Return to Video

နှုတ်ပြော ဇောက်ထိုးစကား ဆိုတာဘာလဲ။ Christopher Warner

  • 0:15 - 0:17
    ရာသီဥတုက ကောင်းလိုက်တာ။
  • 0:17 - 0:19
    အံ့ဖွယ် အလုပ်။
  • 0:19 - 0:23
    ခင်ဗျားက အာဂ အားကစားသမာပဲ။
  • 0:23 - 0:25
    ချီးမွမ်းတာတွေမို့လား။
  • 0:25 - 0:28
    အင်း၊ ဖြစ်နိုင်ပါတယ်။
  • 0:28 - 0:29
    ဒီစာကြောင်းတွေနောက်က
  • 0:29 - 0:31
    သဘောထားနဲ့ အသံနေအသံထားကိုမူတည်ပြီး
  • 0:31 - 0:34
    ဒါတွေဟာ ချီးမွမ်းတာတွေဖြစ်နိုင်တယ်။
  • 0:34 - 0:35
    ဒါပေမဲ့ ဗြောင်ကျပြီး ထိုးနှက်တဲ့
  • 0:35 - 0:38
    စာကြောင်းတွေလည်း ဖြစ်နိုင်တယ်။
  • 0:38 - 0:41
    ဒီစာကြောင်းတွေနောက်က သဘောထား
    အနည်းငယ် ပြောင်းလဲမှုက
  • 0:41 - 0:45
    ကျွန်ုပ်တို့ အခေါ် နှုတ်ပြော
    ဇောက်ထိုးစကားကို ဖော်ပြတယ်။
  • 0:45 - 0:49
    ဒီတော့ လူတစ်ယောက်က
    "ရာသီဥတုက ကောင်းလိုက်တာ"လို့ ပြောတဲ့အခါ
  • 0:49 - 0:52
    နေသာနေရင် ၊ ငှက်တွေ သီချင်းဆိုနေရင်၊
  • 0:52 - 0:53
    လေက ငြိမ်သက်နေရင်
  • 0:53 - 0:55
    ဒီလူ တကယ် ပြောနေတာ
  • 0:55 - 0:57
    လုံးဝဖြစ်နိုင်တယ်။
  • 0:57 - 0:58
    ဒါပေမဲ့ ရာသီဥတုက ဆိုးဝါး၊
  • 0:58 - 0:59
    တိမ်တွေဟာ အုပ်မိုးနေ
  • 0:59 - 1:01
    လေက ပြင်းတန်တဲ့ မုန်တိုင်းတစ်ခုဆိုရင်
  • 1:01 - 1:05
    လူတစ်ယောက်ပြောတဲ့ "ရာသီဥတုက
    ကောင်းလိုက်တာ" ဆိုတာက
  • 1:05 - 1:08
    တကယ်ဆိုလိုတာ မဖြစ်လောက်ဘူး။
  • 1:08 - 1:11
    ရာသီဥတုက ဆိုးဝါးတယ်လို့
    သူ ဆိုလိုနိုင်လောက်တာပါ။
  • 1:11 - 1:13
    ဆန့်ကျင်ဘက်ကို သူပြောတာပါ။
  • 1:13 - 1:15
    ဒါက နှုတ်ပြော ဇောက်ထိုးစကားပါ။
  • 1:15 - 1:18
    ပြောဆိုသူက သူဆိုလိုတာရဲ့
    ဆန့်ကျင်ဘက်ကို ပြောတဲ့အခါ
  • 1:18 - 1:19
    သင် တွေးနေတာက
  • 1:19 - 1:20
    ဒါက ငေါ့လုံး မဟုတ်ဘူးလား။
  • 1:20 - 1:22
    ပြောဆိုသူက ငေါ့နေတာ မဟုတ်ဘူးလား။
  • 1:22 - 1:23
    ဟုတ်ပါတယ်။
  • 1:23 - 1:26
    ပြောဆိုသူက သူဆိုလိုတာရဲ့
    ဆန့်ကျင်ဘက်ကိုပြောတဲ့အခါ
  • 1:26 - 1:28
    ဒါက နှုတ်ပြော ဇောက်ထိုးစကားပါ။
  • 1:28 - 1:30
    ဒီနောက်ပြောဆိုသူက
    သူပြောတာရဲ့ဆန့်ကျင်ဘက်ကို .
  • 1:30 - 1:32
    ဆိုလိုဖို့ တစ်လှမ်း ထပ်တိုးပြီး
