Return to Video

မညီမျှမှုနှင့် နိုင်ငံရေး အကွဲအပြဲဆိုင်ရာ စိတ်ပညာ

  • 0:01 - 0:03
    ခင်ဗျား အခုဆို ကြားဖူးမှာပါ၊
  • 0:03 - 0:06
    စီးပွားရေးဆိုင်ရာ မညီမျှမှုတွေက
    သမိုင်းတွင်လောက်အောင် မြင့်နေတာ၊
  • 0:06 - 0:09
    အမေရိကန်ပြည်ထောင်စုထဲက သုည ဒသမ
    တစ်ရာခိုင်နှုန်းရှိတဲ့ အချမ်းသာဆုံးသူတွေက
  • 0:09 - 0:13
    အောက်ခြေပြည်သူ ၉၀ ရာခိုင်နှုန်းတို့ရဲ့
    စုစုပေါင်း ကြွယ်ဝမှုလောက် ပိုင်ဆိုင်ကြတာ၊
  • 0:13 - 0:16
    ဒါမှမဟုတ် ကမ္ဘာပေါ်က
    အချမ်းသာဆုံး ပုဂ္ဂိုလ် ၈ ဦးတို့ရဲ့
  • 0:16 - 0:17
    ကြွယ်ဝချမ်းသာမှုဟာ
  • 0:17 - 0:21
    ကမ္ဘာပေါ်က အဆင်းရဲဆုံး လူ ၃.၅ ဘီလီယံ
    တို့ရဲ့ ပိုင်ဆိုင်မှုနဲ့ တူညီနေတာကိုပါ။
  • 0:21 - 0:26
    ဒါပေမဲ့ စီးပွားရေး မညီမျှမှုဟာ
    လူ့သက်တမ်း တိုလာမှု၊
  • 0:26 - 0:28
    ပျော်ရွှင်မှု နည်းလာမှု၊
  • 0:28 - 0:30
    ပြစ်မှုတွေ များလာမှုနဲ့
  • 0:30 - 0:33
    မူးယစ်ဆေး သုံးစွဲမှုများလာမှုနဲ့ ဆက်နွှယ်
    နေတာကိုရော ခင်ဗျားတို့ သိကြလား။
  • 0:33 - 0:36
    ဒါတွေဟာ ဆင်းရဲမှုနဲ့ သက်ဆိုင်တဲ့
    ပြဿနာတွေလို့ ထင်ရပေမဲ့၊
  • 0:36 - 0:38
    ချမ်းသာတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း
  • 0:38 - 0:40
    အဲဒီလို ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ
    ပြဿနာတွေဟာ
  • 0:40 - 0:44
    တကယ်တော့ ဝင်ငွေပမာဏ သက်သက်ထက်
    ဝင်ငွေ မညီမျှမှုတွေနဲ့
  • 0:44 - 0:46
    ပိုနီးကပ်စွာ ဆက်စပ်နေပါတယ်။
  • 0:46 - 0:47
    ပြီးတော့ အဲ့ဒါကြောင့်ပဲ
  • 0:47 - 0:50
    ကမ္ဘာ့နိုင်ငံတွေထဲမှာ အချမ်းသာဆုံးနဲ့
    မညီမျှမှု အကြီးမားဆုံးဖြစ်တဲ့
  • 0:50 - 0:53
    အမေရိကန်ပြည်ထောင်စုရဲ့
  • 0:53 - 0:57
    အ​ခြေအနေဟာ ဖွံ့ဖြိုးပြီး အခြားနိုင်ငံ
    အားလုံးတို့ထက် ပိုမိုဆိုးရွားနေတာပါ။
  • 0:57 - 1:00
    စစ်တမ်းတွေ ပြနေတာက အမေရိကန်
    ပြည်သူ အများစုတို့က၊
  • 1:00 - 1:03
    ဒီမိုကရက်တွေနဲ့ ရီပတ်ဘလင်ကန်
    နှစ်ခုစလုံးတို့က၊
  • 1:03 - 1:08
    မညီမျှမှု အရမ်းမြင့်နေတယ်လို့ ယုံကြည်ပြီး
    ပိုမိုညီမျှတဲ့ လုပ်ခကို လိုချင်ကြပါတယ်။
  • 1:08 - 1:14
    လူ့အသိုင်းအဝိုင်အနေနဲ့ အဲဒါကို တစ်နည်း
    နည်းနဲ့ ဖြေရှင်းဖို့ ကျုပ်တို့ဆီမှာ
  • 1:14 - 1:18
    ဘုံခံယူချက်၊ သဘောတူညီမှု‌၊
    နိုင်ငံရေးဆန္ဒလည်း ရှိပုံမရပါဘူး။
  • 1:18 - 1:22
    ဘာ့ကြောင့်လဲဆိုတော့ မညီမျှမှုဟာ နောက်ဆုံး
    ဆယ်စုနှစ်များအတွင်း တိုးလာခဲ့တာနဲ့အမျှ
  • 1:22 - 1:25
    နိုင်ငံရေးအကွဲအပြဲတွေကလည်း အဲဒါနဲ့အတူ
    မြင့်တက်လာခဲ့လို့ပါ။
  • 1:27 - 1:31
    ကျနော်တို့က ကိုယ်နဲ့ သဘောထား မတူသူတွေကို
    လူအ တွေ အကျင့်ပျက်တွေလို့ မြင်တယ်။
  • 1:31 - 1:34
    ဒီမိုကရက်တွေနဲ့ ရီပတ်ဘလင်ကန်တွေရဲ့
    တစ်ဝက်နီးပါက
  • 1:34 - 1:37
