာကြတဲ့ လူတွေဟာ၊
  • 1:36 - 1:41
    ပုံမှန်အားဖြင့် စိတ်ဓါတ်ကို လှုံ့ဆော်ပေးကြတဲ့ သူတွေနဲ့ တူကြတယ် မဟုတ်လား?"
  • 1:41 - 1:42
    (ရယ်သံများ)
  • 1:42 - 1:47
    "ထုံးစံ အတိုင်းဆိုရင်၊ အဲဒါက ခန်းမကြီးထဲမှာ လုပ်ခဲ့ကြတာပါ။"
  • 1:47 - 1:49
    အဲဒီကျမှ ကျွန်မ အသိတရား တစ်ခု ရလာတယ်:
  • 1:49 - 1:52
    ဒီကလေးဟာ မသန်စွမ်းကြတဲ့ လူတွေကို စိတ်ဓါတ် တက်စရာ
  • 1:52 - 1:56
    လူတွေ အဖြစ်သာ မြင်ခဲ့တာကိုး။
  • 1:56 - 1:58
    ကျွန်မတို့ အဲဒီလို မဟုတ်တာကို၊ အဲဒီ ကလေးကို ပြောချင်ပါတယ်၊
  • 1:58 - 1:59
    ပြီးတော့ အဲဒါဟာ သူ့အပြစ်လည်း မဟုတ်ပါဘူးလေ။
  • 1:59 - 2:01
    အဲဒီအချက်ဟာ ကျွန်မတို့ အများအတွက် မှန်တာကို ပြောချင်ပါတယ်။
  • 2:01 - 2:04
    ကျွန်မတို့ တော်တော်များများ အတွက်၊ မသန်စွမ်းကြတဲ့ သူတွေဟာ ကျွန်မတို့ရဲ့ ဆရာ မဟုတ်ကြပါ
  • 2:04 - 2:07
    ကျွန်မတို့ရဲ့ ဆရာဝန်တွေ ဒါမှမဟုတ် လက်သည်းထိုးပေးသူလည်း မဟုတ်ကြပါဘူး။
  • 2:07 - 2:13
    ကျွန်မတို့ဟာ တကယ့်လူတွေ မဟုတ်ကြပါဘူး။ ကျွန်မတို့တွေ အဲဒီမှာ ရှိကြတာကိုက သူများတွေကို လှုံ့ဆော်ပေးဖို့ အတွက်ပါ။
  • 2:13 - 2:16
    အခု ကြည့်ကြပါ၊ ကျွန်မဟာ ဒီစင်မြင့်ပေါ်မှာ ထိုင်နေကာ
  • 2:16 - 2:19
    ကျွန်မ တွန်းလှည်းထဲမှာ လုပ်နေကျလိုပဲ ကြည့်နေပါတယ်၊
  • 2:19 - 2:22
    ပြီးတော့၊ ရှင်တို့ အားလုံးကလည်း ကျွန်မဆီကနေပြီး စောင့်မျှော်နေမိကောင်း စောင့်မျှော်နေမိသလိုမျိုး ဖြစ်နေမိမှာကတော့
  • 2:22 - 2:27
    ရှင်တို့ အားလုံးကို စိတ်ဓာတ်မြှင့်တင် လှုံ့ဆော်ပေးမယ်ပေါ့၊ ဟုတ်လား? (ရယ်သံများ)
  • 2:27 - 2:30
    ဟုတ်ပါတယ်။
  • 2:30 - 2:32
    ဒီတော့၊ လူကြီးမင်းတို့ကို၊ ကျွန်မကတော့ စိတ်ပျက်အောင် လုပ်ရပါလိမ့်မယ်
  • 2:32 - 2:35
