Return to Video

‘‘ဇီဝထုတ်လုပ်ရေးနည်း’’ ဟာ လာမယ့် စက်မှု တော်လှန်ရေး ဖြစ်တာ ဘာကြောင့်လဲ

  • 0:02 - 0:05
    ကျွန်မဟာ ကျွန်မရဲ့ ဘဝကို
    ဖက်ရှင်ဒီဇိုင်နာအဖြစ် စတင်ခဲ့ပြီး၊
  • 0:05 - 0:09
    အထည်အလိပ်ဒီဇိုင်းနာတွေနဲ့ အထည်ပေးသွင်းသူ
    တွေနဲ့ နီးကပ်စွာ အလုပ်လုပ်ခဲ့ပါတယ်။
  • 0:10 - 0:15
    ဒီနေ့တွင် ကျွန်မ လက်တွဲ လုပ်ကိုင်သူ အသစ်
    တွေနဲ့ မြင်မရသလို စကားလည်း ပြေမရပါဘူး။
  • 0:15 - 0:18
    ၎င်းတို့ဟာ မြေဆီလွှာထဲမှာ ကျွန်မတို့
    ခြေထောက်တွေရဲ့ အောက်မှာ ရှိနေကြလို့ပါ၊
  • 0:18 - 0:21
    စူပါမားကက် စင်တွေပေါ်မှာ၊
  • 0:21 - 0:24
    ဒီဟောပြောချက် နောက်မှာ ကျွန်မသောက်မယ့်
    ဘီယာထဲမှာ ရှိနေကြလို့ပါ။
  • 0:26 - 0:28
    အဏုဇီဝကောင်တွေကို ကျွန်မ ဆိုလိုတာပါ။
  • 0:28 - 0:31
    သက်ရှိတွေဖြင့် ဒီဇိုင်းကို ထုတ်လုပ်နေတာပါ။
  • 0:31 - 0:32
    လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက၊
  • 0:32 - 0:36
    ဇီဝဗေဒပညာရှင်နဲ့အတူ လက်တွဲလုပ်ကိုင်ရင်း
    အမြင်သစ်ကို ရရှိလိုက်လို့
  • 0:36 - 0:38
    ကျွန်မ လုပ်ကိုင်ခဲ့တဲ့ အရာကိုရော
  • 0:38 - 0:41
    လုပ်ကိုင်နည်းကိုပါ လုံးဝကို
    ပြောင်းလဲပစ်ခဲ့ပါတယ်။
  • 0:42 - 0:47
    ကျွန်မတို့ရဲ့ ပရိုဂျက်က ကျွန်မရဲ့ ဘဝ
    ကိုယ်၌ကို လုံးဝ ပြောင်းလဲပစ်လိုက်ပြီး
  • 0:47 - 0:50
    ကျွန်မတို့ ဒီဇိုင်းထုတ်လုပ်ပုံ၊ ပစ္စည်းတွေ
    ထုတ်လုပ်ကြပုံ အတွက်
  • 0:50 - 0:53
    အလားအလာ ကမ္ဘာကြီးအသစ်ကို
    ဖွင့်ပြပေးလိုက်ပါတယ်။
  • 0:54 - 0:57
    ကျွန်မဟာ မကြုံစဖူး ထုတ်လုပ်ရေး
    အကြံဉာဏ်ကို ရှာတွေ့ခဲ့တယ်-
  • 0:58 - 1:00
    ဇီဝအထည် ထုတ်လုပ်မှုပါ။
  • 1:00 - 1:04
    ဇီဝဗေဒရဲ့ အကူအညီဖြင့် အထည်ထုတ်လုပ်မှုပါ။
  • 1:05 - 1:07
    အဲဒါက ဘာများပါလိမ့်။
  • 1:07 - 1:12
    ကောင်းပြီ၊ စားသုံးသူတို့အတွက်
    အထည်တွေကို ထုတ်လုပ်ဖို့အတွက်
  • 1:12 - 1:14
    အပင်တွေ၊ အကောင်တွေနဲ့
    အဆီကို စီမံလုပ်ကိုင်မှုအစား
  • 1:14 - 1:20
    သက်ရှိ အကောင်များဖြင့် ကျွန်မတို့ဟာ
    အထည်တွေကို တိုက်ရိုက် ထုတ်လုပ်နိုင်ကြတယ်။
  • 1:21 - 1:25
    လူတော်တော်များက "စတုတ္ထ စက်မှုတော်လှန်ရေး"
    လို့ ခေါ်ကြတဲ့ဟာက
  • 1:25 - 1:29
    ကျွန်မတို့ ထင်သလိုဆိုရင် သက်ရှိဆဲလ်တွေနဲ့