    အခြားတစ်ဖက်ဟာ မှားနေရုံတင်မဟုတ်ဘဲ
  • 1:37 - 1:40
    နိုင်ငံတော်အတွက် အန္တရာယ်လို့တောင်
    ထင်မြင်နေကြတယ်။
  • 1:40 - 1:44
    ပြီးတော့ ဒီမုန်းတီးမှုက အပြောင်းအလဲတွေကို
    ဖော်ဆောင်ဖို့ လိုအပ်တဲ့ ဘုံခံယူချက်အား
  • 1:44 - 1:46
    ရှာကြံမှုကို ဟန့်တားနေပါတယ်။
  • 1:47 - 1:50
    ကျနော်ဟာ University of North Carolina က
    လူမှုရေး စိတ်ပညာ ပါမောက္ခ ဖြစ်ပြီး၊
  • 1:51 - 1:55
    မညီမျှမှုက လူတွေရဲ့ ဆင်ခြင် ပြုမူပုံတွေ
    အပေါ် သက်ရောက်ပုံကို လေ့လာသူပါ။
  • 1:56 - 2:00
    ကျနော် တင်ပြမှာက မညီမျှမှုနဲ့ နိုင်ငံရေး
    အကွဲအပြဲတွေ အတူတကွ မြင့်တက်လာမှုဟာ
  • 2:00 - 2:04
    အကြောင်းမသင့်လို့ ဖြစ်လာတဲ့
    တိုက်ဆိုင်မှု မဟုတ်တာကိုပါ။
  • 2:04 - 2:07
    မညီမျှမှုဟာ ကျနော်တို့ရဲ့ နိုင်ငံရေးကို
    သပ်ပင်းပေးနေတာ
  • 2:07 - 2:09
    ခိုင်လုံတဲ့ စိတ်ပိုင်းဆိုင်ရာ
    အကြောင်းပြချက်တွေ ရှိပါတယ်။
  • 2:09 - 2:13
    ဆိုလိုတာက အဲဒီအရာ ဒီနှစ်ခုစလုံးကို
    တပြိုင်တည်း မြှင့်တင်ပေးဖို့ အတွက်
  • 2:13 - 2:15
    ခိုင်လုံတဲ့ စိတ်ပိုင်းဆိုင်ရာ
    အကြောင်းရင်းတွေ ရှိကြပါတယ်။
  • 2:16 - 2:19
    မညီမျှမှုဟာ ဘာ့ကြောင့် ဒီလောက်တောင်
    စွမ်းအားကြီးမားတာကို နားလည်ဖို့ဆိုရင်
  • 2:19 - 2:23
    ကျနော်တို့ အရင်ဦးဆုံး နားလည်ကြရမှာက
    ကျနော်တို့ဟာ တစ်ချိန်လုံး ကိုယ့်ကိုယ်ကိုယ်
  • 2:23 - 2:24
    အခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ကြတယ်၊
  • 2:24 - 2:26
    အဲ့လို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ
  • 2:26 - 2:29
    ကျနော်တို့ဟာ ထိပ်ဆုံးမှာ ရှိတာကို
    မြင်လိုကြပြီး
  • 2:29 - 2:32
    အောက်ပိုင်းမှာ ရှိနေရင် စိတ်မချမ်းမြေ့
    တတ်ကြတာကိုပါ။
  • 2:32 - 2:35
    စိတ်ပညာရှင်တွေက ဒါကို "better-than-
    average effect" လို့ ခေါ်ကြတယ်။
  • 2:36 - 2:39
    လူအများစုက သူတို့ဟာ ပျမ်းမျှထက်
    ပိုသာတယ်လို့ ယုံကြည်ကြပါတယ်။
  • 2:39 - 2:41
    သူတို့ အလေးထားတဲ့ ဘယ်အရာမဆိုမှာပေါ့။
  • 2:43 - 2:47
    ပျမ်းမျှရဲ့ အဓိပ္ပါယ် အရကိုက အဲဒါဟာ
    လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။
  • 2:47 - 2:50
    (ရယ်သံများ)
  • 2:50 - 2:52
    ဒါပေမဲ့ လူတွေ ခံစားကြပုံက အဲ့လိုမျိုးပါ။
  • 2:52 - 2:55
    လူအများစုက ကိုယ်ဟာ ပျမ်းမျှထက်
    ပိုပြီး ထက်မြက်ကြတယ်၊
  • 2:55 - 2:57
    ပျမ်းမျှထက် ပိုပြီး အလုပ်ကြိုးစားကြပြီး
  • 2:57 - 2:59
    လူမှုရေးကိစ္စတွေမှာ ပိုပြီး
    ကျွမ်းကျင်တယ်လို့ ထင်တတ်ကြတယ်။
  • 2:59 - 3:03
    လူအများစုက သူတို့ ကားမောင်းတာ
    ပျမ်းမျှထက် ပိုတော်တယ်လို့ ထင်ကြတယ်။
  • 3:03 - 3:03
    (ရယ်သံများ)
  • 3:03 - 3:07
    သူတို့ကြောင့် ယာဉ်မတော်တဆ ဖြစ်မှု
    ဖြစ်ခဲ့လို့ လောလောဆယ်မှာ