    ကျွန်မဟာ ရှင်တို့ အားလုံးကို အကြီးအကျယ်ကို စိတ်ပျက်သွားစေမှာပါ။
  • 2:35 - 2:37
    ကျွန်မ ဒီမှာ ရှိနေတာက ရှင်တို့ကို အားပေးလှုံ့ဆော်ဖို့ မဟုတ်ပါဘူး။
  • 2:37 - 2:40
    ကျွန်မ ဒီမှာ ရှိနေတာက မသန်စွမ်းမှုနဲ့ ပတ်သက်ပြီး ကျွန်မတို့ အားလုံးကို
  • 2:40 - 2:42
    ပြောပြခဲ့ကြတာတွေဟာ မုသားစကားတွေပဲဆိုတာကိုပါ။
  • 2:42 - 2:44
    ဟုတ်တယ်၊ ကျွန်မတို့ အားလုံးကို မသန်စွမ်းမှုဟာ သိပ်ဆိုးတဲ့ အရာ ဖြစ်တယ် ဆိုတဲ့ မုသားစကားနဲ့
  • 2:44 - 2:49
    အယုံသွင်းခြင်းခံနေရတယ်လို့ ဆိုလိုတာပါ။
  • 2:49 - 2:52
    မသန်မစွမ်း အဖြစ်နေထိုင်ရမှာဟာ ကံဆိုးမှု ဖြစ်တယ်
  • 2:52 - 2:54
    အဲဒါဟာ လူတစ်ယောက်ကို ထူးခြားသူ ဖြစ်လာစေတယ် ဆိုတဲ့ စကားကိုပါ။
  • 2:54 - 2:57
    အဲဒါဟာ ဆိုးတဲ့ အရာ မဟုတ်ပါဘူး။
  • 2:57 - 3:00
    ပြီးတော့ အဲဒါဟာ အဲဒီလူကို ထူးခြားသူ ဖြစ်မလာစေပါဘူး။
  • 3:00 - 3:01
    ဒါတောင် လွန်ခဲ့တဲ့ နှစ် အနည်းငယ် အတွင်းမှာ၊
  • 3:01 - 3:04
    ကျွန်မတို့ဟာ အဲဒီ မုသားစကားကို လူမှုရေး မီဒီယာကို သုံးပြီးတော့
  • 3:04 - 3:06
    ဆက်ပြီးတော့ ပိုလို့ကို ဝါဒဖြန့်ခဲ့ကြတယ်လို့ ထင်ပါတယ်။
  • 3:06 - 3:08
    ရှင်တို့ အားလုံးဟာ ဒီလို ပုံတွေကို မြင်ခဲ့ဘူးကြမှာပါ၊
  • 3:08 - 3:12
    "ဘဝမှာ တစ်ခုတည်းသော မသန်စွမ်းမှုဆိုတာက ဆိုးညစ်တဲ့ စိတ်နေစိတ်ထားပဲ ဖြစ်ပါတယ်။"
  • 3:13 - 3:17
    နောက် ရှိပါသေးတယ်၊ "သင့်ရဲ့ ဆင်ခြေဆင်လက်တွေက ယုတ္တိမတန်ပါဘူး ။" တကယ်ပါပဲ။
  • 3:17 - 3:24
    ဒီလိုလည်း ရှိပါသေးတယ်၊ "သင်ဟာ ရပ်မပစ်ခင်မှာ စမ်းကြည့်ပါဦးတဲ့လေ။
  • 3:24 - 3:25
    ဒါတွေဟာ အနည်းငယ်မျှသော သဓကတွေပါ၊
  • 3:25 - 3:27
    ဒါပေမဲ့ အဲဒီလို ပုံတွေကို အများကြီး မြင်လို့ ရနိုင်ပါသေးတယ်။
  • 3:27 - 3:29
