Return to Video

ခပ်​ကြောင်ကြောင်လား၊ မတူကွဲပြားတာပဲလား။

  • 0:00 - 0:04
    ကဲ၊ ခင်ဗျားဟာ အမေရိကမှာရှိတဲ့ တစ်နေရာရာက လမ်းတစ်ခုပေါ်မှာ ရပ်နေပြီး
  • 0:04 - 0:07
    ဂျပန်လူမျိုးတစ်ယောက်က ခင်ဗျားကို "တစ်ဆိတ်လောက်ဗျာ၊
  • 0:07 - 0:09
    ဒီအဆောက်အဦကြီးရဲ့ နာမည်က ဘာလဲဗျ" လို့မေးလိုက်တယ်လို့ ဆိုပါစို့ဗျာ။
  • 0:09 - 0:13
    နောက်ပြီး ခင်ဗျားဖြေလိုက်တာက "စိတ်တော့မကောင်းဘူးဗျာ။ ဒါက အုတ်(က်)လမ်း၊ ဟိုဟာက အန်းလ်(မ်)လမ်း။
  • 0:13 - 0:15
    ဒါက(၂၆)လမ်း၊ ဟိုဟာက )၂၇)လမ်းပါ" လို့လေ။
  • 0:15 - 0:17
    သူပြောတာက "ကောင်းပါပြီဗျာ။ ဟို အဆောက်အဦကြီးရဲ့ နာမည်ကဘာလဲဗျ"တဲ့။
  • 0:17 - 0:20
    ခင်ဗျားက "ဟုတ်ပါပြီဗျာ၊ အဆောက်အဦးတွေမှာ နာမည်တွေ မရှိဘူးဗျ။
  • 0:20 - 0:22
    အဆောက်အဦတွေဆိုတာဟာ လမ်းတွေကြားမှာရှိတဲ့
  • 0:22 - 0:24
    အမည်ပေးမထားတဲ့ နေရာလွတ်တွေပါဗျာ" လို့ပြောလိုက်တယ်။
  • 0:24 - 0:28
    သူထွက်သွားတယ်၊ နည်းနည်း စိတ်ရှုပ်ထွေးသွားပြီး စိတ်ပျက်လက်ပျက်နဲ့ပေါ့ဗျာ။
  • 0:28 - 0:31
    ကဲ အခုတော့ ခင်ဗျားဟာ ဂျပန်မှာရှိတဲ့ တစ်နေရာရာက လမ်းတစ်ခုပေါ်မှာ ရပ်နေပြီး
  • 0:31 - 0:33
    ခင်ဗျားဘေးနားမှာရပ်နေသူဘက်ကို လှည့်ပြီး
  • 0:33 - 0:35
    "တစ်ဆိတ်လောက်ဗျာ၊ ဒီလမ်းရဲ့ နာမည်က ဘာလဲဗျ" လို့မေးလိုက်တယ် ဆိုပါတော့ဗျာ။
  • 0:35 - 0:39
    သူတို့ပြောတာက " အိုး၊ ကောင်းပါပြီ၊ ဟိုအဆောက်အဦက နံပါတ်(၁၇)၊ ဒီအဆောက်ဦက နံပါတ်(၁၆)ပါ"တဲ့။
  • 0:39 - 0:42
    ဒီတော့ ခင်ဗျားက "ကောင်းပါပြီ၊ ဒီလမ်းရဲ့ နာမည်က ဘာလဲဗျ" လို့ပြောလိုက်တယ်။
  • 0:42 - 0:44
    နောက်ပြီး သူတို့ပြောလိုက်တာက "ဟုတ်ပါပြီဗျ၊
  • 0:44 - 0:46
    လမ်းတွေမှာ နာမည်တွေမရှိကြဘူးဗျ၊
  • 0:46 - 0:50
