Return to Video

လပေါ်မှ လူ့အဖွဲ့အစည်းနှင့် ကမ္ဘာပေါ်ရှိ သက်ရှိတွေအတွက် ၄င်းအပေါ်သဘောထား

  • 0:01 - 0:05
    အခုဆို လနဲ့ပတ်သက်ပြီး
    ကိစ္စတော်တော်များများ ဖြစ်ပေါ်နေပါတယ်
  • 0:05 - 0:09
    တရုတ်နိုင်ငံက ၂၀၃၀ နှစ်တွေမှာ လူမနေတဲ့
    တောင်ဝင်ရိုးစွန်းစခန်းတစ်ခု အတွက်
  • 0:09 - 0:11
    အစီအစဉ်တွေကို ကြေညာခဲ့တယ်
  • 0:11 - 0:14
    အမေရိကန်ကလည်း အာကသထဲမှာ
    နေထိုင် အလုပ်လုပ်သူတွေ
  • 0:14 - 0:18
    များလာဖို့ ရည်ရွယ်တဲ့ စီမံကိန်းတစ်ခုကို
    တရားဝင်ကြေညာခဲ့တယ်
  • 0:18 - 0:21
    ​ဒါကတော့ NASAရဲ့
    Artemis လို့ခေါ်တဲ့ စီမံကိန်းပါ
  • 0:21 - 0:25
    ပထမဆုံးအမျိုးသမီးတစ်ဦးနဲ့ အမျိုးသား
    တစ်ဦးကို နိုင်ငံတကာ အစီအစဉ်တစ်ခုမှာ
  • 0:25 - 0:27
    ဒီဆယ်စုနှစ်အတွင်းမှာ
    လပေါ်စေလွှတ်ဖို့ပါ
  • 0:27 - 0:30
    ဘီလီယံနာတွေနဲ့
    ပုဂ္ဂလိကအဖွဲ့အစည်းတွေကလည်း
  • 0:30 - 0:31
    မကြံစဖူးနည်းလမ်းတွေနဲ့
    ပါဝင်လာကြတယ်
  • 0:32 - 0:35
    ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ရာနဲ့ချီတဲ့
    လွန်းပျံယာဥ်လွှတ်တင်တဲ့ကုမ္ပဏီတွေနဲ့
  • 0:35 - 0:39
    ခန့်မှန်းခြေတစ်ဒါဇင်လောက်ရှိတဲ့
    လကမ္ဘာသယ်ယူပိုဆောင်ရေးကုမ္ပဏီတွေက
  • 0:39 - 0:42
    စက်ရုပ်တွေကို လပေါ်သို့စေလွှတ်ဖို့
    ပြင်ဆင်ထားကြပါတယ်
  • 0:43 - 0:47
    လူ့သမိုင်းမှာ ပထမဆုံးသော ပြန်အသုံးပြုလို့
    ရတဲ့ဒုံးပျံတွေ ပိုင်ဆိုင်ထားပါပြီ
  • 0:47 - 0:50
    ဒါက အခြေခံအဆောက်အအုံတွေ
    တိုးတက်မှုနဲ့ အရင်းအမြစ်တွေကို
  • 0:50 - 0:52
    အသုံးချနိုင်မှုကို ဖြစ်စေမှာပါ။
  • 0:52 - 0:55
    ကွဲလွဲမှုတွေရှိပေမဲ့
    သိပ္ပံပညာရှင်တွေ ထင်တာက
  • 0:55 - 0:59
    လပေါ်မှာ ဘီလီယံနဲ့ချီတဲ့
    တန်ပေါင်းများစွာသောရေခဲတွေရှိပါတယ်
  • 0:59 - 1:01
    ဒီပမာဏဟာ Erie ရေကန်ကြီးထက်တောင်များပြီး
  • 1:01 - 1:05
    လပေါ်မှာနေထိုင်အလုပ်လုပ်ကြမယ့်
    ရာထောင်ချီတဲ့လူတွေကို
  • 1:05 - 1:08
    ရေထောက်ပံ့ပေးဖို့ လုံလောက်ပါတယ်
  • 1:08 - 1:11
    ဒီစီမံကိန်းတွေကို တရားဝင်
    အကောင်အထည်ဖော်နေဆဲဖြစ်ပေမဲ့
  • 1:11 - 1:14
    နောက်ဆယ်စုနှစ်အတွင်းမှာတင် လူသားတွေအနေနဲ့
  • 1:14 - 1:16
    လပေါ်မှာ စတင်နေထိုင်အလုပ်ကြမယ်လို့
  • 1:16 - 1:17
    ကောက်ချက်ချနိုင်ပါတယ်
  • 1:18 - 1:22
    ဒါပေမဲ့ အကြမ်းဖျင်းအားဖြင့် လဟာ
