-
タイトル:
ကက်ဖိန်းနှင့် အရက်က သင့်အိပ်စက်မှုကို ထိခိုက်စေပုံ။
-
概説:
ကက်ဖိန်းက သင့်ကို တက်ကြွနိုးကြားစေပြီး အရက်က သင့်ကို ခေါင်းငိုက်စိုက်ကျစေတယ်လား။ ဒီလောက် မရိုးစင်းပါဘူး။ အိပ်စက်မှု သိပ္ပံညာရှင် Matt Walker ကနေပြီး ဒီသောက်စရာတွေက ကျွန်ုပ်တို့ အိပ်စက်မှုရဲ့ ပမဏနဲ့ အရည်အသွေးကို ထိခိုက်စေတဲ့ မျက်စိဖွင့်ပေးနည်းလမ်းတွေဆီကို ကျွန်ုပ်တို့ကို ခေါ်ဆောင်သွားပါတယ်။
-
話者:
Matt Walker
-
ကျွန်တော်တို့ အတော်များများက တစ်နေ့တာကို
ကော်ဖီတစ်ခွက်နဲ့ စပြီး ဖြစ်လောက်တာ
-
ဝိုင်တစ်ခွက်(သို့) အခြား အရက်ပါဝင်တဲ့
သောက်စရာတ်မျိုးနဲ့
-
တစ်နေ့တာကို အဆုံးသတ်ချင်ကြတယ်။
-
ဒါပေမဲ့ ဖြစ်တတ်တာက ဒီအရာဝတ္ထုနှစ်ခုဟာ
-
ကက်ဖိန်းနဲ့ အရက်ဟာ အိပ်စက်မှုကို
အံ့ဖွယ် သက်ရောက်မှုတွေ ရှိနိုင်တာပါ။
-
[သိပ္ပံနှင့် အိပ်စက်ခြင်း]
¶
-
(စိတ်လက်အေးချမ်းစေတဲ့ ဂီတ)
¶
-
ကက်ဖိန်းနဲ့ စလိုက်ရအောင်။
¶
-
ကက်ဖိန်းက စိတ်ကို လန်းဆန်းတက်ကြွစေတဲ့
-
ဆေးလို့ ခေါ်တဲ့ ဆေးဝါး
အမျိုးအစားတစ်ခုမှာပါဝင်တယ်။
-
ကက်ဖိန်းဟာ လူတွေကို ပိုနိုးကြားစေတာကို
လူတိုင်း သိတယ်။
-
၎င်းက လူတွေကို နိုးကြားစေနိုင်တယ်။
-
ဒါပေမဲ့ လူတချို့ သတိမပြုမိလောက်တဲ့
-
ကက်ဖိန်းရဲ့ ပုန်းကွယ်နေတဲ့
-
နောက်တိုး အချင်းလက္ခဏာ
အနည်းဆုံးနှစ်ခု ရှိတယ်။
-
ပထမက ကက်ဖိန်း လုပ်ဆောင်မှုရဲ့
ကြာချိန်ပါ။
¶
-
သာမန် လူကြီးတစ်ဦးအတွက် ကက်ဖိန်းမှာ
-
ငါးနာရီကနေ ခြောက်နာရီခန့်ရဲ့
-
သက်တမ်းဝက်လို့ ခေါ်တာရှိမယ်။
-
ဆိုလိုတာက ငါးနာရီကနေ
ခြောက်နာရီခန့် နောက်မှာ
-
သင့်မှာရှိခဲ့တဲ့ ကက်ဖိန်း ၅၀% ဟာ
-
သင့်စနစ်ထဲမှာ လည်ပတ်နေဆဲဆိုတာပါ။
-
ကက်ဖိန်းမှာ ၁၀ နာရီကနေ ၁၂ နာရီခန့်ရဲ့
သက်တမ်း တစ်စိတ် ရှိတယ်
-
လို့ လည်းဆိုလိုတယ်။
-
တစ်နည်းပြောရရင် ညနေ နှစ်နာရီမှာ
-
သင် ကော်ဖီသောက်တယ် ဆိုပါစို့။
-
ဒီကက်ဖိန်းရဲ့ လေးပုံးတစ်ပုံနီးပါးက
ညသန်းခေါင်မှာ
-
သင့်ဦးနှောက်တစ်ဝိုက်မှာ
အိုင်နေဆဲ ဖြစ်နိုင်တာပါ။
-
အကျိုးဆက်အနေနဲ့ လူတစ်ဦးချင်းစီအတွက်
အိပ်ပျော်ဖို့(သို့) တစ်ညလုံး
-
နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့တောင်
-
ပိုခက်ခဲအောင် လုပ်နိုင်တယ်။
-
ဒီတော့ ဒါက ကက်ဖိန်းရဲ့ ပထမ လက္ခဏာပါ။
-
ကက်ဖိန်းရဲ့ ဒုတိယ ပြဿနာက
¶
-
၎င်းဟာသင့်အိပ်စက်မှု အရည်အသွေးကို
ပြောင်းလဲစေနိုင်တာပါ။
-
အခု တချို့လူတွေ ပြောကြမှာက
-
ကျွန်တော်ဟာ ညစာကို အက်စ်ပရက်ဆိုနဲ့
-
သုံးဆောင်နိုင်တဲ့ လူတွေထဲက တစ်ယောက်ပါ။
-
ကောင်းကောင်း အိပ်ပျော်ပြီး
ဆက်အိပ်လို့လည်းရတယ်တဲ့။
-
ဒါပေမဲ့ ဒါက မှန်တယ်ဆိုတာတောင်
-
ကက်ဖိန်းဟာ ကျွန်တော်တို့မှာရှိတဲ့
နှစ်ခြိုက်စွာ မျက်စေ့မလှုပ်ရှားဘဲ
-
အိပ်စက်မှု ပမာဏကို တကယ်တမ်းတွင်
လျော့ချပစ်တာပါ။
-
REM အိပ်စက်မှုရဲ့ အဆင့် သုံးနဲ့ လေးပါ။
-
ဒါက အားသစ်လောင်းပေးတဲ့
နှစ်ခြိုက်စွာ အိပ်စက်မှုမျိုးပါ။
-
အကျိုးဆက်အနေနဲ့
နောက်နေ့မနက် သင်နိုးလာတော့
-
လန်းလန်းဆန်းဆန်း မရှိဘူး။
-
အိပ်စက်မှုကနေ အားဖြည့်ပေးတယ်လို့
မခံစားရဘူး။
-
ဒါပေမဲ့ သင်နိုးတာကို မမှတ်မိဘူး၊
-
အိပ်ပျော်ဖို့ ရုန်းကန်ရတာကို မမှတ်မိတော့
-
သင် ဆက်စပ်မှု မလုပ်ဘူး။
-
ဒါပေမဲ့ ကော်ဖီတစ်ခွက်ထက်
နိုးစေဖို့ နောက်မနက်မှာ နှစ်ခွက်
-
လှမ်းလိုက်တာကို နောက်တော့
-
သင် သိရှိနိုင်လောက်တယ်။
-
ဒါက ကက်ဖိန်းပါ။
အခု အရက်ဆီကို ဆက်သွားရအောင်။
¶
-
အကြောင်းက အရက်ဟာ အများဆုံး
-
နားလည်မှုလွဲနေတဲ့ အိပ်စက်မှု အကူတစ်ခု
ဖြစ်လောက်လို့ပါ။
-
တကယ်ကတော့ အိပ်စက်မှု အကူတစ်ခုပါပဲ။
-
ဒါက သင့်အိပ်စက်မှုအတွက်
ခက်ခဲစေနိုင်တယ်။
-
အနည်းဆုံး မတူတဲ့ နည်းလမ်း သုံးခုနဲ့ပါ။
-
ပထမ အရက်ဟာ စိတ်ငြိမ်ဆေးလို့ ခေါ်တဲ့
¶
-
မူးယစ်ဆေးဝါး အမျိုးအစားပါ။
-
ဒါပေမဲ့ စိတ်ငြိမ်ဆေးပေးတာက
အိပ်တာ မဟုတ်ဘူး။
-
လေ့လာမှုတွေက ထောက်ပြကြတဲ့ ဒီအရာနှစ်ခုဟာ
-
လုံးဝကို ခြားနားတာပါတယ်။
-
အိပ်ဆေးပေးခြင်းက အထူးသဖြင့်
-
အပြင်လွှာထဲက
ဦးနှောက် ဆဲလ်တွေရဲ့ တက်ကြွမှုကို
-
ပိတ်ပစ်နေရုံသာရှိတဲ့ အခြေအနေတစ်ခုပါ။
-
ဒါက သဘာဝ အိပ်စက်မှုမဟုတ်ပါ။
-
တကယ်ကျတော့ ဥပမာ အိပ်စက်စဉ်
မျက်လုံး အမြန် မရွေ့တဲ့
-
အိပ်စက်မှုအတွင်းမှာ ဦးနှောက်ဟာ
သီန်းချီတဲ့ ဆဲလ်တွေရဲ့
