ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု
-
0:00 - 0:04လူသားမျိုးနွယ်တွေ
နောက်ထပ်ခြေတစ်လှမ်း လှမ်းနိုင်ဖို့ဆို၊ -
0:04 - 0:08ကမ္ဘာလုံးဆိုင်ရာ ကိစ္စတွေကို ဖြေရှင်းဖို့
နယ်နိမိတ်တွေ ဖြတ်ကျော် ဆောင်ရွက်ရမယ်ဆိုတဲ့ -
0:08 - 0:11ရိုးရှင်းတဲ့အကြံတစ်ခုကို
နှစ်တော်တော်ကြာ ကျွန်မစဉ်းစားနေခဲ့တယ်။ -
0:11 - 0:13မျက်မှောက်ခေတ် ကမ္ဘာကြီးမှာ
-
0:13 - 0:16တံတိုင်းနဲ့နယ်ခြားမျဉ်းတွေက
ကပ်ဘေးမှ ကာကွယ် မပေးနိုင်ကြတော့ပါဘူး။ -
0:16 - 0:19ကျွန်မတို့တွေ စည်းလုံးကြဖို့ကလွဲလို့
တစ်ခြားရွေးချယ်စရာ မရှိဘဲ၊ -
0:19 - 0:21အဲဒါကို အမြန် လုပ်ဖို့လည်း လိုနေပါပြီ။
-
0:21 - 0:24၂၀၁၆ ခုနှစ်မှာ EU ကနေ
ထွက်မယ်ဆိုတဲ့ UK ရဲ့ ဆုံးဖြတ်ချက်ကြောင့် -
0:24 - 0:26ကျွန်မ အလွန် စိတ်ထိခိုက်ခဲ့ရတယ်။
-
0:26 - 0:30ပြင်သစ်လူမျိုး ဖြစ်တဲ့ ကျွန်မအတွက် EU က
ပွင့်လင်းတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်ပါ။ -
0:30 - 0:33ရုတ်တရက် ကျွန်မယုံကြည်ချက်တွေ
ပျိုပျက်သွားခဲ့ကြတယ်။ -
0:33 - 0:35ဒီလိုခံစားခဲ့ရတာ ကျွန်မတစ်ယောက်တည်း
မဟုတ်ခဲ့ပါဘူး။ -
0:35 - 0:37ကျွန်မရဲ့ လက်တွဲဖော် အီတလီလူမျိုး
-
0:37 - 0:39Andrea နဲ့
ဂျာမန်သူငယ်ချင်း Damian တို့လည်း -
0:39 - 0:42ကမ္ဘာကြီး တံခါးပိတ်နေချင်တာကို မြင်ရလို့
တုန်လှုပ်ကြနေကြတယ်။ -
0:42 - 0:44မတူတဲ့နိုင်ငံတွေမှ ဖြစ်ကြတာတောင်၊
-
0:44 - 0:47လူတွေ ရွှေ့ပြောင်း ဝင်လာကြတဲ့ ပြဿနာတွေကို
ကိုင်တွယ်ဖြေရှင်းပုံ လူသားမဆန်တာ -
0:47 - 0:50ရာသီဥတု ပြောင်းလဲမှုတွေ ဒါမှမဟုတ်
လူင်ယတွေအကြား -
0:50 - 0:53အလုပ်အကိုင်မဲ့မှု မြင့်မားလာနေတာလို
ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ -
0:53 - 0:54အတူတူပဲ ဖြစ်နေတာကို မြင်တွေ့ရတယ်။
-
0:54 - 0:58ကျွန်မတို့ နေ့စဉ်ဘဝတွေမှာလည်း တူညီတဲ့
မျှော်လင့်ချက်တွေနဲ့ စိတ်ကူးတွေရှိကြတယ်။ -
0:58 - 1:00ဥရောပရဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ဆိုရင်၊
-
1:00 - 1:04နိုင်ငံ့အကျိုးစီးပွားကို ရှေ့တန်းတင်တဲ့
ရှေးရိုးစွဲပုံစံကို စွန့်လွှတ်ရမှာကို -
1:04 - 1:05နားလည်လာခဲ့ကြတဲ့အတွက်
-
1:05 - 1:07လုပ်ဆောင်ဖို့ ကျွန်မတို့ ဆုံးဖြတ်ခဲ့ကြတယ်။
-
1:07 - 1:10ပထမဦးဆုံး ဥရောပတစ်ခွင်
နိုင်ငံရေး လှုပ်ရှားမှုဖြစ်တဲ့ Volt ကို -
1:10 - 1:13အကောင်အထည် ဖော်ဖို့အတွက်
လအနည်းငယ်ကြာ လုပ်ဆောင်ခဲ့ကြတယ်။ -
1:13 - 1:16နောက်တော့ ထုံးစံအတိုင်း Facebook က
သူငယ်ချင်းတွေကို ပြောပြခဲ့လို့၊ -
