Return to Video

ကိုရိုနာကပ်ရောဂါကို ကျုပ်တို့ ဘယ်လိုထိန်းချုပ်နိုင်ကြမလဲ။

  • 0:00 - 0:03
    [coronavirus ကပ်ရောဂါကြီးကို
    ဘယ်လိုတားဆီးမလဲ]
  • 0:03 - 0:05
    [ကူးစက်ရောဂါပညာရှင်
    Adam Kuchaski ရဲ့ တင်ပြချက်]
  • 0:06 - 0:09
    [မေးခွန်း၁။ ကပ်ရောဂါတွေဖြစ်လာရင်
    တားဆီးထိန်းချုပ်မှု ဆိုတာကဘာလဲ။]
  • 0:09 - 0:13
    တားဆီးထိန်းချုပ်မှုဆိုတာ လူနာတွေနဲ့
    သူတို့နဲ့ဆက်စပ်နေသူတွေကို အထူး
  • 0:13 - 0:15
    ထိန်းချုပ်ဖို့ အာရုံစိုက်
    လုပ်ဆောင်တာကိုပါ။
  • 0:15 - 0:18
    ဒါကြောင့် လူအများအနှောက်အယှက်မဖြစ်အောင်
  • 0:18 - 0:21
    လူနာတစ်ယောက်ရောက်လာရင်
    သီးသန့်ထားလိုက်တယ်၊
  • 0:21 - 0:23
    သူတို့နဲ့ထိတွေ့ဖူးပြီး ရောဂါ
    ကူးစက်နိုင်ခြေရှိတဲ့
  • 0:23 - 0:26
    သူတွေကိုဖော်ထုတ်ပြီး ခြေရာခံကြည့်ကာ
  • 0:26 - 0:28
    လိုအပ်ရင် ဆက်ပြီးရောဂါတွေ
    မပျံ့နှံ့အောင်
  • 0:28 - 0:32
    အိမ်တွင်းခြေချုပ်ထားလိုက်တယ်။
  • 0:32 - 0:34
    ဒါကြောင့်ဒါဟာ
    တိကျပြီးထိရောက်တဲ့နည်းလမ်းတစ်ခုပါ။
  • 0:34 - 0:37
    SARS ရောဂါအတွက် ဒီနည်းလမ်းဟာ
    တော်တော်လေးအသုံးဝင်ခဲ့တယ်။
  • 0:37 - 0:39
    ဒါပေမဲ့ ဒီရောဂါအတွက်တော့
  • 0:39 - 0:43
    အချို့သောလူနာတွေကို ရှာမတွေ့လိုက်တာ
    ရှာဖို့လွတ်သွားတာတွေကြောင့်
  • 0:43 - 0:46
    ရောဂါကူးနိုင်ခြေရှိတဲ့ လူအစုအဝေးကို
    ထိန်းချုပ်ဖို့လိုလာပါတယ်။
  • 0:46 - 0:48
    လူတချို့ရောဂါကူးစက်ခံရပြီ ဆိုရင်
  • 0:48 - 0:50
    ကပ်ရောဂါတစ်ခုဖြစ်ဖို့အလားအလာရှိနေပါပြီ။
  • 0:50 - 0:53
    [မေးခွန်း၂။ တားဆီးထိန်းချုပ်မှု မလုံ့လောက်
    သေးရင် ဘာဆက်လုပ်ကြမလဲ။]
  • 0:53 - 0:55
    ဒီအကြောင်းကိစ္စမှာ
  • 0:55 - 0:58
    လူမှုဆက်ဆံရေးပုံစံတွေ အကြီးအကျယ်
    ပြောင်းလဲဖို့တွေ ပါပါတယ်
  • 0:58 - 1:00
    ဒါမှ ထိတွေ့မှုကြောင့်ဖြစ်တဲ့
  • 1:00 - 1:02
    ရောဂါပျံ့နှံ့မှုတွေရဲ့အခွင့်အလမ်းတွေ
  • 1:02 - 1:04
    လျော့နည်းလာစေမှာပါ။
  • 1:04 - 1:07
    ရောဂါထိန်းချုပ်နိုင်ဖို့အတွက်
    လူတွေအားလုံးနီးပါး
  • 1:07 - 1:10
    ထိတွေ့ဆက်ဆံမှုတွေကိုလျော့ချရပါတယ်၊
    ဒါမှ အားလုံးရဲ့
  • 1:10 - 1:12
    သုံးပုံနှစ်ပုံလျော့ကျရင် ရောဂါ
    ထိန်းချုပ်ရနိုင်ပါတယ်။
  • 1:12 - 1:15
