Return to Video

စစ်မှန်တဲ့ ဝန်ချတောင်းပန်မှုတစ်ခုရဲ့ နက်ရှိုင်းတဲ့ စွမ်းအား။

  • 0:02 - 0:06
    လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မတို့ဟာ
    အမျိုးသားတွေကို အော်ထုတ်နေခဲ့တယ်။
  • 0:07 - 0:08
    ဒါ ပြီးဖို့လိုခဲ့တာပေါ့။
  • 0:08 - 0:10
    (လက်ခုပ်သံများ)
  • 0:10 - 0:16
    ဒါပေမဲ့ မကြာသေးခင်က ဒါထက် ပိုပြင်းထန်တဲ့
    တစ်ခုခုလုပ်ဖို့လိုတယ်လို့ တွေးနေမိတယ်။
  • 0:17 - 0:20
    ကျွန်မရဲ့မိတ်ဆွေကောင်း
    Tony Porter ပြောသလို
  • 0:20 - 0:24
    သူတို့ကို ခေါ်ယူဖို့ နည်းလမ်း
    တစ်ခု ရှာဖို့လိုတယ်။
  • 0:25 - 0:29
    ကျွန်မရဲ့အဖေက ကျွန်မ ငါးနှစ်သမီးမှာ
    ကျွန်မကို လိင်ပိုင်း မတရားပြုခဲ့တယ်။
  • 0:31 - 0:34
    ညလယ်ပိုင်းမှာ ကျွန်မရဲ့အခန်းထဲကို
    ဝင်ဝင်လာနေခဲ့တယ်။
  • 0:34 - 0:36
    သူက ဘဝင်ခိုက်နေပုံရခဲ့တယ်။
  • 0:36 - 0:39
    မတရားမှုက ကျွန်မ ၁၀ နှစ်အထိ
    ဆက်ရှိခဲ့တယ်။
  • 0:40 - 0:42
    ကျွန်မ သူ့ကို ခုခံဖို့ဖို့ ကြိုးစားတဲ့အခါ၊
  • 0:42 - 0:45
    နောက်ဆုံး ငြင်းဆိုနိုင်တဲ့အခါမှာ
  • 0:45 - 0:47
    သူက ကျွန်မကို စတင် ရိုက်နှက်တယ်။
  • 0:47 - 0:49
    ကျွန်မကို ငတုံးလို့ ခေါ်ခဲ့တယ်။
  • 0:49 - 0:50
    လူလိမ်လို့ ပြောခဲ့တယ်။
  • 0:51 - 0:54
    လိင်မတရားမှုက ကျွန်မ ၁၀ နှစ်
    အရွယ်မှာ အဆုံးသတ်ခဲ့ပေမဲ့
  • 0:54 - 0:57
    တကယ်တော့ ဘယ်တော့မှ မဆုံးခဲ့ဘူး။
  • 0:58 - 0:59
    ဒါက ကိုယ်ဘယ်သူဆိုတာကိုပြောင်းခဲ့တယ်
  • 1:00 - 1:04
    ကျွန်မဟာ တစ်ချိန်လုံး ပူပန်မှု၊ အပြစ်၊
    အရှက်နဲ့ ပြည့်နေခဲ့တယ်။
  • 1:04 - 1:06
    ဘာကြောင့်ဆိုတာ မသိခဲ့ဘူး။
  • 1:06 - 1:09
    ကျွန်မရဲ့ခန္ဓာကိုယ်ကို မုန်းခဲ့တယ်။
    ကိုယ့်ကိုယ်ကိုယ် မုန်းခဲ့တယ်။
  • 1:09 - 1:11
    အတော်များများ စက်ဆုပ်မိခဲ့တယ်။
  • 1:11 - 1:12
    တွေးလို့ မရနိုင်ခဲ့ဘူး။
  • 1:12 - 1:14
    အကြောင်းအရာတွေကို မမှတ်မိနိုင်ဘူး။
  • 1:14 - 1:18
    ကျွန်မဟာ အန္တရာယ်ရှိတဲ့ ယောက်ျား၊
    မိန်းမတွေဆီ ဆွဲထုတ်ခံရတယ်၊
  • 1:18 - 1:22
    ကျွန်မကို ဆိုးဝါးစွားပြုမူဖို့ ခွင့်ပေးတဲ့
    တကယ်က ကျွန်မ ဖိတ်ခေါ်ခဲ့သူတွေပါ။