  • 3:07 - 3:10
    ဆေးရုံတက်နေကြရတဲ့ လူတစ်စုကို ယူပြီး
    လေ့လာကြည့်ရင် အဲဒါမှန်တာ တွေ့ရမှာပါ။
  • 3:10 - 3:12
    (ရယ်သံများ)
  • 3:13 - 3:16
    ဒီတော့ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်
    ပျမ်းမျှထက် ပိုသာတာကို မြင်လိုကြတယ်၊
  • 3:16 - 3:18
    အကယ်၍ အဲ့သလိုမဟုတ်တာ တွေ့ရရင်တော့၊
  • 3:18 - 3:21
    ဒါဟာ ကျနော်တို့အဖို့ လက်ခံရခက်တဲ့
    အခြေအနေမျိုးပါ။
  • 3:21 - 3:25
    ပြီးတော့ ကမ္ဘာကြီးအား ကျနော်တို့ မြင်ပုံ
    ပြောင်းခြင်းဖြင့် အဲဒါကို ညှိယူကြပါတယ်။
  • 3:25 - 3:27
    အဲဒီလို ဖြစ်ပျက်လာပုံကို နားလည်ဖို့
  • 3:27 - 3:31
    ကျနော့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျနော်ဟာ
    စမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့တယ်။
  • 3:31 - 3:35
    ပါဝင်သူတွေ ပိုက်ဆံအချို့ရဖို့ ဆုံးဖြတ်ချက်
    ချပေးရမယ့် တာဝန်ကို ပေးခဲ့ကြတယ်၊
  • 3:35 - 3:38
    အမှန်က လူတိုင်းဟာ တူညီတဲ့ ပိုက်ဆံကို
    ရခဲ့ကြတာပါ။
  • 3:38 - 3:41
    ဒါပေမဲ့ ကျနော်တို့က သူတို့ကို
    ကျပန်း နှစ်ဖွဲ့ခွဲလိုက်ပြီး
  • 3:41 - 3:45
    တဖွဲ့ကို သူတို့ဟာ သပျမ်းမျှထက် ပိုသာအောင်
    လုပ်ခဲ့ကြောင်း ပြောဆိုလျက်
  • 3:45 - 3:48
    နောက်တဖွဲ့ကိုတော့ သူတို့ လုပ်ခဲ့တာ
    ပျမ်းမျှထက် ညံ့တယ်လို့ ပြောခဲ့ကြတယ်။
  • 3:48 - 3:52
    ဒီလိုနည်းဖြင့် ကျနော်တို့မှာ ပိုချမ်းသာတယ်
    လို့ ထင်နေတဲ့အဖွဲ့နဲ့ ပိုဆင်းရဲတယ်လို့
  • 3:52 - 3:55
    ထင်တဲ့အဖွဲ့ ရှိလာပေမဲ့ အဲဒီလို
    ထင်စရာ အကြောင်းပြချက် မရှိခဲ့ဘူး။
  • 3:55 - 3:58
    ပြီးနောက် ကျနော်တို့က သူတို့ကို
    မေးခွန်းအချို့ မေးကြည့်တယ်။
  • 3:58 - 4:02
    ကျနော်တို့က ခင်ဗျားတို့ ဆုံးဖြတ်ချက်ချတာ
    ဘယ်လောက် ကောင်းလဲလို့ မေးကြည့်တော့
  • 4:02 - 4:05
    ပျမ်းမျှထက် ပိုသာတဲ့ အဖွဲ့က သူတို့ဟာ
    ပျမ်းမျှထက် နိမ့်တဲ့ အဖွဲ့ထက် စာရင်
  • 4:05 - 4:07
    ပိုကျွမ်းကျင်ကြောင်း ပြောကြတယ်။
  • 4:07 - 4:10
    ပျမ်းမျှထက် ပိုတော်တဲ့ အဖွဲ့က သူတို့ရဲ့
    အောင်မြင်မှုဟာ
  • 4:10 - 4:14
    အရည်အသွေး အလျောက်မြှောက်စားတဲ့
    စနစ်ရဲ့ မျှတတဲ့ ရလဒ်ပါလို့ ဆိုကြတယ်။
  • 4:14 - 4:18
    ပျမ်းမျှထက် နိမ့်တဲ့ အဖွဲ့ကျတော့ ဒီစနစ်ထဲ
    အကြံအဖန်ရှိခဲ့တယ်လို့ ထင်ခဲ့ကြရာ၊
  • 4:18 - 4:20
    ဒီဖြစ်ရပ်ထဲမှာ သူတို့ ပြောတာ
    မှန်ခဲ့ပါတယ်။
  • 4:20 - 4:23
    (ရယ်သံများ)
  • 4:23 - 4:26
    နှစ်ဖွဲ့စလုံးဟာ တူညီတဲ့ ပိုက်ဆံကို
    ရခဲ့ကြပေမဲ့၊
  • 4:26 - 4:30
    ပိုပြီးချမ်းသာတယ်လို့ ထင်တဲ့အဖွဲ့က
    လူချမ်းသာတွေကို အခွန်လျှော့ ကောက်သင့်တယ်၊
  • 4:30 - 4:33
    ဆင်းရဲသားတွေကို အခွင့်အရေးပေးတာ
    လျှော့သင့်တယ်လို့ ဆိုလာကြတယ်။
  • 4:33 - 4:37
    ဆင်းရဲသူတို့ အလုပ်ကိုကြိုးစား လုပ်သင့်ပြီး