    ရှင်တို့ နောက်တစ်ခု မြင်ခဲ့ဘူးကြမယ် ထင်ပါတယ်၊
  • 3:29 - 3:31
    လက်တွေ မရှိတဲ့ ကလေးမလေး တစ်ယောက်
  • 3:31 - 3:34
    ခဲတံကို သူမရဲ့ ပါးစပ်ထဲမှာ ကိုက်ဆွဲထားပြီး ပုံကို ရေးဆွဲနေတာ။
  • 3:34 - 3:36
    ကလေး တစ်ယောက် ကာဗွန် ဖိုင်ဘားနဲ့ လုပ်ထားတဲ့ ခြေအတုတွေနဲ့
  • 3:36 - 3:39
    ပြေးနေတာကို ရှင်တို့ မြင်ခဲ့ကြမှာပါ။
  • 3:39 - 3:40
    ပြလို့ ရနိုင်တဲ့ ပုံတွေ ရှိပါသေးတယ်၊
  • 3:40 - 3:42
    အလားတူ ပုံတွေ အများကြီး ရှိကြပါတယ်၊
  • 3:42 - 3:46
    ကျွန်မတို့က အဲဒီလို ပုံတွေကို စိတ်ဓါတ် လှုံ့ဆော်ရေး အပြာပုံတွေလို့ ခေါ်ကြပါတယ်။
  • 3:46 - 3:48
    (ရယ်သံများ)
  • 3:48 - 3:50
    ဒီနေရာမှာ ကျွန်မဟာ တမင်ကို အသိစိတ်နှင့် အပြာပုံတွေလို့ ခေါ်လိုက်တာပါ၊
  • 3:50 - 3:53
    ၎င်းတို့ဟာ လူအုပ်စု တစုကို အာရုံစိုက် ဖေါ်ပြနေကြတာက
  • 3:53 - 3:56
    အခြား လူအုပ်စု တစုရဲ့ အကျိုးအတွက် ဖြစ်နေလို့ပါ။
  • 3:56 - 3:59
    ဒီတော့ ခုနက ပြောတဲ့ ဖြစ်ရပ်ထဲမှာ၊ ကျွန်မတို့ဟာ မသန်စွမ်းကြတဲ့ လူတွေကို အဓိက ထား ဖေါ်ပြနေကြတာက
  • 3:59 - 4:02
    မသန်စွမ်းသူ မဟုတ်ကြတဲ့ လူတွေရဲ့ အကျိုးအတွက် ဖြစ်နေပါတယ်။
  • 4:02 - 4:04
    ခုနက ပုံတွေ အားလုံးရဲ့ ရည်ရွယ်ချက်က
  • 4:04 - 4:08
    ရှင်တို့ကို စိတ်ဓါတ်မြှင့်ပေးဖို့၊ ရှင်တို့ကို လှုံ့ဆော်ပေးဖို့ အတွက်ပါ၊
  • 4:08 - 4:10
    အားလုံးကို အဲဒီပုံတွေကို ကြည့်ပြီးတဲ့ နောက်မှာ၊
  • 4:10 - 4:13
    "ဟုတ်တယ်၊ ကျွန်မဘဝဟာ ဘယ်လောက် ဆိုးဆိုး၊
  • 4:13 - 4:15
    ဒီထက် ပိုလို့ကို ဆိုးနိုင်ခဲ့တယ်။
  • 4:15 - 4:18
    ကျွန်ုပ်ဟာ အဲဒီ လူ ဖြစ်နိုင်ခဲ့တယ်။"
  • 4:18 - 4:22
    ဒီနေရာမှာ၊ အဲဒီလူဟာ တကယ့်ကိုပဲ ရှင်ကိုယ်တိုင် ဖြစ်နေတယ်ဆိုရင်ကော?