  • 1:32 - 1:35
    နည်းနည်း ဗြောင်ကျပြီး ခက်ထန်ဖို့
    ကြိုးစားတဲ့အခါ
  • 1:35 - 1:37
    ဥပမာ တစ်ခုခုကို လှောင်ပြောင်တာပေါ့
  • 1:37 - 1:39
    ဒါဆို သင့်ကို ငေါ့တာပါ။
  • 1:39 - 1:40
    ဒုတိယ ဥပမာကို ကြည့်ပါ။
  • 1:40 - 1:42
    "အံ့ဖွယ် အလုပ်ပဲ"
  • 1:42 - 1:44
    လူတစ်ဦးဟာ သူ့တစ်သက်တာ
    အိပ်မက် ပြီးမြောက်သွားတယ်။
  • 1:44 - 1:45
    "အံ့ဖွယ်ရာပဲ"
  • 1:45 - 1:47
    လူတစ်ဦး အားကစားမှာ ဗိုလ်စွဲသွားတယ်။
  • 1:47 - 1:48
    "တော်လိုက်တာ"
  • 1:48 - 1:50
    လူတစ်ဦး အခြားကားကို နောက်က
    ဝင်တိုက်လိုက်တယ်။
  • 1:50 - 1:53
    အံ့စရာ မဟုတ်တော့ဘူး။
  • 1:53 - 1:56
    ဒီတော့ ခရီးသည်က "ကောင်းလိုက်တဲ့ အလုပ်"
    လို့ ပြောတဲ့အခါ
  • 1:56 - 1:58
    လှောင်ပြောင်တဲ့ အရိပ်အငွေ့နဲ့
  • 1:58 - 2:00
    ဆန့်ကျင်ဘက်ကို ဆိုလိုနိုင်တယ်။
  • 2:00 - 2:04
    ဒါက နှုတ်ပြော ဇောက်ထိုးစကားနဲ့
    ဟိုဟာက ငေါ့တာပါ။
  • 2:04 - 2:06
    "ပါရမီထူးတဲ့ ကစားသမား" လို့
    အိုလံပစ်ပြိုင်ပွဲဝင်ကို ပြောတယ်
  • 2:06 - 2:09
    အစစ်အမှန်ပါ၊ နှုတ်ပြော
    ဇောက်ထိုးစကား မဟုတ်ပါ။
  • 2:09 - 2:12
    အင်္ဂလိပ်အခန်းထဲ ပြေးဝင်ကာ
    စာအုပ်နဲ့ ခဲတံဘူးကို
  • 2:12 - 2:14
    အခန်းအနှံ့ ထားတဲ့ ကိုးရိုးကားရား
    ကလေးတစ်ယောက်ကို ပြောတယ်။
  • 2:14 - 2:18
    အခုဟာက ကြမ်းတမ်းပြီး နှုတ်ပြောအရ
    ဇောက်ထိုးဆန်တယ်။
  • 2:18 - 2:21
    အကြောင်းက သင်ပြောလိုက်တာက
    သင်ဆိုလိုတာ မဟုတ်လို့ပါ။
  • 2:21 - 2:24
    ဒါက နှုတ်ပြော ဇောက်ထိုးစကားပါ။
  • 2:24 - 2:25
    သင်ဆိုလိုတာရဲ့ ဆန့်ကျင်ဘက်ကို ပြောတာပါ။
  • 2:25 - 2:27
    ဒါ့အပြင် ဒီသနားစရာ ပုဂ္ဂိုလ်ကို
  • 2:27 - 2:29
    သင်က လှောင်ပြောင်လိုစိတ်ရှိတာကြောင့်
  • 2:29 - 2:32
    သင်ဟာ နှုတ်ပိုင်းအရ ဇောက်ထိုးစကား
    ဖြစ်ဖို့လိုတာတင်မက
  • 2:32 - 2:34
    ငေါ့တာလည်း ပါဝင်တယ်။
  • 2:34 - 2:35
    ဒါပေမဲ့ သတိတော့ ထားပါ။
  • 2:35 - 2:39
    ငေါ့တာအားလုံးက နှုတိပိုင်းဇောက်ထိုး
    စကား အနက်နဲ့ကိုက်ပေမဲ့
  • 2:39 - 2:42
    နှုတ်ပြော ဇောက်ထိုးစကားအားလုံးဟာ
    ငေါ့တာမဟုတ်ပါ။
  • 2:42 - 2:44
    နှုတ်ပြော ဇောက်ထိုးစကားက ဆိုလိုတာက
  • 2:44 - 2:47