    စက်ရုံသစ်တွေ တည်ဆောက်မှုပဲ ဖြစ်ပါလိမ့်မယ်။
  • 1:30 - 1:34
    ဘက်တီးရီးယားတွေ၊
    ရေညှိတွေ၊ မှိုတွေ၊ တဆေးတွေ -
  • 1:34 - 1:39
    ကျွန်မတို့ နောက်ဆုံး ဒီဇိုင်းကိရိယာတွေမှာ
    အဲဒီလို ဇီဝနည်းပညာကိရိယာတွေ ပါဝင်ကြပါတယ်။
  • 1:39 - 1:42
    ဒီဇီဝအထည် ထုတ်လုပ်ရေး ကျွန်မရဲ့ ခရီးဟာ
  • 1:42 - 1:45
    "Biocouture" လို့ခေါ်တဲ့
    ပရိုဂျက်နဲ့ စတင်ခဲ့ပါတယ်။
  • 1:45 - 1:49
    မယုံနိုင်စရာ အချက်က
    ဝါပင်ကို စိုက်ပြီး ဝါဂွမ်းကို
  • 1:49 - 1:52
    လယ်ကွင်းထဲမှာ လအတော်ကြာ
    စိုက်ပျိုး ထုတ်လုပ်မှုအစား
  • 1:52 - 1:58
    ကျွန်မတို့ဟာ ဓာတ်ခွဲခန်းထဲမှာ
    အလားတူ သစ်စေး ပစ္စည်းကို
  • 1:58 - 2:00
    ရက်အနည်းငယ်အတွင်းမှာ
    ထုတ်လုပ်ပေးနိုင်ကြတယ်။
  • 2:00 - 2:05
    အချို့သော ဘက်တီးရီးယား အမျိုးအစားကို
    အာဟာရကြွယ်ဝတဲ့ အရည်ထဲတွင်
  • 2:05 - 2:08
    အချဉ်ဖောက်ပေးခြင်းဖြင့် ကျွန်မတို့ဟာ
  • 2:08 - 2:12
    အထည်အဖြစ် အလိုလို ထုတ်လုပ်ပေးနိုင်ကြတယ်။
  • 2:13 - 2:15
    ကျွန်မတို့ ထုတ်လုပ်ပေးလိုက်တဲ့
    အထည်ကို အခြောက်လှန်ပြီးရင်
  • 2:15 - 2:21
    လိုအပ်သလို ဖြတ်ညှပ်လျက် အဝတ်အစားတွေ၊
    ဖိနပ်တွေနဲ့ အိတ်တွေကို ချုပ်နိုင်ခဲ့ပါတယ်။
  • 2:21 - 2:24
    နောက်တစ်မျိုး ရှင်းပြရပါက၊
    ဓာတ်ခွဲခန်း တစ်ခုတည်း အတွင်းမှာ
  • 2:24 - 2:27
    ကျွန်မတို့ဟာ ရက်ပိုင်းအတွင်းမှာကို
    အထည်တွေကို ထုတ်လုပ်ရင်း
  • 2:27 - 2:29
    ပစ္စည်းမျိုးစုံကို ထုတ်လုပ်ပေးနိုင်ကြတယ်။
  • 2:29 - 2:33
    ပြီးတော့ ဒါဟာ လက်ရှိ
    အထည်ထုတ်လုပ်ရေး နည်းစနစ်တွေ ဖြစ်တဲ့
  • 2:33 - 2:36
    အပင်ကို စိုက်ပျိုးရတယ်၊
  • 2:36 - 2:39
    ဝါဂွမ်းအပိုင်းကိုသာ ရိတ်သိမ်းကြတယ်၊
  • 2:39 - 2:41
    ဝါဂွမ်းကို ချည်အဖြစ် ငင်ယူကြတယ်၊
  • 2:41 - 2:43
    ပြီးမှ အထည်ကို ယက်ကြရတယ်၊
  • 2:43 - 2:45
    အဲဒီနောက် ဖြတ်ညှပ်ပြီး
    လိုတာကို မချုပ်လုပ်ခင်တွင်
  • 2:45 - 2:48
    လိုရာနိုင်ငံတွေဆီကို တင်ပို့ပေးရတဲ့
    စနစ်နဲ့ လုံးဝကို မတူပါဘူး။
  • 2:49 - 2:51
    ခုနက အရာတွေ အားလုံးဟာ လနဲ့ချီ ကြာနိုင်တယ်။
  • 2:52 - 2:55
    ဒီရှေ့ပြေးပုံစံတွေကျတော့ အရင်းအမြစ်တွေကို
  • 2:55 - 2:59
    သိသိသာသာ
    ထိရောက်စွာ သုံးနိုင်တဲ့ ပုံစံမျိုးပါ။
  • 2:59 - 3:03