1:16 - 1:20အများစုက စိန်ခေါ်မှုတွေမှာ
ပါဝင်ကူညီချင်တယ်လို့ -
1:20 - 1:21တုံ့ပြန်ခဲ့ကြတယ်။
-
1:21 - 1:25သူတို့ရဲ့ ဘုံအနာဂါတ်ကို ဆွေးနွေးဖို့နဲ့
တိုက်ကြီးရဲ့ အကြီးမားဆုံး ပြဿနာတွေအတွက် -
1:25 - 1:27သူတို့ရဲ့ ဖြေရှင်းနည်းတွေကို မျှဝေဖို့
-
1:27 - 1:29ပန်းခြံတွေ၊ တက္ကသိုလ်တွေနဲ့
-
1:29 - 1:32ခွက်ပုန်းဆိုင်လေးတွေမှာမိမိတို့
အသိုင်းအဝိုင်းနဲ့ စည်းဝေးခဲ့ကြတယ်။ -
1:32 - 1:37ဥရောပ ၂၈ နိုင်ငံက လူပေါင်း သောင်းချီကို
ကျွန်မတို့ စည်းရုံးနိုင်ခဲ့တယ်။ -
1:37 - 1:39လက်တွဲလုပ်ကြရင် ပိုအားကောင်းမယ် ဆိုတဲ့
-
1:39 - 1:41ရပ်တည်ချက်နဲ့ နယ်စည်းမခြား
စေတနာ့ဝန်ထမ်းတွေရဲ့ -
1:41 - 1:44လှုံ့ဆော်စည်းရုံးမှုဖြင့်
နှစ်နှစ်အတွင်းမှာ Damian က -
1:44 - 1:46ဥရောပပါလီမန်မှာ ရွေးကောက်ခံခဲ့ရပါတယ်။
-
1:46 - 1:49ညီညွတ်စွာ တစ်စုတစ်စည်းထဲ
လုပ်ဆောင်ကြရင်၊ -
1:49 - 1:52နယ်နိမိတ်တွေကို ဖြတ်ကျော်လျက်
လက်တွဲ ပူးပေါင်း လုပ်ကိုင်ခြင်းဖြင့်၊ -
1:52 - 1:55လူတွေရဲ့ တွေးခေါ်ပုံကို စပြီးပြောင်းလဲ
နိုင်တာကို ကျွန်မတို့ ပြသခဲ့ကြတယ်။ -
1:55 - 1:58ဒီလိုအတိုင်းအတာလောက်ဖြင့်
ကြိုးပမ်းခဲ့ပြီး အောင်မြင်ခဲ့တာ -
1:58 - 1:59ကျွန်မတို့က ပထမဆုံးပါပဲ။
-
1:59 - 2:00ဒါပေမဲ့လည်း၊
-
2:00 - 2:03၂၀၁၉ ခုနှစ် မေလ ဥရောပရွေးကောက်ပွဲတွေ
ပြီးသွားတော့၊ -
2:03 - 2:06နှစ်နှစ်လောက် ကြိုးစားခဲ့တဲ့အရာက
လက်တွေ့ အောင်မြင်သွားတဲ့အခါ၊ -
2:06 - 2:09ဘယ်တော့မှ မမေးချင်တဲ့
-
2:09 - 2:11"ဒါ လုံလောက်ပြီလား" ဆိုတဲ့မေးခွန်းကို
-
2:11 - 2:13Andrea နဲ့ ကျွန်မ တို့ အချင်းချင်း
-
2:13 - 2:14မေးလိုက်မိတယ်။
-
2:14 - 2:16မလုံလောက်ခဲ့ပါဘူး။
-
2:16 - 2:18ဒီနေ့ခေတ်ရဲ့ အရေးကြီးဆုံး စိန်ခေါ်မှုတွေက
ဥရောပနဲ့တင် မကဘဲ၊ -
2:18 - 2:20တစ်ကမ္ဘာလုံးအတွက်လည်း မှန်ပါတယ်။
-
2:20 - 2:23ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကိုတောင်
ကိုယ်စား မပြုနိုင်တဲ့ -
2:23 - 2:26ဥရောပတိုက်ကိုပဲ အာရုံစိုက်ပြီး
အဲ့စိန်ခေါ်မှုတွေကို -
2:26 - 2:30ဖြေရှင်းလို့ မရနိုင်တာကိုလည်း ကျွန်မတို့
နားလည်ခဲ့ကြပါတယ်။ -
2:30 - 2:32အဓိက ပြဿနာက ကျွန်မတို့
ကမ္ဘာကြီးကို မြင်ကြပုံနဲ့ -
2:32 - 2:34ကမ္ဘာကြီးရဲ့ လုပ်ဆောင်နေပုံတွေက
-
2:34 - 2:35အခြေခံမှအစ မှားယွင်းနေတာပါ။
-
2:35 - 2:37မျိုးဆက်နှစ်ခု သက်တမ်းအတွင်းမှာ
-
2:37 - 2:40ကမ္ဘာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀၀ ကထက်
ပိုပြီး ပြောင်းလဲသွားပါပြီ။ -
