Return to Video

ကမ္မဋ္ဌာန်းထိုင်ခြင်း။ Julian Varah-Sikes | TEDxYouth@Conejo

  • 0:13 - 0:18
    ကောင်းပြီ၊ဒီတော့ စတင်ဖို့ အကောင်းဆုံးနေရာ
    က အစပိုင်းလို့ မှန်းဆလို့ရလောက်တယ်။
  • 0:19 - 0:23
    ဘဝတစ်ခုလုံး ဘာသာရေး နောက်ခံအကြောင်းတစ်ခု
    လိုနဲ့ ကျွန်တော့ကို ပျိုးထောင်ပေးခဲ့တယ်
  • 0:24 - 0:27
    အမေက ယောဂနဲ့ ကမ္မဋ္ဌာန်းထိုင်တာကို
    အမြဲတမ်း စိတ်ဝင်စားတယ်။
  • 0:27 - 0:31
    ငယ်ရွယ်ချိန်အများစုမှာ ကျွန်တော်
    စိတ်ပါစေဖို့ အမေက ကြိုးစားနေခဲ့တာပါ။
  • 0:31 - 0:34
    အကြိမ်အနည်းငယ် ကြိုးစား
    သင်တန်းတစ်ခုနှစ်ခုတက်ပေမဲ့
  • 0:34 - 0:35
    လုံးဝကို အသိဝင်မလာခဲ့ဘူး။
  • 0:35 - 0:38
    ကျွန်တော် သဘောကျတာ မဟုတ်ဘူး၊
    (သို့)ဒီလို တွေးမိခဲ့တယ်
  • 0:38 - 0:40
    ဒီနောက် နွေရာသီမှာတော့
  • 0:40 - 0:44
    Ojai Foundation ကမ္မဋ္ဌာန်းရိပ်သာတစ်ခုမှာ
    ကျွန်တော့ကို စာရင်းသွင်းတာ ကောင်းမယ်လို့
  • 0:44 - 0:45
    အမေက ဆုံးဖြတ်လိုက်တယ်။
  • 0:48 - 0:51
    ကျွန်တော် မသိခဲ့တာက
    ကမ္မဋ္ဌာန်း ရိပ်သာတွေဟာ
  • 0:51 - 0:53
    ကမ္မဋ္ဌာန်းထိုင်တာ အများကြီး
    ပါဝင်နေတတ်တာပါ။
  • 0:53 - 0:55
    ဒီဖြစ်ရပ်မှာ တစ်နေ့ ခြောက်နာရီပါ။
  • 0:55 - 0:59
    ဒီတော့ ဒါကို သည်းညည်းခံတတ်အောင် သင်ယူဖို့
    လိုတာမျိုးဖြစ်ပြီး နှစ်သက်တာကို သိခဲ့တယ်။
  • 1:00 - 1:04
    ဒီတော့ ရှေ့မဆက်ခင်"ကမ္မဋ္ဌာန်းထိုင်ခြင်း"
    ဆိုတာကို အနက်ဖွင့်ချင်တယ်။
  • 1:04 - 1:08
    ကမ္မဋ္ဌာန်းထိုင်တာက ပစ္စုပါန်မှာ ရှိနေကာ
    သတိမူမိတဲ့ ကျင့်စဉ်ဖြစ်ပြီ်း
  • 1:08 - 1:12
    ဒါကို သဘောပေါက်ရင်
    ပစ္စုပ္ပန် ကာလအတွင်းက သင့်ရဲ့ နေ့စဉ်
  • 1:12 - 1:13
    တွေ့ကြုံမှုကို မြင်လာရခြင်းပါ။
  • 1:13 - 1:15
    ဒီတော့ အခြေခံအားဖြင့် သင် လုပ်တာက
  • 1:15 - 1:19
    ဒီနေရာ၊ လက်ရှိလောလောဆယ်မှာ
    ဖြစ်ပျက်နေတာကို အာရုံစိုက်ပြီး
  • 1:19 - 1:21
    သင့်တင့်သလို ခံစားကြည့်ဖို့ပါပဲ။
  • 1:23 - 1:26
    ပစ္စုပ္ပန်မှာ မှီတွယ်ရာ
    တစ်ခု ရှာဖွေခြင်းကနေ
  • 1:26 - 1:28
    သိမှတ်စိတ် ကမ္မဋ္ဌာန်း တစ်ခုလုပ်တာပါ။
  • 1:28 - 1:31
    လောလောဆယ် သင်
    တွေ့ကြုံခံစားနေရတဲ့ ဘာမဆိုဖြစ်နိုင်တယ်။
  • 1:31 - 1:33
    ဒီတော့ ဒါက ထွက်သက်ဝင်သက်၊
    နှလုံးခုန်သံ၊ ကြားနေတဲ့ အသံ၊
  • 1:33 - 1:35
    အခန်းတစ်ခန်းအတွင်းက အပူရှိန်၊
  • 1:35 - 1:36
    တကယ်တော့ အရာတိုင်းဖြစ်နိုင်ပါတယ်။
  • 1:36 - 1:40
    ဒါကို အာရုံစိုက်ပြီး အခြား ဘာကိုမှ
    တွေးခွင့်မပေးတာပါ။
  • 1:40 - 1:42
    ဒီလောက်ကို ရိုးစင်းပါတယ်။
  • 1:44 - 1:49
    ကျွန်တော် ကမ္မဋ္ဌာန်းထိုင်တဲ့ အကြောင်းက
    ခေတ်မီ လူ့အဖွဲ့အစည်းထဲမှာ
  • 1:49 - 1:51
    အင်တာနက်နဲ့ အရာအားလုံးနဲ့အတူ
  • 1:51 - 1:54
    အားလုံးဟာ တစ်ခုကနေ နောက်တစ်ခု
    တက်သုတ်ရိုက်တာနဲ့ အချိန်ကုန်နေကာ
  • 1:54 - 1:56
    တင်စားပြောရရင်
    နှင်းဆီပန်းတွေကို အနံ့ခံကြည်ဖို့တောင်
  • 1:56 - 1:58