    အထည်ကို ထုတ်လုပ်ရန် လိုအပ်တဲ့
    ရေ၊ စွမ်းအင်နဲ့ ဓာတုဗေဒ ပစ္စည်းတွေကို
  • 3:03 - 3:05
    လျှေိာ့ချပစ်နိုင်တဲ့ အပြင်
  • 3:05 - 3:08
    စွန့်ပစ်ပစ္စည်း သုညဖြစ်သွားစေလျက်
  • 3:08 - 3:12
    ကျွန်မတို့ဟာ အပြီးသတ် ပုံစံအထိကို
    ထုတ်လုပ်ပေးနိုင်တယ် --
  • 3:12 - 3:17
    "ဇီဝဗေဒမှ ဖြည့်ဆည်းပေးတဲ့ ထုတ်လုပ်မှု"
    လို့ ခေါ်နိုင်ပါတယ်။
  • 3:17 - 3:20
    ဇီဝအထည် ထုတ်လုပ်မှု မှတစ်ဆင့်၊
  • 3:20 - 3:24
    ကျွန်မဟာ လူအင်အားကို များစွာမှ အသုံးချရတဲ့
    အဆင့်တွေကို ဇီဝအဆင့် တစ်ခုတည်းနဲ့
  • 3:24 - 3:27
    အစားထိုးပေးနိုင်ခဲ့ပါတယ်။
  • 3:27 - 3:30
    ပြီးတော့ ကျွန်မက ဒီလိုသက်ရှိစနစ်ထဲ
    ပါဝင် လုပ်ကိုင်လာမှုက
  • 3:30 - 3:33
    ကျွန်မရဲ့ ဒီဇိုင်းထုတ်လုပ်ရေး
    အတွေးအခေါ်ကိုပါ ပြောင်းပစ်လိုက်တယ်။
  • 3:33 - 3:37
    ကျွန်မရဲ့ ဇီဝနည်းက
    ကျွန်မဘက်မှ စွက်ဖက်မှု မပါဘဲ
  • 3:37 - 3:42
    ကြီးထွားမှုအတွက် ကနဦး အခြေအနေတွေကို
    ဒီဇိုင်း ရေးဆွဲမှ လွဲပြီး၊
  • 3:42 - 3:46
    ထိရောက်စွာနဲ့ ရေရှည်ခံနိုင်ရည်ရှိပြီး
    အသုံးတည့်တဲ့ ပစ္စည်းကို ထုတ်လုပ်ပေးပါတယ်။
  • 3:47 - 3:54
    ဒါကြောင့် ကျွန်မဟာ အခု ပစ္စည်းအားလုံး ဇီဝ
    ထုတ်လုပ်ရေး ရှုဒေါင့်နဲ့သာ ကြည့်တော့တယ်။
  • 3:54 - 3:59
    တကယ်တော့ ပစ္စည်းတွေကို ဇီဝရှုထောင့်မှ
    ပြန်ပြီး ရှုမြင်လာကြတဲ့ တီထွင်ပညာရှင်တွေ
  • 3:59 - 4:03
    တကမ္ဘာမှာ ကြီးထွားလာနေပါတယ်။
  • 4:03 - 4:08
    များပြားလှတဲ့ ကုမ္ပဏီတွေဟာ အခုတော့
    မှိုပစ္စည်းတွေကို ထုတ်လုပ်နေကြတယ်၊
  • 4:08 - 4:10
    တကယ့်မှုကို ဆိုလိုတာ မဟုတ်ပါဘူး --
  • 4:10 - 4:15
    မှိုရဲ့ အမြစ်စနစ်ဖြစ်တဲ့
    mycelium ကို သုံးနေကြတာပါ၊
  • 4:15 - 4:19
    စိုက်ပျိုးရေး ထုတ်ကုန်တွေကို
    အတူတူ ချည်နှောင်ပေးဖို့ အတွက်ပါ။
  • 4:19 - 4:23
    အဲဒါ "သဘာဝ ကော်" လို့
    ခေါ်နေကြတဲ့ လုပ်ငန်းစဉ်ပါ။
  • 4:24 - 4:27
    အဲဒီလို ပြုလုပ်ဖို့ အသုံးများတဲ့
    နည်းလမ်းက 3-D ပုံစံကို ယူပြီး
  • 4:27 - 4:33
    ပြောင်းဖူး ရိုးတံ ဒါမှမဟုတ် လျှော်လို
    စွန့်ပစ် ပစ္စည်းနဲ့ ဖြည့်ပြီး
  • 4:33 - 4:34
    ရေကို ထည့်ပေးရတယ်၊
  • 4:34 - 4:39
    mycelium ကြီးထွားလာဖို့
    ရက်အနည်းငယ်ကြာ စောင့်ပြီးရင်