    ပြောတာရဲ့ ဆန့်ကျင်ဘက်ဖြစ်ပေမဲ့
  • 2:47 - 2:50
    ငေါ့တာက သဘောထားရဲ့ ထိုးနှက်ချက်
    နည်းနည်း ထပ်ပေါင်းတာပါ။
  • 2:50 - 2:51
    ဒါပေမဲ့ ငေါ့သံမပါတဲ့
  • 2:51 - 2:54
    အဓိပ္ပာယ်ရဲ့
    နောက်ထပ် အလွှာရှိနိုင်တဲ့
  • 2:54 - 2:57
    အချိန်တွေရှိပါတယ်။
  • 2:57 - 2:59
    ကောင်းပြီ၊ ထွက်သွားပြီး
  • 2:59 - 3:03
    နှုတ်ပြော ဇောက်ထိုးစကားနဲ့ ငေါ့တာရဲ့
    နမူနာတွေကို ရှာဖွေလိုက်ပါ။
  • 3:03 - 3:04
    ကံကောင်းပါစေ။
  • 3:04 - 3:07
    နိုး တကယ်ပြောတာ၊ ကံကောင်းပါစေ
    လို့ ဆိုလိုတာပါ။
  • 3:07 - 3:08
    မဟုတ်ဘူး၊ တကယ်ပါ။
  • 3:08 - 3:11
    ဒီခက်ခဲတဲ့ အလုပ်မှာ တကယ်ပဲ
    သင့်ကို ကံကောင်းစေချင်တာပါ။
  • 3:11 - 3:14
    စိတ်ရင်းအတိုင်းပါ ကံကောင်းပါစေ။
  • 3:14 - 3:15
    သင်လုပ်နိုင်ပါတယ်။
  • 3:15 - 3:17
    ဒီမှာ နှုတ်ပြော ဇောက်ထိုးစကား
    မဟုတ်ပါဘူး။
Title:
နှုတ်ပြော ဇောက်ထိုးစကား ဆိုတာဘာလဲ။ Christopher Warner
Speaker:
Christopher Warner
Description:

သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/what-is-verbal-irony-christopher-warner တွင် ကြည့်ရှုပါ။

အပေါ်ယံအနေနဲ့ဆို ဇောက်ထိုးစကား၊ ငေါ့လုံးနဲ့ ချီးမွမ်းစကားတွေကြားမှာရှိတဲ့ နယ်နိမိတ်မျဉ်းတွေက ပိုင်းခြားရန် မလွယ်နိုင်ပါ။ အဆုံးမှာတော့ "ဒါက ကောင်းပုံရတယ်" ဆိုတဲ့ စကားစုက အကြောင်းခြင်းရာတွေအပေါ်မူတည်ပြီး သုံးမျိုးစလုံး ဖြစ်နိုင်တယ်။ ဇောက်ထိုးစကားရဲ့အပိုင်းစဉ် သုံးခုရဲ့ နောက်ဆုံးအပိုင်းမှာ Christopher Warner ကနေပြီး သင် မကြာခဏနဲ့ ပေါ့ပေါ့ပါးအသုံးပြုဆုံးဖြစ်လောက်တဲ့ အပြောပိုင်း ဇောက်ထိုးစကားကို ရောက်လာပါတယ်။ နှုတ်ပြော ဇောက်ထိုးစကားပါ။

သငိခန်းစာကို Christopher Warner က ပြုစုပြီး လှုပ်ရှားမှု ရုပ်ပုံများကို Ben Pearce က ဖန်တီးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
03:29

Burmese subtitles

Revisions