    တာဝန်ယူတတ်ဖို့ လိုအပ်ကြောင်း အကြံပေးကြတယ်။
  • 4:38 - 4:43
    ကျနော်တို့ ပုံမှန်လက်ခံတဲ့ ဒီလိုအမြင်တွေဟာ
    နက်ရှိုင်းစွာ စွဲမြဲနေတဲ့ တန်ဖိုးတွေနဲ့
  • 4:43 - 4:46
    ဘဝ အတွေ့အကြုံထဲမှာ
    အမြစ်တွယ်နေကြပေမဲ့၊
  • 4:46 - 4:48
    ၁၀ မိနစ်ကြာတဲ့ လေ့ကျင့်ခန်းတစ်ခုက
  • 4:48 - 4:52
    လူတွေ ပိုချမ်းသာအောင်၊ ပိုဆင်းရဲအောင်
    လုပ်ပေးခဲ့ခြင်းဖြင့်
  • 4:52 - 4:54
    အဲ့အမြင်တွေကို ပြောင်းလဲပစ်လိုက်တာပါ။
  • 4:54 - 4:59
    ဆင်းရဲခြင်း (သို့) ချမ်းသာခြင်းနဲ့ ဆင်းရဲ
    (သို့) ချမ်းသာတယ်လို့ ခံစားရမှု အကြားက
  • 5:00 - 5:03
    ခြားနားချက်ဟာ အရေးကြီးပါတယ်၊ ဒီနှစ်ခုကို
    ယှဉ်ကြည့်ဖို့ မလွယ်တောင်မှာပါ။
  • 5:03 - 5:06
    "တို့တွေက ဆင်းရဲခဲ့ကြပေမဲ့
    တို့အဲဒါကို မသိခဲ့ကြဘူး"လို့
  • 5:06 - 5:09
    လူတွေ အတိတ်ကို လွမ်းသံနဲ့ ပြောဆိုတာ
    ကျနော်တို့ မကြာခဏ ကြားရပါတယ်။
  • 5:09 - 5:13
    ကျနော်ရဲ့ အသိစိတ်ကို မြှင့်တင်ပေးခဲ့တဲ့
    အဖြစ်အပျက် တစ်ခု ကြုံခဲ့ဘူးတယ်။
  • 5:13 - 5:14
    တစ်နေ့တွင်၊
  • 5:14 - 5:16
    လေးတန်းမှာ နေ့လယ်စာအတွက်
    တန်းစီနေစဉ်၊
  • 5:16 - 5:19
    အကျိုးအကြောင်းမသိသေးတဲ့ ငွေကိုင်
    အမျိုးသမီးအသစ် ပေါ်လာရာ၊
  • 5:19 - 5:21
    ကျနော့်ကို ၁.၂၅ ဒေါ်လာ ပေးချေဖို့
    တောင်းလိုက်တယ်။
  • 5:22 - 5:27
    ကျနော်ဟာ နေ့လယ်စာအတွက် ဘယ်တော့မှ
    မပေးချေခဲ့ရတော့ အံ့အားသင့်သွားတယ်။
  • 5:27 - 5:31
    ကျနော့်ဆီမှာ ငွေတစ်ပြားမှ မရှိတော့
    ဘာပြောရမှန်း မသိခဲ့ဘူး။
  • 5:31 - 5:34
    ဒါနဲ့ ရုတ်တရက်ပဲ ကျနော် ပထမဦးဆုံးအကြိမ်
    နားလည်မိတာက
  • 5:34 - 5:38
    နေ့လယ်စာကို အခမဲ့ စားရတဲ့ ကလေးတွေဟာ
    ဆင်းရဲ့တဲ့ သူတွေပဲ ဆိုတာပါ။
  • 5:38 - 5:41
    ကျောင်းထဲက နေ့လယ်စာ အချိန်တုန်းက
    အဲဒီ ဖြစ်ရပ်ဟာ
  • 5:42 - 5:44
    ကျနော့့်ကို အကြီးအကျယ် ပြောင်းလဲ
    ပစ်ခဲ့တယ်။
  • 5:44 - 5:48
    ဘဝထဲမှာ ပထမဆုံးအကြိမ် ကျနော်
    ဆင်းရဲတာကို ခံစားလိုက်ရလို့လေ။
  • 5:48 - 5:51
    ကျနော်တို့ဆီမှာ ရှိတဲ့ငွေဟာ
    အရင်တစ်နေ့ထက် နည်းမသွားခဲ့ပေမဲ့
  • 5:51 - 5:53
    အဲဒီအချိန်ကစပြီး ကျနော်ဟာ
  • 5:53 - 5:55
    အရာတွေ အားလုံးကို
    တစ်မျိုး မြင်တွေ့လာတော့တယ်။
  • 5:55 - 5:58
    ကျနော်ဟာ ကမ္ဘာကြီးအား ရှုမြင်ပုံကို
    ပြောင်းပစ်လိုက်တယ်။
  • 5:58 - 6:02
    နေ့လယ်စာကို ပိုက်ဆံပေးစားကြတဲ့
    ကလေးတွေ ဝတ်စားကြပုံကလည်း
  • 6:02 - 6:05
    ပိုသားနားသလို ခံစားရတာကို
    ကျနော် စပြီး သတိထားမိလာတယ်။
  • 6:05 - 6:07
    အစိုးရမှ ထောက်ပံ့ပေးတဲ့
    အဝါရောင် ဒိန်ခဲတုံးကြီးတွေ
  • 6:07 - 6:09
    ကျနော်တို့ တံခါး၀မှာ ပေါ်လာတတ်တာကို၊
  • 6:09 - 6:13
    ကုန်စုံဆိုင်မှာ အမေ ထုတ်ပေးတတ်တဲ့ စားနပ်
    ရိက္ခာ တံဆိပ်ခေါင်းတွေကို သတိထားမိတယ်။
  • 6:13 - 6:15