  • 4:39 - 4:40
    ပုံစံကို ဖယ်ရှားပစ်လိုက်ပါ၊
  • 4:40 - 4:43
    ကျွန်မတို့ လက်ထဲမှာ ကြီးထွားပြီးသား
    3-D ပုံစံ ကျန်ခဲ့ပါမယ်။
  • 4:45 - 4:48
    မယုံနိုင်လောက်အောင်ကိုပဲ ကျွန်မတို့ဟာ
    သက်ရှိ အကောင်တွေကို အသုံးချပြီး
  • 4:48 - 4:51
    ပုံစံမျိုးစုံကို ဆောက်ယူနိုင်ကြရာ၊
  • 4:51 - 4:55
    ဖိနပ်တွေထဲမှာ ပလတ်စတစ် အမြှုပ်တွေမှအစ
  • 4:55 - 4:58
    တိရိစ္ဆာန်တွေ မပါရဘဲ သားရေလို
    ပစ္စည်းတွေကို ထုတ်လုပ်နိုင်ကြတယ်။
  • 4:58 - 5:02
    ပရိဘောဂ၊ ကြမ်းခင်းပစ္စည်း စသဖြင့်
    အရာရာတိုင်းကို ပုံစံထုတ်နေကြပါပြီ။
  • 5:02 - 5:07
    မှိုတွေမှ ထုတ်လုပ်ရနိုင်တဲ့ ပစ္စည်းတွေဟာ
    သဘာဝအရ မီးမလောင်နိုင်ပါဘူး၊
  • 5:07 - 5:09
    ဓာတုပစ္စည်းတွေ ထည့်ရန် မလိုပါဘူး။
  • 5:09 - 5:11
    ၎င်းတို့ဟာ သဘာဝအရ ရေကိုအထိမခံနိုင်ကြလို့
  • 5:11 - 5:14
    ရေကို စုပ်ယူကြမှာ မဟုတ်ပါဘူး။
  • 5:14 - 5:17
    ၎င်းတို့ အရည်ပျော်အမှတ်ဟာ
    ပလပ်စတစ်မထက် ပိုမြင့်ပါတယ်။
  • 5:18 - 5:23
    ပလပ်စတစ်ဟာ ဆွေးမြေ့ဖို့ နှစ်ပေါင်း
    ထောင်ချီကြာမြင့်နိုင်တယ်။
  • 5:24 - 5:26
    မှိုမှရရှိတဲ့ ထုပ်ပိုးရေး ပစ္စည်းတွေကျတော့
  • 5:26 - 5:30
    သဘာဝနည်းအရကို အိမ်နောက်ဖေးမှာ
    ရက် ၃၀ လောက်အတွင်းမှာကို
  • 5:30 - 5:32
    ဆွေးမြေ့သွားမှာပါ။
  • 5:33 - 5:36
    သက်ရှိအကောင်များဟာ အမှိုက်တွေကို
  • 5:36 - 5:41
    တွက်ချက်ကိုက်တဲ့ အမျိုးမျိုးသုံးနိုင်တဲ့
    ပစ္စည်းများသို့ ပြောင်းလဲ ထုတ်လုပ်ပေးလို့
  • 5:41 - 5:43
    ၎င်းတို့ဟာ ပလပ်စတစ်နဲ့
    CO2 ကို ထုတ်လွှတ်ကြတဲ့
  • 5:43 - 5:46
    အခြားပစ္စည်းတွေကို အစားထိုးနိုင်ကြမယ်။
  • 5:47 - 5:51
    ကျွန်မတို့ သက်ရှိအကောင်များဖြင့်
    ပစ္စည်းတွေ ထုတ်လုပ်မှုကို စတင်လိုက်ကြတာနဲ့
  • 5:51 - 5:56
    အရင်တုန်းက ထုတ်လုပ်ရေး နည်းစနစ်တွေ
    ယုတ္တမရှိမှန်း ထင်ရှားလာပါတယ်။
  • 5:57 - 5:59
    အိမ်ဆောက်ဖို့ သုံးတဲ့
    သာမန်အုတ်ကို ယူကြည့်ပါစို့။
  • 6:01 - 6:04
    ဘိလပ်မြေလုပ်ငန်းဟာဖြင့်
    ကမ္ဘာ့ CO2 ထုတ်လွှတ်မှုရဲ့
  • 6:04 - 6:06
    ရှစ်ရာခိုင်နှုန်းခန့် ရှိပါတယ်။
  • 6:06 - 6:09
    အဲဒါဟာ လေယာဉ်တွေနဲ့ သင်္ဘောတွေ
    အားလုံးပေါင်းတို့ထက်ကို ပိုများပါတယ်။
  • 6:10 - 6:15