    ဒီမှာ ဂူးဂဲ(လ်)မြေပုံကို ကြည့်လိုက်ပါဦး။ အဆောက်အဦ နံပါတ် (၁၄)၊(၁၅)၊(၁၆)၊(၁၇)၊(၁၈)(၁၉)။
  • 0:50 - 0:52
    ဒီအဆောက်အဦတွေ အကုန်လုံးမှာ နာမည်တွေရှိတယ်ဗျ။
  • 0:52 - 0:56
    လမ်းတွေဆိုတာကတော့ အဆောက်အဦတွေကြားက အမည်ပေးမထားတဲ့ နေရာလပ်တွေပဲဗျို့"လို့လေ။
  • 0:56 - 0:59
    ဒီအချိန်မှာ ခင်ဗျားပြောလိုက်တာက "ကောင်းပြီလေ၊ ဒီလိုဆိုရင် ခင်ဗျားရဲ့ အိမ်လိပ်စာကို ခင်ဗျား ဘယ်လိုသိနိူင်မလဲဗျ"လို့ပေါ့။
  • 0:59 - 1:02
    သူပြောတာကတော့ "ကောင်းပြီဗျာ၊ ဒါက အလွယ်လေးပါ၊ဒါက အမှတ်(၈)ခရိုင်၊
  • 1:02 - 1:05
    တိုက်အမှတ်(၁၇)၊ အိမ်အမှတ် (၁)လေဗျာ"တဲ့။
  • 1:05 - 1:07
    ခင်ဗျားပြောလိုက်တာက "ကောင်းပါပြီ၊ ဒါပေမဲ့ အနီးပတ်ဝန်းကျင်တစ်ဝိုက် လမ်းလျှောက်သွားတုန်း
  • 1:07 - 1:09
    ကျွန်တော် သတိထားမိခဲ့တာကတော့ဗျာ အိမ်နံပါတ်တွေက အစဉ်လိုက်မဟုတ်ဘူးဗျ"လို့ပေါ့။
  • 1:09 - 1:12
    သူပြောတာက ဟာဗျာ အစဉ်လိုက်ပါဗျ။ သူတို့ဆောက်ခဲ့တဲ့ အစဉ်အတိုင်းသွားပါတယ်ဗျာ။
  • 1:12 - 1:15
    အဆောက်ဦအကွက်တစ်ခုပေါ်မှာ အရင်ဆောက်ခဲ့တဲ့ အိမ်က အိမ်နံပါတ်(၁)ပေါ့ဗျ။
  • 1:15 - 1:18
    ဒုတိယဆောက်ခဲ့တဲ့ အိမ်က အိမ်နံပါတ်(၂)လေဗျာ။
  • 1:18 - 1:20
    တတိယကတော့ နံပါတ် (၃)ပေါ့ဗျာ။ လွယ်ပါတယ်ဗျာ။ အရှင်းကြီးပဲဟာကို။
  • 1:20 - 1:23
    ဒီတော့ဗျာ၊ ကျွန်တော်နှစ်သက်မိတာက တစ်ခါတစ်လေကျတော့
  • 1:23 - 1:25
    ကမ္ဘာကြီးရဲ့ ဆန့်ကျင်ဘက်အခြမ်းကို သွားဖို့လိုအပ်တယ်ဆိုတာကိုပါ။
  • 1:25 - 1:27
    ကျွန်တော်တို့မှာရှိနေခဲ့တယ်ဆိုတာကိုတောင် မသိခဲ့တဲ့ ယူဆချက်တွေကို နားလည်သဘောပေါက်ဖို့အတွက်
  • 1:27 - 1:30
    ပြီးတော့ ဒါတွေရဲ့ ဆန့်ကျင်ဘက်တွေဟာလည်း မှန်ကန်ကောင်း မှန်ကန်နိုင်တယ်ဆိုတာကို နားလည်သဘောပေါက်ဖို့အတွက်ပေါ့ဗျာ။
  • 1:30 - 1:32
    ဒီတော့ ဥပမာအနေနဲ့ပေါ့ဗျာ၊ တရုတ်ပြည်မှာ