    အာဖရိကတိုက်လောက်ပဲရှိပြီး
  • 1:22 - 1:25
    အဓိကအရင်းအမြစ်တွေက
    လရဲ့ဝင်းရိုးစွန်းတွေမှာပဲ
  • 1:25 - 1:27
    စုပုံတည်ရှိတယ်လို့
  • 1:27 - 1:29
    ယူဆထားကြပါတယ်
  • 1:29 - 1:34
    ဒါက ဒီရှားပါးတဲ့အရင်းအမြစ်တွေကို
    ဘယ်လိုခွဲဝေကြမလဲဆိုတာ မေးခွန်းဖြစ်လာတယ်
  • 1:35 - 1:39
    ထပ်ပြီးတော့ နယ်မြေခွဲဝေမှုတို့
    ယဥ်ကျေးမှုအမွှေအနှစ်တွေထားခဲ့မှာလားတို့
  • 1:39 - 1:41
    ပိုင်ဆိုင်မှုမတူညီမှုတွေကို ဘယ်လို
  • 1:41 - 1:45
    ပြန်ခွဲဝေမလဲဆိုတာက လပေါ် ပြောင်းဖို့
    အခြေချဖို့ အဓိက မေးခွန်းတွေဖြစ်လာပါတယ်
  • 1:45 - 1:47
    ပိုတိကျရမယ်ဆိုရင်
  • 1:47 - 1:50
    ဒီကမ္ဘာမြေမှာ စိန်ခေါ်မှုကြီးတွေ
    ရှိနေပြီးသားမို့လား
  • 1:50 - 1:55
    E-Government, ကပ်ရောဂါတွေ,အကြမ်းဖက်ဝါဒ
    ပြီးတော့ အ‌ရေးကြီးဆုံးလို့ပြောလို့ရတဲ့
  • 1:55 - 1:58
    ရာသီဥတုဖောက်ပြန်မှုတွေနဲ့
    ဇီဝမျိုးစိတ် ဆုံးရှုံးတာတွေပါ
  • 1:59 - 2:00
    သဘောတရားတချို့မှာတော့
  • 2:00 - 2:03
    လကို သွားရောက်ဖို့ နေရာအဖြစ် စိတ်ကူးက
  • 2:03 - 2:06
    ပြဿနာရှိတဲ့ လက္ခဏာသဘောတွေ ပါနေတယ်။
  • 2:06 - 2:08
    ဖြစ်လာနိုင်တာတွေက လပေါ်မှာ နိုင်ငံချင်း
  • 2:08 - 2:10
    နယ်မြေလုကြမှာတွေ
  • 2:10 - 2:12
    ဒုံပျံကြီးတွေနဲ့
    တန်ဖိုးကြီးတဲ့ စီမံကိန်းတွေ
  • 2:12 - 2:14
    ယှဥ်ပြိုင်မှုတွေ အနိုင်ယူမှုတွေပါ။
  • 2:15 - 2:17
    ဒါပေမဲ့ လနဲ့ပတ်သက်ပြီး
    စိတ်ဝင်စားစရာ အကောင်းဆုံးက
  • 2:17 - 2:20
    ဘီလီယံနာတွေနဲ့
    သူတို့ရဲ့ဒုံးပျံတွေ၊ ဒါမှမဟုတ် ဖြစ်နေကျ
  • 2:20 - 2:23
    နိုင်ငံအချင်းချင်းရဲ့
    အင်အားပြိုင်မှုတွေ မဟုတ်ဘူး။
  • 2:23 - 2:26
    ဒီတော့ အကြမ်းထည်
    မဟုတ်ပါဘူး
  • 2:27 - 2:29
    အနုထည်ပါ
  • 2:29 - 2:31
    စံတွေ၊ ဓလေ့တွေ၊ ဥပဒေတွေပါ
  • 2:31 - 2:33
    ကျွန်မတို့ရဲ့ လူမှုနည်းပညာပါ
  • 2:34 - 2:38
    ဒါက ကမ္ဘာလုံးဆိုင်ရာပမာဏရှိတဲ့
    စိန်ခေါ်မှုတွေရဲ့ ခေတ်သစ် တုံ့ပြန်ဖို့
  • 2:38 - 2:40
    ဒီမိုကရေစီအဖွဲ့အစည်းတွေနဲ့
  • 2:40 - 2:44
    ဥပဒေ စည်းမျဉ်းတွေကိုအဆင့်မြင့်
    တင်ဖို့ အခွင့်အရေးလည်းဖြစ်တယ်
  • 2:44 - 2:48
    ကမ္ဘာကြီးမှာရှိတဲ့ အကြီးးဆုံး
    စိန်ခေါ်မှုချို့ဖြေရှင်းဖို့အတွက်
  • 2:48 - 2:51
    လဟာ ပတ္တူစတစ်ခု ဖြစ်နိုင်ပုံကို
    ပြောပြပေးပါ့မယ်။
  • 2:52 - 2:57