    ဘိလပ်မြေကို ထုတ်လုပ်ရန် ပစ္စည်းတွေကို
    ဖာရင်ဟိုက် ဒီဂရီ ၂၀၀၀ ကျော်အထိကို
  • 6:15 - 6:19
    အပူပေးရန် လိုအပ်ပါတယ်။
  • 6:20 - 6:23
    အဲဒါကို bioMASON နဲ့ ယှဉ်ကြည့်ကြပါ။
  • 6:23 - 6:28
    သဲ ဒါမှမဟုတ် ကျောက်မှုန့်တွေလို
    စေးကပ်မနေတဲ့ အရာတွေကို ယူပြီး
  • 6:28 - 6:30
    မြေဆီလွှာ ပိုးမွှားတွေကို သုံးပြီး
  • 6:30 - 6:35
    ဇီဝနည်းဖြင့် ထုတ်လုပ်လိုက်တဲ့
    ဇီဝဘိလပ်မြေ၊ အုတ်ကို ရနိုင်ပါတယ်။
  • 6:35 - 6:39
    ပြီးတော့ ဒီလိုဖြစ်စဉ်ကို
    သာမန်အပူချိန်နဲ့ကို လုပ်ရနိုင်တယ်၊
  • 6:39 - 6:41
    နှစ်ရက်လောက်နဲ့ ရပါတယ်။
  • 6:41 - 6:44
    ဒါဟာ အုတ်များအတွက် Hydroponic နဲ့ တူပါတယ်။
  • 6:44 - 6:48
    ရေကို ထည့်သွင်းပေးတဲ့ စနစ်က
    အာဟာရကြွယ်ဝပြီး
  • 6:48 - 6:51
    ပိုးတွေနဲ့ အားဖြည့်ထားတဲ့
    ရေကို အုတ်တွေထည့်ထားတဲ့
  • 6:51 - 6:53
    ဗန်းတွေကို တိုက်ကျွေးပေးပါတယ်။
  • 6:54 - 6:56
    ဘက်တီးရီးယားတွေက
    သဲပွင့်တိုင်းရဲ့ ပတ်ဝန်းကျင်မှာ
  • 6:56 - 6:59
    ဓာတ်ဆားပွင့်ကို ထုတ်လုပ်ပေးခြင်းဖြင့်
  • 6:59 - 7:03
    ဖရိုဖရဲရှိနေကြတဲ့ အမှုန်တွေကို ကျစ်လစ်တဲ့
  • 7:03 - 7:04
    အုတ်ခဲအဖြစ် ဖန်တီးပေးပါတယ်။
  • 7:05 - 7:08
    ဒီနည်းဖြင့် ကျွန်မတို့ဟာ သဘာဝတရားကနေပြီး
  • 7:09 - 7:12
    သန္တာကျောက်တန်းကို ဖန်တီးပေးသလိုပဲ
    ကျော့ရှင်းတဲ့ နည်းဖြင့်
  • 7:12 - 7:14
    ထုတ်လုပ်ပေးနိုင်လာကြပါပြီ။
  • 7:15 - 7:20
    ပြီးတော့ ဇီဝနည်းနဲ့ ထုတ်လုပ်ပေးလိုက်တဲ့
    အုတ်တွေဟာ ဘိလပ်မြေ အုတ်နဲ့စာရင်
  • 7:20 - 7:23
    သုံးဆပိုပြီး ခိုင်ခန့်ကြပါသေးတယ်။
  • 7:24 - 7:28
    အဲဒါ့အပြင် အစဉ်အလာ ဘိလပ်မြေ ထုတ်လုပ်ရေး
    နည်းနဲ့ လုံးဝကို ယှဉ်မရအောင်ကို
  • 7:28 - 7:30
    ကာဗွန်ကို များစွာပိုပြီး
    စုစည်းထားနိုင်ကြပါတယ်။
  • 7:31 - 7:36
    ဒီတော့ ကျွန်မတို့ဟာ နှစ်စဉ် ထုတ်လုပ်နေရတဲ့
    အုတ် ၁.၂ ထရီလီယံကို ဇီဝနည်းဖြင့်
  • 7:36 - 7:38
    ထုတ်လုပ်ပေးလိုက်တာနဲ့ အစားထိုးပေးနိုင်ရင်
  • 7:38 - 7:40
    ကျွန်မတို့ဟာ CO2 ထုတ်လွှတ်မှုကို
  • 7:40 - 7:43
    တစ်နှစ်တစ်နှစ်ကို တန်ချိန်ပေါင်း
  • 7:43 - 7:47
    သန်း ၈၀၀ အထိ လျှေိာ့ချနိုင်ကြပါမယ်။
  • 7:48 - 7:55
    (လက်ခုပ်သံများ)
  • 7:55 - 7:59