  • 4:22 - 4:24
    ကျွန်မထံကို လူစိမ်းတွေ ချဉ်းကပ်လာကြကာ
  • 4:24 - 4:26
    ကျွန်မဟာ သတ္တိရှိသူ ဖြစ်တယ်၊
  • 4:26 - 4:29
    ဒါမှမဟုတ် တကယ့်ကို အားကျစရာ ကောင်းသူ ဖြစ်တယ် စသဖြင့်
  • 4:29 - 4:31
    ပြောဆိုခဲ့ကြတဲ့ အကြိမ်ပေါင်းတွေဟာ များလှပါပြီ၊
  • 4:31 - 4:33
    ပြီးတော့ ကျွန်မဟာ လူသိရှင်ကြား မဖြစ်မလာခင်၊
  • 4:33 - 4:35
    လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဖြစ်ခဲ့တဲ့ အရာပါ။
  • 4:35 - 4:36
    သူတို့က ကျွန်မ အနေနှင့် မနက် အိပ်ရာက ထလာချိန်မှာ
  • 4:36 - 4:38
    ကိုယ့်အမည်ကို မမေ့သေးဘူး၊ မှတ်မိနေတယ် ဆိုတဲ့ အချက်ကြောင့်
  • 4:38 - 4:42
    ကျွန်မကို လာပြီး ဂုဏ်ပြု နှုတ်ဆက်နေကြတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ (ရယ်သံများ)
  • 4:42 - 4:45
    ပြီးတော့ ဒါကလဲ ကျွန်မကို အဓိကထား ထောက်ပြမှုပါပဲ။
  • 4:45 - 4:47
    ဒီပုံတွေ၊ ဟိုပုံတွေ၊ အားလုံးဟာ
  • 4:47 - 4:49
    မသန်စွမ်းကြတဲ့ သူတွေကို မီးမောင်းထိုးပြနေတာက
  • 4:49 - 4:51
    မသန်စွမ်းကြသူတွေ မဟုတ်ကြတဲ့ သူတွေရဲ့ အကျိုးအတွက်ပါပဲ။
  • 4:51 - 4:54
    အဲဒီလို လူတွေ ဒီလောကကြီးထဲ ရှိနေကြတာက
  • 4:54 - 4:57
    ငါတို့ရဲ့ အခြေအနေဟာ ဒီလောက် မဆိုးလှပါကလား ဆိုပြီး
  • 4:57 - 5:01
    ရှင်တို့ အနေနှင့် နှိုင်းယှဉ်ပြီးတော့ နားလည်လာဖို့ အတွက် ဖြစ်တယ်။
  • 5:01 - 5:04
    မသန်စွမ်းတဲ့ လူတစ်ယောက်ရဲ့ ဘဝဟာ
  • 5:04 - 5:06
    တကယ့်ကိုပဲ ခက်ခဲလှတာ မှန်တော့ မှန်ပါတယ်။
  • 5:06 - 5:08
    ကျွန်မတို့ ကျော်လွှားဖို့ ကြိုးစားရတဲ့ အရာတွေ ရှိကြပါတယ်။
  • 5:08 - 5:10
    ဒါပေမဲ့ ကျွန်မတို့က ဖြတ်ကျော်ဖို့ ကြိုးစားကြရတဲ့ အရာတွေဟာ
  • 5:10 - 5:13
    ရှင်တို့ ထင်နေကြတဲ့ အရာတွေ မဟုတ်ပါဘူး။
  • 5:13 - 5:16
    အဲဒီ အရာတွေဟာ ကျွန်မတို့ ခန္ဓာကိုယ်နဲ့ ဆက်စပ်နေတဲ့ အရာတွေ မဟုတ်ပါဘူး။
  • 5:16 - 5:18
    ခုနက ကျွန်မက "မသန်စွမ်းကြသူများ" ဆိုပြီး သုံးနှုန်းလိုက်တာက
  • 5:18 - 5:22
    မသန်စွမ်းမှု လူမှုရေး ပုံစံကို ရည်ညွှန်းချင်လို့ပါ၊
  • 5:22 - 5:24
    ကျွန်မတို့ဟာ ကျွန်မတို့ ခန္ဓာကိုယ် နဲ့ ကျွန်မတို့ရဲ့ ရောဂါဝေဒနာတွေထက်
  • 5:24 - 5:28
    ကျွန်မ နေထိုင်နေကြတဲ့ လူ့အဖွဲ့အစည်းကြောင့် ပိုလို့ကို
  • 5:28 - 5:31
    မသန်မစွမ်း ဖြစ်လာကြရတာကို ထောက်ပြချင်လို့ပါ။
  • 5:31 - 5:35
    ကျွန်မဟာ ကျွန်မရဲ့ လက်ရှိ ခန္ဓာကိုယ်ထဲမှာ နေထိုင်လာခဲ့တာ ကြာလှပါပြီ။
  • 5:35 - 5:37
    ကျွန်မဟာ ကျွန်မ ခန္ဓာကိုယ် အတော်ကလေး နှစ်ခြိုက်ပါတယ်။
  • 5:37 - 5:40
    ကျွန်မ လုပ်စေလိုတာကို ၎င်းဟာ လိုက်လုပ်ပေးပါတယ်၊
  • 5:40 - 5:44
    ပြီးတော့ ရှင်တို့ အားလုံးလိုပဲ၊ အဲဒါကို အပြည့်အဝ ဘယ်လို သုံးရမယ်
  • 5:44 - 5:45
    ဆိုတာကို ကျွန်မ သိနေပါပြီ
  • 5:45 - 5:48
    ခုနက မြင်ခဲ့ကြရတဲ့ ပုံတွေထဲက ကလေးတွေလည်း အလားတူပါပဲ။
  • 5:48 - 5:51
    သူတို့အားလုံးဟာ သာမန် မဟုတ်တဲ့ အရာတစ်ခုကိုမှ လုပ်ကိုင်ကြတာ မဟုတ်ပါဘူး။
  • 5:51 - 5:53
    သူတို့အားလုံးဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို
  • 5:53 - 5:56
    အဖြစ်နိုင်ဆုံး အကောင်းဆုံး အသုံးပြုနေကြပါတယ်။
  • 5:56 - 5:59
    ဒီတော့ အဲဒီလိုသူတွေကို အခု ကျွန်မတို့ လုပ်နေကြသလို
  • 5:59 - 6:01
    အထူးပြုပြီး ထောက်ပြနေခြင်းဟာ အဲဒီလို ပုံတွေကို ပြသနေခြင်းဟာ
  • 6:01 - 6:03
    တရားမျှတရဲ့လား?
  • 6:03 - 6:08
    လူတွေက၊ "ခင်ဗျားတို့ကို တွေ့မြင်ရခြင်းဟာ အားကျစရာပဲ" လို့ ပြောကြခြင်းဟာ
  • 6:08 - 6:11
    ချီးကျူးစကား ပြောဆိုလိုခြင်း ဖြစ်ပါတယ်။
  • 6:11 - 6:12
    အဲဒီလို ဘာကြောင့် ဖြစ်နေတာလဲ ဆိုတာကို ကျွန်မ သိပါတယ်။
  • 6:12 - 6:15
    ကျွန်မတို့ တစ်ချိန်လုံး ရိုက်သွင်းခဲ့ကြတဲ့ မုသားစကားကြောင့်ပါ၊
  • 6:15 - 6:19
    မသန်စွမ်းမှုဟာ အဲဒီလိုလူတွေကို ထူးခြားတဲ့သူတွေ ဖြစ်စေတယ်ဆိုတဲ့ ဒီမုသားစကားကြောင့်ပါ။
  • 6:19 - 6:21
    တကယ့်ကို ရိုးရိုးသားသား ပြောရရင် အဲဒီလို မဟုတ်ပါဘူး။
  • 6:21 - 6:22
