လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မတို့ဟာ အမျိုးသားတွေကို အော်ထုတ်နေခဲ့တယ်။ ဒါ ပြီးဖို့လိုခဲ့တာပေါ့။ (လက်ခုပ်သံများ) ဒါပေမဲ့ မကြာသေးခင်က ဒါထက် ပိုပြင်းထန်တဲ့ တစ်ခုခုလုပ်ဖို့လိုတယ်လို့ တွေးနေမိတယ်။ ကျွန်မရဲ့မိတ်ဆွေကောင်း Tony Porter ပြောသလို သူတို့ကို ခေါ်ယူဖို့ နည်းလမ်း တစ်ခု ရှာဖို့လိုတယ်။ ကျွန်မရဲ့အဖေက ကျွန်မ ငါးနှစ်သမီးမှာ ကျွန်မကို လိင်ပိုင်း မတရားပြုခဲ့တယ်။ ညလယ်ပိုင်းမှာ ကျွန်မရဲ့အခန်းထဲကို ဝင်ဝင်လာနေခဲ့တယ်။ သူက ဘဝင်ခိုက်နေပုံရခဲ့တယ်။ မတရားမှုက ကျွန်မ ၁၀ နှစ်အထိ ဆက်ရှိခဲ့တယ်။ ကျွန်မ သူ့ကို ခုခံဖို့ဖို့ ကြိုးစားတဲ့အခါ၊ နောက်ဆုံး ငြင်းဆိုနိုင်တဲ့အခါမှာ သူက ကျွန်မကို စတင် ရိုက်နှက်တယ်။ ကျွန်မကို ငတုံးလို့ ခေါ်ခဲ့တယ်။ လူလိမ်လို့ ပြောခဲ့တယ်။ လိင်မတရားမှုက ကျွန်မ ၁၀ နှစ် အရွယ်မှာ အဆုံးသတ်ခဲ့ပေမဲ့ တကယ်တော့ ဘယ်တော့မှ မဆုံးခဲ့ဘူး။ ဒါက ကိုယ်ဘယ်သူဆိုတာကိုပြောင်းခဲ့တယ် ကျွန်မဟာ တစ်ချိန်လုံး ပူပန်မှု၊ အပြစ်၊ အရှက်နဲ့ ပြည့်နေခဲ့တယ်။ ဘာကြောင့်ဆိုတာ မသိခဲ့ဘူး။ ကျွန်မရဲ့ခန္ဓာကိုယ်ကို မုန်းခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် မုန်းခဲ့တယ်။ အတော်များများ စက်ဆုပ်မိခဲ့တယ်။ တွေးလို့ မရနိုင်ခဲ့ဘူး။ အကြောင်းအရာတွေကို မမှတ်မိနိုင်ဘူး။ ကျွန်မဟာ အန္တရာယ်ရှိတဲ့ ယောက်ျား၊ မိန်းမတွေဆီ ဆွဲထုတ်ခံရတယ်၊ ကျွန်မကို ဆိုးဝါးစွားပြုမူဖို့ ခွင့်ပေးတဲ့ တကယ်က ကျွန်မ ဖိတ်ခေါ်ခဲ့သူတွေပါ။ အကြောင်းက အချစ်ဆိုတာ ဒါလို့ အဖေက ကျွန်မကို သင်ပေးခဲ့လို့ပါ။ တစ်ဘဝလုံး ကျွန်မက အဖေဟာ ဝန်ချတောင်းပန်မှာကို စောင့်နေခဲ့တယ်။ သူ မတောင်းပန်ခဲ့ဘူး။ သူ တောင်းပန်မှာ မဟုတ်ဘူး။ ဒီနောက် နာမည်ကြီး အမျိုးသားတွေရဲ့ မကြာခင်က မကောင်းသတင်းတွေနဲ့အတူ တစ်ခုပြီး နောက်တစ်ခု ပေါ်လာသလိုတစ်ခုခုကို ကျွန်မ နားလည်ခဲ့တယ်။ မုဒိမ်း(သို့) ကာယ အကြမ်းဖက်မှု ကျူးလွန်တဲ့ အမျိုးသားတစ်ယောက်ဟာ သူ့သားကောင်ကို လူသိရှင်ကြား ဝန်ချတောင်းပန်ဖူးတာ တစ်ခါမှ ကျွန်မ မကြားဖူးတာပါ။ စစ်မှန် နက်ရှိုင်းတဲ့ ဝန်ချတောင်းပန်မှုဆိုတာက ဘယ်လိုမျိုးလဲလို့ စတင် တွေးမိလာခဲ့တယ်။ ဒါနဲ ထူးဆန်းတာတစ်ခု စဖြစ်လာခဲ့တယ်။ ကျွန်မ စာစရေးခဲ့တယ်။ ကျွန်မ အဖေရဲ့အသံက ကျွန်မဆီကနေ စတင် ရောက်ရှိလာတယ်။ သူလုပ်ခဲ့တာနဲ့ ဘာကြောင့်ဆိုတာကို ကျွန်မကို သူစပြောတယ်။ သူ စပြီး ဝန်ချတောင်းပန်ခဲ့တယ်။ ကျွန်မရဲ့အဖေဆုံးတာ ၃၁ နှစ်နီးကဆိုပေမဲ့ ဒီဝန်ချတောင်းပန်မှုထဲမှာ သူ့အတွက် ကျွန်မ ရေးသားဖို့လိုတဲ့ တစ်ခုက ဝန်ချတောင်းပန်မှုတစ်ခုရဲ့ စွမ်းအားကို ကျွန်မ ရှာဖွေတွေရှိခဲ့ပြီး အမျိုးသမီးတွေကို အကြမ်းဖက်တဲ့ အမျိုးသားတွေနဲ့ ရင်ဆိုင်တဲ့ အကျပ်အတည်းထဲမှာ ရှေ့ဆက်ဖို့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပုံပါ။ ဝန်ချတောင်းပန်းမှုဟာ အလေးထားအပ်တဲ့ လုပ်ရပ်တစ်ခုပါ။ ပကတိ ရိုးသားမှု လိုအပ်ပါတယ်။ လေးနက်တဲ့ မိမိကိုယ်ကို မေးမြန်းမှုနဲ့ အချိန် လိုအပ်ပါတယ်။ ကမန်းကတန်း လုပ်လို့မရပါဘူး။ ဝန်ချတောင်းပန်မှုမှာ အဆင့် လေးဆင့်ရှိတာကို ရှာဖွေတွေ့ရှိခဲ့ပြီး အလိုရှိကြမယ်ဆိုရင် ဒါတွေကို အစအဆုံးရှင်းပြချင်ပါတယ်။ ပထမတစ်ခုက ကိုယ်လုပ်ခဲ့တာကို အသေးစိတ် ပြောဖို့လိုပါတယ်။ ရှင်းပြချက်က မရေမရာဖြစ်လို့မရဘူး။ "နာကျင်စေခဲ့ရင် တောင်းပန်တယ်" (သို့) မင်းကို လိင်ပိုင်း အကြမ်ဖက်ခဲ့မိရင် တောင်ပန်ပါတယ်"က မတိကျဘူး။ တကယ် ဖြစ်ပျက်ခဲ့တာကို ပြောဖို့လိုတယ်။ "ညလယ်ခေါင်ကြီး မင်းရဲ့အခန်းထဲ ဝင်လာခဲ့ပြီး မင်းရဲ့အတွင်းခံကို ဆွဲချွတ်ခဲ့တယ်။" " မင်းကို သိမ်ငယ်အောင်လုပ်တာက မနာလိုလို့ပါ။ မင်းကို သေးသိမ်စေချင်ခဲ့တယ်။" လွတ်မြောက်စေမှုက အသေးစိတ်ပါတယ်။ ဝန်ချတောင်းပန်မှုတစ်ခုဟာ အမှတ်ရခြင်းတစ်ခုပါ။ ဒါက အတိတ်ကို ပစ္စုပ္ပန်နဲ့ ဆက်သွယ်ပေးတယ်။ ဖြစ်ပွားခဲ့တာက တကယ်ဖြစ်ခဲ့တာလို့ ပြောတယ်။ ဒုတိယ အဆင့်က ဘာကြောင့်ဆိုတာ ကိုယ့်ဘာသာ မေးဖို့လိုတယ်။ ရှင်ကျန်သူတွေဟာ ဘာကြောင့်ဆိုတာရဲ့ ခြောက်လှန့်မှုခံရတယ်။ ဘာကြောင့်လဲ။ ဘာကြောင့် ငါ့အဖေက အကြီးဆုံးသမီးကို လိင်ပိုင်း အကြမ်းဖက်တာလဲ။ ဘာကြောင့် သူက ငါ့ခေါင်းကို ဆွဲပြီး နံရံနဲ့ ဆောင့်ခဲ့တာလဲ။ ကျွန်မ အဖေရဲ့အဖြစ်မှာ သူဟာ အြခားကလေးတွေ မွေးပြီး အတော်ကြာမှ မွေးခဲ့တာပါ။ သူဟာ "အံ့ဖွယ်သရဲ" ဖြစ်လာခဲ့တဲ့ တိုက်ဆိုင်မှုတစ်ခုပါ။ သူ့ကို ရွေကလေးအဖြစ် မြတ်နိုးပြီး ပြုစုခံခဲ့ရတယ်။ ဒါပေမဲ့ မြတ်နိုးမှုဟာ ဖြစ်ချင်တော့ အချစ်မဟုတ်တာပါ။ မြတ်နိုးခြင်းဟာ တစ်ယောက်ယောက်က ကိုယ့်ကိုလိုအပ်တာကို ပြီးပြည့်စုံဖို့ ကိုယ်အပေါ် လွှဲချခြင်းတစ်ခုပါ။ ကျွန်မရဲ့အဖေဟာ ဒီမဖြစ်တဲ့ စံကို ဖြည့်ဆည်းပေးခဲရတယ်။ ဒီလိုနဲ့ ဘယ်တော့မှ သူ့ကိုယ်သူ ဖြစ်ခွင့်မရခဲ့ဘူး။ ဘယ်တော့မှ သိမ်မွေ့မှု (သို့) အားနွဲ့မှု၊ သိလိုမှု၊ သံသယ ဖော်ပြခွင့် မရခဲ့ဘူး။ ဘယ်တော့မှ ငိုခွင့်မရခဲ့ဘူး။ ဒီလိုနဲ့ သူဟာ ဒီခံစားချက်တွေကို အတင်းအကျပ် သိုသိပ်ခံခဲ့ရပြီး နောက်ဆုံးတော့ ဒါတွေက ပျံ့ပွားသွားခဲ့တယ်။ ဒီချုပ်တည်းထားတဲ့ ခံစားချက်တွေဟာ နောက်တော့ လျှို့ဝှက်တတ်သူဖြစ်လာပြီး ထိန်းချုပ်မရ ဖြစ်သွားကာ သူ့ရဲ့ အဟုန်ကို နောက်ဆုံးတော့ ကျွန်မဆီ ပွင့်ထွက်ခဲ့တယ်။ တတိယ အဆင့်ကတော့ နှလုံးသားကို ဖွင့်ထားပြီး ကိုယ်က သူ့ကို မတရားလုပ်နေစဉ် သားကောင် ခံစားခဲ့ရတာကို ခံစားပေးဖို့လိုတာပါ။ မိမိ အသည်းနှလုံးကို အကွဲခံဖို့လိုပါတယ်။ အနိုင်ကျင့်ခံရသူ သားကောင်ရဲ့ မနှစ်မြို့မှု၊ သစ္စာဖောက်မှုနဲ့ ရေရှည် သက်ရောက်မှုတွေကို ခံစားပေးဖို့လိုပါတယ်။ ကိုယ်က ဖြစ်ပေါ်စေခဲ့တဲ့ ဝေဒနာခံစားမှုနဲ့ ထိုင်နေဖို့ လိုပါတယ်။ တကယ်တမ်း စတုတ္ထ အဆင့်က ကိုယ်လုပ်ခဲ့တာအတွက် တာဝန်ယူပြီး အမှားကို ပြင်ဆင်ခြင်းပါ။ ဒီတော့ ဘာလို့ လူတစ်ဦးက ဒီလောက်အကျပ်ရိုက် ကျိုးနွံတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းချင်တာလဲ။ ဘာကြောင့် မိမိကိုယ်မိမိ ဆွဲဖြဲချင်ရတာလဲ။ အကြောင်းကတော့ မိမိကိုယ်မိမိ လွတ်မြောက် စေမယ့် တစ်ခုတည်းသောအရာဖြစ်လို့ပါ။ မိမိရဲ့သားကောင်ကို လွတ်မြောက်စေမယ့် တစ်ခုတည်းသော အရာဖြစ်လို့ပါ။ မိမိရဲ့သားကောင်ကို ဖျက်ဆီးခဲ့တာ တင်မဟုတ်ဘူး။ မိမိကိုယ်မိမိ ဖျက်ဆီးခဲ့တာပါ။ သက်ရောက်မှုတွေ ကိုယ်၌ကနေ မခံစားရသူ အခြားတစ်ယောက်ကို အကြမ်းဖက်မှု ပြဌာန်းသူ မရှိပါဘူး။ ဒါက မယုံနိုင်လောက်အောင် ယုတ်မာပြီး ညစ်ထေးစေတဲ့ စိတ်ဓာတ်တစ်ခုကို ဖန်တီးပြီး ဒါက ကိုယ့်ဘဝတစ်ခုလုံးကို ပျံ့နှံ့သွားတာပါ။ ကျွန်မ ရေးခဲ့တဲ့ ဝန်ချတောင်းပန်မှု ကျွန်မနဲ့ အခြားသော တစ်ဘီလီယံအမျိုးသမီးတွေ ရှင်ကျန်ခဲ့တဲ့ အမျိုးသားတွေရဲ့အကြမ်းဖက်မှု ပြဿနာကို နားလည်ဖို့ ကြည့်ဖို့လိုတဲ့ မတူတဲ့ မှန်ဘီလူးတွေအကြောင်း တစ်ခုခုကို ကျွန်မ သိခဲ့တာပါ။ ကျွန်မတို့ဟာ မကြာခဏ အပြစ်ဆီ ပထမဆုံး လှည့်တယ်။ ဒါက ကျွန်မတို့ရဲ့ ပထမဆုံး ပင်ကိုယ်စရိုက်ဆိုပေမဲ့ တကယ်ကျတော့ အပြစ်ပေးမှုက တစ်ခါတစ်ရံ ထိရောက်ပေမဲ့ ၎င်ကိုယ်တိုင်ကတော့ မလုံလောက်ပါဘူး။ အဖေက ကျွန်မကို အပြစ်ပေးတယ်။ ကျွန်မ ပိတ်လှောင်ခံရပြီး ရိုက်ချိုးခံရတယ်။ အပြစ်ပေးမှုက ကျွန်မတို့ကို မာကျောစေပေမဲ့ သင်ကြားမပေးခဲ့ဘူးလို့ ထင်တယ်။ အရှက်ကွဲခြင်းက မျက်စိဖွင့်ပေးခြင်းမဟုတ်ပါ။ အပြစ်ပေးမှု ပါဝင်နိုင်လောက်တဲ့ ဖြစ်စဉ်တစ်ခု ဖန်တီးဖို့ တကယ် လိုအပ်တယ်။ ဒီနည်းနဲ့ အပျိုးသားတွေ တကယ့်ကို တစ်ခုခုနဲ့ အခြားတစ်ယောက်ဖြစ်လာနိုင်တဲ့ တံခါးပေါက်တစ်ခု ကျွန်မတို့ ဖွင့်ပေးတာပါ။ နှစ်ပေါင်းများစွာ အဖေ့ကို မုန်းခဲ့တယ်။ သူ့ကို သေစေချင်ခဲ့တယ်။ သူ့ကို ထောင်ချချင်ခဲ့လို့ပါ။ ဒါပေမဲ့ တကယ်က ဒီအမျက်ဒေါသက ကျွန်မကို အဖေ့ဇာတ်လမ်းနဲ့ ဆက်ပြီး ဆက်သွယ်စေခဲ့တယ်။ ကျွန်မ တကယ်ဖြစ်ချင်ခဲ့တာက ကျွန်မ အဖေကို ရပ်တန့်စေဖို့တင်မဟုတ်ပဲ သူ့ကို ပြောင်းလဲစေချင်ခဲ့တာပါ။ သူ့ကို ဝန်ချတောင်းပန်စေချင်ခဲ့တာပါ။ ဒါက ကျွန်မ ဖြစ်ချင်ခဲ့တာပါ။ ယောက်ျားတွေကို ပျက်စီးစေချင်တာမဟုတ်ဘူး။ သူတို့ကို အပြစ်ပေးခံရစေချင်တာပဲ မဟုတ်ဘူး။ သူတို့ ဒုက္ခပေးခဲ့တဲ့ ကျွန်မတို့ကို သားကောင်တွေကို မြင်စေချင်ပြီး သူတို့ နောင်တရပြီး ပြောင်းလဲစေချင်တာပါ။ ဒါက ဖြစ်နိုင်တယ်လို့ တကယ် ယုံကြည်ပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ ရှေ့ဆက်လမ်းလို့ တကယ် ယုံကြည်ပါတယ်။ ဒါပေမဲ့ အမျိုးသားတွေ ကျွန်မတို့နဲ့ ပူးပေါင်းဖို့လိုပါတယ်။ အမျိုးသားတွေ ရဲရင့်ပြီး ဒီအပြောင်းအလဲအတွက် တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ လိုအပ်တယ်။ ကျွန်မရဲ့ဘဝ အများစုကို အမျိုးသားတွေတွေကို အော်ထုတ်ရင်း ကုန်ဆုံးခဲ့တယ်။ ကျွန်မ အခု ဒီမှာပါ၊ အခုလောလောဆယ် ရှင်တို့ကို ခေါ်ယူဖို့ပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) ကျေးဇူးပါ။ ကျေးဇူးပါ။ (လက်ခုပ်သံများ)