    သက်ရှိအကောင်များဖြင့် ပစ္စည်းတွေကို
    ထုတ်လုပ်ပေးရုံ သာမက
  • 7:59 - 8:02
    ကျွန်မတို့ဟာ ၎င်းတို့ရဲ့ ကြီးထွားမှုကို
    အားပေးကြမယ့်
  • 8:02 - 8:04
    ထုတ်ကုန်များကိုပါ
    ဒီဇိုင်း ထုတ်လုပ်နေကြပါတယ်။
  • 8:04 - 8:07
    ကျွန်မတို့က လက်တွေ့ အကျိုးရှိအောင်
    အားထုတ်နေကြတဲ့
  • 8:07 - 8:12
    သက်ရှိဘဝ ကိုယ်၌ကိုက ကျွန်မတို့ အတွက်
  • 8:12 - 8:16
    ဧရာမ လက်တွဲပူးပေါင်း ဆောင်ရွက်ပေးမယ့်
    အရာပဲဆိုတဲ့ အသိတရားမှ သိရှိလာရတာပါ။
  • 8:17 - 8:21
    အခုထက်ထိ ကျွန်မတို့ဟာ
    ကျွန်မတို့ရဲ့ ဂေဟစနစ် အတွင်းမှာကို
  • 8:21 - 8:25
    ရှင်သန်တဲ့ ပိုးမွှားတွေဖြင့် ထုတ်လုပ်ရေး
    နည်းမျိုးစုံဖြင့် လုပ်ကိုင်လာခဲ့ကြတယ်။
  • 8:25 - 8:30
    ဧရာမ အားရဖွယ် သာဓက တစ်ခုက
    ဗိသုကာပညာရှင်တွေက
  • 8:30 - 8:33
    အဆောက်အအုံ တစ်ခုဆီမှာ အပင်ရဲ့ သစ်ခေါက်လို
  • 8:34 - 8:36
    လုပ်နိုင်စွမ်းရှိမယ့် အရေပြားလိုဟာမျိုးကို
    စိတ်ကူးနေကြတာပါ။
  • 8:37 - 8:40
    ကာရံပေးမဲ့ စိမ်းလန်းတဲ့ အလွှာရိုးရိုးကို
    ဆိုလိုတာ မဟုတ်ပါဘူး။
  • 8:40 - 8:43
    သူတို့ဟာ ဆင့်ကဲတိုးတက်လာနေတဲ့ ဂေဟစနစ်ထဲ
  • 8:43 - 8:47
    အသုံးပြုနိုင်မယ့် ဗိသုကာ အခေါက်များကို
    ဒီဇိုင်း ထုတ်လိုကြတယ်။
  • 8:48 - 8:54
    အဲဒီလို အပြင်ပန်း အကာအဖြစ် ဆောက်လုပ်လျက်
    သက်ရှိဘဝကို ဖိတ်ကြားဖို့ ရည်ရွယ်ပါတယ်။
  • 8:54 - 9:00
    ကျွန်မတို့ဟာ သက်ရှိဘဝကို ဖိနှိပ်ပစ်ရန်
    သုံးနေကြတဲ့ စွမ်းအင်လောက်ကိုပဲ
  • 9:00 - 9:03
    သက်ရှိ ဘဝကို ပြုစုပျိုးထောင်ဖို့
    သုံးကြမယ် ဆိုရင်၊
  • 9:03 - 9:06
    မြို့ပြတိုက်တာကြီးတွေရဲ့
    အနှုတ်လက္ခဏာ ပုံရိပ်ကို
  • 9:06 - 9:12
    ရှင်သန် ဖွံ့ဖြိုးနေတဲ့ ဂေဟစနစ်ကို
    တကယ့်ကို ဖန်တီးပေးနိုင်ကြမှာပါ။
  • 9:13 - 9:19
    နံရံမျက်နှာပြင်တွေ ရှင်သန်ကြတဲ့ ပိုးမွှား
    တွေနဲ့ တုံ့ပြန်မှုကို အားပေးခြင်းဖြင့်
  • 9:19 - 9:21
    ကျွန်မတို့ဟာ ရာသီဥတုအား အလိုအလျောက်
    ထိန်းချုပ်မှုကို၊
  • 9:21 - 9:24
    မိုးရေ ထိန်းသိမ်းစီမံခန့်ခွဲမှုကို
    မြှင့်တင်ပေးရင်း
  • 9:24 - 9:26
    အဆောက်အအုံ နွေးစေရန် ဒါမှမဟုတ် အေးစေရန်
    အသုံးပြုရတဲ့
  • 9:26 - 9:30
    စွမ်းအင်ကို လျှော့ချနိုင်လို့
    CO2 ထုတ်လွှတ်မှုလျှော့ချနိုင်ကြမယ်။