    ကျွန်မဟာ ဆယ်ကျော်သက်အရွယ်ကတည်းက
    ဒီအကြောင်းကို စွဲလမ်းနေခဲ့တာမျိူးပါ။
  • 2:57 - 3:01
    ကျွန်မဟာ ဆယ်စုနှစ်နှစ်ခုကြာ နိုင်ငံတကာ
    အာကာသ စည်းမျဥ်းနဲ့ လုပ်ကိုင်တာအပြင်
  • 3:01 - 3:06
    ပုံမှန်လူ့အဖွဲ့စည်းနဲ့ဆိုင်တဲ့ အခြေခံကျတဲ့
    လူထု ပရောဂျက်တွေနဲ့ပတ်သက်တာရောပါ။
  • 3:06 - 3:08
    ကျွန်မ ၁၇ နှစ်မှာ
  • 3:08 - 3:11
    Vienna မှာကျင်းပတဲ့ အာကာသကို
    ငြိမ်းချမ်းစွာအသုံးပြုရေးဆိုတဲ့ ညီလာခံ
  • 3:11 - 3:12
    တစ်ခုကို တက်‌ရောက်ခဲ့တယ်
  • 3:13 - 3:17
    နိုင်ငံပေါင်း ၆၀ ကျော်က လူငယ် ၁၆၀ ဟာ
    UN အဆောက်အဦဘေးက
  • 3:17 - 3:21
    ဟိုတယ်တစ်ခုလုံးအပြည့်
    နှစ်ပတ်ကျော်လောက် နေထိုင်ခဲ့ကြပါတယ်
  • 3:21 - 3:23
    လူသားမျိုးနွယ်ရဲ့အနာဂတ်မှာ
    အာကာသရဲ့
  • 3:23 - 3:25
    အခန်းကဏ္ဍအကြောင်း
  • 3:25 - 3:28
    အဖွဲ့ဝင်နိုင်ငံတွေဆီ အကြံပြုချက်တွေ
    ပေးဖို့ ဖိတ်ကြားခံရတာပါ။
  • 3:28 - 3:30
    ဒီတွေ့ဆုံပွဲပြီးတော့
  • 3:30 - 3:32
    အဖွဲ့ထဲကလူငယ်တစ်ချို့ဟာ
  • 3:32 - 3:34
    ဆက်ပြီးတူတူနေကြဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်
  • 3:35 - 3:39
    လူအဟောက်၂၀ လောက် အတူနေကြ
    တယ်ဆိုတာ နည်းနည်းရူးကြောင်ကြောင်နိုင်ပေမဲ့
  • 3:39 - 3:45
    နှစ်တွေကြာလာတဲ့အခါ ဒီလိုအတူနေခဲ့တဲ့
    အတွက် လူမှု နည်းပညာတွေကို
  • 3:45 - 3:49
    စမ်းသပ်ဖို့အတွက် အချင်းချင်းယုံကြည်ရတဲ့
    အဖွဲ့တစ်ခုဖြစ်လာစေပါတယ်
  • 3:49 - 3:53
    ကျွန်မတို့အဖွဲ့ဟာ ဂျူရီစနစ်ကျင့်သုံးပြီး
    CEO ကစပြီး ရာထူးအဆင့်ဆင့်ခန့်အပ်ကာ
  • 3:53 - 3:55
    အမှုဆောင်အဖွဲ့တေွ တစ်ရပ်ဖွဲ့စည်းခဲ့ပါတယ်
  • 3:56 - 3:58
    နောက်တော့ ကျွန်မတို့
    အလုပ်အကိုင်တေွ အဖြစ်တိုးပွားကာ
  • 3:58 - 4:02
    Washington DC အကြံပေးအဖွဲ့ကနေ
    NASA ကို ပြောင်းတယ်
  • 4:02 - 4:04
    ကုမ္ပဏီတွေ စတင် တည်ထောင်ဖို့ပါ။
  • 4:04 - 4:07
    ဒီလူနှစ်ဆယ်လောက်ပဲရှိတဲ့အဖွဲ့လေးကတောင်
  • 4:07 - 4:10
    လူ့အဖွဲ့အစည်းရဲ့
    အရေးကြီးတဲ့မေးခွန်းတွေဖြစ်တဲ့
  • 4:10 - 4:14
    ကိုယ်စားပြုဖို့ ရေရှည်တည်မြဲဖို့ စတာတွေကို
  • 4:14 - 4:16
    အဖြေပေးနိုင်ကြောင်း ပြသခဲ့ပါတယ်
  • 4:17 - 4:21
    လူတွေဟာ တစ်ခါတစ်လေ လကို
    သရုပ်ပြစမ်းသပ်ဖို့နေရာလိုမျိုး
  • 4:21 - 4:23
    တွေးကြ ပြောကြပါတယ်
  • 4:24 - 4:28