    ရှင်တို့ ထင်နေကြတာကို ကျွန်မ သိပါတယ်။
  • 6:22 - 6:25
    ကျွန်မ ဒီမှာ ရှိနေတာက အားတက်အောင် လှုံ့ဆော်ပေးဖို့ အတွက်ပဲ၊
  • 6:25 - 6:27
    ပြီးတော့ ရှင်တို့က၊ "စတဲလာ ခင်ဗျား၊
  • 6:27 - 6:31
    ခင်ဗျား ကိုယ်တိုင်ကော၊ တစ်ခါတစ်ရံ တစ်ခုခုကြောင့် အားတက်မိတာမျိုး မရှိဘူးလား?" လို့ မေးနိုင်ကြပါတယ်။
  • 6:31 - 6:33
    အဲဒါကို၊ ဟုတ်ကဲ့၊ အဲဒါမျိုး ရှိတာကို ဝန်ခံရပါမယ်။
  • 6:33 - 6:36
    ကျွန်မဟာ တစ်ချိန်လုံး မသန်စွမ်းကြတဲ့ သူတွေဆီကနေပြီး သင်ယူနေပါတယ်။
  • 6:36 - 6:41
    ကျွန်မဟာ သူတို့ထက် ပိုကံကောင်းတာကို သိလာရတာတော့ မဟုတ်ပါဘူး။
  • 6:41 - 6:44
    အသားကင် ညှပ်ကို သုံးပြီး
  • 6:44 - 6:45
    ခုနလေးတင် ရှင်ဆီကနေ ကျသွားတဲ့ဟာကို ကောက်ယူဖို့ အတွက်
  • 6:45 - 6:51
    အသုံးပြုနိုင်ခြင်းဟာ သိပ်ကောင်းတဲ့ စိတ်ကူးပဲလို့ ကျွန်မ ထင်မိပါတယ်။ (ရယ်သံများ)
  • 6:51 - 6:54
    ကျွန်မဟာ အသုံးတည့်တဲ့ တချို့ လုပ်ကိုင်နည်းတွေကို သင်ယူနေပါတယ်။
  • 6:54 - 6:58
    ကိုယ့်မိုဘိုင်း ဖုန်းကို ကိုယ့် တွန်းလှည်း ဘက်ထရီကနေ အားသွင်းယူတာမျိုး ဆိုပါစို့။
  • 6:58 - 6:59
    အရမ်း ကောင်းတာပဲ။
  • 6:59 - 7:02
    ကျွန်မတို့ဟာ တစ်ဦးဆီက တစ်ဦး
    ကြံ့ခိုင်ဖို့ နှင့် ခံနိုင်ရည်ရှိဖို့ကို သင်ယူနေကြပါတယ်၊
  • 7:02 - 7:05
    ကျွန်မတို့ရဲ့ ခန္ဓာကိုယ် ဒါမှမဟုတ် ရောဂါတွေကို ပြောနေတာ မဟုတ်ပါဘူး၊
  • 7:05 - 7:08
    ကျွန်မတို့ အားလုံးကို သီးသန့်ဖြစ်အောင်ပြုလုပ်နေပြီး
  • 7:08 - 7:10
    လက်ညှိုးထိုး ထောက်ပြစရာ လုပ်ပစ်နေတဲ့ ကမ္ဘာကြီးကို ဆိုလိုတာပါ။
  • 7:10 - 7:13
    ကျွန်မတို့ အားလုံးကို မသန်စွမ်းမှုနှင့် ပတ်သက်ပြီး
  • 7:13 - 7:17
    အဲဒီလို မဟုတ်မမှန် ပြောဆိုမှုကြီးဟာ အကြီးမားဆုံး မတရားတဲ့ လုပ်ရပ်ကြီးပါပဲ။
  • 7:17 - 7:21
    အဲဒါကြောင့် ကျွန်မတို့ ဘဝဟာ ပိုခဲယဉ်းလာပါတယ်။
  • 7:21 - 7:25
    ပြီးတော့၊ ""ဘဝထဲက တစ်ခုတည်းသော မသန်စွမ်းမှုဆိုတာက
  • 7:25 - 7:27