  • 9:31 - 9:35
    ကျွန်မတို့ဟာ သဘာဝ အခြေခံ နည်းပညာတွေရဲ့
    အလားအလာတွေကို
  • 9:35 - 9:38
    စပြီး ရုပ်လုံးဖေါ်ခါစပဲ ရှိပါသေးတယ်။
  • 9:38 - 9:43
    ကျွန်မတို့ဟာ ပစ္စည်းသစ် ကမ္ဘာအား ဒီဇိုင်း
    ဆွဲကာ ဇီဝထုတ်လုပ်မှုကို စတင်နေကြတာ
  • 9:43 - 9:45
    သိပ်ကို စိတ်လှုပ်ရှားစရာကြီးပါ။
  • 9:49 - 9:53
    ဒါဟာဖြင့် ပြန်လည်ပြည့်ဖြိုးမလာနိုင်ကြတဲ့
    ရင်းမြစ်များအား
  • 9:53 - 9:56
    အသုံးချရေး လမ်းစဉ်မှ ခွဲထွက်လျက်
  • 9:56 - 10:00
    သဘာဝမူရင်း ပြန်လည်ပြည့်ဖြိုးမြဲ
    အရာများနဲ့ စပြီး လုပ်ကိုင်လာမှုပါပဲ။
  • 10:00 - 10:03
    ကျွန်မတို့ဟာ သက်ရှိဘဝကို
    စွန့်ပစ်ထားတဲ့ ဒီဇိုင်းအစား
  • 10:03 - 10:06
    သက်ရှိဘဝနဲ့အတူ သက်ရှိဘဝအတွက်
    ဒီဇိုင်းကို ပြုစုနေကြပါပြီ။
  • 10:07 - 10:11
    ထုပ်ပိုးခြင်း၊ ဖက်ရှင်၊ ဖိနပ်၊
    ပရိဘောဂ၊ ဆောက်လုပ်ခြင်း --
  • 10:11 - 10:16
    ဇီဝနည်း ထုတ်ကုန်များကို အလိုရှိတဲ့
    နေရာတွေ အနီးအနားမှာ
  • 10:16 - 10:20
    ဒေသခံရင်းမြစ်များဖြင့်
    မြေနဲ့ စွမ်းအင်တွေကို လျှော့သုံးလျက်၊
  • 10:20 - 10:24
    စက်မှုစွန့်ပစ်ပစ္စည်းများကိုတောင်
    အသုံးပြုသွားနိုင်မှာပါ။
  • 10:25 - 10:29
    ဒီလိုနည်းဖြင့် ဇီဝနည်းပညာရဲ့
    နည်းကိရိယာတွေဟာ
  • 10:29 - 10:31
    စွမ်းအားကောင်းကြတဲ့ နိုင်ငံတကာ
  • 10:31 - 10:36
    ဓာတုနှင့်ဇီဝနည်းပညာ ကုမ္ပဏီတွေကို
    ထိန်းသိမ်းပေးကြမှာပါ။
  • 10:36 - 10:40
    လွန်ခဲ့တဲ့ ရာစုနှစ်တုန်းက ပစ္စည်းတွေ
    ဆန်းသစ်ထုတ်လုပ်နည်းတွေကို
  • 10:40 - 10:45
    DuPont၊ Dow၊ BASF တို့ထံမှ ထွက်ပေါ်
    လာမယ်လို့ ကျွန်မတို့ မျှော်လင့်ခဲ့ကြတယ်။
  • 10:45 - 10:51
    ဒါပေမဲ့ ၂၁ ရာစု ပစ္စည်းများ ထုတ်လုပ်ရေး
    တော်လှန်ရေးကို သေးငယ်တဲ့
  • 10:51 - 10:54
    အဖွဲ့တွေက ရင်းနှီးမှု အနည်းအကျဉ်းဖြင့်
    ဦးဆောင်နေကြပါတယ်။
  • 10:55 - 10:59
    စကားမစပ်၊ အဲဒါတွေကို တည်ထောင်ခဲ့ကြသူ
    အားလုံးတို့ဟာ သိပ္ပံဘွဲ့ရတွေ မဟုတ်ကြပါဘူး။
  • 10:59 - 11:03
    သူတို့ထဲမှာ အနုပညာရှင်တွေ၊ ဗိသုကာ
    ပညာရှင်တွေနဲ့ ဒီဇိုင်နာတွေ ပါဝင်ကြတယ်။
  • 11:05 - 11:08
    လူအများသုံး ကုန်ပစ္စည်းတွေကို ဇီဝနည်းဖြင့်
  • 11:08 - 11:12
    ထုတ်လုပ်ကြမယ့် လုပ်ငန်းသစ်များထဲကို