    ဒါပေမဲ့ လကို စိုးမိုးတဲ့
    တရားဝင် သဘောတူညီမှုတွေကြောင့်
  • 4:28 - 4:31
    လက်ရှိ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့
    စိန်ခေါ်မှုတွေ ပြဿနာတွေလိုပဲ
  • 4:31 - 4:34
    လပေါ်မှာလည်း အလားတူစိန်ခေါ်မှုတွေရှိပါတယ်
  • 4:34 - 4:41
    လရော ကမ္ဘာမှာပါ နယ်စပ်မျဥ်းတွေ နယ်နိမိတ်
    ကိစ္စတွေထက်ပိုတဲ့ပြဿနာတွေရှိပါတယ်
  • 4:41 - 4:43
    ဆိုလိုတာက လဟာ တကယ်တော့
    သင်ပုန်းလွတ်တစ်ချပ်ဆိုတာထက်
  • 4:43 - 4:45
    ပိုတဲ့ ပုံစံပြားတစ်ချပ်ပါ။
  • 4:46 - 4:51
    လအပါအဝင် ပြင်ပ အာကသထဲက လုပ်ဆောင်မှုတွေကို
    စိုးမိုးရေး စာချုပ်ကို ၁၉၆၇ ခုနှစ်က
  • 4:51 - 4:53
    ချုပ်ဆိုခဲ့တဲ့ Outer Space Treaty နဲ့အညီ
  • 4:53 - 4:55
    ဆောင်ရွက်ကြရပါတယ်
  • 4:56 - 4:58
    အဲဒီစာချုပ်မှာက အဓိကအရေးကြီးတဲ့
  • 4:58 - 5:02
    ဥပဒေပြဌာန်းတာနဲ့ပတ်သက်တဲ့
    အချက်နှစ်ချက်ပါပါတယ်
  • 5:03 - 5:09
    ပထမတစ်ခုကတော့ အာကာသထဲ
    စူးစမ်းလေ့လာဖို့အတွက် လိုအပ်တဲ့အချက်တွေပါ
  • 5:10 - 5:14
    ဒုတိယ တစ်ချက်ကတော့ လအပါအဝင်
    အခြား အာကာသထဲကမည်သည့်အရာကမှ
  • 5:14 - 5:18
    တစ်နိုင်ငံတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ပါဘူး
  • 5:18 - 5:20
    ဒါကရူးကြောင်ကြောင်နိုင်ပါတယ်
  • 5:20 - 5:24
    ဘာလို့လဲဆို လက်ရှိတစ်ကမ္ဘာလုံးကို
    ထိန်းကျောင်းပေးတဲ့စနစ်ဖြစ်တဲ့
  • 5:24 - 5:25
    ကုလသမဂ္ဂဆိုတာ
  • 5:25 - 5:28
    မိမိနိုင်ငံနယ်နိမိတ်အတွင်းက
    အရင်းအမြစ်တွေသုံးစွဲမှုတွေ
  • 5:28 - 5:32
    နိုင်ငံတွင်းလွတ်လပ်စွာ အုပ်ချုပ်ခွင့်တွေ
  • 5:32 - 5:35
    စတဲ့နိုင်ငံတစ်နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့
    ငြိမ်းချမ်းရေးကိုလေးစားပြီး
  • 5:35 - 5:39
    နိုင်ငံတကာသဘောတူစာချုပ်တွေနဲ့
    ထိန်းကျောင်းပေးတဲ့စနစ်ဖြစ်ပါတယ်
  • 5:40 - 5:42
    ဒီနှစ်ခုစလုံးနဲ​့ ပြဌာန်ခြင်းအားဖြင့်
  • 5:42 - 5:45
    " ဘုံပိုင်တွေ" လို့ ခေါ်ကြတဲ့
    အခြေအနေတွေကို ဖန်တီးလိုက်တာပါ
  • 5:46 - 5:50
    Nobel ဆုရှင် စီးပွားရေးပညာရှင်
    Elinor Ostromရဲ့ လေ့လာမှုတွေအရ
  • 5:50 - 5:54
    တစ်ကမ္ဘာလုံးဘုံပိုင်ဆိုတာက
    သမုဒ္ဒရာတို့လို ရာသီဥတုတို့လိုမျိုး
  • 5:54 - 5:57
    သက်ရှိအားလုံး အသက်ရှင်သန်‌ရေးနဲ့
    ကောင်းမွန်စွာနေထိုင်ရေးအတွက်
  • 5:57 - 6:01
    အရေးကြီးတဲ့အရာတွေကို အတူတူဝေမျှသုံးစွဲဖို့