2:40 - 2:42ကျွန်မတို့ဟာ လပေါ်ကို ခြေချနိုင်ခဲ့ကြပြီ၊
-
2:42 - 2:46ကျွန်မတို့ Shanghai မှာ အိပ်ရာထပြီး
နယူးယောက်မှာ အိပ်ရာဝင်နိုင်ကြတယ်။ -
2:46 - 2:49အချိန်တိုင်း၊ နေရာတိုင်းမှာ ကျွန်မတို့ဟာ
ဧရာမအချက်အလက်တွေကို ရရှိနိုင်ကြတယ်။ -
2:49 - 2:53ဒါပေမဲ့ ကမ္ဘာကြီးကို ကျွန်မတို့
အနီးကပ်ဆုံး အရာလို့ ခံယူကြတုန်းပါ။ -
2:53 - 2:56ဒါပေမဲ့ ကိုဗစ်-၁၉၊ ရာသီဥတုပြောင်းလဲမှု၊
ရွှေ့ပြောင်းလာမှု၊ -
2:56 - 2:59ဘဏ္ဍာရေး တရားမျှတမှုနဲ့
လူ့အခွင့်အရေး ကိစ္စတွေက -
2:59 - 3:02နယ်နိမိတ်တွေကျော်ပြီးစုပေါင်းစဉ်းစားဖို့
လိုအပ်တာကို ဆိုလိုပါတယ်။ -
3:02 - 3:05ဒါတွေကို ဖြေရှင်းနိုင်ဖို့ တစ်ကမ္ဘာ
အတိုင်းအတာနဲ့ ချဉ်းကပ်ကြရပါမယ်။ -
3:05 - 3:08နိုင်ငံများဟာ ရင်းမြစ်တွေနဲ့
ဖြေရှင်းနည်းတွေကို -
3:08 - 3:10မျှဝေကြဖို့နဲ့ လက်တွဲ
ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ -
3:10 - 3:12ဒါဟာ လုပ်ကိုင်ဖို့
မှန်ကန်တဲ့အရာ ဖြစ်ရုံသာမက -
3:12 - 3:14စမတ်ကျတဲ့ နည်းလည်း ဖြစ်ပါတယ်။
-
3:14 - 3:17ဒါနဲ့ အားလုံး စိုးရိမ်ကြနေရတဲ့
ကိစ္စတွေ ဖြေရှင်းနိုင်ဖို့အတွက်၊ -
3:17 - 3:20နယ်နိမိတ်တွေကို ဖြတ်ကျော်ပြီး
လူတွေကို စည်းလုံးပေးဖို့ ကမ္ဘာလုံးဆိုင်ရာ -
3:20 - 3:23လှုပ်ရှားမှုတစ်ရပ် စတင်ကြမယ်လို့
Damian အရွေးခံလိုက်ရတဲ့ -
3:23 - 3:26နောက်ပိုင်း အပတ်တွေမှ
ကျွန်မနဲ့ Andrea တို့ ဆုံးဖြတ်ခဲ့ကြတယ်။ -
3:26 - 3:28ကျွန်မတို့ဟာ အဲဒါကို
ချက်ချင်းစတင်နိုင်ဖို့ -
3:28 - 3:30သိပ်စဉ်းစား မနေတော့ဘဲ
NOW! လို့ အမည်ပေးလိုက်ကြတယ်။ -
3:30 - 3:33နယ်နိမိတ်တွေကို ကျော်ပြီး လုပ်ကိုင်ရတာ
မလွယ်ကူတာကို နားလည်မိလို့ -
3:33 - 3:36ကျွန်မတို့အလုပ်ကို လမ်းညွှန်ပေးမယ့်
အခြေခံဘောင်က ဒီလိုပါ။ -
3:36 - 3:39ကျွန်မကတော့ "တွေးတော၊ ပေါင်းစည်းပြီး
ရှေ့ကိုလှမ်းချီ" လို့ ခေါ်ပါတယ်။ -
3:39 - 3:42အရင်ဆုံး ကမ္ဘာကို ကျွန်မတို့ရဲ့
စဉ်းစားပုံ ပြောင်းလဲကြရပါမယ်။ -
3:42 - 3:44ကြိုက်ကြိုက်မကြိုက်ကြိုက်၊
-
3:44 - 3:46အားလုံးဆက်နွှယ်နေတဲ့
ကမ္ဘာမှာ နေနေကြရတာပါ။ -
3:46 - 3:48နိုင်ငံတွေရဲ့ မူဘောင်အတွင်းမှာ
စဉ်းစားနေတာကို ရပ်ပြီး -
3:48 - 3:50တစ်ကမ္၀လုံး အတိုင်းအတာနဲ့
စစဉ်းစားကြရပါမယ်။ -
3:50 - 3:53ဥပမာအားဖြင့် အခွန်ကိစ္စကို
ကျွန်မတို့ စဉ်းစားပုံ ဆိုပါစို့။ -
3:53 - 3:56Facebook လို Amazon လို
နိုင်ငံစုံ ကုမ္ပဏီကြီးတွေက -
3:56 - 3:58နယ်နိမိတ်တွေကို ဖြတ်ကျော်ပြီး
လုပ်ကိုင်နေပေမဲ့ -
3:58 - 4:01ကျွန်မတို့က သူတို့ကို နိုင်ငံထဲက