  • 1:32 - 1:35
    သူတို့ရဲအလုပ်ဟာ ခင်ဗျားတို့ကို ကျန်းမာစေဖို့ လို့ ယုံကြည်ကြတဲ့ ဆရာဝန်တွေရှိပါတယ်။
  • 1:35 - 1:37
    ခင်ဗျားအနေနဲ့ ကျန်းကျန်းမာမာနဲ့ရှိတဲ့ လတွေမှာ သူတို့ကို ငွေပေးကြပြီး၊
  • 1:37 - 1:39
    ခင်ဗျား နေမကောင်းဖြစ်တဲ့အခါမှာ သူတို့ကို ခင်ဗျား ပေးဖို့မလိုဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပျက်ကွက်လို့လေ။
  • 1:39 - 1:41
    ခင်ဗျား ကျန်းမာတဲ့အချိန်မှာ သူတို့ ချမ်းသာနေကြပါတယ်၊ နေမကောင်းတဲ့ အချိန်မှာ မဟုတ်ဘူးနော်။
  • 1:41 - 1:44
    (လက်ခုပ်သံများ)
  • 1:44 - 1:46
    ဂီတအများစုမှာ ပထမ စည်းချက်ကို
  • 1:46 - 1:50
    အကျစည်းချက်အဖြစ် ကျွန်တော်တို့မှတ်ယူကြပါတယ်။ တေးသွားရဲ့ အစမှာ ၁၊၂၊၃၊၄။
  • 1:50 - 1:52
    ဒါပေမဲ့ အနောက်အာဖရိက ဂီတမှာကျတော့ "တစ်" ဆိုတာကို
  • 1:52 - 1:54
    တေးသွားရဲ့ အဆုံးသတ်အဖြစ် ယူမှတ်ကြပါတယ်။
  • 1:54 - 1:56
    ဝါကျတစ်ကြောင်းအဆုံးက ပုဒ်မလိုပဲပေါ့။
  • 1:56 - 1:58
    ဒီတော့ ဒါကို ခင်ဗျားတို့ တေးသွားထဲမှာတင် ကြားတာမဟုတ်ပဲ သူတို့ ဂီတစည်းချက်ရေတွက်ပုံလည်းပါပါတယ်။
  • 1:58 - 2:01
    နှစ်၊ သုံး၊ လေး၊ တစ်။
  • 2:01 - 2:04
    နောက်ပြီး ဒီမြေပုံလည်းပဲ တိကျပါတယ်ဗျာ။
  • 2:04 - 2:06
    (ရယ်သံများ)
  • 2:06 - 2:09
    ဆိုရိုးလေးတစ်ခုရှိတာကတော့ "အိန္ဒိယနိူင်ငံနဲ့ ပတ်သက်ပြီး ဘာပဲဖြစ်ဖြစ် ၏
  • 2:09 - 2:11
    သင်ပြောနိူင်သမျှ ဖြစ်ရပ်မှန်ဟာ ဆန့်ကျင်ဘက်အနေနဲ့လည်းမှန်ပါတယ်"တဲ့။
  • 2:11 - 2:13
    ဒါကြောင့်မို့လို့ TED မှာပဲဖြစ်ဖြစ်၊ တခြားဘယ်နေရာမှာပဲဖြစ်ဖြစ်
  • 2:13 - 2:16
    ခင်ဗျားမှာ ရှိသမျှ၊ ကြားသမျှ ထူးခြားပြောင်မြောက်တဲ့ ဘယ်စိတ်ကူးတွေမဆိုပေါ့ဗျာ၊
  • 2:16 - 2:18
    ဆန့်ကျင်ဖက်အနေနဲ့လည်း မှန်နေနိူင်တယ်ဆိုတာကို မမေ့ကြပါနဲ့ဗျာ။
  • 2:18 - 2:20
    ကျေးဇူးအများကြီးတင်ပါတယ်။
Title:
ခပ်​ကြောင်ကြောင်လား၊ မတူကွဲပြားတာပဲလား။
Speaker:
ဒီရက် ဆီဗား(စ်) (Derek Sivers)
Description:

ဆိုရိုးကလေးက "အရာရာတိုင်းမှာ ပြောင်းပြန်ဘက်အနေအထား ရှိစမြဲပဲ" လို့ဆိုပါတယ်။ (၂)မိနစ်ကာလအတွင်းမှာ ဒီရက် ဆီဗား(စ်)က သင်တို့ မျှော်လင့်မရနိုင်တဲ့ နည်းလမ်းအနည်းငယ်ကို ပြသထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
02:21

Burmese subtitles

Revisions