    ကျနော့်က အစဉ်ပဲ ရှက်ကြောက်တဲ့
    ကလေး ဖြစ်ခဲ့ပြီး၊
  • 6:15 - 6:19
    အဲ့ဖြစ်ရပ် နောက်မှာ ကျောင်းထဲမှာ
    ကျနော် စကားတောင် မပြောဖြစ်သလောက်ပါ။
  • 6:19 - 6:21
    ငါဟာ ဘယ်သူမို့လို့ ပြောရမှာလဲ။
  • 6:21 - 6:24
    နှစ်ပေါင်းများစွာ ကြာအောင်ကိုပဲ
    လူမှုရေးသိပ္ပံပညာရှင်တွေဟာ
  • 6:25 - 6:27
    အခြားသူတွေထက် ချို့တဲ့ကြောင်း
    ခံစားရမှုက
  • 6:27 - 6:30
    နိုင်ငံရေးအရ လှုပ်ရှားဖို့ လှုံ့ဆော်နိုင်
    ကြောင်း အထောက်အထားတွေ ရှာနေခဲ့ကြတယ်။
  • 6:30 - 6:34
    အဲဒီလို ခံစားရမှုက ဆန္ဒပြပွဲတွေ၊ သပိတ်
    မှောက်ပွဲတွေကို၊ တော်လှန်ရေးတွေကိုတောင်
  • 6:34 - 6:37
    လှုံ့ဆော် ထိုးဆွပေးနိုင်တယ်လို့ သူတို့
    ထင်ခဲ့ကြတယ်။
  • 6:37 - 6:40
    ဒါပေမဲ့ ထပ်ပြီးရင် ထပ်ပြီး သူတို့
    ရှာတွေ့ခဲ့ရတာ ဘာမှမလုပ်ချင်ကြတဲ့ လူတွေပါ၊
  • 6:41 - 6:42
    ဘာ့ကြောင့်လဲဆိုတော့
    တကယ့်အကြောင်းရင်းက
  • 6:43 - 6:45
    အခြားသူတွေထက် နိမ့်ကျသလို
    ခံစားရခြင်းက
  • 6:45 - 6:46
    ရှက်ကြောက်စိတ်ကို ဖြစ်ပေါ်စေလို့ပါ။
  • 6:46 - 6:49
    အဲဒီ ရှက်ကြောက်စိတ်ကြောင့် လူတွေဟာ
    စနစ်ကို ရွံ့မုန်းကြလို့
  • 6:49 - 6:51
    ဝေးရာကို ထွက်ပြေးလိုခဲ့ကြလို့ပါ။
  • 6:51 - 6:53
    အခြားသူတွေထက် သာတယ်လို့
    ခံစားစိတ်ကျတော့
  • 6:54 - 6:55
    လူတွေကို တက်ကြွဖို့ လှုံ့ဆော်ပါတယ်။
  • 6:56 - 6:59
    ဒါက အဲ့ဒီအနေအထားကို ကာကွယ်ဖို့
    ကျနော်တို့ကို တွန်းအားပေးတာမို့လို့
  • 6:59 - 7:03
    ကျနော်တို့ နိုင်ငံရေးမှာ အရေးပါတဲ့
    အကျိုးဆက်တွေ ရှိနိုင်ပါတယ်။
  • 7:03 - 7:07
    ဘာကြောင့်လဲ ဆိုတာ နားလည်ဖို့
    နောက် စမ်းသပ်မှု တစ်ခုကို စဉ်းစားရပါမယ်။
  • 7:07 - 7:11
    ထပ်ပြီး ပါဝင်သူတွေ ပိုက်ဆံရဖို့ ဆုံးဖြတ်
    ချက်တွေ ချမှတ်ရန် တာဝန်ပေးခဲ့ကြတယ်။
  • 7:11 - 7:14
    တစ်ဖွဲ့ကို သူတို့ဟာ ပျမ်းမျှထက်
    ပိုတော်တယ်လို့ ပြောခဲ့ကြပြီး
  • 7:14 - 7:18
    နောက်တဖွဲ့ကိုတော့ သူတို့လုပ်ခဲ့တာဟာ
    ပျမ်းမျှထက် ပိုညံ့ကြောင်း ပြောခဲ့ကြတယ်။
  • 7:18 - 7:21
    ထပ်ပြီး ပျမ်းမျှထက်သာတဲ့ အဖွဲ့က
    မျှတတဲ့ အရည်အသွေးအလျောက် မြှောက်စားခံရတာ၊
  • 7:21 - 7:23
    လူချမ်းသာတွေကို အခွန်လျှော့ကောက်သင့်တာ၊
  • 7:23 - 7:27
    လူဆင်းရဲတွေရဲ့ အကျိုးခံစားခွင့်တွေ
    လျှော့ချသင့်တာ ပြောဆိုခဲ့ကြတယ်။
  • 7:27 - 7:30
    ဒါပေမဲ့ ဒီတကြိမ်မှာ အဲဒီကိစ္စများမှာ
    သူတို့နဲ့ သဘောမတူကြတဲ့
  • 7:30 - 7:33
    အခြား ပါဝင်သူတို့နှင့် ပတ်သက်ပြီး
    သူတို့ရဲ့ ထင်မြင်ချက်ကိုပါ
  • 7:33 - 7:35
    မေးကြည့်ခဲ့ကြသေးတယ်။
  • 7:35 - 7:37
    သူတို့ကော တော်ကြသလား ဒါမှမဟုတ်
    ညံ့ကြသလား ပေါ့လေ။
  • 7:37 - 7:40
    သူတို့ အကျိုးအကြောင်း ရှိရဲ့လား
    ဒါမှမဟုတ် ဘက်လိုက် ပြောနေကြတာလား။
  • 7:41 - 7:45