မူဘောင်တွေအညီ အခွန်ကောက်ကျတော့ -
4:01 - 4:04သူတို့က နိုင်ငံအနည်းငယ်မှာပဲ
အခွန်အနည်းငယ်ကို ပေးဆောင်ကြပါတယ်။ -
4:04 - 4:06အဲဒါကြောင့်
-
4:06 - 4:08ကမ္ဘာလုံးဆိုင်ရာ
အခွန်စနစ်မျိုး ပေါ်ထွန်းမလာပါဘူး -
4:08 - 4:09အဲအတွက်ကြောင့်၊
-
4:09 - 4:14နိုင်ငံတွေဟာ အနည်းဆုံး ဒေါ်လာ ဘီလီယံ
၅၀၀ နှစ်စဉ် ဆုံးရှုံးနေကြရပါတယ်။ -
4:14 - 4:16ဒေါ်လာ ဘီလီယံ ၅၀၀ ကြီးတောင်ပါ။
-
4:16 - 4:17ဒါကို မြင်သာအောင် ပြောရင်၊
-
4:17 - 4:19အဲဒီငွေကြေး ပမာဏတစ်ဝက်နဲ့တင်
-
4:19 - 4:22ကမ္ဘာတစ်ဝှမ်း ငတ်မွတ်ခေါင်းပါးမှုကို
တစ်နှစ်စာ အဆုံးသတ်နိုင်ပါတယ်။ -
4:22 - 4:24ဒါပေမဲ့ ကမ္ဘာကြီးအား စဉ်းစားကြပုံကြောင့်
-
4:24 - 4:26ကျွန်မတို့ အဲ့လို မလုပ်နိုင်ကြပါဘူး။
-
4:26 - 4:29NOW! မှာ ကျွန်မတို့ ဒါကို
ပြောင်းလဲချင်ပါတယ်။ -
4:29 - 4:31ကမ္ဘာကြီးဆိုင်ရာ အမြင်သစ်ကို
နားလည်ကြပြီး -
4:31 - 4:34လူတွေအားလုံးဆီမှာ စိတ်ဝမ်း ကွဲပြားစရာထက်
တူညီတဲ့ အချက်တွေ ပိုများတာကို -
4:34 - 4:36နားလည်ကြပြီး လက်တွဲ ဆောင်ရွက်လိုကြကာ
-
4:36 - 4:39ဆွေးနွေးလိုကြတဲ့ သူတွေကို တစ်ကမ္ဘာလုံးမှာ
ရှာဖွေ ဆက်သွယ်နေကြပါတယ်။ -
4:39 - 4:41LGBT အခွင့်အရေး၊ ကူးစက်မြန် ကပ်ရောဂါ၊
-
4:41 - 4:44ဘဏ္ဍာရေး တရားမျှတမှုနဲ့
စိတ်ပိုင်း ကျန်းမာရေးလိုမျိုး -
4:44 - 4:45ကိစ္စတွေကို ဆွေးနွေးတဲ့
-
4:46 - 4:47အပတ်စဉ်ဆွေးနွေးပွဲတွေကို
-
4:47 - 4:48ကျွန်မတို့ စည်းရုံး ကျင်းပကြပါတယ်။
-
4:48 - 4:52ကမ္ဘာပေါ်က ဒေသအမျိုးမျိုးရှိ ပြည်သူတွေ
အပေါ် သက်ရောက်မှုကို သုံးသပ်ဖို့ -
4:52 - 4:55ကျွန်မတို့ဟာ ကမ္ဘာ့ စိန်ခေါ်မှုတွေကို
ခွဲခြားပြီး ဆန်းစစ်ကြည့်တယ်။ -
4:55 - 4:58ကျွန်မတို့ အဖွဲ့ဝင်တွေကလည်း ကမ္ဘာလုံး
ဆိုင်ရာ တွေးခေါ်မှုကို ပြသနေကြပြီး -
4:58 - 5:02ကာကွယ်ဆေးကို တစ်ကမ္ဘာလုံးမှာ
မျှမျှတတ ခွဲဝေပေးဖြစ်မှာကို အာမခံပေးရေးလို -
5:02 - 5:05ကိစ္စများကို ဖြေရှင်းပေးရန် သူတို့ရဲ့
အစိုးရများကို တက်ကြွစွာ စည်းရုံးနေကြတယ်။ -
5:05 - 5:08ဒုတိယက၊ ကျွန်မတို့ရဲ့ စဉ်းစားပုံကို
ပြောင်းလဲပြီးရင်၊ -
5:08 - 5:10နယ်နိမိတ်တွေ ကျော်ပြီး
စည်းလုံးဖို့ လိုပါတယ်။ -
5:10 - 5:13ဒီလိုနည်းနဲ့ အစိုးရတွေကို ကမ္ဘာ့ပြဿနာ
တွေကို ဆောင်ရွက်ခိုင်းနိုင်မှာပါ။ -
5:13 - 5:16ဟောင်ကောင်မှာ ဒီမိုကရေစီ ဆုတ်ယုတ်နေတာ
ဥပမာတစ်ခုပါ။ -
5:16 - 5:20တရုတ်နိုင်ငံက အခွင့်အရေးတွေ၊ ဒီမိုကရေစီနဲ့
လွတ်လပ်ခွင့်တွေကို စနစ်တကျ ဖျက်စီးခဲ့ပေမဲ့ -
5:20 - 5:23နိုင်ငံတွေက ဟောင်ကောင်သားတွေ