    ဆိုးတဲ့ စိတ်နေစိတ်ထားပဲ ဖြစ်တယ်။" ဆိုတဲ့ ပြောစကားကျတော့
  • 7:27 - 7:30
    လုံးဝကို သောက်သုံး မကျတဲ့ စကားဖြစ်ပြီးတော့
  • 7:30 - 7:32
    လုံးဝကို မမှန်တဲ့ စကားပါ။
  • 7:32 - 7:34
    မသန်စွမ်းမှုရဲ့ လူမှုရေး ပုံစံကြောင့် ဖြစ်ရတာပါ။
  • 7:34 - 7:38
    လှေခါးထစ်တွေကို တက်နေစဉ် လူတွေ ဘယ်လောက်ပဲ ပြုံးကြည့်နေကြပါစေ
  • 7:38 - 7:43
    အဲဒါကို စောင်းလျှော အဖြစ် ပြောင်းလဲ မပေးနိုင်ပါ။
  • 7:43 - 7:50
    ဘယ်တော့မှ လုပ်မပေးနိုင်ပါ။ (ရယ်သံများ) (လက်ခုပ်တီးသံများ)
  • 7:50 - 7:52
    ရုပ်သံ မျက်နှာပြင်ပေါ်က အပြုံးဟာ
  • 7:52 - 7:54
    နားလေးကြသူများအတွက် စာတန်းထိုးပေးမှုကို
  • 7:54 - 7:55
    ပျောက်သွားအောင် လုပ်မပေးနိုင်ပါ။
  • 7:55 - 7:58
    စာအုပ်ဆိုင် တစ်ခုရဲ့ အလယ်မှာ ဘယ်လောက် ကြာအောင် ရပ်နေ၊ရပ်နေပါ၊
  • 7:58 - 8:00
    အပြုသဘော လှိုင်းတွေကို လယ်လောက်ပဲ လွှင့်ပေးနေနေ
  • 8:00 - 8:02
    အဲဒီက စာအုပ်တွေ အားလုံးကို မျက်မမြင်များအတွက် ဘရေးလ် စာအုပ်
    ဖြစ်လာအောင် ပြောင်းလဲမပေးနိုင်ကြပါဘူးလေ။
  • 8:02 - 8:07
    အဲဒါဟာ ဘယ်လိုမှ ဖြစ်မလာနိုင်တာပါ။
  • 8:07 - 8:09
    ကျွန်မ တကယ်နေချင်တဲ့ ကမ္ဘာကြီးက
  • 8:09 - 8:13
    မသန်စွမ်းမှုကို အထူးခြွင်းချက်လို မဟုတ်ဘဲ၊ ဖြစ်ရိုးဖြစ်စဉ်လို မြင်ကြတဲ့ နေရာ ဖြစ်စေချင်ပါတယ်။
  • 8:13 - 8:15
    ကျွန်မ နေထိုင်ချင်တဲ့ ကမ္ဘာကြီးထဲတွင် ၁၅ နှစ်အရွယ်
  • 8:15 - 8:17
    ကလေးမလေးဟာ သူမရဲ့ ကုတင်ပေါ်မှာ ထိုင်နေပြီး
  • 8:17 - 8:19
    "Buffy the Vampire Slayer" ရုပ်ရှင် ကြည့်နေတာကို
  • 8:19 - 8:22
    သူမက ထိုင်ပြီး ကြည့်နိုင်တာမို့လို့
  • 8:22 - 8:24
    အောင်မြင်မှုကြီးလို့ မပြောဆိုကြမဲ့ ကမ္ဘာမျိုးပါ
  • 8:24 - 8:25
    ကျွန်မ နေထိုင်ချင်တဲ့ ကမ္ဘာကြီးက
  • 8:25 - 8:28
    မသန်စွမ်းတဲ့ လူတွေ အတွက် ဒီလောက် နိမ့်ကျလှတဲ့
  • 8:28 - 8:30
    စိတ်ထားမျိုး ထားနေကြကာ
  • 8:30 - 8:32
    အိပ်ယာကနေ ထနိုင်တဲ့ အတွက် နံနက်မှာ ကိုယ့်အမည်ကိုကိုယ် မှတ်မိနိုင်တဲ့ အတွက်