    အတူတူကာကွယ်ဖို့ လိုအပ်တဲ့
  • 6:01 - 6:03
    အရာတွေလို့ဆိုထားပါတယ်
  • 6:03 - 6:08
    ဘုံသတ်မှတ်တာကို အခြေခံတဲ့ နည်းလမ်းတွေက
    တစ်ကမ္ဘာလုံးအနေနဲ့ အာကာသထဲစူးစမ်းနိုင်ဖို့
  • 6:08 - 6:10
    လိုအပ်တဲ့ အဆောက်အအုံတွေ အဖွဲ့အစည်းတွေ
  • 6:10 - 6:13
    တည်ဆောက်ဖို့ အခွင့်အရေးဖြစ်လာစေပါတယ်
  • 6:13 - 6:14
    ပိုင်ဆိုင်မှုရပိုင်ခွင့် ဆိုတာဘာလဲ
  • 6:14 - 6:16
    ပြင်ပ အာဏာပိုင်နဲ့
  • 6:16 - 6:21
    ပုဂ္ဂလိက ပိုင်ဆိုင်မှုရဲ့ သမရိုးကျဥပဒေတွေက
    အကျုံးမဝင်တဲ့အခါ ရင်းမြစ်တွေကို
  • 6:21 - 6:22
    ဘယ်လို စီမံကြမလဲ
  • 6:22 - 6:25
    ဒီအဖြေတွေ အားလုံး မရှိသေးပေမဲ့
  • 6:25 - 6:28
    ရာသီဥတု၊ အင်တာနက် အစိုးရစနစ်
    အာဏာရှင်ဆန်မှု စတာတွေဟာ
  • 6:28 - 6:31
    လက်ရှိ တွေးခေါ်ခြင်းနဲ့
    ဖြေရှင်းလို့ မရသေးတဲ့
  • 6:31 - 6:34
    နက်နက်ရှိုင်းရှိုင်း ဖြစ်တည်နေတဲ့
    ခြိမ်းခြောက်မှုတွေဖြစ်ပါတယ်
  • 6:34 - 6:39
    နည်းလမ်းအသစ်တွေ ဖန်တီးဖို့ အောင်မြင်တဲ့
    လမ်းကြောင်းသစ်တွေ လိုအပ်ပါတယ်။
  • 6:39 - 6:43
    ဒီတော့ ဘုံပိုင်ဆိုင်မှု အခြေခံတဲ့ အယူအဆကို
  • 6:43 - 6:46
    ကမ္ဘာနဲ့ အာကာသအဖွဲ့အစည်းတွေထဲမှာ
    ဘယ်လို ပူးပေါင်းလုပ်ဆောင်ကြမလဲ
  • 6:47 - 6:52
    ဒါက မဖြစ်နိုင်တဲ့ ရင်းမြစ်တစ်ခု
    ကနေလာတဲ့ ကြိုးပမ်းမှုတစ်ခုပါ
  • 6:52 - 6:55
    ဒုတိယကမ္ဘာစစ်အတွင်းက
    လူငယ်တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့
  • 6:55 - 6:58
    Arvid Pardo ဟာ ဖက်ဆစ်ဆန့်ကျင်ရေးကို
    ဦးဆောင်ခဲ့မှုအတွက်
  • 6:58 - 7:01
    Gestapo က ဖမ်းဆီးပြီး သေမိန့်ချခဲ့ပါတယ်
  • 7:02 - 7:03
    စစ်ကြီးပြီးတေ့
  • 7:03 - 7:06
    သူက သံတမန် တပ်ဖွဲ့တွေထဲမှာ
    အလုပ်ဝင်ခဲ့ပြီး
  • 7:06 - 7:10
    နောက်ဆုံးမှာ ကုလသမဂ္ဂမှာ Malta အတွက်
    ပထမဦးဆုံး အမြဲတမ်းကိုယ်စားလှယ်
  • 7:10 - 7:12
    တစ်ယောက်ဖြစ်လာခဲ့ပါတယ်
  • 7:12 - 7:15
    ရေပိုင်နက်လိုမျိုး ကမ္ဘာလုံးဆိုင်ရာ
  • 7:15 - 7:18
    ရင်းမြစ်တွေကို
    စီမံဖို့ နိုင်ငံတကာဥပဒေတွေမှာ
  • 7:18 - 7:20
    နည်းလမ်းတွေမရှိတာ Pardo မြင်ခဲ့တယ်
  • 7:21 - 7:26
    နိုင်ငံတွေကြားမှာ တူညီတဲ့ မျှဝေခြင်းကို
    ထောက်ခံဖို့ အခွင့်အရေးတစ်ခုကိုပါ သူတွေ့တယ်
  • 7:26 - 7:31
    ၁၉၆၇ခုနှစ်မှာ Pardo က ကုလသမဂ္ဂမှာ