ကို ကာကွယ်ဖို့ တုံ့ပြန်ခဲ့တာ မရှိသလောက်ပါ။ -
5:23 - 5:25တကယ့် အပြောင်းအလဲကို လုပ်မပေးနိုင်ကြတဲ့
-
5:25 - 5:28ပြစ်တင်ရှုတ်ချကြောင်း ကျေညာချက်ကို
ကျွန်မ ဆိုလိုတာ မဟုတ်ဘဲ၊ -
5:28 - 5:30စနစ်တကျ အရေးယူမှုတွေကို
ဆိုလိုချင်တာပါ။ -
5:30 - 5:33တရုတ်နိုင်ငံရှေ့မှောက်မှာ
အခိုင်အမာ ရပ်တည်ပြနိုင်မယ့် -
5:33 - 5:36ဒီမိုကရေစီ ချီတက်ပွဲတွေ
လုပ်ပိုင်ခွင့်ကို တောင်းဆိုတဲ့ -
5:36 - 5:39လှုံ့ဆော်မှုကို လွန်ခဲ့တဲ့ နှစ်ပတ်တုန်းက
NOW! က စတင်ခဲ့တာ အဲ့ကြောင့်ပါ။ -
5:39 - 5:41သူတို့ဘက်မှ သ တိထားမိလာအောင်၊
-
5:41 - 5:44တရုတ်သံရုံးတွေရှေ့မှာ ကျွန်မတို့
အပတ်တိုင်း ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။ -
5:44 - 5:45တစ်ပတ်နှစ်ပတ်အတွင်းမှာပဲ၊
-
5:45 - 5:48အွန်လိုင်းကနေပြီး လူပေါင်းတစ်သန်းကျော်ကို
စည်းရုံးနိုင်ခဲ့တယ်။ -
5:48 - 5:52ကျွန်မတို့မျှော်လင့်တာက နယ်နိမိတ်တွေ
ကျော်ပြီး လူတွေကို စုပေါင်းလျက် -
5:52 - 5:56လှုပ်ရှားစေခြင်းဖြင့် တရုတ်နိုင်ငံအပေါ်
စုပေါင်းအရေးယူမှုတွေ ချမှတ်နိုင်ဖို့ -
5:56 - 5:59နိုင်ငံတွေကို အောင်မြင်စွာ
စည်းရုံးနိုင်မှာကိုပါ။ -
5:59 - 6:01နောက်ဆုံးမှာတော့ အနာဂါတ်ကမ္ဘာကြီးကို
ဖန်တီးဖို့အတွက် -
6:01 - 6:04ကျွန်မတို့ဟာ ရှေ့ကိုချီတက်ဖို့
သတ္တိရှိရပါမယ်။ -
6:04 - 6:08ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျင့်သုံးရနိုင်မယ့်
စီမံအုပ်ချုပ်မှု စနစ်တစ်ရပ် လိုအပ်ပါတယ်။ -
6:08 - 6:12ကမ္ဘာ့ကုလသမဂ္ဂလိုမျိုး
နိုင်ငံစုံအဖွဲ့ကြီးတွေရှိနေသရွေ့ -
6:12 - 6:15အဲဒီလို ကျင့်သုံးရေး ယန္တရားတွေအတွက်
ကန့်သတ်ချက်တွေ များလွန်းပါတယ်။ -
6:15 - 6:18နိုင်ငံသားတွေ မပါဝင်နိုင်ကြဘဲ
-
6:18 - 6:20နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေ
လွှမ်းမိုးနေတတ်ပါတယ်။ -
6:20 - 6:22နိုင်ငံတော် အဆင့်မှာလည်း၊
-
6:22 - 6:26နိုင်ငံရေးပါတီတွေကလည်း ရွေးကောက်ပွဲ အချိန်
ဇယားနဲ့ ဘောင်တွေကို လိုက်နာနေရလို့ -
6:26 - 6:29ကမ္ဘာလုံး အတိုင်းအတာဖြင့် ပူးတွဲဆောင်ရွက်
နိုင်စွမ်း မရှိကြပါဘူး။ -
6:29 - 6:34မူဝါဒချမှတ်ရေး၊ စီမံအုပ်ချုပ်ရေး၊ နိုင်ငံ
ရေးတို့ကို ဆွဲဆန့်သုံးဖို့ လိုအပ်တယ်။ -
6:35 - 6:38ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါအား
တုံ့ပြန်ပုံကို ဥပမာကြည့်ကြည့်ပါ။ -
6:38 - 6:42နိုင်ငံတွေက ကပ်ရောဂါကို ချဉ်းကပ်ရာတွင်
လွန်စွာမှ အမြင်ကျဉ်းနေကြတာ မြင်ရတယ်။ -
6:42 - 6:45ကာကွယ်ရေး ကိရိယာတွေ၊ ကာကွယ်ဆေး၊
ဆေးဝါးတွေနဲ့ ပတ်သက်ပြီး -