  • 1:22 - 1:25
    အကြောင်းက အချစ်ဆိုတာ ဒါလို့
    အဖေက ကျွန်မကို သင်ပေးခဲ့လို့ပါ။
  • 1:27 - 1:31
    တစ်ဘဝလုံး ကျွန်မက အဖေဟာ
    ဝန်ချတောင်းပန်မှာကို စောင့်နေခဲ့တယ်။
  • 1:32 - 1:33
    သူ မတောင်းပန်ခဲ့ဘူး။
  • 1:33 - 1:35
    သူ တောင်းပန်မှာ မဟုတ်ဘူး။
  • 1:35 - 1:38
    ဒီနောက် နာမည်ကြီး အမျိုးသားတွေရဲ့
    မကြာခင်က
  • 1:38 - 1:41
    မကောင်းသတင်းတွေနဲ့အတူ တစ်ခုပြီး
    နောက်တစ်ခု ပေါ်လာသလိုတစ်ခုခုကို
  • 1:41 - 1:42
    ကျွန်မ နားလည်ခဲ့တယ်။
  • 1:43 - 1:47
    မုဒိမ်း(သို့) ကာယ အကြမ်းဖက်မှု ကျူးလွန်တဲ့
  • 1:47 - 1:51
    အမျိုးသားတစ်ယောက်ဟာ သူ့သားကောင်ကို
    လူသိရှင်ကြား ဝန်ချတောင်းပန်ဖူးတာ
  • 1:51 - 1:55
    တစ်ခါမှ ကျွန်မ မကြားဖူးတာပါ။
  • 1:56 - 1:58
    စစ်မှန် နက်ရှိုင်းတဲ့
  • 1:58 - 2:03
    ဝန်ချတောင်းပန်မှုဆိုတာက ဘယ်လိုမျိုးလဲလို့
    စတင် တွေးမိလာခဲ့တယ်။
  • 2:08 - 2:12
    ဒါနဲ ထူးဆန်းတာတစ်ခု စဖြစ်လာခဲ့တယ်။
  • 2:12 - 2:14
    ကျွန်မ စာစရေးခဲ့တယ်။
  • 2:14 - 2:17
    ကျွန်မ အဖေရဲ့အသံက ကျွန်မဆီကနေ
    စတင် ရောက်ရှိလာတယ်။
  • 2:18 - 2:21
    သူလုပ်ခဲ့တာနဲ့ ဘာကြောင့်ဆိုတာကို
  • 2:21 - 2:22
    ကျွန်မကို သူစပြောတယ်။
  • 2:22 - 2:25
    သူ စပြီး ဝန်ချတောင်းပန်ခဲ့တယ်။
  • 2:25 - 2:28
    ကျွန်မရဲ့အဖေဆုံးတာ ၃၁ နှစ်နီးကဆိုပေမဲ့
  • 2:28 - 2:29
    ဒီဝန်ချတောင်းပန်မှုထဲမှာ
  • 2:29 - 2:32
    သူ့အတွက် ကျွန်မ ရေးသားဖို့လိုတဲ့ တစ်ခုက
  • 2:32 - 2:36
    ဝန်ချတောင်းပန်မှုတစ်ခုရဲ့ စွမ်းအားကို
    ကျွန်မ ရှာဖွေတွေရှိခဲ့ပြီး
  • 2:37 - 2:39
    အမျိုးသမီးတွေကို အကြမ်းဖက်တဲ့
    အမျိုးသားတွေနဲ့
  • 2:39 - 2:41
    ရင်ဆိုင်တဲ့ အကျပ်အတည်းထဲမှာ
  • 2:41 - 2:44
    ရှေ့ဆက်ဖို့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပုံပါ။
  • 2:45 - 2:49
    ဝန်ချတောင်းပန်းမှုဟာ အလေးထားအပ်တဲ့
    လုပ်ရပ်တစ်ခုပါ။
  • 2:50 - 2:52
    ပကတိ ရိုးသားမှု လိုအပ်ပါတယ်။
  • 2:53 - 2:56
    လေးနက်တဲ့ မိမိကိုယ်ကို မေးမြန်းမှုနဲ့
    အချိန် လိုအပ်ပါတယ်။
  • 2:56 - 2:58
    ကမန်းကတန်း လုပ်လို့မရပါဘူး။