    ကျော်ကြားတဲ့ မိန်းခွန်တစ်ခုပြောကြားခဲ့တယ်
  • 7:31 - 7:33
    သမုဒ္ဒရာနဲ့ ၄င်းရဲ့အရင်းအဖြစ်တွေဟာ
  • 7:33 - 7:39
    "လူသားအားလုံးရဲ့ အမွေအနှစ်"ဖြစ်တယ်ဆိုတဲ့
    အယူအဆတစ်ရပ်ကို တင်ပြခဲ့တာဖြစ်ပါတယ်
  • 7:39 - 7:43
    Law of Sea Treaty မှာ ဒီစာပိုဒ်ကို
    တစ်စိတ်တစ်ပိုင်းအဖြစ်ဖော်ပြခဲ့ပြီး
  • 7:43 - 7:46
    နိုင်ငံတကာပိုင်ဆိုင်မှုတွေကို
    ထိန်းညှိပေးတဲ့ သဘောတူညီချက်တွေထဲမှာ
  • 7:46 - 7:48
    ထောင့်အစေ့ဆုံးဖြစ်လောက်တယ်
  • 7:48 - 7:51
    ဒါကို အရေးပါတဲ့ ကာလတစ်ခုအဖြစ်မြင်ကြတယ်
  • 7:51 - 7:53
    ပင်လယ်တွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုပါ
  • 7:54 - 7:57
    ဒါပေမဲ့ ဘာသာစကားက အတော့ကို
    အငြင်းပွားဖွယ်ဖြစ်ခဲ့တော့
  • 7:57 - 8:00
    လုံလောက်တဲ့လက်မှတ်တွေရဖို့အတွက်
    ၁၂နှစ်လောက်အချိန်ယူခဲ့ရပြီး
  • 8:00 - 8:02
    အခုအချိန်အထိကို သဘောတူညီချက်မှာ
  • 8:02 - 8:05
    လက်မှတ်ထိုးဖို့ငြင်းဆန်နေတဲ့နိုင်ငံတွေ
    ရှိပါသေးတယ်
  • 8:06 - 8:10
    ကန့်ကွက်မှုက မျှဝေခြင်း
    သက်သက်က ဒီလောက်မဟုတ်ဘဲ
  • 8:10 - 8:12
    မျှဝေရမည့် ဝတ္တရားကြောင့်ပါ။
  • 8:13 - 8:18
    အားလုံးအတူတူပိုင်ဆိုင်ကြတယ်ဆိုတာကို
    နိုင်ငံတွေက သူတို့ရဲ့အချုပ်အခြာအာဏာနဲ့
  • 8:18 - 8:21
    နိုင်ငံတကာရေပိုင်နက်ဥပဒေကို
  • 8:21 - 8:26
    ထောက်ခံပေးတဲ့ သူတို့ရဲ့ အချုပ်အခြာကို
    ထိပါးတယ်လို့ ခံစားကြရပါတယ်
  • 8:27 - 8:29
    ဒီတော့ နည်းလမ်းများစွာနဲ့ပဲ
  • 8:29 - 8:32
    ဒီ ဘုံပိုင်ဆိုင်မှု မူဝါဒရဲ့ ဇာတ်လမ်းက
  • 8:32 - 8:33
    ဝမ်းနည်းစရာပါ။
  • 8:34 - 8:37
    ဒါပေမဲ့ လက်ရှိ ကမ္ဘာ့ ဖွဲ့စည်းပုံစနစ်က
  • 8:37 - 8:42
    ကာကွယ်မှုတွေ ချမှတ်ပြီး စနစ်ကျတဲ​့
    ပြုပြင်ပြောင်းလဲမှုမှာ အားထုတ်မှုတွေကို
  • 8:42 - 8:45
    ခုခံပုံတွေကို သိသာအောင် ဖြစ်စေတာကြောင့်
    အတော်လေးအားကောင်းပါတယ်
  • 8:47 - 8:49
    ဒါပေမဲ့ ကိစ္စတော့ရှိတယ်။
  • 8:49 - 8:53
    Outer Space Treaty က ဒီဖွဲ့စည်းမှုဆိုင်ရာ
    ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးပြီ
  • 8:54 - 8:55
    စစ်အေးတိုက်ပွဲအရှိန်မြင့်လာတဲ့အခါ
  • 8:55 - 8:58
    လပေါ် ဘယ်သူ အရင် အရင်ရောက်မယ်
    ဆိုတာအချင်းချင်းစိုးရိမ်တဲ့
  • 8:58 - 9:00
    အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုဟာ
  • 9:00 - 9:04