    လူမှုဆက်ဆံရေးပုံစံပြောင်းတာက
    လူစုလူဝေးရှိတဲ့နေရာတွေမသွားတာ
  • 1:15 - 1:17
    ညစာတွေထွက်မစားတော့တာ
    စတာတွေရှောင်ပြီး
  • 1:17 - 1:20
    အိမ်ကနေပြီးအလုပ်လုပ်တာမျိုးတွေပေါ့။
  • 1:21 - 1:24
    နောက်ပြီး လူစုလူဝေးတာတွေလျော့ချဖို့
    ပွဲတွေပိတ်တာ
  • 1:24 - 1:26
    စာသင်ကျောင်းတွေပိတ်တာ
  • 1:26 - 1:28
    စတာတွေပါလုပ်ဆောင်ရပါတယ်။
  • 1:28 - 1:32
    [မေးခွန်း၃။ လူတွေဆင်ခြင်ဖို့လိုတဲ့
    ရောဂါကူးစက်နိုင်ခြေက ဘာတွေလဲ။]
  • 1:32 - 1:34
    ဒါဟာ သင်လက်ဆွဲ
    နှုတ်ဆက်လိုက်တဲ့သူအပြင်
  • 1:34 - 1:36
    အဲ့လူနဲ့ထိတွေခဲ့ဖူးတဲ့သူတွေလည်း
    ပါဝင်ပါတယ်။
  • 1:36 - 1:39
    ကိုယ်ကရောဂါဖြစ်နိုင်ခြေနည်းတယ်လို့
    ယူဆရင်တောင် ဖြစ်လာမယ့်
  • 1:39 - 1:41
    ဒုတိယဆင့်ပွားတွေကို နားလည်ထားဖို့
    လိုပါတယ်။
  • 1:41 - 1:42
    လူငယ်ပိုင်းအရွယ်တွေမှာ
  • 1:43 - 1:46
    ရောဂါဖြစ်နိုင်ခြေရှိတဲ့ လူတစ်ယောက်ဆီကနေ
  • 1:46 - 1:48
    နောက်တစ်ယောက်ကို ကူးစက်ဖို့
    အရမ်းနီးစပ်ပါတယ်။
  • 1:48 - 1:51
    ဒါကြောင့် ကျွန်တော်တို့ဟာ
    လူမှုရေးအရလိမ္မာပါးနပ်ရပါမယ်။
  • 1:51 - 1:54
    လက်ရှိရင်ဆိုင်နေရတဲ့ ကပ်ရောဂါကို
    လျော့ချဖို့ဆိုရင်
  • 1:54 - 1:56
    လူနေမှုပုံစံပြောင်းလဲလိုက်ခြင်းက
  • 1:56 - 1:58
    သိသာအကျိုးရှိမှာ မလွဲဧကန်ပါပဲ။
  • 1:58 - 2:02
    [မေးခွန်း၄။ လူတစ်ယောက်နဲ့တစ်ယောက်
    ဘယ်လောက် အကွာအဝေးမှာနေသင့်လဲ]
  • 2:02 - 2:04
    ဒါဟာတိတိကျကျပြောဖို့ ခက်ပါတယ်။
  • 2:04 - 2:08
    ဒီဗိုင်းရပ်ဟာလေက တဆင့်ကူးပြီး
    ဝေးဝေးသွားနိုင်တာကို သက်သေပြစရာ
  • 2:08 - 2:10
    များများစားစား မရှိသေးပါဘူး။
  • 2:10 - 2:12
    အကွာဝေး အနည်းငယ်လောက်ပါ။
  • 2:12 - 2:13
    သင်ဟာ တစုံတယောက်နဲ့
  • 2:13 - 2:16
    မီတာအနည်းငယ် အကွာမှာ ထိုင်နေရင်
  • 2:16 - 2:19
    အဲ့ဗိုင်းရပ်က သင့်ကိုကူးလိမ့်မယ်
    မထင်ပါဘူး။
  • 2:19 - 2:20
    နီးကပ်စွာဆက်နွယ်နေတဲ့
  • 2:20 - 2:24
    ရောဂါကူးစက်နိုင်ခြေများတဲ့ ထမင်းတူတူစားတာ
    လူစုလူဝေးတွေကြားမှာ
  • 2:24 - 2:27
    ပိုပြီးဖြစ်စေတတ်တာတွေ့နိုင်ပါတယ်။
  • 2:27 - 2:29
    ဗိုင်းရပ်တစ်ကောင်ဟာ
  • 2:29 - 2:32
    မျက်နှာပြင် တစ်ခုပေါ်ကျနေပြီး
    လက်နဲ့ထိမိပြီး မျက်နှာကိုထိမိနိုင်တာကို