  • 2:58 - 3:01
    ဝန်ချတောင်းပန်မှုမှာ အဆင့် လေးဆင့်ရှိတာကို
    ရှာဖွေတွေ့ရှိခဲ့ပြီး
  • 3:01 - 3:04
    အလိုရှိကြမယ်ဆိုရင်
    ဒါတွေကို အစအဆုံးရှင်းပြချင်ပါတယ်။
  • 3:04 - 3:08
    ပထမတစ်ခုက ကိုယ်လုပ်ခဲ့တာကို
    အသေးစိတ် ပြောဖို့လိုပါတယ်။
  • 3:09 - 3:11
    ရှင်းပြချက်က မရေမရာဖြစ်လို့မရဘူး။
  • 3:11 - 3:13
    "နာကျင်စေခဲ့ရင် တောင်းပန်တယ်"
  • 3:13 - 3:15
    (သို့) မင်းကို လိင်ပိုင်း အကြမ်ဖက်ခဲ့မိရင်
  • 3:15 - 3:16
    တောင်ပန်ပါတယ်"က မတိကျဘူး။
  • 3:16 - 3:19
    တကယ် ဖြစ်ပျက်ခဲ့တာကို ပြောဖို့လိုတယ်။
  • 3:20 - 3:23
    "ညလယ်ခေါင်ကြီး
    မင်းရဲ့အခန်းထဲ ဝင်လာခဲ့ပြီး
  • 3:23 - 3:25
    မင်းရဲ့အတွင်းခံကို ဆွဲချွတ်ခဲ့တယ်။"
  • 3:26 - 3:28
    " မင်းကို သိမ်ငယ်အောင်လုပ်တာက
    မနာလိုလို့ပါ။
  • 3:28 - 3:30
    မင်းကို သေးသိမ်စေချင်ခဲ့တယ်။"
  • 3:30 - 3:33
    လွတ်မြောက်စေမှုက အသေးစိတ်ပါတယ်။
  • 3:34 - 3:37
    ဝန်ချတောင်းပန်မှုတစ်ခုဟာ
    အမှတ်ရခြင်းတစ်ခုပါ။
  • 3:37 - 3:39
    ဒါက အတိတ်ကို ပစ္စုပ္ပန်နဲ့ ဆက်သွယ်ပေးတယ်။
  • 3:39 - 3:43
    ဖြစ်ပွားခဲ့တာက တကယ်ဖြစ်ခဲ့တာလို့ ပြောတယ်။
  • 3:44 - 3:48
    ဒုတိယ အဆင့်က ဘာကြောင့်ဆိုတာ
    ကိုယ့်ဘာသာ မေးဖို့လိုတယ်။
  • 3:49 - 3:52
    ရှင်ကျန်သူတွေဟာ ဘာကြောင့်ဆိုတာရဲ့
    ခြောက်လှန့်မှုခံရတယ်။
  • 3:52 - 3:57
    ဘာကြောင့်လဲ။ ဘာကြောင့် ငါ့အဖေက
    အကြီးဆုံးသမီးကို လိင်ပိုင်း အကြမ်းဖက်တာလဲ။
  • 3:57 - 4:01
    ဘာကြောင့် သူက ငါ့ခေါင်းကို ဆွဲပြီး
    နံရံနဲ့ ဆောင့်ခဲ့တာလဲ။
  • 4:04 - 4:06
    ကျွန်မ အဖေရဲ့အဖြစ်မှာ
  • 4:06 - 4:10
    သူဟာ အြခားကလေးတွေ မွေးပြီး
    အတော်ကြာမှ မွေးခဲ့တာပါ။
  • 4:11 - 4:14
    သူဟာ "အံ့ဖွယ်သရဲ" ဖြစ်လာခဲ့တဲ့
    တိုက်ဆိုင်မှုတစ်ခုပါ။
  • 4:14 - 4:18
    သူ့ကို ရွေကလေးအဖြစ် မြတ်နိုးပြီး
    ပြုစုခံခဲ့ရတယ်။
  • 4:19 - 4:22
    ဒါပေမဲ့ မြတ်နိုးမှုဟာ ဖြစ်ချင်တော့
    အချစ်မဟုတ်တာပါ။
  • 4:22 - 4:24
    မြတ်နိုးခြင်းဟာ တစ်ယောက်ယောက်က
  • 4:24 - 4:26
    ကိုယ့်ကိုလိုအပ်တာကို ပြီးပြည့်စုံဖို့
    ကိုယ်အပေါ်
  • 4:26 - 4:27