6:45 - 6:48သူတို့ဟာ လက်တွဲပြီး
ပူးပေါင်းဆောင်ရွက်မှု မလုပ်ခဲ့ကြဘူး။ -
6:48 - 6:50NOW! မှာ ကျွန်မတို့က ကမ္ဘာတစ်ဝှမ်းရှိ
-
6:50 - 6:53နိုင်ငံသားမရွေး၊ ကျန်းမာရေးဝန်ထမ်းတွေကို
-
6:53 - 6:56ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးစားပေးထိုးပေးဖို့
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား တောင်းဆိုတဲ့ -
6:56 - 7:00လှုပ်ရှားမှုကို စတင် စည်းရုံးခဲ့ကြတယ်။
-
7:00 - 7:04ကျွန်မတို့ ဦးဆောင်မှုပြီး ဆရာဝန်ကွန်ယက်ကို
လူမှုမီဒီယာမှာ တင်ပေးခဲ့ပြီး အသိပညာတွေ -
7:04 - 7:07မြှင့်ပေးရင်း WHO ကို ဦးတည်တဲ့
သနားခံစာကို စတင်ခဲ့ပါတယ်။ -
7:07 - 7:08နှစ်ပတ်အတွင်းမှာ
-
7:08 - 7:12အဖွဲ့ဝင်တွေက လမ်းပေါ်မှာရော၊
ဒစ်ဂျစ်တယ်နည်းနဲ့ပါ ဖြန့်ဝေခဲ့ကြရာ -
7:12 - 7:16WHO ညွှန်ကြားရေးမှုးချုပ် ထံမှ
တုံ့ပြန်ချက်ရခဲ့ပါတယ်။ -
7:17 - 7:18ဒီလှုပ်ရှားမှုကို ကြိုဆိုကြောင်း၊
-
7:18 - 7:22ဒီလိုဆောင်ရွက်ဖို့ လုပ်ပိုင်ခွင့်က
အဖွဲ့ဝင်နိုင်ငံတွေမှာ ရှိတဲ့အကြောင်းနဲ့ -
7:22 - 7:25ဒီလိုဦးတည်ပြီး ဆောင်ရွက်သွားမှာကို
ကတိပေးပြောဆိုထားတယ်။ -
7:25 - 7:29ကြည့်ပါဦး၊ သိပ်ကောင်းတဲ့ စာဖြစ်တာမှန်ပေမဲ့
အဓိပ္ပါယ် လုံးဝကို မရှိခဲ့ပါဘူး။ -
7:29 - 7:32WHO က ဒီကိစ္စကို အလေးထားပြီး
ဆောင်မရွက်နိုင်ပါဘူး။ -
7:32 - 7:34ဒါပေမယ့် အဓိကပြောချင်တာက၊
-
7:34 - 7:37ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဌာနတစ်ခုခုဟာ
ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု ကြုံရရင်၊ -
7:37 - 7:41အားလုံး လိုက်နာရမယ့် မူဝါဒတွေ ချမှတ်ပြီး
ရုပ်လုံးဖေါ်ပေးဖို့ လိုအပ်တာတွေ -
7:41 - 7:43လုပ်ကိုင် ဆောင်ရွက်ပေးနိုင်စွမ်း
ရှိသင့်ပါတယ်။ -
7:43 - 7:46အခုအချိန်မှာ ကျွန်မတို့ အများဆုံး
မျှော်လင့်နိုင်တာကတော့ -
7:46 - 7:49ကျွန်မတို့ရဲ့ အသံတွေကို
ကမ္ဘာ့ခေါင်းဆောင် အချို့ ကြားနိုင်ကြပြီး -
7:49 - 7:51မှန်ကန်စွာ ဆုံးဖြတ် လုပ်ကိုင်ကြမှာကိုပါ။
-
7:51 - 7:52ဒီအတိုင်း ဆက်သွားလို့မဖြစ်ပါဘူး။
-
7:52 - 7:54အားလုံးဆက်နွှယ်နေတဲ့ ကမ္ဘာကြီးမှာ၊
-
7:54 - 7:58လိုအပ်တာက စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ တာဝန်
ခံမှုရှိတဲ့ ကမ္ဘာ့စီမံအုပ်ချုပ်မှု စနစ်ပါ။ -
7:58 - 8:01ကျွန်မတို့ ဦးတည်လုပ်ဆောင်
နေတာကလည်း အဲဒါဖြစ်ပေမဲ့၊ -
8:01 - 8:04ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု
ညတွင်းချင်း ပေါ်မလာနိုင်တာကို သိပါတယ် -
8:04 - 8:07အဲဒါအတွက် ပူးပေါင်းဆောင်ရွက်ရင်