    ဒေါ်လာ တစ်ဘီလီယံခန့် ရင်းနှီးထားကြပါပြီ။
  • 11:13 - 11:18
    ကျွန်မအထင် ကျွန်မတို့ အနာဂတ်ကို ဇီဝထုတ်
    လုပ်ရေးနည်းမှလွဲပြီး ရွေးစရာမရှိနိုင်ဘူး။
  • 11:18 - 11:20
    ရှင်တို့ ဝတ်ထားတဲ့ ဂျာကင်အင်္ကျီမှအစ
  • 11:20 - 11:22
    ရှင်တို့ ထိုင်နေကြတဲ့ ထိုင်ခုံနဲ့
  • 11:22 - 11:24
    ရှင်တို့ နေကြတဲ့ အိမ်တွေ အဆုံး
  • 11:24 - 11:29
    ရှင်တို့အတွက် ဒီဇိုင်းထုတ်ထားတဲ့
    ကမ္ဘာကြီးဟာ ရှင်တို့ရဲ့ ကျန်းမာရေးကို
  • 11:29 - 11:32
    ကျွန်မတို့ ကမ္ဘာဂြိုဟ်ရဲ့
    ရှင်သန်မှုကို မထိခိုက်စေရပါ။
  • 11:32 - 11:34
    ပြန်ပြီး သုံးမရနိုင်တဲ့ ဒါမှမဟုတ် အိမ်မှာ
  • 11:34 - 11:36
    သဘာဝ အလျောက်
    ဆွေးမြေ့မသွားနိုင်တဲ့ ပစ္စည်းတွေကို
  • 11:36 - 11:38
    ကျွန်မတို့ ပစ်ပယ်ကြရပါမယ်။
  • 11:38 - 11:43
    အဲဒီလို အနာဂတ်ကို
    လက်တွေ့ ရုပ်လုံးဖေါ်ပေးရန်
  • 11:43 - 11:46
    ဒီနေ့ လုပ်ကိုင်နေကြတဲ့
    အံ့ဖွယ် လုပ်ငန်းတွေအားလုံးကို
  • 11:46 - 11:48
    မီးမောင်း ထိုးပြပေးရင်း
  • 11:48 - 11:51
    ဒီဇိုင်နာတွေ၊ သိပ္ပံပညာရှင်တွေ၊
    ရင်းနှီးမြှုပ်နှံလိုသူတွေနဲ့
  • 11:51 - 11:55
    နာမည်ကြီး တံဆိပ်တွေ ပိုပြီးထိတွေ့
    လုပ်ကိုင်ကြဖို့ စီစဉ်ပေးလိုပါတယ်။
  • 11:56 - 11:59
    ကျွန်မတို့ ပစ္စည်းထုတ်လုပ်ရေး
    တော်လှန်ရေးကို လိုအပ်နေပြီး
  • 11:59 - 12:01
    ဒီနေ့ကို ဆင်နွှဲဖို့ လိုအပ်နေပါပြီ။
  • 12:01 - 12:02
    ကျေးဇူးတင်ပါတယ်။
  • 12:02 - 12:07
    (လက်ခုပ်သံများ)
Title:
‘‘ဇီဝထုတ်လုပ်ရေးနည်း’’ ဟာ လာမယ့် စက်မှု တော်လှန်ရေး ဖြစ်တာ ဘာကြောင့်လဲ
Speaker:
Suzanne Lee
Description:

ကျုပ်တို့ဟာ အဝတ်အစားတွေကို မိုးမွှားများမှ၊ ပရိဘောဂတွေကို သက်ရှိအကောင်များမှနဲ့ သစ်ပင် အခေါက်တွေလို့ အပြင်ပန်းရှိကြမယ့် အဆောက်အဦတွေကို စိုက်ပျိုးယူနိုင်ကြမယ် ဆိုရင်ကော။ TED ဝိုင်းတော်သူ Suzanne Lee ကနေပြီး ဇီဝထုတ်လုပ်ရေးနည် နယ်ပယ်ထဲက စိတ်လှုပ်ရှားဖွယ် တိုးတတ်မှုများကို မျှဝေပေးရင်း ပလစ်စတစ်နဲ့ ဘိလပ်မြေလို အမှိုက်တွေရဲ့ အဓိကအကျဆုံး ရင်းမြစ်တွေကို ရေရှည်အကျိုးရှိပြီး ဂေဟစနစ်ကို ပံ့ပိုးပေးမယ့် အစားထိုးစရာများဖြင့် အစားထိုးသုံးနိုင်ပုံကို ရှင်းပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
12:20

Burmese subtitles

Revisions