    လွှဲချခြင်းတစ်ခုပါ။
  • 4:28 - 4:31
    ကျွန်မရဲ့အဖေဟာ ဒီမဖြစ်တဲ့ စံကို
    ဖြည့်ဆည်းပေးခဲရတယ်။
  • 4:31 - 4:33
    ဒီလိုနဲ့ ဘယ်တော့မှ သူ့ကိုယ်သူ
    ဖြစ်ခွင့်မရခဲ့ဘူး။
  • 4:33 - 4:36
    ဘယ်တော့မှ သိမ်မွေ့မှု (သို့) အားနွဲ့မှု၊
  • 4:36 - 4:39
    သိလိုမှု၊ သံသယ ဖော်ပြခွင့် မရခဲ့ဘူး။
  • 4:39 - 4:41
    ဘယ်တော့မှ ငိုခွင့်မရခဲ့ဘူး။
  • 4:41 - 4:44
    ဒီလိုနဲ့ သူဟာ ဒီခံစားချက်တွေကို
    အတင်းအကျပ် သိုသိပ်ခံခဲ့ရပြီး
  • 4:44 - 4:47
    နောက်ဆုံးတော့ ဒါတွေက ပျံ့ပွားသွားခဲ့တယ်။
  • 4:47 - 4:51
    ဒီချုပ်တည်းထားတဲ့ ခံစားချက်တွေဟာ
    နောက်တော့ လျှို့ဝှက်တတ်သူဖြစ်လာပြီး
  • 4:51 - 4:53
    ထိန်းချုပ်မရ ဖြစ်သွားကာ
  • 4:53 - 4:57
    သူ့ရဲ့ အဟုန်ကို နောက်ဆုံးတော့
    ကျွန်မဆီ ပွင့်ထွက်ခဲ့တယ်။
  • 4:58 - 5:02
    တတိယ အဆင့်ကတော့ နှလုံးသားကို
    ဖွင့်ထားပြီး
  • 5:02 - 5:06
    ကိုယ်က သူ့ကို မတရားလုပ်နေစဉ် သားကောင်
    ခံစားခဲ့ရတာကို ခံစားပေးဖို့လိုတာပါ။
  • 5:07 - 5:09
    မိမိ အသည်းနှလုံးကို အကွဲခံဖို့လိုပါတယ်။
  • 5:09 - 5:11
    အနိုင်ကျင့်ခံရသူ သားကောင်ရဲ့
    မနှစ်မြို့မှု၊
  • 5:11 - 5:15
    သစ္စာဖောက်မှုနဲ့ ရေရှည် သက်ရောက်မှုတွေကို
    ခံစားပေးဖို့လိုပါတယ်။
  • 5:16 - 5:19
    ကိုယ်က ဖြစ်ပေါ်စေခဲ့တဲ့ ဝေဒနာခံစားမှုနဲ့
    ထိုင်နေဖို့ လိုပါတယ်။
  • 5:20 - 5:21
    တကယ်တမ်း စတုတ္ထ အဆင့်က
  • 5:21 - 5:25
    ကိုယ်လုပ်ခဲ့တာအတွက် တာဝန်ယူပြီး
  • 5:25 - 5:27
    အမှားကို ပြင်ဆင်ခြင်းပါ။
  • 5:27 - 5:32
    ဒီတော့ ဘာလို့ လူတစ်ဦးက ဒီလောက်အကျပ်ရိုက်
    ကျိုးနွံတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းချင်တာလဲ။
  • 5:33 - 5:36
    ဘာကြောင့် မိမိကိုယ်မိမိ ဆွဲဖြဲချင်ရတာလဲ။
  • 5:37 - 5:41
    အကြောင်းကတော့ မိမိကိုယ်မိမိ လွတ်မြောက်
    စေမယ့် တစ်ခုတည်းသောအရာဖြစ်လို့ပါ။
  • 5:41 - 5:45
    မိမိရဲ့သားကောင်ကို လွတ်မြောက်စေမယ့်
    တစ်ခုတည်းသော အရာဖြစ်လို့ပါ။
  • 5:45 - 5:47
    မိမိရဲ့သားကောင်ကို ဖျက်ဆီးခဲ့တာ
    တင်မဟုတ်ဘူး။
  • 5:47 - 5:49
    မိမိကိုယ်မိမိ ဖျက်ဆီးခဲ့တာပါ။
  • 5:49 - 5:54