    ပျမ်းမျှထက်သာတဲ့အဖွဲ့ ပြောတာက
    သူတို့နဲ့ သဘောမတူတဲ့ လူတိုင်းဟာ
  • 7:45 - 7:48
    ညံ့လို့ ဘက်လိုက်လို့ပဲ ဖြစ်ရမယ်၊
  • 7:48 - 7:51
    ကိုယ်ကျိုးစီးပွားကို ငှဲနေလို့
    မမြင်နိုင်ကြတာတဲ့။
  • 7:51 - 7:54
    ပျမ်းမျှထက်နိမ့်ကျတဲ့ အဖွဲ့ကျတော့၊
  • 7:54 - 7:57
    သူတို့ရဲ့ပြိုင်ဘက်တွေနဲ့ ပတ်သက်လို့
    ယူဆပုံဟာ အဲ့လို့ မဟုတ်ခဲ့ဘူး။
  • 7:57 - 8:00
    အခု စိတ်ပညာဆိုင်ရာ လေ့လာချက်တွေ
    အများကြီး ညွှန်ပြနေကြတာက၊
  • 8:00 - 8:02
    အခြားသူတွေက ကျနော်တို့နဲ့
    သဘောထားတူတယ် ဆိုရင်၊
  • 8:02 - 8:04
    သူတို့ကို တော်ကြတယ်လို့
    ကျနော်တို့က ထင်တတ်ကြပြီး၊
  • 8:04 - 8:06
    လူတွေက ကျနော်တို့နဲ့ သဘောထား မတူရင်တော့၊
  • 8:06 - 8:09
    သူတို့ကို အရူးတွေလို့ ကျနော်တို့က
    ထင်တတ်ကြတာကိုပါ။
  • 8:09 - 8:10
    (ရယ်သံများ)
  • 8:10 - 8:12
    ဒါပေမဲ့ ခုနက အချက် ဆန်းသစ်နေတာက
    သူတို့နဲ့ သဘောမတူသူတွေကို
  • 8:12 - 8:15
    ဖယ်ထုတ်ပစ်ရန် သူတို့ဆီမှာ
    လုပ်ပိုင်ခွင့် အာဏာရှိတယ်လို့ ပြောလာတာက
  • 8:15 - 8:19
    ပျမ်းမျှထက် သာတယ်လို့ ယူဆကြသူတို့ရဲ့
    ယုံကြည်မှု သက်သက် ဖြစ်တာကိုပါ။
  • 8:20 - 8:24
    ပိုင်ဆိုင်ကြသူတို့နဲ့ ဘာမှမရှိကြသူတို့
    အကြား ကွာဟချက် ပိုပိုကြီးမားလာနေလို့
  • 8:25 - 8:29
    အခုက ပြောပြခဲ့တဲ့ အချက်ဟာ နိုင်ငံရေးနဲ့
    ဆက်စပ်နေပုံကို စဉ်းစားကြည့်ကြပါ။
  • 8:31 - 8:36
    အခြားတစ်ဖက်မှာ ရှိတဲ့ သူတွေဟာ အရူးတွေလို
    လူတော်တော်များများ ထင်ကြတာ ဟုတ်မှန်ပေမဲ့၊
  • 8:37 - 8:42
    နိုင်ငံရေးနဲ့ပတ်သက်ပြီး အပြန်အလှန်
    ငြင်းခုန် အော်ဟပ်ဖို့ နိုင်ငံရေးထဲမှာ
  • 8:42 - 8:45
    ပါဝင်လုပ်ကိုင်နေကြသူ အများစုတို့ဟာ
    တကယ်ကျတော့ လူချမ်းသာတွေပါ။
  • 8:45 - 8:50
    အမှန်စင်စစ်မှာတော့ မညီမျှမှုဟာ နောက်ဆုံး
    ဆယ်စုနှစ်တွေမှာ တိုးလာခဲ့ပြီး
  • 8:50 - 8:54
    ဆင်းရဲကြသူတို့ အကြားမှာ နိုင်ငံရေးကို စိတ်
    ဝင်စားမှုနဲ့ ပါဝင်လိုစိတ် ထိုးကျသွားတယ်။
  • 8:54 - 8:58
    ထပ်ပြီးမြင်ရတာက ပစ်ပယ်ခံထားရတယ်လို့
    ခံစားကြရသူတွေ လမ်းပေါ်ထွက်ပြီး
  • 8:58 - 9:02
    ဆန္ဒပြတာတွေ မဲဆန္ဒရှင်တွေ မှတ်ပုံတင်ရေး
    လှုံ့ဆော်ပွဲတွေ မလုပ်ကြတာကိုပါ။
  • 9:03 - 9:05
    မကြာခဏဆိုသလို မဲတောင် သွားမပေးကြပါဘူး။
  • 9:05 - 9:08
    အဲ့ဒီအစား သူတို့ဟာ ရှောင်ဖယ်လျက်
    နုတ်ထွက် နေကြပါတယ်။
  • 9:09 - 9:12
    ဒီတော့ ကျနော်တို့က အလွန်အမင်း မညီမမျှ
    ဖြစ်နေတာနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ချင်ရင်၊
  • 9:12 - 9:15
    ကျနော်တို့ဟာ ကျနော်တို့ နိုင်ငံရေးကို
    ပြုပြင်ကြရမှာ ဖြစ်ပါတယ်။
  • 9:15 - 9:18
    ကျနော်တို့က ကျနော်တို့ရဲ့
    နိုင်ငံရေးကို ပြင်ချင်ကြတယ်ဆိုရင်၊
  • 9:18 - 9:21
    မညီမျှမှုနဲ့ ပတ်သက်ပြီး ကျနော်တို့
