Return to Video

ALS ကိုဘာကြောင့် ကုသဖို့ခက်တာလဲ - Fernando Vieira

  • 0:07 - 0:12
    1963 ခုနှစ်ကအသက်၂၁နှစ်ရှိတဲ့
    ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်းကို
  • 0:12 - 0:15
    ALS Amyotrophic lateral sclerosis
    လို့ခေါ်တဲ့ ဖြစ်ခဲလှတဲ့
  • 0:15 - 0:20
    အာရုံကြောကြွက်သား ရောဂါတစ်ခု
    ရှိနေကြောင်း ဖော်ပြခဲ့တယ်
  • 0:20 - 0:22
    တဖြည်းဖြည်းနဲ့ သူဟာ
    လမ်းလျှောက်လို့မရတော့ဘူး
  • 0:22 - 0:23
    လက်ကို အသုံးပြုတာတွေ
  • 0:23 - 0:25
    မျက်နှာကို လှုပ်ရှားတာတွေနဲ့
  • 0:25 - 0:27
    နောက်မျိုချတာကိုတောင်
    မလုပ်နိုင်တော့ဘူး
  • 0:27 - 0:30
    ဒါပေမဲ့ သူဟာ အံ့ဖွယ်ဉာဏ်ရည်ကိုတော့
    တလျှောက်လုံး
  • 0:30 - 0:32
    ထိန်းထားနိုင်ခဲ့ပြီး
    နောက်အနှစ် ၅၀ ကြာတဲ့အခါမှာတော့
  • 0:32 - 0:37
    ဟော့ကင်းဟာ သမိုင်းမှာ အအောင်မြင်ဆုံးနဲ့
    အထင်ရှားဆုံး ရူပဗေဒပညာရှင်ဖြစ်လာခဲ့တယ်
  • 0:37 - 0:39
    ဒါပေမဲ့၊ သူ့ရောဂါကိုတော့ မကုသနိုင်ခဲ့ပဲ
  • 0:39 - 0:44
    ၂၀၁၈ ခုနှစ်၊ အသက်၇၆ နှစ်ကြာတဲ့အခါမှာ
    ဆုံးပါးသွားခဲ့ရတယ်
  • 0:44 - 0:46
    ရောဂါကိုသိပြီး ဆယ်စုနှစ်တွေကြာတာတောင်
  • 0:46 - 0:49
    ASL က အရှုပ်ထွေးဆုံး၊ အလျှို့ဝှက်ဆုံးနဲ့
  • 0:49 - 0:50
    လူသားတေွကို ထိခိုက်စေတဲ့
  • 0:50 - 0:54
    ဆိုးကျိုးပေးတဲ့ရောဂါတွေထဲက တစ်ခုအဖြစ်
    တန်းဝင်နေပါသေးတယ်
  • 0:54 - 0:58
    သူ့ကို မော်တာနူရုံး ရောဂါနှင့်
    Lou Gehrig's diseaseလို့လည်းခေါ်ကြတယ်
  • 0:58 - 1:03
    ALS က ကမ္ဘာတစ်ဝှမ်းရှိ လူတစ်သိန်းမှာ
    ၂ယောက် ဖြစ်စေပါတယ်
  • 1:03 - 1:05
    လူတစ်ယောက်မှာ ALS ရှိရင်
  • 1:05 - 1:07
    မော်တာနူရုံးလို့ခေါ်တဲ့
  • 1:07 - 1:11
    ခန္ဓာကိုယ်ထဲက စိတ်နဲ့ထိန်းချုပ်လို့ရတဲ့
    ကြွက်သားတွေဆီ သွားတဲ့ နာဗ့်ဆဲလေးတွေဟာ
  • 1:11 - 1:13
    လုပ်ဆောင်ချက်ပျက်ယွင်းပြီး သေဆုံးသွားကြတယ်
  • 1:13 - 1:17
    ဒီဆဲလ်လေးတွေ ဘယ်လိုသေသွားလဲဆိုတာ
    ကိုတော့ ဘယ်သူမှသေချာမသိကြဘူး
  • 1:17 - 1:20
    ဒါကလည်း ALS ကိုကုသရခက်စေတဲ့
    အကြောင်းထဲက တစိတ်တပိုင်းပါ
  • 1:20 - 1:22
    ၉၀%သော ဖြစ်စဉ်တွေမှာ
  • 1:22 - 1:27
    ရောဂါဟာ အကြောင်းရင်းမရှိပဲ
    ရုတ်တရက်ပေါ်လာတယ်
  • 1:27 - 1:29
    ကျန်တဲ့၁၀% ကတော့ မျိုးရိုးလိုက်တာပါ
  • 1:29 - 1:35
    အမေ၊ အဖေကနေ ဗီဇပြောင်းနေတဲ့ Gene ကို
    သားသမီးဆီ လွှဲပြောင်းလိုက်တာကနေဖြစ်တယ်
  • 1:35 - 1:39
    ရောဂါလက္ခဏာတွေက
    အသက်၄၀ ကြာပြီးနောက်မှာ စပေါ်တယ်
  • 1:39 - 1:44
    ဟော့ကင်းလို ရှားပါးတဲ့ဖြစ်စဉ်မျိုးမှာတော့
    ALS က စောစောစီးစီးဖြစ်လေ့ရှိတယ်
  • 1:44 - 1:50
    ဟော့ကင်းဟာ ALSနဲ့ဒီလောက်ထိ
    ရှင်သန်နိုင်တာက ဆေးပညာရဲ့အံ့ဖွယ်တစ်ခုပါ