    သက်ရောက်မှုတွေ ကိုယ်၌ကနေ
    မခံစားရသူ အခြားတစ်ယောက်ကို
  • 5:54 - 5:56
    အကြမ်းဖက်မှု ပြဌာန်းသူ မရှိပါဘူး။
  • 5:57 - 6:04
    ဒါက မယုံနိုင်လောက်အောင် ယုတ်မာပြီး
    ညစ်ထေးစေတဲ့ စိတ်ဓာတ်တစ်ခုကို ဖန်တီးပြီး
  • 6:04 - 6:06
    ဒါက ကိုယ့်ဘဝတစ်ခုလုံးကို ပျံ့နှံ့သွားတာပါ။
  • 6:08 - 6:11
    ကျွန်မ ရေးခဲ့တဲ့ ဝန်ချတောင်းပန်မှု
    ကျွန်မနဲ့ အခြားသော
  • 6:11 - 6:13
    တစ်ဘီလီယံအမျိုးသမီးတွေ
    ရှင်ကျန်ခဲ့တဲ့
  • 6:13 - 6:16
    အမျိုးသားတွေရဲ့အကြမ်းဖက်မှု ပြဿနာကို
    နားလည်ဖို့ ကြည့်ဖို့လိုတဲ့
  • 6:16 - 6:20
    မတူတဲ့ မှန်ဘီလူးတွေအကြောင်း
    တစ်ခုခုကို ကျွန်မ သိခဲ့တာပါ။
  • 6:20 - 6:23
    ကျွန်မတို့ဟာ မကြာခဏ အပြစ်ဆီ
    ပထမဆုံး လှည့်တယ်။
  • 6:24 - 6:26
    ဒါက ကျွန်မတို့ရဲ့ ပထမဆုံး
    ပင်ကိုယ်စရိုက်ဆိုပေမဲ့
  • 6:26 - 6:30
    တကယ်ကျတော့ အပြစ်ပေးမှုက
    တစ်ခါတစ်ရံ ထိရောက်ပေမဲ့
  • 6:30 - 6:33
    ၎င်ကိုယ်တိုင်ကတော့ မလုံလောက်ပါဘူး။
  • 6:33 - 6:34
    အဖေက ကျွန်မကို အပြစ်ပေးတယ်။
  • 6:35 - 6:36
    ကျွန်မ ပိတ်လှောင်ခံရပြီး
  • 6:36 - 6:38
    ရိုက်ချိုးခံရတယ်။
  • 6:39 - 6:42
    အပြစ်ပေးမှုက ကျွန်မတို့ကို မာကျောစေပေမဲ့
    သင်ကြားမပေးခဲ့ဘူးလို့ ထင်တယ်။
  • 6:42 - 6:45
    အရှက်ကွဲခြင်းက မျက်စိဖွင့်ပေးခြင်းမဟုတ်ပါ။
  • 6:45 - 6:50
    အပြစ်ပေးမှု ပါဝင်နိုင်လောက်တဲ့
    ဖြစ်စဉ်တစ်ခု ဖန်တီးဖို့ တကယ် လိုအပ်တယ်။
  • 6:50 - 6:53
    ဒီနည်းနဲ့ အပျိုးသားတွေ တကယ့်ကို တစ်ခုခုနဲ့
  • 6:53 - 6:57
    အခြားတစ်ယောက်ဖြစ်လာနိုင်တဲ့
    တံခါးပေါက်တစ်ခု ကျွန်မတို့ ဖွင့်ပေးတာပါ။
  • 6:58 - 7:00
    နှစ်ပေါင်းများစွာ အဖေ့ကို မုန်းခဲ့တယ်။
  • 7:00 - 7:03
    သူ့ကို သေစေချင်ခဲ့တယ်။
    သူ့ကို ထောင်ချချင်ခဲ့လို့ပါ။
  • 7:03 - 7:07
    ဒါပေမဲ့ တကယ်က ဒီအမျက်ဒေါသက ကျွန်မကို
    အဖေ့ဇာတ်လမ်းနဲ့ ဆက်ပြီး ဆက်သွယ်စေခဲ့တယ်။
  • 7:08 - 7:13
    ကျွန်မ တကယ်ဖြစ်ချင်ခဲ့တာက
    ကျွန်မ အဖေကို ရပ်တန့်စေဖို့တင်မဟုတ်ပဲ
  • 7:13 - 7:14
    သူ့ကို ပြောင်းလဲစေချင်ခဲ့တာပါ။
  • 7:14 - 7:16
    သူ့ကို ဝန်ချတောင်းပန်စေချင်ခဲ့တာပါ။