    တစ်ခုခု လုပ်ကြရပါလိမ့်မယ်။
  • 9:21 - 9:23
    ဒါဆို ကျနော်တို့ ဘာလုပ်ကြမလဲ။
  • 9:23 - 9:25
    ဝဲကတော့ပုံ ရစ်ပတ်မှုရဲ့
    အံ့သြဖွယ်ကောင်းတဲ့ အချက်က၊
  • 9:26 - 9:29
    ရစ်ပတ်မှု စက်ဝန်းထဲက ဘယ်နေရာမှာမဆို
    ရပ်ပစ်လျက် ကျနော်တို့ ထွက်နိုင်ခြင်းပါ။
  • 9:29 - 9:32
    စတင်ဖို့ အကောင်းဆုံး သူတွေက
    ကျနော့်စိတ်ထင်
  • 9:33 - 9:37
    မညီမျှမှု ကြီးထွားလာမှုကြောင့်
    အများဆုံး အကျိုးဖြစ်ထွန်းခဲ့ကြတဲ့ သူတွေ၊
  • 9:38 - 9:40
    ပျမ်းမျှထက် ပိုသာအောင်
    လုပ်ဆောင်နိုင်ခဲ့ကြတဲ့ သူတွေပေါ့။
  • 9:40 - 9:42
    ကိုယ်ဟာ အောင်မြင်သူ ဖြစ်တယ်ဆိုရင်၊
  • 9:42 - 9:46
    ကိုယ့် အောင်မြင်မှုကို ကိုယ့် ကြိုးစားအား
    ထုတ်မှုကြောင့်လို့ ပြောကြတာ ဓမ္မတာပါပဲ။
  • 9:47 - 9:49
    ဒါပေမဲ့ ခင်ဗျားတို့ကို ကျနော်ပြခဲ့တဲ့
    လေ့လာမှုတွေမှာလို
  • 9:49 - 9:51
    လူတိုင်းက အဲ့လို ကြိုးစာကြတာချင်းပါပဲ၊
  • 9:51 - 9:55
    အလုပ်ကြိုးစားခဲ့မှုက တကယ်ကျတော့
    အရေးကြီးဆုံး ဟုတ်ချင်မှ ဟုတ်ခဲ့မှာပါ။
  • 9:57 - 9:59
    ကျနော်သိတဲ့ အောင်မြင်တဲ့ လူတိုင်းဟာ
  • 10:01 - 10:05
    အောင်မြင်ဖို့ သူတို့ကြိုးစားလုပ်ခဲ့ကြတဲ့
    အချိန်တွေ အကြာင်းကို စဉ်းစားနိုင်ကြပါတယ်။
  • 10:06 - 10:07
    သူတို့ စဉ်းစားနိုင်ကြသေးတာက
  • 10:07 - 10:12
    ကံကောင်းခဲ့လို့ လက်ကမ်း
    ကူညီပေးခဲ့သူပါ ရှိခဲ့တာကိုကိုပါ၊
  • 10:12 - 10:13
    ဒါပေမဲ့ အဲဒီလို စဉ်းစားခဲကြတယ်။
  • 10:14 - 10:16
    စိတ်ပညာရှင်တွေ Shai Davidai နဲ့
    Tom Gilovich တို့က
  • 10:16 - 10:20
    အဲဒါကို "headwind-tailwind asymmetry"
    လို့ ခေါ်ဝေါ်ကြပါတယ်။
  • 10:20 - 10:23
    ကိုယ်က လေကိုဆန်ပြီး ရုန်းကန်နေရတဲ့အခါမှာ၊
  • 10:23 - 10:25
    အတားအဆီး အားလုံးကို ကိုယ်က မြင်နိုင်ပြီး
  • 10:25 - 10:28
    အဲဒါကို ကိုယ်ဟာ မှတ်မိပြီး သတိရနေမှာပါ။
  • 10:28 - 10:31
    ဒါပေမဲ့ ကိုယ့်ကို နောက်ကျောကနေပြီး
    လေက တိုက်ပြီး ကူပေးနေရင်
  • 10:31 - 10:34
    အရာအားလုံ ချောမွေ့နေလို့ ကိုယ် သတိထား
    မိတာက ကိုယ့်ကိုယ်ကိုယ်၊
  • 10:34 - 10:36
    ပြီးတော့ ကိုယ်ရဲ့ အံသြဖွယ်ရာ
    ပင်ကိုယ် စွမ်းရည်တွေကိုပေါ့။
  • 10:36 - 10:40
    ဒါ့ကြောင့် ကျနော်တို့ဟာ ခဏလောက် ရပ်ပြီး
    ကျနော်တို့ကို နောက်ကနေပြီး
  • 10:40 - 10:43
    တွန်းပေးခဲ့တဲ့ အားတွေကို သတိရဖို့
    စဉ်းစားသင့်ပါတယ်။
  • 10:43 - 10:46
    ကိုယ်နဲ့ သဘောထား မတူတဲ့သူတွေရဲ့ အမှားကို
  • 10:46 - 10:48
    တွေ့မြင်ဖို့ ကိစ္စဟာ သိပ်လွယ်ပါတယ်။
  • 10:48 - 10:52
    မညီမျှမှုဟာ အန္တရာယ်ရှိတယ်လို့ ကျနော်
    ပြောခဲ့တဲ့ ပထမဦးဆုံး နှစ်မိနစ်တုန်းက
  • 10:52 - 10:55
    ခင်ဗျားတို့ထဲက အချို့က
    ကျနော့်ကို အရူးလို့ ထင်ခဲ့ကြမှာပါ။
  • 10:55 - 10:56