    မရပ်တန့်ကြလို့ပါ။
  • 2:02 - 2:06
    ကမ္မဋ္ဌာန်းထိုင်တာနဲ့ ပတ်သက်ပြီး
    သဘောကျတာက ဒါက ကျွန်တော်တို့ကို ရပ်တန့်ပြီး
  • 2:06 - 2:10
    နှေးချကာ လက်ရှိ ဖြစ်နေတာ မှန်သမျှကိုပဲ
    အာရုံစိုက်ခွင့်ပေးတာပါ။
  • 2:11 - 2:15
    ဒီတော့ ကျွန်တော် ဒီမှာ လုပ်မှာက
    ကိုယ့်လူတွေကို ကမ္မဋ္ဌာန်းထိုင်ခန်း
  • 2:15 - 2:16
    တစ်ခုအတွင်းကို ခေါ်ဆောင်သွားမှာပါ။
  • 2:16 - 2:18
    တစ်မိနစ်၊ နှစ်မိနစ်ပဲ ကြာမှာပါ။
  • 2:18 - 2:20
    လွယ်ကူပါလိမ့်မယ်။
  • 2:20 - 2:23
    ဒီတော့ သင်တို့ လုပ်ဖို့က
    မှီတွယ်ရာတစ်ခု ရှာဖို့ပါ။
  • 2:23 - 2:26
    အခု သင်တို့ကို မှီတွယ်ရာတစ်ခုရှာစေချင်တယ်၊
    သင်တို့ တွေ့ကြုံနေတာ တစ်ခုပေါ့။
  • 2:26 - 2:29
    ဒီတော့ သင့်ကျောနဲ့မှီထားတဲ့
    ထိုင်ခုံရဲ့ အတွေ့အထိဖြစ်နိုင်တယ်။
  • 2:29 - 2:35
    ပန်ကာ၊ နှလုံးခုန်သံ၊ အသက်ရှုမှုရဲ့
    အသံ အားလုံးဖြစ်နိင်တယ်။
  • 2:35 - 2:38
    ဒီတော့ အာရုံစိုက်ပြီး
    မျက်လုံးတွေ မှိတ်လိုက်ပါ၊
  • 2:40 - 2:43
    လက်ရှိကာလကို မိမိကိုယ်ကိုယ်
    တွေ့ကြုံခံစားခွင့်ပေးပါ။
  • 2:44 - 2:46
    ဒီတော့ ကျွန်တော်လည်းပါမယ်၊
  • 2:56 - 3:00
    သင့်စိတ်ဟာ သင် အာရုံစိုက်နေတဲ့
    အရာတိုင်းကနေ ပျံ့လွင့်နေတယ်လို့ ထင်မိရင်
  • 3:00 - 3:01
    ဒါဟာ ပုံမှန်ဆိုတာ သတိရပါ။
  • 3:01 - 3:02
    ဒါကို အသိအမှတ်ပြုပြီး
  • 3:02 - 3:06
    သင့်မှီတွယ်ရာဆီ သင့်အားရုံကို
    သိမ်မွေ့စွာ ပြန်ဦးဆောင်ပါ။
  • 3:20 - 3:24
    ပြန်ပြန်လာနေတဲ့ အတွေးတစ်ခု
    ရှိတယ်လို့ သင် တွေ့ရှိရင်
  • 3:24 - 3:26
    ကျွန်တော်အတွေးလေ့ကျင့်ခန်း
    တစ်ခုကိုသုံးတယ်
  • 3:27 - 3:29
    နှာခေါင်းကနေ ရှူသွင်းပြီး
  • 3:29 - 3:32
    ဖြူစင်တဲ့ အလင်းကို ရှူသွင်းနေတယ်လို
    စိတ်ကူးကြည့်ပါ။
  • 3:33 - 3:35
    ပါးစပ်ကနေ အသက်ရှူထုတ်ပါ။
  • 3:35 - 3:40
    ထွက်သက်နဲ့အတူ သင် တွေးနေတာ
    ရပ်ချင်တဲ့ မကောင်းတဲ့ အတွေးကိုသယ်သွားပါ။
  • 3:40 - 3:44
    ထူထဲတဲ့ မီးခိုးလုံးမည်း တစ်ခုလို
    ရှူထုတ်လိုက်ပါ။
  • 3:55 - 3:56
    ကောင်းပါပြီ။
  • 3:57 - 4:01
    ဒါက သာဓက တစ်ခုသာဖြစ်ပြီး
    တချို့သူတွေအတွက် ပင်ပန်းမှာ သေချာပါတယ်။
  • 4:02 - 4:05
    အနည်းဆုံးတော့ ခက်ခဲပါတယ်။
    ဒါက ပုံမှန်ပါ။
  • 4:05 - 4:07
    ကျွန်တော်အတွက်လည်း ပင်ပန်းပါတယ်။
  • 4:07 - 4:11
    ဒါက ပူပြီး၊ ပင်ပန်းနွမ်းနယ်နိုင်ပေမဲ့
    ဒါကို သင် စွဲမြဲနေသရွေ့
  • 4:11 - 4:13
    တကယ့်ကို အကျိုးကျေးဇူးရှိပါတယ်။
  • 4:13 - 4:15
    ကျွန်တော် ထွက်မသွားခင်
  • 4:15 - 4:18
    အားလုံးအတွက် ချန်ထားချင်တာ တစ်ခုက
  • 4:18 - 4:22
    အတိတ်ကို သတိရနေပါ၊
    အနာဂတ်အတွက် အစီအစဉ်ချပါ။
  • 4:22 - 4:25
    ဒါပေမဲ့ ပစ္စုပ္ပန်မှာ နေထိုင်ဖို့
    အမြဲသတိရကြပါ။
  • 4:25 - 4:26
    ကျေးဇူးတင်ပါတယ်။
  • 4:26 - 4:29
    (လက်ခုပ်သံများ)
Title:
ကမ္မဋ္ဌာန်းထိုင်ခြင်း။ Julian Varah-Sikes | TEDxYouth@Conejo
Description:

ကျွန်တော်က Julian Varah-Sikes ပါ။ ကမ္မဋ္ဌာန်းထိုင်သူ တစ်ယောက်ပါ။ Agoura High School Mindfulness Meditation Society ရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ ကျွန်တော် ကမ္မဋ္ဌာန်းမထိုင်ဖြစ်တာ အတော်ကြာပြီဆိုပေမဲ့ နွေရာသီတုန်းက ငါးရက်တာ၊ တစ်နေ့ ၆ နာရီ ကမ္မဋ္ဌာန်း ရိပ်သာတစ်ခုကို သွားခဲ့တယ်။ အဲဒီအချိန်ကတည်းက ဆက်လက်ပြီး အလေ့အကျင့်လုပ်နေခဲ့တာပါ။ ကျွန်တော့ရဲ့ အတော်ကလေး တိုတောင်းတဲ့ အတွေ့အကြုံအတွင်းမှာ ကမ္မဋ္ဌာန်းထိုင်ခြင်းက အိပ်ရာဝင်ခြင်းကနေ အစားအသောက်ကို စားသုံးခြင်းအထိ ဘဝရဲ့ ရှုထောင့်တိုင်းနဲ့ပတ်သက်ပြီး အကူအညီပေးနိုင်ပုံကို တွေ့ရှိခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကမ္မဋ္ဌာန်းထိုင်ခြင်းက ဘဝအရည်အသွေးကို တိုးတက်ကောင်းမွန်စေတာ အသေအချာဖြစ်ပြီး လူတိုင်းကို ပွင့်လင်းတဲ့ စိတ်နဲ့ စမ်းကြည့်ကြဖို့ ကျွန်တော် တိုက်တွန်းပါတယ်။
ဒီဟောပြောချက်ဟာ TED ညီလာခံ ပုံစံ အသုံးပြုထားပေမဲ့ ဒေသတွင်း လူတစ်စုက သီးသန့်ကျင်းပတဲ့ TEDx ပွဲတစ်ခုမှာ ဟောပြောခဲ့တာပါ။ http://ted.com/tedx တွင် ပိုလေ့လာနိုင်ပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDxTalks
Duration:
04:33

Burmese subtitles

Revisions