  • 7:16 - 7:18
    ဒါက ကျွန်မ ဖြစ်ချင်ခဲ့တာပါ။
  • 7:18 - 7:20
    ယောက်ျားတွေကို ပျက်စီးစေချင်တာမဟုတ်ဘူး။
  • 7:20 - 7:23
    သူတို့ကို အပြစ်ပေးခံရစေချင်တာပဲ မဟုတ်ဘူး။
  • 7:23 - 7:28
    သူတို့ ဒုက္ခပေးခဲ့တဲ့ ကျွန်မတို့ကို
    သားကောင်တွေကို မြင်စေချင်ပြီး
  • 7:28 - 7:30
    သူတို့ နောင်တရပြီး
  • 7:30 - 7:31
    ပြောင်းလဲစေချင်တာပါ။
  • 7:31 - 7:33
    ဒါက ဖြစ်နိုင်တယ်လို့ တကယ် ယုံကြည်ပါတယ်။
  • 7:34 - 7:37
    ဒါဟာ ကျွန်မတို့ရဲ့ ရှေ့ဆက်လမ်းလို့
    တကယ် ယုံကြည်ပါတယ်။
  • 7:38 - 7:41
    ဒါပေမဲ့ အမျိုးသားတွေ ကျွန်မတို့နဲ့
    ပူးပေါင်းဖို့လိုပါတယ်။
  • 7:41 - 7:47
    အမျိုးသားတွေ ရဲရင့်ပြီး ဒီအပြောင်းအလဲအတွက်
    တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ လိုအပ်တယ်။
  • 7:48 - 7:51
    ကျွန်မရဲ့ဘဝ အများစုကို အမျိုးသားတွေတွေကို
    အော်ထုတ်ရင်း ကုန်ဆုံးခဲ့တယ်။
  • 7:52 - 7:54
    ကျွန်မ အခု ဒီမှာပါ၊
  • 7:55 - 7:57
    အခုလောလောဆယ်
  • 7:57 - 8:00
    ရှင်တို့ကို ခေါ်ယူဖို့ပါ။
  • 8:01 - 8:02
    ကျေးဇူးတင်ပါတယ်။
  • 8:02 - 8:05
    (လက်ခုပ်သံများ)
  • 8:05 - 8:06
    ကျေးဇူးတင်ပါတယ်။
  • 8:06 - 8:07
    (လက်ခုပ်သံများ)
  • 8:07 - 8:08
    ကျေးဇူးပါ။ ကျေးဇူးပါ။
  • 8:08 - 8:10
    (လက်ခုပ်သံများ)
Title:
စစ်မှန်တဲ့ ဝန်ချတောင်းပန်မှုတစ်ခုရဲ့ နက်ရှိုင်းတဲ့ စွမ်းအား။
Speaker:
Eve Ensler
Description:

စစ်မှန်တဲ့ ဝန်ချတောင်းပန်မှုဟာ နောင်တရမှုထက်ကို သာလွန်ထိရောက်တယ်လို့ အထင်ကရ ပြဇာတ်ရေးသားသူ Eve Ensler က ဆိုပါတယ်။ ဒီပွင့်လင်း၊ ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ ဟောပြောချက်ထဲမှာ သူကိုယ်တိုင် ကြံတွေ့ခဲ့ရတဲ့ မတရားဖိနှိပ်မှုကို မမှန်မကန်လုပ်သူတွေ ပြုလုပ်နိုင်၊ စစ်မှန်တဲ့ နောင်တကို ပြောနိုင်တဲ့ ဉာဏ်ပညာအဖြစ်ပြောင်းလဲပုံကို မျှဝေထားပြီး ဒီလုပ်ငန်းစဉ် စတင်ဖို့ ကူညီပေးတဲ့ အဆင့် လေးဆင့်ပါတဲ့ လမ်းညွှန်မြေပုံတစ်ခုကို ပေးထားပါတယ်။ (ဤဟောပြာချက်တွင် ရင့်ကျက်သော အကြောင်းအရာများ ပါဝင်သည်။)

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
08:23

Burmese subtitles

Revisions