  • 1:50 - 1:55
    ရောဂါကိုသိပြီးနောက်၊ ALS ကြောင့် အသက်ရှု
    လမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပြီး
  • 1:55 - 2:00
    မသေဆုံးခင်အထိ လူအများစုက
    ၂နှစ်ကနေ ၅နှစ်ပဲ ရှင်သန်နိုင်တယ်
  • 2:00 - 2:04
    ဟော့ကင်းအဖြစ်မှာ ပုံမှန်မဟုတ်တာကတော့
    သူ့ရဲ့ လေ့လာသင်ယူနိုင်စွမ်း
  • 2:04 - 2:05
    တွေးခေါ်မှုနဲ့
  • 2:05 - 2:08
    အာရုံသိရှိနိုင်စွမ်းတွေဟာ
    အကောင်းအတိုင်း ကျန်ရှိနေတာပါ
  • 2:08 - 2:12
    ALS ရှိတဲ့လူအများစုဟာ ဉာဏ်ရည်မမှီ
    တော့တာမျိုးတော့ မကြုံရတတ်ပါဘူး
  • 2:12 - 2:16
    နှစ်စဉ် ALS လို့ ရောဂါနာမည်တပ်ခံရတဲ့
  • 2:16 - 2:18
    လူပေါင်း၁၂၀ ၀၀၀အတွက်တော့
  • 2:18 - 2:22
    ကုသပျောက်ကင်းဖို့ဆိုတာ
    သိပ္ပံနှင့် ဆေးပညာအတွက်
  • 2:22 - 2:24
    အရေးပါဆုံး စိန်ခေါ်မှုတစ်ခုပဲဖြစ်ပါတယ်
  • 2:24 - 2:26
    မသိတာတွေအများကြီးရှိပေမယ့်လို့
  • 2:26 - 2:31
    ALS က ကြွက်သားအာရုံကြောစနစ်ကို
    ဘယ်လိုထိခိုက်စေလဲဆိုတာကိုတော့ သိကြပါတယ်
  • 2:31 - 2:36
    ALS က အထက်နဲ့ အောက်မော်တာနူရုံး ဆိုတဲ့
    အာရုံကြောဆဲလ်နှစ်မျိုးကို ထိခိုက်စေတယ်
  • 2:36 - 2:39
    ကျန်းမာတဲ့ခန္ဓာကိုယ်မှာ၊
    ဦးနှောက်ရဲ့ cortex နေရာမှာရှိတဲ့
  • 2:39 - 2:41
    အထက်မော်တာနူရုံးတွေဟာ
  • 2:41 - 2:44
    ဦးနှောက်ကနေ အာရုံကြောမကြီးမှာရှိတဲ့
    အောက်မော်တာနူရုံးတွေဆီကို
  • 2:44 - 2:46
    အချက်အလက်တွေပို့ပေးတယ်
  • 2:46 - 2:50
    ဒီနူရုံးတွေကနေ ကြွက်သားဖိုင်ဘာတွေဆီကို
    အချက်အလက်ဆက်ဖြန့်ပေးတယ်
  • 2:50 - 2:53
    လှုပ်ရှားမှုအနေနဲ့ ကြွက်သား
    ဆန့်တာ ကျုံ့တာတွေကို
  • 2:53 - 2:55
    ဖြစ်စေဖို့ပေါ့
  • 2:55 - 2:57
    ကျွန်ုပ်တို့စိတ်နဲ့ ထိန်းလို့ရတဲ့
    လှုပ်ရှားမှုတွေဟာ
  • 2:57 - 3:01
    ဒီလမ်းတစ်လျှောက် သတင်း အချက်အလက်တွေ
    စီးဆင်းကြလို့ သာဖြစ်တယ်
  • 3:01 - 3:04
    ALS မှာ မော်တာနူရုံးတွေ ပျက်စီးသွားရင်တော့
  • 3:04 - 3:07
    အချက်အလက်ပို့နိုင်စွမ်းဟာ
    ပျက်ယွင်းသွားပြီး
  • 3:07 - 3:11
    အဓိကအချက်ပြတဲ့ စနစ်ကြီးဟာ
    ကမောက်ကမဖြစ်တော့တယ်
  • 3:11 - 3:14
    အချက်ပေးတာမရှိရင် ကြွက်သားတွေ
    ပိန်လှီကုန်တော့တယ်
  • 3:14 - 3:17
    မော်တာနူရုံးတွေကို ဘာကပျက်စီးစေတာလဲ
    ဆိုတာကတော့
  • 3:17 - 3:20
    ALSရဲ့ တည်ရှိနေဆဲ လျှို့ဝှက်ချက်ပါ
  • 3:20 - 3:25
    မျိုးရိုးလိုက်တဲ့ဖြစ်စဉ်မှာ မိဘကသားသမီးကို
    ဗီဇပြောင်းတဲ့ gene တွေ လွှဲပေးတယ်
  • 3:25 - 3:28
    ဒါတောင်မှ ALS ဟာ Gene မျိုးစုံပါပြီး
  • 3:28 - 3:31
    မော်တာနူရုံးဆီပေါ်မှာ သက်ရောက်မှုကလည်း
    ပေါင်းစုံဖြစ်ကာ
  • 3:31 - 3:34
    တိကျတဲ့ အကြောင်းအရင်းကို ထောက်ပြဖို့ခက်တယ်