ရလဒ် ပိုကောင်းနိုင်တာကို ပြသပေးပြီး -
8:07 - 8:10မိမိတို့ အစိုးရများအား
ကမ္ဘာလုံးဆိုင်ရာ ပုံစံနဲ့ လုပ်ကိုင်ဖို့ -
8:10 - 8:13တိုက်တွန်းပေးကြမယ့် လူတွေကို
ကျွန်မတို့ လိုအပ်ပါတယ်။ -
8:13 - 8:14ကမ္ဘာကြီး လုပ်ဆောင်နေပုံကို
-
8:14 - 8:16မပြောင်းလဲနိုင်မီ အဲဒါကို
ကျွန်မတို့ သက်သေထူပြကြရမယ်။ -
8:16 - 8:18ကျွန်မရဲ့ မူဘောင်က ဒီလိုပါ-
-
8:18 - 8:20နိုင်ငံတော် နယ်နိမိတ်တွေကို
ကျော်ပြီး စဉ်းစားကြပါ၊ -
8:20 - 8:22ကမ္ဘာတစ်ဝန်း ပေါင်းစည်းကြပါ၊
-
8:22 - 8:26ရှေ့ကို တက်လှမ်းရင်း ကမ္ဘာကြီးက တစ်စည်း
တစ်လုံးတည်း လုပ်ဆောင်နေတာ သေချာပါစေ။ -
8:26 - 8:27လုပ်ပြတာထက် အပြောလွယ်တာ ကျွန်မ သိပါတယ်။
-
8:28 - 8:29ဒါပေမဲ့ လုပ်ရနိုင်ပါတယ်။
-
8:29 - 8:31ကျွန်မတို့ ကိစ္စရဲ့ ဥပမာကို ကြည့်ကြပါ။
-
8:31 - 8:33NOW! ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ
တည်ထောင်ခဲ့ပေမဲ့၊ -
8:33 - 8:37နိုင်ငံပေါင်း ၁၀၀ ကျော်မှာ အဖွဲ့ဝင်
ထောင်ပေါင်းများစွာ ရှိနေကြပါပြီ။ -
8:37 - 8:40နယ်နိမိတ်တွေ ကျော်ဖြတ်ပြီး
စည်းလုံးလို့ ရနိုင်တာ မြင်နေရကာ -
8:40 - 8:42လက်လှမ်းမီတဲ့ အရာပါ။
-
8:42 - 8:45ပြီးတော့ ကျွန်မတို့ရော၊ ကျွန်မကိုယ်တိုင်
ထူးကဲသူ မဟုတ်ပါဘူး။ -
8:45 - 8:47ကျွန်မမှာ ခပ်မိုက်မိုက် အရည်အချင်းတွေ
မရှိပါဘူး၊ -
8:47 - 8:50ဒီမှာ စကားပြောဖို့ကိစ္စကို
ကျွန်မ ကြောက်နေခဲ့တာပါ။ -
8:50 - 8:54ဒါပေမဲ့ တစ်ကမ္ဘာလုံးကို ထိရောက်စွာ ပြောင်း
လဲရေး နည်းမျိုးစုံ ကျွန်မ စမ်းသပ်နေတာပါ၊ -
8:54 - 8:57နိုင်ငံအလိုက် တွေးခေါ်မှုတွေနဲ့
မူဘောင်တွေကို စွန့်ပစ်ပြီး -
8:57 - 8:59ပိုကြီးမားပြီး ပိုကောင်းမွန်တဲ့
အရာတွေအတွက် -
8:59 - 9:01နေရာပေးရမယ်ဆိုတာ
ကျွန်မနားလည်လို့ပါ။ -
9:01 - 9:03တခြားအောင်မြင်မှုတွေအထဲကမှ
စည်းလုံးခြင်းနဲ့အတူ -
9:03 - 9:07ကျွန်မတို့ဟာ စည်းလုံးကြမယ် ဆိုရင်
ဒီမိုကရေစီကို အာမခံ စောင့်ထိန်းနိုင်မှာ၊ -
9:07 - 9:08ပတ်ဝန်းကို ကာကွယ်ပေးနိုင်မှာ၊
-
9:08 - 9:11ကာကွယ်ဆေးတွေကို မျှဝေပေးပြီး
အသက်တွေ ကယ်တင်ပေးနိုင်မှာ၊ -
9:11 - 9:14ရွေ့ပြေင်းလာသူတို့ အတွက် လုံခြုံတဲ့
လမ်းကြောင်း ဖန်တီးပေးနိုင်မှာ၊ -
9:14 - 9:16တခြားအောင်မြင်တွေကို ရယူနိုင်မှာကို
-
9:16 - 9:18ကျွန်မ ဘဝသက်တမ်း မကုန်ခင်
တွေ့မြင်နိုင်မယ်လို့ -
9:18 - 9:20ကျွန်မ မျှော်လင့်မိပါတယ်။
-
9:20 - 9:22ကျွန်မဆီမှာ အဖြေရှိသလားကို
ကျွန်မ မသိပါဘူး-- -
9:22 - 9:24ဘယ်သူမှလည်း မသိပါဘူး။
-
9:24 - 9:26ဒီရည်မှန်းချက်တွေကို