    Westphalian နဲ့ အလားတူတဲ့ ခက်ရာခက်ဆစ်
    သဘောတူညီမှုတစ်ခု လုပ်ခဲ့တယ်။
  • 9:05 - 9:09
    အာကာသထဲမှာ လွတ်လပ်စွာစူးစမ်းခွင့်ရဖို့၊
    ပိုင်နက်သက်မှတ်မှုတွေကိုကာကွယ်ဖို့
  • 9:09 - 9:13
    ဒါတွေအတွက် အခြေခံအဖွဲ့အစည်းတွေကို
    ပြန်ပြီးပြုပြင်ပြောင်းလဲဖို့လိုပါတယ်
  • 9:13 - 9:15
    ဖြစ်လောက်တာက ဒီလိုပြောင်းလဲလိုက်တာက
  • 9:15 - 9:18
    ကမ္ဘာပေါ်မှာပြန်အသုံးချနိုင်တဲ့
    အသစ်တွေကို သိရှိတာပါ။
  • 9:19 - 9:23
    ဒီတော့ လဟာ တစ်ခါတစ်ရံမှာ
    နည်းနည်း ဝေးသလိုထင်ရပေမဲ့
  • 9:23 - 9:25
    အခု ဒီအခြေခံမေးခွန်းတွေကို ဖြေပုံက
  • 9:25 - 9:28
    ဆုံးဖြတ်ချက်ချတာက ဘယ်သူ၊
    သဘောတူညီမှုက ဘယ်ပုံဆိုတာ
  • 9:29 - 9:30
    အစဉ်အလာသတ်မှတ်ပေးလိမ့်မယ်
  • 9:31 - 9:34
    ဒီပြဿနာတွေဆိုတာကလည်း
    လူမှုနည်းပညာနဲ့ဆိုင်တာပါ၊
  • 9:34 - 9:36
    ဒုံးပျံတွေ စက်ပစ္စည်းတွေမဟုတ်ပါဘူး
  • 9:37 - 9:41
    ဒီပြဿနာတွေကိုဖြေရှင်းဖို့ အခုဆိုရင်
    ဆွေးနွေးမှုတွေပြုလုပ်နေပါပြီ
  • 9:41 - 9:45
    အာကာသဆိုင်ရာအဖွဲ့အစည်းဟာ
    အခြေခံ ဘုံသဘောတူညီမှုတွေကို ဆွေးနွေးနေတယ်။
  • 9:45 - 9:49
    ဥပမာ လရဲ့အပိုင်းတွေကို ပိုင်ဆိုင်ခွင့်
    နေရာတွေအဖြစ် ဘယ်လို သတ်မှတ်မလဲ
  • 9:49 - 9:52
    ဘယ်မှာ ဆင်းသက်ဖို့ ခွင့်ပြုချက် ဘယ်လိုယူလဲ
  • 9:52 - 9:54
    ဘယ်အခါမှာ အစဉ်အလာ
    ပြင်ပအာဏာက
  • 9:54 - 9:56
    မသက်ရောက်ဘူးလဲ
  • 9:56 - 9:59
    အတူတကွပူးပေါင်းဆောင်ရွက်ကြဖို့
    ဘယ်လိုတွန်းအားပေးကြမလဲ
  • 9:59 - 10:02
    စည်းမျဉ်းတွေနဲ့ ဆန့်ကျင်တဲ့အခါ
    လူတွေကို ဘယ်ကို သွားခိုင်းမလဲ
  • 10:03 - 10:06
    ပြီးတော့ ရှားပါးတဲ့အရင်းအမြစ်တွေဖြစ်တဲ့
    ရေ၊ တွင်းထွက်ပစ္စည်းနဲ့
  • 10:06 - 10:09
    လရဲ့တည်ရှိပုံအနေအထားကြောင့်
  • 10:09 - 10:12
    နေကို အမြဲတမ်းထိတွေနေရလို့
  • 10:12 - 10:15
    လျှပ်စစ်စွမ်းအင်ထုတ်လုပ်ဖို့
    အကောင်းဆုံးဖြစ်တဲ့
  • 10:15 - 10:17
    လရဲ့အမြဲလင်းတဲ့အခြမ်း
    စတာတွေကို
  • 10:17 - 10:19
    ဘယ်လိုခွဲဝေကြမှာလဲ
  • 10:19 - 10:23
    လပေါ်မှာ ဥပဒေတွေ
    အုပ်ချုပ်မှုတွေမရှိတာကြောင့်
  • 10:23 - 10:25
    ကြောက်စရာကောင်းတယ်ထင်ကြပါတယ်
  • 10:25 - 10:29
    ပြီးတော့ လပေါ်မှာ ကြောက်စရာကောင်းတဲ့
    အခြေအနေတစ်ချို့ရှိပါသေးတယ်
  • 10:30 - 10:32
    လပေါ်မှာ ဘာဥပဒေမှမရှိဘူးဆိုရင်