  • 3:34 - 3:39
    ALS က ကွက်ကြားဖြစ်ပေါ်လာတဲ့အခါမှာ၊
    ဖြစ်နိုင်ခေျအကြောင်းအရင်းတွေလည်း ပေါ်လာတယ်
  • 3:39 - 3:40
    အဆိပ်များ
  • 3:40 - 3:40
    ဗိုင်းရပ်စ်များ
  • 3:40 - 3:41
    နေထိုင်မှုပုံစံ
  • 3:41 - 3:45
    သို့မဟုတ် အခြား ပတ်ဝန်းကျင်အကြောင်း
    အရင်းတွေ ကလည်း ပါဝင်လာကြတယ်
  • 3:45 - 3:48
    အကြောင်းအရင်းတွေအများကြီးပါဝင်လို့
  • 3:48 - 3:53
    တစ်ဦးတစ်ယောက်မှာALS ရှိမရှိဆိုတာကို
    စစ်နိုင်တဲ့ test မရှိသေးပါဘူး။
  • 3:53 - 3:57
    မည်သို့ပင်ဖြစ်စေ၊ အကြောင်းအရင်းတွေေပေါ်
    ကျနော်တို့ယူဆချက်တွေဟာ တိုးတက်လာနေပါတယ်
  • 3:57 - 4:02
    ရေပန်းစားလာတဲ့ စိတ်ကူးတစ်ခုကတော့
    မော်တာနူရုံးထဲက ပရိုတင်း တစ်ချို့ဟာ
  • 4:02 - 4:04
    ကောင်းကောင်း မခေါက်သိမ်းကြပဲ
  • 4:04 - 4:06
    ပုံမကျ၊ ပန်းမကျတွေဖြစ်စေတယ်
  • 4:06 - 4:10
    ဒီလိုမှားယွင်းခေါက်တဲ့ ပရိုတင်းနဲ့
    အရှုပ်တွေကဆဲလ်တစ်ခုကနေတစ်ခုကိုပျံ့စေတယ်
  • 4:10 - 4:13
    ဆဲလ်တွေရှင်သန်ဖို့ စွမ်းအင်နှင့်
    ပရိုတင်းထုတ်လုပ်တဲ့
  • 4:13 - 4:18
    ပုံမှန် ဆဲလ် လုပ်ငန်းစဉ်ကို
    ပိတ်ပင်စေနိုင်တယ်
  • 4:18 - 4:21
    ကျနော်တို့သင်ယူခဲ့တာကတော့
    မော်တာနူရုံးနှင့် ကြွက်သားဖိုင်ဘာတွေလိုပဲ
  • 4:21 - 4:24
    အခြားဆဲလ်တွကိုလည်း ALS က ပါဝင်စေနိုင်တယ်
  • 4:24 - 4:29
    ALS လူနာတွေမှာ သူတို့ဦးနှောက်နဲ့
    အာရုံကြောမကြီးတွေရောင်ယမ်းတာတွေ ဖြစ်တတ်တယ်
  • 4:29 - 4:34
    ကိုယ်ခံအားဆဲလ်တွေ ပြစ်ချက်ရှိတာလည်း မော်တာ
    နူရုံးတွေ သေစေတဲ့အကြောင်းဖြစ်နိုင်တယ်
  • 4:34 - 4:38
    ပြီးတော့ ALS က နူရုံးတွေကို
    ထောက်ပံ့ပေးတဲ့သီးသန့်ဆဲလ်တွေရဲ့
  • 4:38 - 4:41
    လုပ်ဆောင်ပုံကိုလည်း ပြောင်းလဲနိုင်ပုံပဲ
  • 4:41 - 4:44
    ဒီအချက်တွေဟာ ရောဂါရဲ့ရှုပ်ထွေးမှုကို
    မီးမောင်းထိုးပြနေပေမယ့်
  • 4:44 - 4:48
    သူတို့ဘယ်လိုအလုပ်လုပ်လဲ
    ဆိုတာကို ပိုပြည့်ပြည့်စုံစုံနားလည်စေပြီး
  • 4:48 - 4:50
    ကုသနည်းအသစ်တေွကိုလည်းဖွင့်ပေးနိုင်လောက်တယ်
  • 4:50 - 4:54
    နှေးကွေးနေပေမယ့်လို့ တိုးတက်မှုကတော့
    တချိန်လုံးရှိနေပါတယ်
  • 4:54 - 4:56
    ကျွန်တော်တို့ ဆေးအသစ်တွေကို တီထွင်နေကြတယ်
  • 4:56 - 4:59
    ပျက်စီးသွားတဲ့ဆဲလ်တွေကို ပြန်ပြင်ဖို့
    စတန်းဆဲလ်ကုထုံးတွေနဲ့
  • 4:59 - 5:04
    ရောဂါဖြစ်တာကိုနှေးကွေးသွားအောင်လုပ်မယ့်
    မျိုးရိုးဗီဇကုထုံးတွေပေါ့
  • 5:04 - 5:06
    အသိပညာတွေ တိုးပွားမြင့်တက်လာတာနဲ့အမျှ
  • 5:06 - 5:09
    ALS နဲ့ရှင်သန်နေရတဲ့လူတွေရဲ့
    အနာဂတ်ကို ပြောင်းလဲပစ်နိုင်ဖို့
  • 5:09 - 5:11
    တွေ့ရှိမှုအသစ်တွေကိုမျှော်လင့်လျက်ပါပဲ
Title:
ALS ကိုဘာကြောင့် ကုသဖို့ခက်တာလဲ - Fernando Vieira
Description:

သင်ခန်းစာအပြည့်အစုံကိုဒီမှာကြည့်ပါ: https://ed.ted.com/lessons/why-is-it-so-hard-to-cure-als-fernando-vieira

မော်တာနူရုံး ရောဂါ နှင့် Lou Gehrig's ရောဂါလို့ခေါ်တဲ့ Amyotrophic Lateral Sclerosis( ALS) ဟာ ကမ္တာတစ်ဝှမ်းရှိ လူ ၁၀၀ ၀၀ မှာ နှစ်ယောက်နှုန်း ရောဂါဖြစ်လျက်ရှိပါတယ်။ လူတစ်ဦးမှာ ALS ရှိသွားပြီဆိုရင် ၊ သူတို့ရဲ့မော်တာနူရုံး၊ ခန္ဓာကိုယ်မှာရှိတဲ့ စိတ်နဲ့ထိမ်းချုပ်တဲ့ကြွက်သားတွေိအတွက် တာဝန်ရှိတဲ့ ဆဲလ်တွေမှာ လုပ်ဆောင်ချက်ပျက်ယွင်းပြီး သေဆုံးကုန်ကြတယ်။ Fernando G. Vieira က ကျွန်တော်တို့မသိသေးတဲ့ ALS အကြောင်းတွေကို မျှဝေပေးထားပါတယ်

Lesson by Fernando G. Vieira, animation by Artrake Studio.

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:22

Burmese subtitles

Revisions