  • 2:32 - 2:33
    တွေးကြည့်နိုင်ပါတယ်။
  • 2:33 - 2:37
    ကျွန်တော်တို့တတွေ ပိုပြီး တွေးထားသင့်တဲ့
    တကယ့်အခြေအေနေတွေပါ။
  • 2:38 - 2:41
    [မေးခွန်း၅။ နိုင်ငံတွေမှာ ဘယ်လို အကာ
    အကွယ်တွေ စီမံထားသင့်သလဲ။]
  • 2:42 - 2:44
    ဒါကတော့ ဘာအလုပ်ပဲလုပ်လုပ်
    လူသားမှန်ရင် အားလုံး
  • 2:44 - 2:46
    ပူးပေါင်းပါဝင်ဖို့လိုပါတယ်။
  • 2:47 - 2:50
    ကြားဖြတ်အစီအမံတွေနဲ့ ဆောင်ရွက်မယ်ဆိုရင်၊
  • 2:50 - 2:53
    ဒီကပ်ရောဂါကို ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ
  • 2:53 - 2:54
    ထိန်းချုပ်လာနိုင်ပါမယ်။
  • 2:54 - 2:57
    သို့သော် နိင်ငံတွေအားလုံးကတော့
    တရုတ်လုပ်သလိုမလုပ်နိုင်ပါဘူး။
  • 2:57 - 2:58
    လုပ်ဆောင်ချက်အချို့တွေက
  • 2:58 - 3:02
    လူမှုရေး၊ စီးပွားရေး၊ လူတွေရဲ့စိတ်ပိုင်း
    ဆိုင်ရာ အခြေအနေတွေကို
  • 3:02 - 3:03
    များစွာထိခိုက်နိုင်ပါတယ်။
  • 3:04 - 3:06
    နောက်ပြီး အချိန်ဟာအကန့်အသတ်ရှိနေပါတယ်။
  • 3:06 - 3:08
    တရုတ်ပြည်မှာတော့ ၆ ပတ်သတ်မှတ်
    လုပ်ဆောင်ခဲ့တယ်။
  • 3:08 - 3:10
    တကယ်တော့
  • 3:10 - 3:11
    လူတွေလုပ်ဆောင်နိုင်တာတွေနဲ့
  • 3:11 - 3:14
    သူတို့အပေါ် သက်ရောက်မယ့် ဆိုးကျိုးတွေကြား
  • 3:14 - 3:18
    ချိန်ထိုးပြီးလုပ်ဆောင်နိုင်ဖို့က
    တကယ်မလွယ်လှပါဘူး။
  • 3:18 - 3:21
    [ပိုလေ့လာရန်- Centers for Disease
    Control and Prevention မှာ ဝင်ကြည့်ပါ]
  • 3:21 - 3:23
    [ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း]
Title:
ကိုရိုနာကပ်ရောဂါကို ကျုပ်တို့ ဘယ်လိုထိန်းချုပ်နိုင်ကြမလဲ။
Speaker:
Adam Kucharski
Description:

ကိုရိုနာဗိုင်းရပ်ရဲ့ ဂယက်ဟာဆက်ရှိနေလေသေးတော့ ကူးစက်ရောဂါပညာရှင် Adam Kucharski က ဒီရောဂါနဲ့ပတ်သက်ပြီး ဘယ်လိုပျံ့နှံ့ကြောင်း၊ ဒီရောဂါကိုအဆုံးသတ်ဖို့ အစိုးရတွေက ဘယ်လိုတုံ့ လုပ်ဆောင်နေကြကြောင်း၊ လူမှုဆက်ဆံရေး အကြောင်း အဓိကကျတဲ့မေးခွန်းငါးခုကိုဖြေထားပေးပါတယ်။ (ဒီဗီဒီယိုဟာ Kucharski နဲ့ TED မှ Chris Anderson တို့ရဲ့ မိနစ် ၇၀ ကြာ အင်တာဗျူးထဲမှ ကောက်နှုတ် ဖေါ်ပြချက်ပါ။ အင်တာဗျူး အပြည့်အဝကို go.ted.com/adamkucharski မှာ နားထောင်ရနိုင်ပါတယ်။)

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
03:37

Burmese subtitles

Revisions