အကောင်အထည် ဖေါ်ရာမှာ -
9:26 - 9:27NOW! ဟာ အောင်မြင်မလား
ကျွန်မ မသိပါဘူး။ -
9:27 - 9:29ပြောချင်က အဲဒါ မဟုတ်ပါဘူး။
-
9:29 - 9:33အဓိကက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့
ပြောင်းလဲဖို့ ခင်ဗျားတို့ လုပ်ဆောင်ရမယ်။ -
9:33 - 9:36ကမ္ဘာကြီး တစ်စည်းတစ်လုံးတည်းဖြစ်ဖို့
ဆန်းသစ်တဲ့ နည်းလမ်းတွေကို ဖန်တီးရန် -
9:36 - 9:40ခင်ဗျားတို့ဟာ နယ်နိမိတ်တွေကျော်ပြီး စတင်
လက်တွဲ လုပ်ကိုင်ကြမယ်လို့ မျှော်လင့်မိတယ်။ -
9:40 - 9:43ဘာကြောင့်လဲဆိုတော့ လက်တွဲကြရင်
ကျွန်မတို့က အင်အား ဖြစ်လို့ပါပဲ။ -
9:44 - 9:46ဒီတော့ ခင်ဗျားတို့ ဘာကို စောင့်နေကြတာလဲ။
-
9:46 - 9:47ကျေးဇူးတင်ပါတယ်။
- Title:
- ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု
- Speaker:
- Colombe Cahen-Salvador
- Description:
-
ကမ္ဘာလုံးဆိုင်ရာ ပြဿနာရပ်တွေကို ဖြေရှင်းဖို့ နိုင်ငံ့နယ်နိမိတ်တွေကို ကျော်လွန်ပြီး စဉ်းစားရန် လိုအပ်တယ်လို့ တက်ကြွလှုပ်ရှားသူ Colombe Cahen-Salvador က ဆိုပါတယ်။ ကမ္ဘာကြီးရဲ့ တကွဲတပြားဖြစ်နေတဲ့ အုပ်ချုပ်မှုစနစ်တွေကို ပြန်လည်ပုံဖော်ပြီး အဓိကကိစ္စရပ်တွေဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမှအစ ရာသီဥတုပြောင်းလဲမှုနဲ့ လူ့အခွင့်အရေးကိစ္စတွေအဆုံး နိုင်ငံတွေရဲ့ ထိရောက်မှုမရှိတဲ့ တုံ့ပြန်မှုတွေကို ထောက်ပြရင်း စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားတဲ့ ကမ္ဘာကြီးကို ရုပ်လုံးဖေါ်ဖို့ ပြည်သူတွေကို စည်းရုံးရေး လှုပ်ရှားမှုတစ်ရပ်ဖြစ်တဲ့ NOW! ကို သူက မိတ်ဆက်ပေးထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 10:00
Myo Aung approved Burmese subtitles for A global movement to solve global problems | ||
Myo Aung edited Burmese subtitles for A global movement to solve global problems | ||
Myo Aung edited Burmese subtitles for A global movement to solve global problems | ||
Myo Aung accepted Burmese subtitles for A global movement to solve global problems | ||
Myo Aung edited Burmese subtitles for A global movement to solve global problems | ||
Myo Aung edited Burmese subtitles for A global movement to solve global problems | ||
May Thant edited Burmese subtitles for A global movement to solve global problems | ||
Myo Aung declined Burmese subtitles for A global movement to solve global problems |