    (ရယ်သံများ)
  • 10:56 - 10:58
    အသိအမှတ်ပြုဖို့ အခက်ဆုံး အပိုင်းက
  • 10:58 - 11:01
    ကိုယ်ဟာ ခြားနားကွဲပြားတဲ့ အခြေအနေ
    မျိုးမှာသာ ရှိနေခဲ့ရင်၊
  • 11:01 - 11:04
    ကျနော်တို့ရဲ့ စမ်းသပ်မှုတွေထဲ
    ပါဝင်ခဲ့ကြတဲ့ သူတွေလို ဖြစ်နိုင်လို့
  • 11:04 - 11:07
    ကိုယ်ဟာ အရာတွေကို တစ်မျိုးတစ်ဖုံ
    ရှုမြင်နိုင်ခဲ့မယ် ဆိုတဲ့ အချက်ပါ။
  • 11:07 - 11:10
    ဒီတော့ ခင်ဗျားတို့ရဲ့ ဘဝပုံစံက
    ပျမ်းမျှထက်သာတဲ့အဖွဲ့ထဲ ပါဝင်တယ် ဆိုရင် --
  • 11:10 - 11:14
    ပြီးတော့ ဒီမှာ တွေ့ရသလို TED ဟောပြောချက်
    စောင့်ကြည့်သူ ဖြစ်တယ် ဆိုရင်တော့ --
  • 11:14 - 11:15
    (ရယ်မောသံများ)
  • 11:15 - 11:17
    ခင်ဗျားတို့ အတွက် ထားရစ်ခဲ့ချင်တဲ့
    အမှာစကားက -
  • 11:17 - 11:21
    နောင်မှာများ ခင်ဗျားတို့က သဘောထားမတူသူ
    တစ်ဦးဦးကို အရူးတစ်ယောက်လို
  • 11:21 - 11:23
    ဖယ်ထုတ်ပစ်ချင်စိတ် ပေါက်လာခဲ့ရင်၊
  • 11:23 - 11:27
    ခင်ဗျားတို့ကို အခုနေရာဆီ တွန်းပို့
    ပေးခဲ့တဲ့ ပံ့ပိုးမှုတွေကို သတိရကြပါ။
  • 11:27 - 11:30
    ခင်ဗျားတို့ရဲ့ ဘဝထဲမှာ ကံကောင်းခဲ့တဲ့
    အခွင့်အလမ်းတွ မရရှိခဲ့ရင်
  • 11:30 - 11:32
    အခြေအနေဟာ လုံးဝ တမျိုးတမည်
    ပြောင်းလဲသွားနိုင်ခဲ့မှာကိုပါ။
  • 11:32 - 11:36
    ခင်ဗျားတို့ ကျေးဇူးတင်ချင်တဲ့ လက်ကမ်း
    ကူညီပေးခဲ့ကြသူတွေကိုလည်း သတိရကြပါ။
  • 11:36 - 11:40
    အဲဒီလို ပံ့ပိုးကူညီခဲ့မှုတွေကို သတိရနေရင်
    ကျနော်တို့စိတ်ကို နှိမ့်ချနို်င်ထားမှာမို့
  • 11:40 - 11:43
    ကျနော်တို့နဲ့ သဘောထားမတူကြတဲ့ လူတွေ
    အရူးတွေမဟုတ်တာကို မြင်လာကြမှာပါ။
  • 11:43 - 11:45
    တကယ် ခက်ခဲတဲ့အပိုင်းက
    ဘုံခံယူချက်ကို ရှာကြံနိုင်ဖို့ပါ၊
  • 11:45 - 11:49
    အရာတွေကို ပြောင်းလဲပစ်ရေး တာဝန်ကို ယူပြီး
    လိုအပ်တဲ့ စွမ်းအားတွေ ရှိကြတာက
  • 11:49 - 11:51
    ချမ်းသာကြွယ်ဝကြတဲ့ သူတွေ ဖြစ်ကြလို့ပါ။
  • 11:51 - 11:52
    ကျေးဇူးတင်ပါတယ်
  • 11:52 - 11:55
    (လက်ခုပ်သြဘာသံများ)
Title:
မညီမျှမှုနှင့် နိုင်ငံရေး အကွဲအပြဲဆိုင်ရာ စိတ်ပညာ
Speaker:
Keith Payne
Description:

"ကျနော်တို့ရဲ့ နိုင်ငံရေးကို ပြုပြင်ချင်တယ်ဆိုရင် ကျနော်တို့ဟာ မညီမျှမှုနဲ့ ပတ်သက်လို့ တခုခုလုပ်ကြရပါမယ်။"လို့ လူမှုရေးစိတ်ပညာရှင် Keith Payne က ဆိုပါတယ်။ စီးပွားရေး မညီမျှမှုတွေဟာ လူတွေရဲ့ တယောက်အပေါ် တယောက် ရှုမြင်ပုံ ပြုမူဆက်ဆံပုံကို ပြောင်းလဲစေတာကို ပြောပြရင်း Payne က လူ့အဖွဲ့အစည်းကို အပိုင်းပိုင်းဖြတ်နေတဲ့ နိုင်ငံရေးအကွဲအပြဲ မြင့်တက်လာမှုကို ရှင်းပြပြီး နောင်မှာ နိုင်ငံရေးအကျိုးအတွက် တစ်စုံတစ်ယောက်ကို ဖယ်ထုတ်ပစ်ချင်ရင် အသေအချာ လေးလေးနက်နက် စဉ်းစားဖို့ ကျွန်ုပ်တို့ကို တိုက်တွန်းထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
12:09

Burmese subtitles

Revisions