  • 8:32 - 8:35
    ချီးကျူးဂုဏ်ပြုခံနေရတဲ့ ကမ္ဘာမျိုး မဖြစ်စေလိုပါ။
  • 8:35 - 8:38
    ကျွန်မ နေချင်တဲ့ ကမ္ဘာက ကျွန်မတို့ အားလုံးက
  • 8:38 - 8:40
    မသန်စွမ်းကြတဲ့ သူတွေရဲ့ တကယ့်ကို အောင်မြင်မှုအတွက် ဂုဏ်ယူတဲ့ ကမ္ဘာ ဖြစ်စေလိုကာ
  • 8:40 - 8:42
    နောက် ကျွန်မ နေချင်သေးတဲ့ ကမ္ဘာက
  • 8:42 - 8:45
    Melbourne အထက်တန်း ကျောင်း ၁၁ တန်းကို တက်နေတဲ့
  • 8:45 - 8:48
    ကျောင်းသား တစ်ယောက်က သူရဲ့ ဆရာအသစ်ဟာ
  • 8:48 - 8:51
    တွန်းလှည်းနဲ့သူ ဖြစ်နေတာကို အံ့အားသင့်မှာ မဟုတ်တဲ့ ကမ္ဘာမျိုးပါ။
  • 8:51 - 8:54
    မသန်စွမ်းမှုက လူတစ်ယောက်ကို အထူးခြွင်းချက် ဖြစ်အောင် လုပ်ပေးတာ မဟုတ်ပဲ
  • 8:54 - 8:57
    အဲဒီ အကြောင်း ရှင်တို့ ဘာသိကြလဲ ဆိုတဲ့ မေးခွန်းကမှ လုပ်ပေးနေတာပါ။
  • 8:57 - 8:59
    ကျေးဇူးတင်ပါတယ်။
  • 8:59 - 8:59
    (လက်ခုပ်တီးသံများ)
Title:
ကျွန်မက ရှင်တို့ အတွက် ဉာဏ်ကွန့်မြူးစရာ မဟုတ်ပါဘူး။၊ ကျေးဇူးအများကြီးတင်ပါတယ်
Speaker:
Stella Young
Description:

စတဲလာ ယန်းဟာ လူရွှင်တော် နှင့် သတင်းစာဆရာ တစ်ဦးဖြစ်ပါတယ်၊ ဒါပေမဲ့ သူမဟာ တွန်းလှည်းနဲ့ သွားလာနေရသူပါ။ အဲဒီလို အဖြစ်ကြောင့် သူမဟာ ကျန် လူသားအားလုံးတို့ အတွက် အားပေးသူ တစ်ဦး ဖြစ်မသွားစေရပါလို့ သူမက ယူဆပါတယ်။ ဟာသဆန်တဲ့ ဒီဆွေးနွေးပွဲထဲမှာ ယန်းက မသန်စွမ်းကြသူတို့ကို အလိုလိုနေရင်း “သူများတွေ အတွက် အားပေးကြသူများ” အဖြစ် ပြောင်းလဲပစ်လိုက်တဲ့ လူ့အဖွဲ့အစည်းရဲ့ အလေ့အထကို ရိုက်ချိုးပစ်ရန် ကြိုးစားထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
09:16
  • The brilliant idea with brave tone !
    I tried my best to review the original translation which is already good but ii is more than that !
    Well done !

  • Thanks a lot!

  • This talk uncovers the stereotypes views of people and there are some other issues to be more in the world !

Burmese subtitles

Revisions