-
ထူးခြားတဲ့ ညှိနှိင်းဆောင်ရွက်မှု ရှိတယ်။
-
ဒါတွေ အားလုံးက ရုတ်တရက်
ပြိုင်တူ နိုးကြွပြီး
-
အားလုံး ငြိမ်ကျသွားတယ်။
¶
-
ဒီနောက် အားလုံး ပြိုင်တူ နိုးကြွပြီး
အားလုံး ငြိမ်ကျသွားတယ်။
-
နှစ်ခြိုက်စွာ REM အိပ်စက်မှု
မဟုတ်တာရဲ့ အားကောင်းတဲ့
-
ဦးနှောက်လှိုင်းကြီးတွေထုတ်ပေးရင်းပါ။
-
ဒီတော့ ဒါက အရက်ဟာ
-
ပြဿနာဖြစ်စေနိုင်တဲ့ ပထမ နည်းလမ်းပါ။
-
စိတ်ငြိမ်ဆေးပေးတာကို နှစ်ခြိုက်တဲ့
အိပ်စက်မှုလို့ အထင်မှားနေကြတယ်။
-
အရက်နဲ့ဆိုင်တဲ့ ဒုတိယ ပြဿနာက
¶
-
သင့်အိပ်စက်မှုကို
အပိုင်းပိုင်းဖြစ်စေနိုင်တာပါ။
-
အရက်ဟာ အိပ်နေစဉ်အတွင်း အာရုံကြောစနစ်ရဲ့
-
တိုက်၊ မတိုက်ရင်ပြေးလို့ ခေါ်တာကို
-
အစပျိုး နှိုးဆွေပေးနိုင်တယ်။
-
ဒါကြောင့် ၎င်းက တစ်ညလုံး
မကြာခဏထက် ပိုပြီး
-
သင့်ကို နိုးစေလိမ့်မယ်။
-
အရက်ဟာ ဦးနှောက်က ထုတ်ပေးတဲ့ နိုးကြွစေတဲ့
-
ဓာတုပစ္စည်း ပမာဏကိုတောင် တိုးစေနိုင်တယ်။
-
နောက်တစ်ခါ အိပ်စက်မှုကို
တစ်ပိုင်းစီဖြစ်စေတယ်။
-
အရက်၊ အိပ်စက်မှုနဲ့ ပတ်သက်တဲ့
တတိယ နောက်ဆုံး ပြဿနာက
¶
-
အရက်ဟာ သင့်ရဲ့ အိပ်နေစဉ် မျက်လုံး
-
အမြန် လှုပ်ရှားမှု(သို့) အိပ်မက်
အိပ်စက်မှုကိုကို တားဆီးနိုင်တာပါ။
-
နောက်ဆက်တွဲ ဖြစ်ရပ်တွေကို သိရှိမှာကြောင့်
-
REM အိပ်စက်မှု(သို့) မျက်စီအမြန်လှုပ်မှု၊
အိပ်မက်အိပ်စက်မှုက
-
အကျိုးကျေးဇူး အစုအပုံလိုက် ပေးပါတယ်။
-
သင့်ရဲ့ ခံစားမှုနဲ့ စိတ်ကျန်းမာရေးနဲ့
-
ဖန်တီးမှုလို အရာတွေတောင်ပါ။
-
အခု ဒီမှာ ကျွန်တော်က လူတိုင်းကို
နေထိုင်နည်း ပြောဖို့မဟုတ်ပါ။
¶
-
စောင့်စည်း တင်းကျပ်လွန်းတာ မဖြစ်ချင်ဘူး။
-
ကျွန်တော်က သိပ္ပံပညာရှင် သက်သက်ပါ၊
-
ကျွန်တော် ကြိုးစားပြီး လုပ်ချင်တာက
-
အိပ်စက်မှုနဲ့ပတ်သက်တဲ့ ကက်ဖိန်းနဲ့
အရက်ကြားက ဆက်စပ်မှု
-
အကြောင်း သတင်းအချက်အလက် ပေးဖို့ပါ။
-
ဒီနောက် အိပ်စက်မှု ကျန်းမာရေးကို
ဦးစားပေးဖို့ ကြိုးစားတဲ့အခါ
-
သင့်ဘဝကို အကောင်းဆုံး
ရှင်သန်ချင်ပုံနဲ့ စပ်လျဉ်းပြီး
-
သိရှိနားလည်တဲ့ ရွေးချယ်မှုကို
သင့်အနေနဲ့ ချမှတ်နိုင်အောင်ပါ။