  • 10:32 - 10:36
    လျင်သူစားစတမ်းဆိုတဲ့အခြေအနေမျိုးတွေ
    မဖြစ်ကုန်ကြဘူးလား
  • 10:36 - 10:38
    ဒီကာလကို အရေးမထားဘူးဆိုရင်
  • 10:38 - 10:41
    ဒီအခြေအနေတွေ ကြုံရလောက်တယ်
  • 10:41 - 10:46
    ဒါပေမဲ့ ရဲရင့်ပြီး ဒီစိန်ခေါ်မှုကို
    တုံ့ပြန်လိုစိတ်ရှိရင် ဖြစ်လာမှာမဟုတ်ဘူး
  • 10:47 - 10:50
    ကိုယ်ပိုင် အုပ် ချုပ်တဲ့ လူ့အဖွဲအစည်း
    တွေမှာ သိရှိရသလို
  • 10:50 - 10:54
    လုပ်ပြီးသားတွေကို ပြန်လည်ပြင်ဆင်ရတာထက်
    အသစ်ဖန်တီးလိုက်တာက ပိုလွယ်ပါတယ်
  • 10:55 - 10:57
    ကမ္ဘာပေါ်မှာ ကြုံတွေနေရတဲ့ အကြီးဆုံး
  • 10:57 - 11:01
    စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့
    လိုအပ်တဲ့ တိကျတဲ့ ပုံစံ ကန့်သတ်ချက်တွေနဲ့
  • 11:01 - 11:05
    မိမိဘာသာ ရပ်တည်တဲ့ ဝန်းကျင်တစ်ခုမှာ
    ကမ္ဘာ့ အတိုင်းအတာနဲ့ အဖွဲအစည်းသစ်တစ်ခုကို
  • 11:05 - 11:08
    ရှေ့ပြေးစမ်းသပ်ဖို့ လအပြင် အခြားမရှိပါ။
  • 11:09 - 11:11
    ၁၉၉၉တုန်းက
  • 11:11 - 11:15
    ကုလသမဂ္ဂကနေပြီး အာကာသကို
    စိတ်ဝင်စားတဲ့ကျွန်မတို့လူငယ်တစ်စုကို
  • 11:15 - 11:17
    ပိုပြီးမြင့်မြင့်တွေးကြဖို့နဲ့
  • 11:17 - 11:20
    ဆန္ဒရှိရင် နိုင်ငံတွေကိုတောင်
    သက်ရောက်စေနိုင်ကြောင်း သင်ပေးခဲ့ပါတယ်
  • 11:21 - 11:24
    ဒီနေ့မှာတော့ ပိုင်နက်နဲ့ နယ်နိမိတ်တွေကို
  • 11:24 - 11:28
    ကျော်ပြီးတော့့ မျှော်မှန်းကြည့်ဖို့
    နောက်ထပ်တစ်ဆင့်ကိုတက်လှမ်းဖို့ပါ
  • 11:29 - 11:30
    ကျေးဇူးတင်ပါတယ်
Title:
လပေါ်မှ လူ့အဖွဲ့အစည်းနှင့် ကမ္ဘာပေါ်ရှိ သက်ရှိတွေအတွက် ၄င်းအပေါ်သဘောထား
Speaker:
Jessy Kate Schingler
Description:

နောက်ဆယ်စုနှစ်အတွင်း လူသာတွေအနနဲ့ လပေါ်မှာ နေထိုင်အလုပ်လုပ်နေမှာကို တွေ့မြင်နိုင်ပြီး
အဲ့လိုအခြေချတာက ဘာကြောင့်အရေးကြီလဲဆိုတာကို အာကာသမူဝါဒဆိုင်ရာ သုတေသနပညာရှင် Jessy Kate Schinglerက ဆွေးနွေထားတာဖြစ်ပါတယ်။
ဒီဟောပြောမှုမှာ သူက လပေါ်အခြေချတဲ့အခါ အဓိကပြဿနာတွေဖြစ်တဲ့ အုပ်ချုပ်‌ရေးတွေ၊ ပိုင်ဆိုင်မှုအခွင့်အရေးတွေ၊ အရင်းအမြစ်တွေကို စီမံခန့်ခွဲဖို့တွေစတာတွေကို ဆွေးနွေးထားပြီး
လကို ကမ္ဘာပေါ်ကပြဿနာတွေကိုဖြေရှင်းဖို့အတွက် ပုံကြမ်းအနေနဲ့အသုံးပြုလို့ရတယ်ဆိုတဲ့အကြောင်းဆွေးနွေးထားတာဖြစ်ပါတယ်

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
11:43

Burmese subtitles

Revisions Compare revisions